ကျိုးပဲ့နေတဲ့ တရားစီရင်ရေး မဏ္ဍိုင်

2010 ဒီဇင်ဘာ3ရက်ည11 နာရီကျော် ရန်ကုန်မြို့ အာရှတော်ဝင်ရှေ့မှာ တိုက်စီမောင်းသော
ယဉ်မောင်းလေးအား လူအများ ၀ိုင်းပြီးမသေမချင်းရိုက်နှက်လိ
ု့ သေဆုံးခဲ့ရပါတယ်။

လျှပ်တပြတ် ၊ ပြည်မြန်မာ ဂျာနယ်တွေမှာလည်းဟိုးလေးတစ်ကြော်ဖြစ်ခဲ့ပါတယ်။
ယခုလိုလူတစ်ယောက်အားမသေမချင်းရိုက်နှက်တဲ့လူသတ်မှူ့ကို ဒုတိယခရိုင်တရားသူကြီး
 ဦးဟုတ်ရီမှ လူသတ်မှူ့ ၃၀၂ အား ၃၂၅ အဖြစ်ပြောင်းလဲပြီး ၂၀၁၂ ဖေဖော်ဝါရီ၂၄ရက်နေ့တွင်
ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး မှာအမိန့်ချမှတ်ခဲ့ပါတယ်။ 

ဝိုင်းရိုက်နှက်တဲ့ လူ၎ယောက် ရှိရာ ၂ယောက်ကို ထောင်ဒဏ် ၅နှစ်စီချမှတ်ပေမဲ့ ၊ 
လူတစ်ယောက်လုံးကို မသေမချင်းဝိုင်းရိုက်နှက်တဲ့ ဦးဆောင်တဲ့တရားခံကို တရားသူကြီး
ဦးဟုတ်ရီ မှ ထောင်ဒဏ် ၁နှစ် ၃လသာအမိန့်ချမှတ်ခဲ့ပါတယ်။ 

အဲဒီ ထာင်ဒဏ်၁နှစ်နဲ့၃လသာကျခံရသောတရားခံ၂ယောက်မှာငွေကြေးပြည့်စုံ
သူများဖြစ်ကျပါတယ်။တရားစီရင်ချက်ချပြီးလို့ရက်အနည်းငယ်ကြာ
တာနဲ့ ချုပ်ရက်နဲ့ လူတစ်ယောက်ကိုမသေမချင်းရိုက်သတ်
ခဲ့ ပေမဲ့ အပြင်မှာ
လမ်းသလားလို့ရနေပါပြီ။လူတစ်ယော
က်အသက်ကသာ ကြက်ကလေး
ငှက်ကလေးလိုသေဆုံးသွားခဲ့တာပါ။

 
ထိုဒုတိယခရိုင်တရားသူကြီးဦးဟု
တ်ရီမှာ တရားခံနှင့်တရားလိုအမေးအဖြေ
လုပ်နေတဲ့တရားခွင်အချိန်တွေမှာေ
တာင် စိတ်မ၀င်စားသလိုနဲ့
တယ်လီဖုန်းကိုသာအဆက်မပြတ်ပြောေ
နခဲ့ပါတယ်။

 သေဆုံးသွားသောတိုက်စီသမားလေးတင်မောင်ဆွေမှာပင်စင်စား မိဘကို
တိုက်စီမောင်းရင်းလုပ်ကျွေးနေေ
သာလူငယ်တစ်ဦးဖြစ်တယ်လို့သိရပါတယ်။
 
ခုလိုရာဇ၀တ်မှူ့တွေကို ထိထိရောက်ရောက်အရေးမယူရင် နောက်ဆိုလည်း
မကြောက်မရွံ့ထပ်ပြီးကြူးလွန်ေ
နကျမှာကိုကျွန်တော်တို့ အပစ်မဲ့ပြည်သူ
တွေအတွက်စိုးရိမ်စရာပါဘဲဖြစ်ကြောင်း အဆိုပါအမှုကို စောင့်ကြည့်လေ့လာ

နေသူတဦးက Myanmar News Now ကို ပြောပြပါတယ်။


 အမှု့ နှင့်ပါတ်သတ်သည့် အထောက်အထားစာရွက်စာတမ်းများကို အောက်မှာ
ဆက်လက်လေ့လာနိုင်ပါတယ်။


Myanmar News Now
ကျိုးပဲ့နေတဲ့ တရားစီရင်ရေး မဏ္ဍိုင် ကျိုးပဲ့နေတဲ့ တရားစီရင်ရေး မဏ္ဍိုင် Reviewed by သစ်ထူးလွင် on 04:57 Rating: 5

25 comments:

မောင် said...

လူအုပ်စုအဖွဲ့ ခန့်မန်းခြေ (၁၀) ယောက်အထက်သည် ထမင်းဆိုင်ထဲသို့ဝင်လာပြီး တွေ့တဲ့လူရိုက်ကွ၊ ကားသမားဆို အကုန်ရိုက်ကွာ ဟုဆိုကာ....။
ုလုပ်ကြပါဦး။

ထိုဒုတိယခရိုင်တရားသူကြီးဦးဟုတ်ရီမှာ တရားခံနှင့်တရားလိုအမေးအဖြေ
လုပ်နေတဲ့တရားခွင်အချိန်တွေမှာတောင် စိတ်မ၀င်စားသလိုနဲ့
တယ်လီဖုန်းကိုသာအဆက်မပြတ်ပြောနေခဲ့ပါတယ်။
ဘာကြီးလဲဟ။

အမျိုးသမီးတင်ကို ဒါးနဲ့လိုက်ထိုးတယ်ဆိုတဲ့ သတင်းတစ်ခုမှာတွေ့လိုက်ပါတယ်။ အမှုဖွင့်မယ်ဆို ၅ သောင်းကျပ်သွင်းရမယ်တဲ့။
ကူကြပါဦး။

ဥပဒေမဲ့၊ ဥပဒေရဲ့အပ ဖြစ်ချင်သလိုဖြစ်နေကြပါတယ်။
ဒီလိုဖြစ်အောင်လုပ်ခဲ့တာ တရားခံကဘယ်သူလဲ။
တိုင်းပြည်ကိုဖျက်ဆီးလိုက်တာ.. ဘယ်သူလဲ။
ဘာရည်ရွယ်ချက်လဲ။

လိုအပ်နေတဲ့ ခေါင်းဆောင်ကောင်းရဲ့မှန်ကန်တဲ့ဦးဆောင်မှု။
ရိုးသားမှု။ တာဝန်ကျေပြွန်မှု။ အနစ်နာ။
မျှမျှတတတွေးစဉ်းစားရင် ...
ဘယ်သူဖြစ်မလဲ။

yi mon said...

ကျွန်မကအာရှတော်ဝင်အနီးအနားနေသူဖြစ်ပါတယ်.ကြားမိတာတော့အဲ့နားကTaxiမောင်းသူတွေဟာအရမ်းကိုသောင်းကြမ်းလို့/ဆေးရုံနားတ၀ိုက်ကိုကြီးစိုးမှုတွေလုပ်လွန်းလို့..ရပ်ကွက်ထဲကလူတွေကြည့်မရတာကြာပြီလို့လည်းပြောပါတယ်။

mg said...

အင်းသူတို့ ဥပဒေအသိုင်းအ၀ိုင်းကပြောနေကျတာတော့ ၄၅သိန်းတရားသူကြီး
ကိုပေးနိုင်တဲ့လူ၂ယောက်က ၁နှစ်နဲ့ ၃လစီကျတယ်။မပေးနိုင်တဲ့၂ယောက်က၅နှစ်ချလိုက်တယ်။ချုပ်ရက်နဲ့ အမိန့်ချရက်ကိုချိန်ထားတာ..အမိန့်လည်းချပြီးကော တစ်ခါတည်းလွတ်ကော။

winkothein said...

yimon ရေကြည့်မရလည်းဒါတန်ဖိုးရှိတဲ့လူတစ်ယောက်ရဲ့အသက်တစ်ချောင်းပါ။
ထိုက်သင့်တဲ့ ဥပဒေဆိုတာတော့ရှိရမှာပေါ့။ကြည့်မရတိုင်းသာဒီလိုလုပ်ရင် မြန်မာပြည်မှာ
ဘယ်သူမှအပြင်ထွက်ရဲမှာမဟုတ်ဘူး။

joee said...

တရားသူကြီးတွေလုံးဝလဘ်မစားရပါဘူးလို့ ကြွေးကြော်ထားတာတွေဘယ်
မှာသွားပုန်းကုန်ပြီလည်း ရှက်လည်းမရှက်ကျတဲ့ တရားသူကြီးတွေ။မြန်မာပြည်တရားသူကြီးဆိုရင်ပြည်သူတွေစိတ်ထဲမှာ အယုံအကြည်ကိုမရှိဘူး။

အောင်သူရ said...

လူတစ်ယောက်ကို သတ်ဖြတ်တိုင်း လူသတ်မှု ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၀၂ ဖြစ်ရမည်မဟုတ်ပါ။ ပုဒ်မ ၂၉၉/၃၀၀ သို့လည်းကောင်း၊ လူတစ်စုက နှင့် လူတစ်စုသို့ လူတစ်ဦး ခိုက်ရန်ဖြစ်ပွားသဖြင့်သေဆုံးရာတွင် သေဆုံးသူသည် မည်သူလက်ချက်ကြောင့် သေဆုံးသည်ကို တိတိကျကျ မသိရှိနိုင်သောအခါတွင် လည်းကောင်း ၃၂၅ တုံးသောလက်နက်ဖြင့် အပြင်းအထန်နာကျင်စေမှုသို့လည်း ပြောင်းနိုင်ပါသည်။ ယခု Post ၏ Photo တွင် ကိုးကားသော စီရင်ထုံးများကို ဦးဟုတ်ရီ ၏ နောက်ဆုံးစီရင်ချက်စာမျက်နှာတွင်ဖော်ပြထားသဖြင့် ထို့ စီရင်ထုံးများကို လေ့လာစေလိုပါသည်။

Ar Ga said...

အောင်သူ၇ေ၇ ... သိထား သလောက်ကတော့ အုပ်စုဖွဲ့ ကျူးလွန်တဲ့ ပြစ်မှုက ပိုကြီး တယ်ဆိုတော့ အုပ်စုလိုက် ကျူးလွန်လို့ လူသေစေမှု အတွက် ၁နှစ် ၊ ၂ နှစ် ပဲ ချတာဟာ အ၇မ်းနဲတယ်လို့ ခံစားမိပါတယ် ။ အောင်သူ၇ အနေနဲ့ ကြည့်၇တာေ၇ှ့နေ၊ ဥပဒေ ၀န်ထမ်း ဖြစ်ပုံ၇လို့ ၇ှင်း ပြပေးစေချင်ပါတယ် ။ ကျွန်တော်က ပြစ်ဒဏ် ဘယ်လောက် ချ၇မယ်လို့ ပြောခြင်း မဟုတ်ပဲ ၊ တ၇ားသူကြီးက တကယ်ကို လာဘ်စားမှု မ၇ှိပဲ ဖြစ်သင့် ဖြစ်ထိုက်တဲ့ ဥပဒေ အတိုင်း ဆုံးဖြတ်ထားတာ ဟုတ်/ မဟုတ်ကိုပါပဲ ။

Thu said...

Verify with Use own brain, most Myanmar are easy believers.

zzmyoe said...

Taxi ယဉ်မောင်းတွေ သောင်းကျန်းနေလည်း တရားဥပဒေ အတိုင်းဆောက်ရွက်နိုင်တာဘဲလေ။ လူတစ်ယောက် ကိုသေလောက်အောင် ၀ိုင်း ရိုက်တာကတော့ မင်းမဲ့စရိုက် ဆန်ပါတယ်၊ ပြီးတော့ ပြစ်ဒဏ်စီရင် တော့လည်း ကြည့်ကြပါအုံးဗျာ၊ တရားသူကြီး မှာသားသမီးတွေ မရှိဘူးလားဟင်၊ကိုယ့် လက်ထိပ် ထိမှ နာမှာလား။ ဒီအမှုကို ပြန်လည် စစ်ဆေးပြီး သုံးသပ်စေချင်ပါတယ်၊တရားသူကြီး ပြောင်းစေပြီးတော့ခင်ဗျာ။

joee said...

တရားသူကြီးဆိုတာဥပဒေကို ကျွမ်းကျင်ပြီးသား သူတို့ဂွင်ထဲဘယ်လိုဝင်အောင်
လုပ်ရမယ်ဆိုတာ ပြောင်းလဲရမယ်ဆိုတာသိပြီးသား။နိုင်ငံတော်ကိုသိက္ခာကျအောင်လုပ်နေတဲ့လူတွေ။ဒီတရားသူကြီးတွေလာဘ်မစားခဲ့ပါဘူးလို့ဘယ်သူအာမခံနိုင်လည်း...သူတို့သာလာဘ်မစားခဲ့ဘူးဆိုရင် ကျုပ်တို့ပြည်သူတွေဒီနေရာမှာတင်
သက်သေပြမယ်။လာဘ်စားခဲ့ရင်တရုတ်ပြည်လိုပြင်းပြင်းထန်ထန်သေဒဏ်ပေးပစ်။

sha sha said...
This comment has been removed by the author.
Unknown said...

yimon သောင်းကျန်းတိုင်း...ရိုက်သတ်စရာလားဟ.....
ပြန်ပြင်ပြောပါ...

ဒေါက်တာသေနက said...

အမှုတစ်ခုကို စစ်ဆေးစီရင်တဲ့တရားသူကြီးဆိုတာ ဂျာနယ်တွေ၊ သတင်းစာတွေ ထဲကပါတာတွေကို အမိန့်ချတဲ့အခါ ထည့်သွင်းသုံးသပ်လို့မရပါဘူး၊ မိမိရှေ့မှာ စစ်ဆေးခဲ့တဲ့ သက်သေထွက်ချက်တွေနဲ့ သက်သေခံအထောက်အထားတွေ ကိုသာသုံးသပ်ပြီးအမိန့်ချပိုင်ခွင့်ရှိပါတယ်။ ဂျာနယ်မှာ မောင်ဖြူသတ်တယ်လို့ ရေးထိုင်းမောင်ဖြူကို လူသတ်တရားခံပါဆိုပြီး အပြစ်ပေးလို့မရပါဘူး။
အမိန့်ကိုမကျေနပ်ရင် ပြင်ဆင်မှု၊ အယူခံမှု အဆင့်ဆင့်တက်လို့ရပါတယ်။ ဂျာနယ်ထဲပါတဲ့အမှုမှို့ထိထိရောက်ရောက် အပြစ်ပေးရမျိုးမရှိပါဘူး ။ အမေရိကားမှာလည်းဒီအတိုင်းပါပဲ

Anonymous said...

အခု တရားသူကြီးရဲ့ မတရားမှုကို သိသာထင်ရှားနေပြီပဲ ဒီတော့ ဒီတရားသူကြီးကိုလဲ လာဒ်စား အဂတိလိုက်စားတဲ့ ဘယ်လို အကြီးဆုံး ပြစ်ဒါဏ်နဲ့ စီရင်ဖို့  ဘယ်သူ လုပ်မှာလဲ . . .

မင်းမြတ် said...

တရားသူကြီး၊ ဥပဒေအရာရှိနဲ့မှုခင်းဆိုင်ရာဆရာဝန်တို့သုံးဦးစလုံးမှာ တာဝန်ရှိပါတယ်။ ဖြစ်တတ်တဲ့သဘောအရ သေဆုံးပြီး၊ ဆေးရုံအချိန်မှီမရောက်လို့သေဆုံးရတဲ့ပုံစံမျိုးထွက်ဆိုထားတာတွေ့ရတယ်။ ဒီအမှုမှာ တရားသူကြီး တယောက်သာမကပဲတရားသူကြီးဦးတင်ထွတ်ပါဝင်နေတာကိုတွေ့ရမှာပါ။ အုံနဲ့ကျင်းနဲ့ဝိုင်းဖွဲ့လာဘ်စားပြီးစီရင်တယ်ဆိုတာ ရှင်းရှင်းကြီ:ပေါ်လွင်နေပါ တယ်။ သက်ဆိုင်ရာ တရားရုံးချုပ်က စီမံခန့်ခွဲရေးဥပဒေအရ အရေးယူ မလား၊ ပြစ်မှုနဲ့အရေးယူမလား၊ ဒါမှမဟုတ်အောက်က တရားသူကြီး တွေဝေငှပေးတာနဲ့ငြိမ်နေမလားဆိုတာ ကိုတော့စောင့်ကြည့်ရပါမယ်

kaungkin said...

တရားသူကြီးတစ်ဦးဟာ ဥပဒေဘောင်အတွင်းက စစ်ဆေးစီရင်ပြီး ဥပဒေသတ်မှတ်ချက်အတိုင်း ပြစ်ဒဏ်ပေးရလေ့ရှိပါတယ်။ ပြစ်ဒဏ်နည်းရင်
နိုင်ငံတော်ဘက်က အစိုးရရှေ့နေက ပြစ်ဒဏ်တိုးမြှင့်ပေးဖို့ အထက်ရုံးကို
ပြင်ဆင်မှု ဖွင့်လို့ရတယ်။ တရားသူကြီးကမှားယွင်း အမိန့်ချတယ်ဆိုရင်လည်း
အပေါ်ရုံးမှာ အကြောင်းပြချက်ရေးပြီး လျှောက်လို့ရတယ်။ တရားသူကြီးလာဘ်စားတယ်ဆိုရင်တော့ ခင်ဗျားတို့သွားပုပ်လေလွင့်ပဲပြော
မနေကြနဲ့ဗျာ။ ခင်ဗျားတို့ဟာ တကယ်တရားရေးမဏ္ဍိုင်ခိုင်မာစေချင်တဲ့ဆန္ဒရှိ
ရင် သက်သေခံချက်သေသေချာချာရှာပြီး သက်ဆိုင်ရာကိုတိုင်ဗျာ။ အဲ..သူပြောငါပြောလောက်နဲ့တော့ လုပ်လို့မရဘူးနော်။ ပြီးတော့ ပစ်စာလိုနာမည်
မရေးဘဲလည်းမရဘူး။ နာမည်၊မှတ်ပုံတင်သေသေချာချာရေးပြီးတိုင်။ အဲဒီလို
မှသတ္တိမရှိရင် လူစွမ်းကောင်းလုပ်ပြီး လျှောက်ရေးမနေကြနဲ့ဗျာ။ စောင်ခြုံထဲက လက်သီးပြမနေကြနဲ့ဗျာ။ ဘာမှအကျိုးရှိမှာမဟုတ်ဘူး။

kaungkin said...

ပြစ်ဒဏ်နည်းရင် ဥပဒေအရာရှိကိုသွားပြောပြီးပြစ်ဒဏ်တိုးဖို့ အပေါ်ရုံးတက်
လို့ရတယ်၊ ခင်ဗျားတို့ဟာ လူပြောသူပြောလောက်နှင့် တရားစီရင်ရေးကိုဝေဖန်မနေကြနဲ့ဗျာ။ တရားသူကြီးကတော့ ဥပဒေပြဌာန်းချက်အတိုင်းလုပ်မှာပဲ။
တစ်ခုရှိတာက လာဘ်စားတယ် မစားဘူးဆိုတာပါပဲ။ ဒါလဲမကျေနပ်ရင် လူတိုင်းက သွားတိုင်ပြီးအမှုဖွင့်လို့ရတယ်။ ဦးဟုတ်ရီလာဘ်စားတယ်ဆိုရင်
သက်သေခံချက်တိတိကျကျနှင့် တရားရုံးချုပ်ကိုတိုင်လေ။ တစ်ဆင့်စကားနှင့်တော့မရဘူးနော်။ တရားရုံးအမှုဖြစ်တာ ၄၅သိန်းကုန်တယ်
လို့လူတိုင်းပြောလို့ရတာပဲ။ ဘာကြောင့်ကုန်တာလဲမေးရမယ်။ နေ့တိုင်း Taxi
အသွားအပြန်ငှားသွားလို့ကုန်တာလဲဖြစ်နိုင်တာပဲ။ တရားသူကြီးကိုပေးရတာပါဆိုရင် ဘယ်နေ့က၊ဘယ်မှာ၊ ဘယ်သူ့ရှေ့မှာ...တိတိကျကျရေးပြီး ပေးရသူကိုယ်တိုင် တိုင်ပေါ့ဗျာ၊ သေချာရင်ဥပဒေအရအရေးယူမှာပေါ့၊ ဒီလို့ခင်ဗျားတို့ သတ္တိမရှိပဲနဲ့
သူပြောငါပြောနဲ့ပဲ သံယောင်လိုက်ပြောနေရေးနေကြလို့တော့ အကျိုးမရှိပါဘူး။

007 jambom said...

how can i believe goverment?

ဒေါက်တာသေနက said...

အဂတိလိုက်စားတယ်ဆိုရင် အဂိလိုက်စားတဲ့တရားသူကြီးကို အထောက်အထား ခိုင်ခိုင်မာမာနဲ့ တရားစွဲဆိုအရေးယူလို့ရပါတယ်။ အဂတိလိုက်စားမှုတားမြစ်ရေးဥပဒေ ၄(၁)(ဂ)။ ၄(၂) စတဲ့ပုဒ်မတွေနဲ့ အရေးယူလို့ရပါတယ်။ ဒါပေမဲ့ မီဒီယာတွေမှာပျံ့နှံ့နေတဲ့ သတင်းပုံစံနဲ့ တရားရုံးမှာ အမှုစစ်ဆေးတဲ့အခါမှာ ပေါ်ပေါက်တဲ့အဖြစ်အပျက်ပုံစံဟာ တခါတရံမှာ တော်တော်ခြားနားတတ်ပါတယ်။ .....
အဲဒါကြောင့် ကမ္ဘာတလွှားက ဒီမိုကရေစီနိုင်ငံတွေမှာအတွေ့ရ များတာတွေဟာ မီဒီယာတွေပေါ်မှာ အဓိကတရားခံအဖြစ် ဖေါ်ပြခံရတဲ့သူတချို့ဟာ တခါတရံမှာ တရားရုံးရောက်တော့ ဂွင်းလုံးကျွတ်လွတ်သွားတတ်ပါတယ်။ အာဏာရှင်နိုင်ငံတွေမှာတော့ ဒီလိုမဟုတ်ပါဘူး၊ သတင်းတွေမှာ တရားခံလို့ ရေးသားထားတဲ့ တရားခံကို အပြစ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တရားရုံးကလွှတ်ပစ်လို့မရပါဘူး။ တခါတရံမှာ အပြစ်ဘယ်လောက်ချပါ ဆိုတာမျိုးပါအုပ်ချုပ်ရေးပိုင်းက ညွန်ကြားတတ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း ဒီလိုကိစ္စမျိုးတွေရှိခဲ့ဖူးပါတယ်။ အခုလဲချို့နေရာတွေမှာ ရှိနေဆဲပါ။ ........
နောက်တစ်ခုက .... တရားသူကြီးတစ်ယောက်အနေနဲ့မှန်မှန်ကန်ကန် ဆုံးဖြတ်တယ် မဆုံးဖြတ်ဘူးဆိုတာ တရားလိုရဲ့ထွက်ဆိုချက်လေးတစ်ခု၊ ဂျာနယ်ပါသတင်းလေးတစ်ခုနှစ်ခုလောက်နဲ့ ဆုံးဖြတ်လို့မရပါဘူး၊ တရားလိုဘက် တရားခံဘက် နှစ်ဘက်ထွက်ဆိုချက်တွေ လျှောက်ထားချက်တွေ နဲ့ တရားသူကြီးရဲ့သုံးသပ်ချက်တွေ ကိုးကားတဲ့ဥပဒေစီရင်ထုံးတွေကို သေချာစွာစိစစ်ပြီးမှ ဆုံးဖြတ်လို့ရပါတယ်။ .......
နောက်ထပ်ထစ်ခုကလည်း တရားသူကြီးတစ်ယောက်အနေဲ့ မှန်မှန်ကန်ကန် ဆုံးဖြတ်တယ် မဆုံဖြတ်ဖူးဆိုတာနဲ့ လာဘ်ငွေယူတယ် မယူဘူးဆိုတဲ့ ကိစ္စဟာလည်း ခြားနားပါတယ်။ တရားသူကြီးတစ်ယောက်အနေနဲ့ မှန်မှန်ကန်ကန်ဆုံးဖြတ်ပေမဲ့လည်း လာဘ်ငွေယူချင်ယူရင်ယူပါတယ်။ ဘယာဂတိကြောင့်တို့ ဥပဒေအယူအဆလွဲလို့တို့ စတဲ့အကြောင်းတွေကြောင့် တခါတရံမှာ တရားသူကြီးဟာ မှားယွင်းဆုံးဖြတ်တတ်ပါတယ်။ ဒါပေမဲ့ အဲဒိကိစ္စတွေမှာ တရားသူကြီး လာဘ်ငွေမယူပါဘူး။ ..........
.......
ကျွန်တော်ဆိုလိုချင်တာက ဂျာနယ်တွေရေးထားတဲ့ဇတ်လမ်းနဲ့ တရားသူကြီးအမိန့်ချတာလွဲရုံနဲ့ တရားသူကြီး မမှန်မကန်လုပ်တယ်ဆိုတာမျိုး၊ လာဘ်ယူထားပြီးလုပ်တယ်ဆိုတာမျိုး စွတ်စွဲဖို့ စောလွန်းနေသေးတယ် ဆိုတာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစံနစ်ဟာ အုပ်ချုပ်ရေးမဏ္ဍိုင်အောက်မှာ နှစ်ပေါင်းများစွာ နေခဲ့ရပြီးပါပြီ။ အခုမှ အုပ်ချုပ်ပေးမဏ္ဍိုင်အောက်က လွပ်မြောက်ဖို့ လွန့်ကာလူးကာရုန်းကန်ဆဲ အဆင့်သာရှိပါသေးတယ်။ အဲဒိအခြေအနေမှာ စတုတ္ထမဏ္ဍိုင်ရဲ့ လောင်းရိပ်ကိုပါ ခံနေရမယ်ဆိုရင်တော့ ပြည်သူတွေအတွက် ရင်လေးစရာပါ။ အထူးသဖြင့် သတင်းထောက်တွေရဲ့ စိတ်ကူးကွန့်မြူးမှုကြောင့်ဖြစ်လာတဲ့ ကွင်းဆက်တွေကြောင့် အပြစ်မဲ့သူတွေ တရားခံဖြစ်လာမှာကို စိုးရိမ်မိပါတယ်။

mg said...

ဟဟ...မီဒီယာဆိုတာအရေးအကြီးဆုံးဘဲ kaungkin ရဲ့မီဒီယာပေါ်မှာမတရားမှူ့ကိုလူသိလေ နောက်အထက်ရုံးတွေတက်လို့ရှိရင်
မင်းတို့ တရားသူကြီးတွေ တရားရုံကလူတွေ လုပ်ချင်တိုင်းလုပ်လို့မရမှာ။ဥပဒေတိုင်းသွားတော့ကောသာမာန် လက်လုပ်လက်စားကအရာရောက်မလားကွ။မင်းထမင်းစားမွေးတာလား။
မင်းတို့တရားရုံးတွေမှာ စာရွက်တစ်ရွက်ထုတ်ရင်တောင် ပိုက်ဆံကိုလိုအပ်တာထက်ပိုပေးမှထုတ်ပေးတာ။သာမာန်ပြည်သူအတွက်ကပိုက်ဆံမရှိရင် ဥပဒေဆိုတာအလကားဘဲ။မင်းတို့ဥပဒေဘောင်တွင်းကနေ ပိုက်ဆံသာပေးလိုက် ဥပဒေနဲ့ အညီ တရားလိုတွေ သက်သေတွေကိုပြောင်းလဲပစ်လို့ရတယ်။မင်းထမင်းစားမွေးတာ ကောဟုတ်ရဲ့လား။လူတစ်ယောက်လုံးကိုမင်းမဲ့တိုင်းပြည်လို ဒီလောက်နာမည်ကြီးအာရှတော်ဝင်ကြီးရှေ့မှာ ကယ်ပါယူပါတောင်းပန်တာတောင် အရိုးတွေကြိုးကျေ၊ဦးခေါင်းတွေအစိတ်စိတ်အမွှာမွှာကွဲပြီး သေတာတောင် ၁နှစ်နဲ့ ၃လဘဲကျပြီး အမိန့်ချပြီးတာနဲ့ ချုပ်ရက်နဲ့ တန်းလွတ်တာ ဦးနှောက်ရှိတဲ့လူတိုင်းစဉ်းစားလို့ရတယ်။သာမာန်လူတန်းစားတွေအတွက်ဥပဒေလေးတော့အားကိုးပါရစေကွာ။

saunghnin said...

ဒီမှာကို kaungkin ရဲ့ ရှင်ပြောသလို လာဘ်စားတာ နေရာအချိန် အတိအကျကိုမှတ်ပုံတင်နံပါတ်နဲ့ တိုင်ဆိုရအောင်။ခု လာဘ်စားပါတယ်ဆိုတဲ့ ၀န်ကြီးအောင်သောင်း အားလုံးအတိအကျထွက်တာတောင် အရေးယူလို့ ရသလား။မြန်မာပြည်ရဲ့ ဥပဒေဆိုတာငွေပေါ်မှာမူတည်တယ်။ပိုက်ဆံချမ်းသာရင် ခါးကြားမှာမိတဲ့ ဘိန်းဖြူကို တံခါးကြားပြောင်းလဲလို့ရတယ်။တရားသူကြီးတွေ
သူတို့ရတဲ့လစာနဲ့သူတို့စီးတဲ့ ကား နေတဲ့ အိမ် ခြံ ဒါတွေဘယ်ကရတာတွေလည်း။
ဦးနှောက်ဖွင့်ပြီးစကားပြောပါ။မြန်မာပြည်မှာသီအိုရီနဲ့ လာမပြောနဲ့ ။

ကိုကိုသိန်း said...

အော် ဟုတ်ကဲ့ ..ကျနော် အဲ့ဖြစ်စဉ်ကို ကြားခဲ့ဖူးပါတယ် အာရှတော်ဝင်ရှေ့ မှာ လူသတ်မှု့ ဖြစ်တယ်..တက္ကစီမောင်းတဲ့ သူတစ်ယောက်ကို အုပ်စုလိုက်ဝိုင်းရိုက်တာ အာရှတော်ဝင်ဆေးရုံရှေ့ မှာဘဲသေသွားတယ် ဆိုတာကိုပါ။
အဲ့ဒီအမှု့ မှာ အခု တရားခံတွေကိုအမိန့် ချလိုက်ပြီ 1 နှစ် 3 လ ချလိုက်
တယ် အမိန့် ချပြီး သိပ်မကြာပါဘူး လွတ်သွားတယ် အချုပ်ရက်က 1နှစ် ကျော်လောက်ရှိတာဆိုတော့ အင်းတရားခံတွေ ကတော့တော် တော်သက်သာ တာဘဲ ..ခံလိုက်ရတဲ့ သူဘက်ကို ကြည့်ရင်တော့ သိပ်မလွယ် ဘူး။
သူ့ ခမြာ ကြားထဲက မဆီမဆိုင် ထမင်းဝင်စားပြီး ပြန်အထွက်မှာ တခြား
ကားသမားနဲ့ သူ့ ကိုမှားပြီး အရိုက်ခံလိုက်ရတာ အုပ်စုလိုက်ဝိုင်းရိုက်တာ
ကို အသက်ပါ ပါအောင် အရိုက်ခံလိုက်ရတာ ဆိုတော့ ဘယ်လောက်တောင် ခံစားလိုက်ရမလဲဆိုတာ တွက်ကြည့်ယုံနဲ့ သိနိုင်ပါတယ်။ သူ့ မိသားစု ဆွေမျိုး အပေါင်းအသင်းတွေ လည်း ဘယ်
လောက်တောင်မှ ခံစားရမလဲ ..အခုလို တရားခံတွေက အမှု့ ကနေ
အေးဆေး အချုပ်လေး ကျပြီး ပြန်လွတ်လာတာမျိုးကလည်း တော်တော်
လွယ်နေသလိုဘဲ။
တစ်ခုခုတော့မှားနေသလိုပါဘဲ ဘာမှားလည်းကတော့ မှားတဲ့ သူတွေ
အသိဆုံးဘဲနေမှာပါ ။တုံးသောလက်နက်နဲ့ အပြင်းအထန် နာကြင်စေမှု့ ဖြစ်သွားတယ် ဆိုတာ ကလည်း အသက် ပါ ပါလောက်အောင် နာကြင်စေတယ်ဆိုတာကို တွက်ကြည့်ရမှာပါ။
တရားသူကြီး ဆိုတာ တရားတဲ့ သူကို ခေါ်တာပါ။ ဒါပေမယ့် တစ်ချို
သူတွေ့ကတော့ ပိုက်ဆံရရင် ပြီးတာဘဲဆိုပြီး အောက်တန်း
အလွန်ကျစွာနဲ့  မတရားမှု့ တွေ ပြုလုပ်ကြပါတယ်။ တရားလိုဘက်စားလိုက်တရားခံဘက်စားလိုက် နဲ့ စားလို့ ရသလောက်ကို အရှက်မရှိ တောင်းစား(ဦးသုမင်္ဂလ ပြောတဲ့ တရားစကားလေး တစ်ခုသတိရလို့ တောင်းစားရင် သူတောင်းစားတဲ့ )ကြပါတယ် ။ ၂ ဖက်လုံးခြေကုန်လက်
ပမ်းကျလောက်အောင်ကို စားပါတယ်။ သူ့ အတွက်ကတော့ တရားဥပဒေ
ကိုနားလည်ပြီးသား ဆိုတော့ ဘယ်လို ကာကွယ်ရမယ်ဆိုတာကို
သေသေချာချာ ပြင်ဆင်ထားလို့ တရားသူကြီး လာဒ်စားပါတယ် ဆိုတာ
ကို သက်သေပြဖို့ ခက်ခဲ ပါလိမ့်မယ် ။ အဲ့ဒါကြောင့်လည်း အပေါ်မှာ
ရေးထားသလို ဘဲ သူတို့ အတွက်က လုံခြုံ နေတော့ လာဒ်စားတယ်
ဆိုတာကို အော်မနေ နဲ့  သက်သေအခိုင်အလုံနဲ့ ပြပါလို့ ပြောနိုင်ပါတယ်။
ဒါပေမယ့် အားလုံး သိတဲ့အတိုင်းဘဲ ဆင်ခြေရာကြီးမြင်နေမှတော့ ဆင်
တစ်ကောင်လုံး သွားခဲ့ ဖူးတာကို ငြင်းလို့ တော့ မရနိုင်ပါဘူး။
အဲ့ဒီတော့ လူတစ်ယောက်ကို အုပ်စုလိုက် အပြင်းအထန် နာကျင်
စေပြီး သေအောင် ရိုက်သတ်လိုက် တဲ့ အမှု့ မှာ တရားခံတွေ က
ချုပ်ရက် လောက်နဲ့ လွတ်သွားတယ် ဆိုတာကတော့ ဆင်ခြေရာ ကို မြင်
ပြိး ဆင် ဘယ်မှာ ရှိလို့ လည်း ဆိုတဲ့ သဘောမျိုးများသက်ရောက်နေ
မလားလို့ ပါ။

Anonymous said...

အခုစွပ်စွဲပြောဆိုနေသူများကို မကျေနပ်ချက်၊ထင်မြင်ချက်များကို တရားသူကြီးနဲ့ တာဝန်ရှိသူများထံ လူကိုယ်တိုင်သွားရောက်တင်ပြကြပါဆိုရင်......

Junior said...

Dont say about murder case, even a small gambling case , you have to spent about 40 lakh. if do not believed, recall back all case and inquiry all person inloved in past years!!!!

ဒေါက်တာသေနက said...

မီဒီယာဆိုတာ တရားရုံးတွေ၊ တရားသူကြီးတွေရဲ့မသမာမှုတွေကို ဖေါ်ထုတ်ရေး သားခွင့်ရှိရပါမယ်။ ဒါမှလည်းတရားစီရင်ရေးမဏ္ဍိုင်ကိုပြန်လည်ထိန်းညှိနိုင်မှာပါ ။ ဒါပေမဲ့ မီဒီယာထဲမှာတရားခံအဖြစ်စွတ်စွဲထားတဲ့သူကို တရားရုံးက လွှတ်ပစ်ရုံနဲ့တော့ တရားရုံးနဲ့ အမှုစစ်တရားသူကြီးကို သပုတ်လေလွင့်မပြော သင့်ပါဘူး..... ဘာလို့လဲဆိုတော့ သတင်းသမားတစ်ယောက်ရေးတဲ့သတင်းဟာ နစ်နာသူ၊ သူ့မိသားစုနဲ့ တရားစွဲအဖွဲ့အစည်းဖြစ်တဲ့ ရဲ့တွေဆီကရတဲ့ အချက်အလက် တွေကိုအခြေခံပြီး ရေးသားထားတာပါ။ အဲဒိလူတွေဟာသဘာဝအားဖြင့် စွတ်စွဲခံရသူကို ပြစ်ဒဏ်ကျစေလိုတဲ့သူတွေပါ။ ပြီးတော့ စွတ်စွဲခံရသူရဲ့မျက်ကွက်မှာ ပြောတဲ့အကြောင်းအရာတွေပါ။ သတင်းထောက်ကို အမှန်မပြောတဲ့အတွက် သတင်းထောက်က သတင်းပေးသူကို တရားပြန်စွဲတာမျိုးလည်းမရှိပါဘူး။ တရားရုံးမှာအမှုစစ်တယ်ဆိုတာမျိုးကတော့ တရားလို၊ တရားခံနှစ်ဘက်ကို တရားခွင်မှာ မျက်နှာစုံညီစစ်ဆေးတာပါ။ တရားလိုအနေနဲ့ တရားခံကိုမေးခွန်းတွေမေးခွင့်စွတ်စွဲခွင့်ရှိသလို တရားခံအနေနဲ့လည်း မိမိအပေါ်စွတ်စွဲချက်ကို ချေပနိုင်ပါတယ်။ တရားလိုကို မေးခွန်းတွေပြန်မေးနိုင်ပါတယ်။ ရုံးရှေ့မှာမမှန်မကန်ထွက်ဆိုမယ် ဆိုရင်လည်း မမှန်သက်သေခံတဲ့အမှုနဲ့ အရေးယူခံရနိုင်ပါတယ်။ .......
အဲဒိလိုစစ်ဆေးပုံတွေမတူညီတဲ့အတွက် အဖြစ်အပျက်အကြောင်းအရာ တစ်ခုအပေါ်မှာတင် သတင်းထောက်ရဲ့ကောက်ချက်နဲ့ တရားရားရုံးရဲ့ ကောက်ချက်ဟာ အတိုင်းအတာတစ်ခုအထိ ကွဲလွဲနိုင်ပါတယ်။
.............................
အမှုစစ်တရားသူကြီးရဲ့ ဖြောင့်မတ်မှုကို ဝေဖန်လိုတယ်ဆိုရင် မီဒီယာတွေမှာပါတဲ့ သတင်းတွေအရပ်ထဲက လူပြောသူပြောဇတ်လမ်းတွေ ပေါ်မှာ အခြေမခံပဲ အဲဒိတရားသူကြီး စစ်ဆေးထားတဲ့ အမှုတွဲထဲက တရားလို၊ တရားခံ နဲ့ နှစ်ဘက်သက်သေတွေရဲ့ ရုံးရှေ့ထွက်ဆိုချက်တွေ၊ တရားသူကြီးရဲ့ အမှုအပေါ်ကိုသုံးသပ်ချက်တွေကို အခြေခံပြီး ဝေဖန်သင့်ပါတယ်။ ...........
.... မြန်မာပြည်မှာ တရားသူကြီးတစ်ယောက်ချတဲ့အမိန့်ဟာ အများပြည်သူဆိုင်ရာစာတမ်းအမှတ်အသားဖြစ်တဲ့အတွက် စိတ်ဝင်စားသူတိုင်း သက်ဆိုင်တရားရုံးမှာ မိတ္တကူးယူခွင့်ရှိပါတယ်။ သက်ဆိုင်ရာအမှုတွဲမှတ်တမ်းနဲ့ သက်သေခံချက်တွေကိုလည်း အမှုနဲ့ သက်ဆိုင်တဲ့ မည်သူမဆို မိတ္တူကူးယူခွင့်ရှိပါတယ်။

Powered by Blogger.