ဧည့်စာရင်းစစ် အယောင်ဆောင်ပြီး ညားခါစ အမျိုးသမီးငယ် တစ်ဦးကို မုဒိမ်းပြုကျင့်

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့တွင် မတ်လ ၈ ရက်နေ့က ညားခါစ အမျိုးသမီးငယ် တစ်ဦးကို ဧည့်စာရင်းစစ် အယောင်ဆောင်ပြီး တပ်မတော်သား တစ်ဦးအပါအ၀င် လူ (၃) ဦးက မုဒိမ်းပြုကျင့်ခဲ့သည်ဟု သတင်း ရရှိသည်။


 ponna-kyunt
မုဒိမ်းပြုကျင့်ခံရသူမှာ ပေါက်တောမြို့နယ် ဟင်းခရော် ကျေးရွာနေ မောင်အောင်ဆန်းသိန်း သက်(၂၅)နှစ်၏ ဇနီး ပုဏ္ဏားကျွန်းမြို့နယ် စမ်းပတီးချောင်း မြို့ရွာ ကျေးရွာသူ အသက် (၂၀) မ------ ဖြစ်သည်။

သူတို့ ဇနီးမောင်နှံ (၂) ဦးသည် သံတွဲမြို့နယ် ငါးလုပ်ငန်း တစ်ခုတွင် အတူ လုပ်ကိုင်နေကြစဉ် လူငယ်တို့၏ သဘာဝအရ ချစ်ကြိုက် ညားကြပြီး မိမိဇာတိနေရပ်သို့ ပြန်လာစဉ် ယခုကဲ့သို့ မတော် မတရား ပြုကျင့် ခံခဲ့ရခြင်း ဖြစ်သည်။

" အခင်း ဖြစ်ပွားတဲ့ နေ့က သူတို့က ပုဏ္ဍားကျွန်းမြို့ စံပြရပ်ကွက် ဆေးရုံစု ရပ်ကွက်က ဦးအောင်သန်းလိုင် အိမ်မှာ တည်းခိုနေကြပါတယ်။ ညနေ ၈ နာရီကျော်ကျော်မှာ သူတို့ ဇနီးမောင်နှံ နှစ်ဦးက ဧည့်စာရင်းတိုင်မယ် ဆိုပြီး ရာအိမ်မှူး ဦးသာလှ အိမ်ကို သွားကြတယ်။ ဟိုရောက်တော့ ဦးသာလှ မရှိတာနဲ့ ပြန်လာကြတယ်။ လမ်းခုလတ်ကိုရောက်တော့ အပြာရင့်ရောင် စွမ်းအားရှင် ယူနီဖေါင်းဝတ်ထားတဲ့သူ တစ်ဦးရယ်၊ တပ်မတော်သား တစ်ဦးရယ်၊ အရပ်ဝတ်ထားတဲ့ လူတစ်ဦးက ဧည့်စာရင်း စစ်တယ်။ သူတို့မှာ ဧည့်စာရင်း တိုင်တဲ့ စာရွက်တွေ ပါမလာတော့ ပိုက်ဆံ ငါးသောင်းတောင်းတယ်။ အဲဒီ ကောင်လေးက ပိုက်ဆံ ငါးထောင်ဘဲ ပေးနိုင်မယ်ဆိုတော့ ပိုက်ဆံ ထပ်ရှာခိုင်းပြီး အဲဒီ ကောင်လေးရဲ့ ဇနီး ခလေး မလေးကို ရာအိမ်မှူးဆီကို လိုက်ခဲ့ပါ ဆိုပြီး ခေါ်သွားတယ်" ဟု အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပုဏ္ဍားကျွန်းမှ ရှေ့နေ တစ်ဦးက ပြောသည်။

လင်ဖြစ်သူ မောင်အောင်ဆန်းသိန်းမှ ရွာဟောင်း ရပ်ကွက်မှ သူငယ်ချင်း ဖြစ်သူ တစ်ဦးထံ ငွေချေးဌားရန် အဆိုပါ နေရာမှ ထွက်သွားစဉ် အမျိုးသမီးငယ်အား ရာအိမ်မှူး အိမ်သို့ မခေါ်ဘဲ ဓါးဖြင့် ခါးကိုထောက်ကာ ပုဏ္ဍားကျွန်းမြို့ တစ်ဘက်ကမ်း ဦးရာဇ်တော်စေတီ တောင်ခြေရင်းသို့ ခေါ်ဆောင်သွားပြီး အဆိုပါ နေရာတွင် သားမယား အဖြစ် အဓမ္မပြုကျင့်ခဲ့ကြသည်။

" အခုတော့ အဓမ္မပြုကျင့်သူ သုံးဦးလုံးကို ကောင်မလေးက အမူဖွင့်တိုင်ကြားတော့ ဖမ်းဆီးထားပါပြီ။ သူတို့ကတော့ စွမ်းအားရှင် ယူနီဖောင်းဝတ် မောင်ရွှေစိန်၊ အရပ်ဝတ်နဲ့ ပါသူ မောင်ဖြူနဲ့ ပုဏ္ဏားကျွန်းမြို့ အခြေစိုက် ခမရ (၅၅၀) တပ်ရင်း မှ တပ်သား လှသိန်းထွန်းတို့ ဖြစ်ကြပါတယ်။ အဲဒီနေ့မှာဘဲ ဖမ်းဆီး နိုင်ခဲ့ပါတယ်" ဟု ၎င်းရှေ့နေမှ ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပုဏ္ဍားကျွန်း ရဲစခန်းမှ ရဲတပ်ကြပ်ကြီး တစ်ဦးကို မေးမြန်းရာ သူက ယခုလို ပြောသည်။

" အဲဒီနေ့ ညဥ့် ၁၀ နာရီခွဲခန့်မှာ အဓမ္မပြုကျင့်ခဲ့သူ (၃) ဦးကို ပုဏ္ဍားကျွန်းမြို့ ကြိုးတံတားထိပ် အနီးမှာ ပြည်သူ့ရဲတပ်ဖွဲ့က စောင့်ဆိုင်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အခု ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပုဏ္ဏားကျွန်းမြို့ ရဲစခန်းက နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် ရွှေစိန်က ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ -၃၇၆ အရအမှုဖွင့်ပြီး ဆောင်ရွက် လျှက်ရှိ ပါတယ်။ ကျွန်တော်တို့ အရေးယူသွားမှာ ဖြစ်ပါတယ်" ဟု ပြောသည်။ 

နိရဉ္စရာ
ဧည့်စာရင်းစစ် အယောင်ဆောင်ပြီး ညားခါစ အမျိုးသမီးငယ် တစ်ဦးကို မုဒိမ်းပြုကျင့် ဧည့်စာရင်းစစ် အယောင်ဆောင်ပြီး ညားခါစ အမျိုးသမီးငယ် တစ်ဦးကို မုဒိမ်းပြုကျင့် Reviewed by သစ်ထူးလွင် on 14:47 Rating: 5

37 comments:

Anonymous said...

ယုတ်မာလိုက်တဲ့ အကောင်တွေပါလား....အဲလောက်အချိန်လေးအတွင်းမှာတောင် မကောင်းမှုပြုတယ်...နောင်ဘ၀တွေမှာ အပုန်းတွေဖြစ်ကြပါစေ......

nan da said...

အော် ကာမလူသားများတယ်ခက်ပါလားနော်.. စိတ်ဆန္ဒအရ မနေနိုင်ဘူးဆိုလဲ သတ်သတ်မှတ်မှတ် ယူပြီးပေါင်းသင်းပါလား သူများသားမယားကို မတရားလုပ်ရက်လိုက်တာ.။

AyeeSett said...

သတ်ပစ် ...အေးရော ...

လင်းနေခ said...

သေဒဏ်ပေးကွာ မပေးရင်
ရပ်ရွာက ကောင်တွေက ၀ိုင်းသတ်ပစ်လိုက် ရှုပ်တယ်

မင်းဟန် said...

တော်တော်အောက်တန်းကျလိုက်တာနော်။

မင်းဟန် said...

တော်တော်အောက်တန်းကျလိုက်တာနော်။

Lime Juice said...

ခုခေတ်ကြီးမှာ အဲဒီလိုမျိုးတွေပဲ ဖြစ်တော့မှာပေါ့ဗျာ....
မြန်မာပြည်ဆိုတာ လက်ယာတောင်ကျွန်းမှာရှိလို့ နိမိတ်ထွန်းတဲ့ကျွန်းဆိုပြီး ရှေးလူကြီးတွေ ဆုံးမထားခဲ့ဖူးပါတယ်...
ဒါ့အပြင် တိုင်းပြည်တစ်ခုရဲ့ရှေ့လာမယ့် နိမိတ်တွေ အဖြစ်အပျက်တွေကို သိချင်တယ်ဆိုရင် ... သဘင်ပညာသည်တွေ ကလေးငယ်တွေရဲ့ ပြောဆို ပြုမူနေပုံကို လေ့လာကြည့်ရင် ခန့်မှန်းသိနိုင်တယ်လို့လည်း ရှေးက ဆုံးမထားခဲ့ပြန်ပါတယ်....

ဒါပေမဲ့ အခုဒီဘက်ခေတ်က လူတွေက ရှေးကဆုံးမထားခဲ့တာတွေကို အလေးထားမှု မရှိကြတော့ပါဘူး....

မြန်မာရုပ်ရှင်ကားတွေကိုပဲ ကြည့်ပါလား....
ဇာတ်ကားတစ်ကားလာလိုက်ရင်လဲ မင်းသမီးကို ဖျက်ဆီးတဲ့အခန်း...
နောက်ထပ်တစ်ကားလာလိုက်ရင်လဲ အဲဒီလိုပဲ....
ဘယ်လိုမျိုး မုဒိမ်းကျင့်လိုက်တယ် ဆိုတဲ့ အခန်း...
ဇာတ်ညွန်းရေးတဲ့သူတွေလဲ ဒီအကြောင်းတွေပဲ ရေးနေကြတယ်...
ဒါရိုက်တာတွေလဲ ဒီလိုမကောင်းတဲ့အခန်းတွေပဲ ရိုက်နေကြတယ်...
မင်းသားမင်းသမီးတွေလဲ ဒီလိုမကောင်းတဲ့အခန်းတွေကို အပီအပြင်သရုပ်ဆောင်နေကြတယ်....

အဲဒီတော့...
မြန်မာပြည်သူတွေလဲ ဒီလိုမကောင်းတဲ့အခန်းတွေကိုပဲ ကြည့်နေကြရပြီး..
ကြာလာတော့လဲ ပြည်သူတွေရဲ့စိတ်ထဲကို ဒီလို ယုတ်ညံ့တဲ့စိတ်တွေ ဝင်လာတော့ပေါ့....

ဒါကြောင့်.... မြန်မာပြည်က ရုပ်ရှင်အနုပညာဖန်တီးသူများကို အထူးမေတ္တာရပ်ခံချင်ပါတယ်....
ကျေးဇူးပြုပြီး ဒီလိုဇာတ်ကားမျိုးတွေကို ထပ်မရိုက်ကြပါနဲ့လို့...

ဒီလိုမျိုး ဇာတ်လမ်းတွေရိုက်မယ့်အစား.... လူငယ်လေးတွေကို စိတ်ဓာတ်ခွန်အား၊ စာရိတ္တခွန်အား၊ အသိဥာဏ်ခွန်အားတွေကို မြင့်မားစေမယ့် ဇာတ်ကားမျိုးလေးတွေ... နေ့စဉ်ဘဝရဲ့ အခက်အခဲတွေ၊ အတိုက်အခိုက်တွေကြားထဲက ဘယ်လိုမျိုး ရုန်းကန်ပြီး ကိုယ့်ဘဝကို ဘယ်လိုမျိုးအောင်မြင်အောင် ကြိုးစားခဲ့ရတယ်ဆိုတဲ့ အသိပညာပေး ဇာတ်ကားမျိုးလေးတွေကို များများရိုက်ကူးဖန်တီးကြဖို့ တောင်းဆိုပါတယ်...
ဒါမှလဲ လူငယ်လေးတွေ မိမိဘဝကောင်းမွန်တိုးတက်ဖို့အတွက် ရုန်းကန်ကြိုးစားချင်စိတ်တွေ မြင့်မားလာပြီး တိုင်းပြည်ရဲ့အနာဂတ်အတွက် ထူးချွန်ထက်မြက်တဲ့ လူကောင်းလူတော်လေးတွေ ပေါ်ပေါက်လာမှာပါ...

ကိုရီးယားက ကျောင်းသားဇာတ်လမ်းတစ်ချို့ကို စံနမူနာ ကြည့်ကြည့်ပါဗျာ...
အဲဒီဇာတ်ကားတွေမှာ... လူငယ်အချင်းချင်း ချစ်ခန်းကြိုက်ခန်းတွေ ပါနေတယ် ဆိုပေမဲ့လည်း သူတို့အဓိကပေါ်လွင်အောင် ရိုက်ကူးထားတာက ... သူတို့ငယ်စဉ်က ဘယ်လိုကြိုးစားခဲ့ရတယ်ဆိုတာတွေ... နေ့စဉ်ဘဝမှာ ဘယ်လိုခက်ခက်ခဲခဲ ရုန်းကန်ပြီးတော့ အောင်မြင်မှုကို ဘယ်လိုရယူခဲ့ရတယ် ဆိုတာတွေကို အသားပေးပြီးတော့ ရိုက်ကူးထားတာပါ...
အဲဒီလိုဇာတ်ကားမျိုးလေးတွေကို ကြည့်လိုက်ပြီးရင် မိမိကိုယ်တိုင် စိတ်ဓာတ်ကျနေရင်တောင်မှ ပြန်ပြီး စိတ်ဓာတ်ခွန်အားတွေပြည့်လာတာကို ခံစားမိပါတယ်.... ပိုပြီးကြိုးစားချင်စိတ်တွေလဲ တဖွားဖွားဖြစ်ပေါ်လာရပါတယ်....

အခုတော့ဗျာ.... ကိုယ့်မြန်မာဇာတ်ကားတွေကို ကြည့်ရတာ
ကြည့်လေ ကြည့်လေ ပိုပိုပြီး စိတ်ကုန်လာလေ ဖြစ်ရပါတယ်....

အခုလိုမျိုး ပုတ်ခတ်ပြီးတော့လဲ မပြောချင်ပါဘူး....
ဒါပေမဲ့လဲပဲ ... ကိုယ့်တိုင်းပြည် တိုးတက်ဖို့... ကိုယ့်လူမျိုးတွေ အကျင့်စာရိတ္တမြင့်မားစေဖို့အတွက် ... အခုလိုရေးလိုက်မိတာပါ...

ပြည်သူတွေရဲ့စိတ်ထဲမှာ ကောင်းမွန်မြင့်မြတ်တဲ့စိတ်ဓာတ်တွေ ကိန်းဝပ်လာဖို့အတွက် ရုပ်ရှင်မီဒီယာအနုပညာသမားတွေဘက်က ဇာတ်လမ်းဇာတ်ကားကောင်းကောင်းလေးတွေကို ပိုပြီး ကြိုးစားဖန်တီးပေးကြပါလို့ပဲ
အထူးတောင်းဆိုချင်ပါတယ်....

thihathuya said...

ခွေးထက်မိုက်တဲ့သူတွေအတွက်ခွေးငရဲကမျှော်နေပါတယ်..အပေါ် ကကွန်မန့်ထောက်ခံပါတယ်

ရာရာ said...

အဲ့ဒီ သောက်အဓိပါယ်မဲ့တဲ့ ဧည့်စာရင်း ဆိုတာကြီး ရှိကိုမရှိသင့်တော့ဘူးဗျ။ မြန်မာနိုင်ငံသားမှတ်ပုံတင်ကိုင်ထားတဲ့ဘယ်သူမဆို မြန်မာနိုင်ငံနယ်နမိတ်အတွင်ဘယ်နေရာမှာရှိနေနေ ဘာဖြစ်ရမှာတုန်းဗျ။ ဒီစနစ်ကြီးက အရင်တုန်းက ကိုယ်အရိပ်ကိုယ် ပြန်ကြောက်နေတဲ့ လူယုတ်မာတွေ အဓမ္မအုပ်စိုးနေစဉ်က လုပ်ထားတဲ့စနစ်၊ ဒါကြီးကို အခုထိအသက်ရှိနေတာ လုံးဝမဖြစ်သင့်ဘူး။ ဥပဒေကြီးစိုးတဲ့နိုင်ငံတွေမှာ ရဲဝန်ထမ်းကိုယ်တိုင် အိမ်ထဲကိုဝင်ရှာမယ် ဆို ရင်တောင် ၀ရမ်းဆိုတာကိုအရင်ရယူပြီးမှ ၀င်ရတယ်ဆိုတာဖတ်ဖူးတယ်။ ခုတော့ သူများပိုင်နက်ထဲ ၀င်ချင်သလိုဝင် ပြောချင်သလိုပြော ဖမ်းချင်သလိုဖမ်း၊ ဘာဥပဒေလဲဗျ။ xီး ပဲ..ကွာ...။

pyaponthu said...

အဲ့ဒါပေါ့ ဘယ်လို လူစားတွေ အုပ်ချူပ်နေကြသလဲ။မရှိသင့်တဲ့ အရာကို ထားတယ်။သန်ကောင်စာရင်းဆို တာ ရှိသင့်တဲ့ စနစ်လားဆို အသုံးသပ်နိုင်ကြဘူး။သူတို့ အဖေ တရုတ်တွေ မြန်မာ မှတ်ပုံတင် ကိုပိုက်ဆံပေးလုပ်ပြီးနေကြတာတော့ သေချာ အောင်မစစ်ဘဲနဲ့ မြန်မာ ပြည်သားအစစ်တွေကို ဘဲ ပြဿနာ ရှာတယ်။သန်းရွှေ စစ်အစိုးရလုပ်တာ မြန်မာ ပြည် မြေပုံပျောက်တော့မယ်။

တို့ခေတ် said...

ဧည့်စာရင်း စစ်တဲ့ဆိုတဲ့ ဥပဒေကြီးက ပြည်သူတွေကို အောက်ခြေအာဏာပိုင်တွေက ထင်သလို အနိုင်ကျင့်ဖို့ ထားတဲ့ အရာကြီးလိုဖြစ်နေပါပြီ။ ဘာတွေအတွက် ဧည့်စာရင်းစစ်နေတာလဲ။ ဧည့်စာရင်းစစ်တော့လည်း ခင်ဗျားတို့ဘာတွေကို ကာကွယ်နိုင်လို့လဲ ။ အဲ့တာဆိုလည်း ရပ်ကွက်တွေထဲမှာ မိမိရပ်ရွာလုံခြုံရေးသည် ရပ်ကွက်သူရပ်ကွက်သားများ၏ တာဝန်ဖြစ်သည် လို့ ဘာကြောင့်အရှက်မရှိရေးလဲ။ ဖွီး မင်းတို့ကိုတော့ကြာလေရွံလေ ပဲ။

tertee said...

လူမိုက်က စွမ်းအားရှင်...အဖော်ကစစ်သား..တယောက်က (ရ၀တ ဖြစ်နိုင်တယ်).အားလုံးသူ.လူတွေချည်းဘဲမို. လွတ်မှာပါ......မသကာ နယ်ပြောင်းရုံလောက်ပေါ. ....

mickel.paulsmith@gmail.com said...

အဲဒါမျိုးတော.သတ်သင်.ပါတယ်....ချမ်းသာလို.ဟိုဟာကြွေးရင်တော.လွတ်မှာပဲ.............

gemuk said...

ဒါကလွယ်လွယ်လေးပါ သူတို့ ၇ဲ့ အမေတွေနှမတွေကို သူတို့ ရှေ့ မှာမုဒိန်းကျင့်လိုက် သူတို့ သဘောပေါက်သွားလိမ့်မယ်

Dattha said...

ဖြတ်ပစ်လိုက်........

ကိုအောင် said...

အပေါ်ကအကိုတွေပြောတာမှန်တယ်ဗျာ လုံးဝကိုထောက်ခံပါ
တယ် အဲ့ဒီဧည့်စာရင်းဟာ မြန်မာနိုင်ငံလိုနိုင်ငံမှာပဲရှိတာပါ ကိုယ့်တိုင်းပြည်မှာတောင်ကိုနေလို့မ၇တော့ဘူးလာဗျာ မှန်ဘာတယ်မကောင်းတဲ့သူတွေလဲရှိနေတယ်ဆိုတာ လက်ခံပါတယ် ဒါပေမဲ့ဗျာ ကိုအိမ်မှာကိုနေပြီးတော့ ဧည့်စာရင်းတိုင်နေရတဲ့သူတွေလဲရှိတယ် ဘာလိုပလဲဆိုတော့ မှတ်ပုံတင်မရှိလို့ပါ ဘာလို့မြန်မာလူမျိုးဖြစ်ပြီးမှတ်ပုံတင်မရှိတာလဲလို့မေးရင် ပိုက်ဆံမတက်နိုင်လို့ပါ ခင်ဗျာ ...ဟုတ်ပါတယ်မှတ်ပုံတင်တခါလုပ်ရင် သောင်းနဲ့ချီပြီးပေးရပါတယ် ကျွှန်တော်ကိုယ်တွေ့ပါ ကျွှန်တော် ၁၀ ကျောင်းသားဘဝတုံးက ကျွှန်တော်တို့ကျောင်းမှာ မှတ်ပုံတင်လာလုပ်ပေးပါတယ် ဒါပေမဲ့ကျွှန်တော်မရခဲ့ဘူးဗျာ မအေမှတ်ပုံတင်မရှိလို့တဲ့ မိဘမှတ်ပုံတင်မ၇ှိတာနဲ့ သားသမီး မ၇တော့ဘူးလားလို့ ကျွှန်တော် အဖေက ရုံးကိုသွားပြောတယ် (လဝက)ရုံးကပြောတယ် အမေကိုမှတ်ပုံတင်ပြန်လုပ်ခိုင်းရမယ်တဲ့ သူတို့ပိုက်ဆံလိုချင်လို့ညစ်နေပြီ လေ မြန်မာပြည်မှာ ကလားနဲ့တရုပ်မှတ်ပုံတင်လုပ်ခွင့်မရှိဘူး..ဒါပေမဲ့ ကလားနဲ့တရုပ်ကပိုက်ဆံပေးလုပ်ရင်ရတယ် သူတို့မှာအကုန်မှတ်ပုံတင်ရှိတယ် မယုံရင်တောင်းကြည့်လေ ပြလိုက်လိမ့်မယ် မြန်မာပြည်မှာမွေး...မြန်မာပြည်မှာကြီး မိဘကလဲမြန်မာ ဒါပေမဲ့မှတ်ပုံတင်မရှိဘူး ရယ်စရာကြီးဖြစ်မနေဘူးလားဗျာ အိမ်ရှင်ကဧည့်သည်..ဧည့်သည့်က အိမ်ရှင် ဒီကြားထဲ ဘာတဲ့မှတ်ပုံတင်မရှိတဲ့ ကလားက ကြံဖွတ်ထဲဝင်ပြီး ကိုယ့်တောင်လည့်ဟောက်နေလို့ ရိုက်ချင်လိုက်တာလက်ကိုယားနေတာပဲ ရိုက်လိုက်ရင်လဲ အမှူဖြစ်မယ် မရှိမဲ့၇ှိမဲ့ပိုက်ဆံလေးနဲ့၇ဲကိုလုပ်ကျွေးရအုံးမယ်ဆိုပြီးနေခဲ့ရတယ်ဗျာ...ကျွှန်တော် comment ပေးခဲပါတယ် အထက်ပိုင်းကလူတွေအာဏာရှူးတာကိုလဲ မပြောနဲ့လေဗျာ သူတို့ကဘယ်၇ာထူးရရင်တော့ဘယ်လို စား၇တယ်ဆိုတာကိုသိနေတယ်လေ ၇ပ်ကွက်ထဲမှာတောင် စာမတက်ပေမတက် ..အလုပ်မရှိအကိုင်မရှိ ..အ၇က်သမား တွေက ကြံဖွတ်ထဲဝင် မီးသက်ထဲဝင် ပြော၇အုံးမယ်မီးသက်မှာဘာလို့ပခုံးပေါ်ကိုရောက်တယ်တော့မသိဘူး တရစ် ဆိုလားဘာဆိုလားဗျာ အဲ့ဒါကိုအဲ့ဒီငတိက သူကိုသူ ဗိုလ်ချုပ်ရာထူး၇ထားသလိုဘဲမျောက်ကြွမျောက်နဲ့တော်တော်အကြည့်ရဆိုးတယ် မယုံ၇င်၇ပ်ကွက်တွေထဲလိုက်ကြည့် တကယ်ရှိတယ် အဲ့လိုလူတွေ အ၇က်သမားတွေ အလုပ်မ၇ှိအကိုင်မရှိလို့ ကြံဖွတ်တို့ဘာတို့ဝင်တဲ့ကောင်တွေကရက်ကွက်ထဲမှာ ဧည့်စာရင်လိုက်စစ်နေတယ်ဆိုတော့ စဉ်းစားတာကြည့်တော့ အလကား မိဘကမကျွေးနိုင်လို့ ရက်ကွက်ထဲလိုက်တောင်းစားနေရတဲ့ကောင်တွေ သူတောင်းစားတွေ ..မင်းတို့အမတွေနှမတွေကိုမုဒိန်းလာကြင့်မဲ့ကောင်တွေပေါ်လာလိမ့်မယ်..မြန်မာပြည်မှာ အင်္ဂလိပ်နဲ့ဂျပန်ကနှစ်ပေါင်းတရာအုပ်ချုပ်လို့ ၇တာဘာလို့လဲ သိလား မင်းတို့လို့ ငဖားတွေ အာဏာ၇ှူးတွေရှိလို့ ပြောလို့မရဘူး သားသမီးမကောင်းမိဘခေါင်းဆိုတော့ မင်းတို့ မိဘတွေရဲ့သွေးတွေပါလာတာထင်တယ်....သစ်ထူးလွင်ဆိုက်ကိုကြည့်နေတာတော့ကြာပါပြီ..ဒီနေ့နေပြီးတော့ comment တွေနဲ့တိုက်ပွဲဝင်တော့မယ်..ဒီဆိုက်လေးရှိနေတာ၇င်ဖွင့်လို့၇တယ် ဒီလိုဆိုက်မျိုးများများရှိရင်ကောင်းမယ် ဘယ်လောက်ပြောပြောပါ စောက်ရှက်၇ှိမဲ့ကောင်တွေမဟုတ်ဘူး...

Anonymous said...

အုပ်ချုပ်မှု မှန်ကန် မျှတတဲ့ တရားစီရင်မှုတွေ့ ကြောင့်အခုလို့ ရဲတင်းနေကြတာပေါ့ . .

Honeybaby said...

After they announced this news in online who can dare to make them freedom.... without taking any action.....????? Let's see...

Wai Lin Aung said...

လူမိုက်က စွမ်းအားရှင်...အဖော်ကစစ်သား..တယောက်က (ရ၀တ ဖြစ်နိုင်တယ်).အားလုံးသူ.လူတွေချည်းဘဲမို. လွတ်မှာပါ......မသကာ နယ်ပြောင်းရုံလောက်ပေါ. ....

chatlay said...

အဲဒီ ဧည့်စာရင်းဆိုတာ မရှိသင့်တော့ပါဘူး။ မြန်မာနိုင်ငံသား မြန်မာနိုင်ငံအတွင်း ကြိုက်တဲ့နေရာမှနေပေါ့။ အလကား ရပ်ကွက်က လူကြီးတွေ ငွေရအောင်လုပ်ထားတဲ့ ဥပဒေ တွေ။ စင်္ကာပူမှာနေတာ ၃ နှစ်ကျော်ပြီ ကြိုက်တဲ့ နေရာသွားအိပ် ဘာဧည့်စာရင်းမှ မလိုဘူး။

kyawkyawoo said...

ဧည့်စာရင်းက တကယ်မရှိသင့်တော့ပါ။

Lorem Ipsum said...

really bad new for me, it was in my Native Town, What kind of consequence r happening to us. No security, No locality , nothing left for our citizen. We all are very very unlucky of having that kind of government. Good luck to my relatives,friends and everyone from our Ponnagyun :((

phyuthin said...

မိုက်၇ိုင်းတယ် ယုတ်မာတယ် အောက်တန်းကျတယ်...ဘယ်လိုအေ၇းယူမှာလဲ..ဘယ်လိုစီ
၇င်ထုံးတွေ၇ှိလဲ..နိုင်ဝံေ၇း လုပ်သူတွေကိုတော့ မသေမ၇ှင်ခံစား၇အောင်လုပ်တယ်..စာဖတ်၇တာတောင်၇င်နာလို့ ။

supergunner said...

ကိုသစ်..ဒီသတင်းရဲ့ အဆုံးသတ်ကိုမျက်ခြေမပြတ်စေဘို့ မေတ္တာရပ်ခံပါတယ်

brave heart said...

ဖာစစ်တပ်ကြီးရေ ဖာသန်းဆွေကြီးရေ ဖာမောင်အေးကြီးရေ မင်းတို့လုပ်ခဲ့ ဧည့်စာရင်း ကျက်သရေယုတ်နေတာ မင်းတို့သိလား...

lwannaymie said...

ဒီ(၃)ကောင်လုံးကိုသေဒဏ်ပေးပါ...တောင်းဆိုပါရစေ....သူတို့နှမ၊မိန်းမ၊အမေ၊အမတွေကိုဒီလိုလုပ်ရင်ဘယ်လိုခံစားရမလဲ....ဇိန်ရှိမှာဘဲလား။.....ခွေးကမှမင်းတို့ထက်အဆင့်မြင့်သေးတယ်။....ငရဲမင်းက....မင်းတို့ကိုစောင့်နေတယ်။

Wai Phyo said...

Follow Singapore law.must kill

Thazin said...

ဥပဒေပြုဌာန နှင့် တရားရေးဌာန ရှင့် ။ ဥပဒေကို မြန်မြန်ပြင်ဆင် ပြီးတရားရေး ဌာနမှ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ဆောင်ရွက်မှု ပြုပါတော့ရှင့်။(အမှုတစ်ခု ကို နှစ်ပေါက်အောင် ကြာလို့ပါ) ပြစ်ဒဏ်ခံရသူများသည်လည်း ထောင်မှုးနှင့်ပေါင်းရ်ျ တစ်လမကြာမီ ပဲ လူနေ ရပ်ကွက်ထဲ တွင်ပြန်လည်နေထိုင်မှုများ များပြားနေပါသည်။ ဒီသတင်း နှင့် ဒီ မှတ်ချက်တွေ ကို သက်ဆိုင်ရာ လူကြီးများနှင့် ဌာနာ များ ၊ ပြုပြင်ပေးနိုင်သူများ သို့ရောက်စေလိုပါသည် ရှင့် ...................

ရဲ said...

သူတောင်းစားတွေ နှမချင်းမစာနာလိုက်တဲ့ကောင်တွေ..
ွှအဲ့ကောင်းတွေကို..ကြိုးအမိန့် ပေး..ရမှာ...

marga said...

အားလုံးသော သူငယ်ချင်းများခင်ဗျာ တကယ်တော့ ဧည့်စာရင်းစစ်တဲ့နေရာမှာ ဒီလိုကောင်တွေနဲ့ မဆိုင်ဘူးဆိုတာ အသိပေးချင်ပါတယ်ခင်ဗျာ။ဘာလို့လဲဆိုရင် နောက်ကို ဒီလိုစောက်ကျင့် မကောင်းတဲ့သူတွေရဲ့ လှည့်စားမှုကို မခံရအောင်ပါ။ပြီးတော့ ဧည့်စာရင်းစစ်တယ်ဆိုတာ လမ်းပေါ်မှာစစ်လို့ မရသလို ခုလို အချိန်မှာလဲစစ်လို့ မရပါဘူး။ဧည့်စာရင်းဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရယ်၊ရဲတပ်ဖွဲ့ရယ်ပဲ လုပ်ကြတာပါ။အဲဒီအဖွဲ့မှာ စစ်တပ်ဆိုတဲ့ သူတောင်းစားတွေမပါသလို စွမ်းအားရှင်တွေမပါပါဘူး။တကယ်တော့ စွမ်းအားရှင်ဆိုတာ နောက်လိုက်ခွေးတွေပါပဲ။အားလုံးပဲ မှတ်သားထားကြပါဗျာ။

ရဲ said...

ခွေးကျင့်ခွေးကြံသူတောင်းစားတွေ.
တော်.တော်..ယုတ်မာတဲ့အရိုင်းစိုင်းကောင်တွေ...
အဲ့ လိုမျိုးကောင်တွေကိုကြိုးမိန့် ပေး..ရမှာ

doe said...

နောက်ဆုံးတော့တရားဥပဒေ စိုးမိုးမှု မရှိဘဲနဲ့ အာဏာစိုးမိုးမှု့ 
စစ်တပ်ကိုရှေ့ တန်းဦးစားပေးမှု တွေကြောင့်ဘဲ။ သန်းရွှေတက်
လာတာဟာ တိုင်းပြည်ဆင်းရဲတွင်းနက်ဘို့ နွမ်းပါးသူတွေ သူ
တပါးစော်ကားမော်ကားလုပ်စေဘို့ နဲ့ တရုပ်နိုင်ငံသား စုတ်တွေ
တိုင်းပြည်ထဲမတရားနေထိုင်ခွင့်ရစေဘို့ နဲ့ စစ်တပ်နဲ့ သူတို့ အသိုင်းတခု ချမ်းသာဘို့ ဘဲ။ အဲဒီ ၃ကောင်လည်းသတ်ပြစ်ဘို့ ဘဲကောင်းတယ်။ သန်းရွှေဆိုတဲ့
ကောင်အသံကိုမကြားချင်ဘူး။ မတတ်နိုင်လို့ ကြည့်နေတာ။
တတ်နိုင်လို့ ကတော့ အကုန်ကုန်အောင် အမှုံ့ လုပ်ပစ်ချင်တာပါ။

Thazin said...

အမှုန့် ကြိတ်စက်ရောင်းမယ်

thant said...

ကိုယ့်နိုင်ငံထဲမှာ နေပြီး ဧည့်စာရင်းတိုင်ရတယ်ဆိုတာ နိုင်ငံသားတွေရဲ့ အခွင့်အရေး အပြည့်အ၀မရရှိသေးတာပဲ...နိုင်ငံခြားသွားဖို့ ဗီဇာလုပ်ရသလိုပဲ...အကြောင်းတခုခုကြောင့် လာစစ်လို့ မှတ်ပုံတင်ပြနိုင်ရင်
ပြီးနေတာပဲ...မှတ်ပုံတင်ထဲမှာ အချက်အလက်ပြည့်စုံနေတာပဲ...အဲဒီ့ ဧည့်စာရင်း စနစ်ကြီးက ပျောက်သင့်နေပြီ

Anonymous said...

ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ ဆယ်အိမ်မှူး/ရာအိမ်မှူးတွေ ဒီဧည့်စာရင်းနဲ့ပဲ ပြည်သူတွေဆီက ပိုက်ဆံယူနေကြတာပါ
သြော်စကားမစပ် နေပြည်တော်မှာ ဒေါ်စု လာတုန်းကသွားကြည့်တဲ့ အုပ်ချုပ်ရေးမှူးတွေကို နေပြည်တော်ကောင်စီက အစည်းအဝေးမှာ အလုပ်ဖျုက်မလို့တဲ့ဗျာ

မိုးတိမ် said...

ဘာရယ်တော့မဟုတ်ဘူး ခင်ဗျားတို့ပြောနေတဲ့ဧည့်စာရင်းဆိုတာ တကယ်လည်းမရှိသင့်ပါဘူး.... ဒါပေမဲ့ ခုလိုကော်မန့်တွေရေးနေကြတဲ့ ခင်ဗျားတို့ကိုယ်တိုင်ကကော အမျိုးသားမှတ်ပုံတင်ကဒ်ရှိလို့လား .... ရှိရင်လည်း နိုင်ငံသားစီစစ်ရေးကဒ်ပြားပဲရှိမှာပါ.... ဟုတ်တယ်မို့လား ခုချိန်ထိခင်ဗျားတို့ကို စီစစ်နေတုန်းပဲ .... နိုင်ငံသားလို့အသိအမှတ်မပြုသေးဘူး.... ဒါကြောင့် လိုက်စစ်နေတာ ... ဘာရယ်တော့မဟုတ်ပါဘူး ခင်ဗျားတို့လွတ်နေတာလေးတခုကို ထောက်ပြတာပါ..... ရခိုင်လူမျိုးတွေအကြောင်းတွေအကြောင်းကျနော်သိပါတယ်...မျိုးချစ်စိတ်အရမ်းပြင်းထန်တဲ့ ယဉ်ကျေးမှုအဆင့်တန်းမြင့်တဲ့လူမျိုးတွေပါ.... ဒါပေမဲ့ခုလိုလူမျိုးတွေကိုတော့ သစ်ပစ်သင့်ပါတယ် ဥပဒေဆိုတာနေရာတိုင်းကိုလက်လှမ်းမမှီပါဘူး

Anonymous said...

တော်တော် မိုက်ရိုင်းတဲ့ဟာတွေပဲ...ကွာ..တောက်!

Powered by Blogger.