ခြစားမှုကို အရေးယူဖို့ လုပ်နိုင်အောင်တော့ လုံလောက်တဲ့လစာကို အရင်ပေးဖို့လို

ဒေါက်တာ နေဇင်လတ်
မြန်မာနိုင်ငံတွင် အစိုးရ၀န်ထမ်းများ အားလုံးကို လစာတိုးပေးခြင်းဖြင့် လာဘ် ပေးလာဘ်ယူခြင်းများ လျော့ပါးသွားစေ နိုင်မည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြီးခဲ့သည့် ဖေဖော်ဝါ ရီလ ဒုတိယပတ်အတွင်းက ပြောကြားခဲ့ ပြီးနောက် ထိုသို့လစာ တိုးရေးနှင့် ပတ်သက်ပြီး ၀န်ထမ်းအားလုံးကို လာမည့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှ ဆောင်ရွက်ပေး နိုင်မည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက လွှတ်တော်တွင် တရားဝင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ၀န်ထမ်းများ လစာတိုးပေးခြင်းကြောင့် လာဘ်ပေးလာဘ်ယူမှုများ လျော့နည်းခဲ့ သလား၊ ၀န်ထမ်းလစာတိုး ပေးပြီးနောက် ကုန်ဈေးနှုန်းများ တိုးမြင့်လာခြင်းတို့ကို မည်သို့ ကိုင်တွယ်သင့်သည်စသည်တို့ ကို စီးပွားရေးပညာရှင်နှင့် သမ္မတ အကြံပေးတစ်ဦးဖြစ်သူ ဒေါက်တာ နေဇင်လတ်ကို မေးမြန်းထားပါသည်။

* ၀န်ထမ်းတွေ လစာတိုးတဲ့အခါ နေ့စဉ်ကုန်ဈေးနှုန်းတွေ မတက် အောင် ဘယ်လိုနည်းလမ်းတွေနဲ့ ထိန်းချုပ်မယ်ဆိုရင် အောင်မြင်မယ် လို့ ထင်ပါသလဲ။

ပညာရပ်ရှုထောင့်က ပြောရရင် အများကြီးပဲ။ သာမန်နားလည်အောင် ပြောရမယ်ဆိုရင်တော့ ငွေကြေးဖောင်း ပွမှုကို ထိန်းချုပ် နိုင်ရမယ်။ မလိုအပ် တဲ့ အပိုကုန်ကျငွေ (Transacational cost) တွေကို လျှော့ချနိုင်ရမယ်။ ထုတ်လုပ်မှုကုန်ကျငွေ (Production cost) ကျဆင်းရမယ်။ သယ်ယူပို့ဆောင်ရေး စရိတ် (Transportation cost) လျှော့ချ ရမယ်။ထပ်ပြောရရင် (Inventory cost, storage) စတာတွေလည်း ရှိသေးတယ်။ အဆင့်တိုင်းမှာ ကုန်ကျငွေလျှော့ချနိုင် ရေးကို လုပ်နိုင်မယ်ဆိုရင် ကုန်ဈေးနှုန်း ကျဆင်း ပါလိမ့်မယ်။ ဒါက ပြည်တွင်း ထုတ်ကုန်ပိုင်းပေါ့။ ပြည်ပက သွင်းကုန်တွေအတွက်ကတော့ ကိုယ့်ငွေတန်ဖိုး သိပ်လျော့နေရင် ပစ္စည်းတန်ဖိုးကြီးလာလိမ့်မယ်။ ထိုက်သင့်တဲ့ ငွေကြေးတန်ဖိုး ရှိရမှာဖြစ်သလို အခွန်နဲ့ ပို့ဆောင်ရေး စရိတ် လျော့နည်းရင် ဈေးနှုန်းတွေ ရှိသင့် တာလောက်ပဲ ရှိနေမှာ ဖြစ်ပါတယ်။

* အခြေခံဝန်ထမ်းတွေ လစာတိုးရင် ခြစားမှုပပျောက်မယ်ဆိုတဲ့အတွက် ဒီနည်းလမ်းက ခေတ်အဆက်ဆက် အသုံးဝင်ခဲ့ပါ သလားရှင့်။

အဲဒါက အယူအဆပိုင်း (Conceptual) ပိုင်းအနေနဲ့ပါ။ လက်တွေ့မှာ သိပ်မမှန်ချင်ဘူး။ လစာဟာသုံးစွဲစရိတ် ကို လောက်ငစေတဲ့ တိုင်အောင် ယဉ်ကျေးမှုအဟောင်းထဲက မထွက်နိုင် သေးသူတွေ ရှိတယ်။ အစကတော့ စားဝတ်နေရေး ပြေလည်အောင်ပဲ၊ နောက်တော့ ကြီးပွားချမ်းသာရေးတွေ နောက်က လိုက်လာတယ်။ အလေ့ အကျင့်များသွားတော့ ရပိုင်ခွင့်တစ်ခု လိုဖြစ်လာပြီး ယဉ်ကျေးမှုအသွင် ဆောင်လာတယ်။ ခြစားမှုပပျောက်ရေး အတွက် လုံလောက်တဲ့ လစာပေးရမယ် ဆိုတာ မှန်ပေမယ့် အရေးယူ ဆောင်ရွက်မှု၊ စစ်ဆေးမှုတွေ မလုပ်ရင် ပျောက်နိုင်ဖို့ သိပ်မလွယ်လှသေးဘူး။ အရေးယူ ဆောင်ရွက်မှု လုပ်နိုင်အောင်တော့ လုံလောက်တဲ့ လစာကိုအရင်ပေးဖို့ တော့ လိုမှာဖြစ်ပါတယ်။

* နေ့စဉ်သုံးကုန်ဈေးနှုန်းတွေ မတက်အောင် အစိုးရကကော ဘာတွေလုပ် ပေးဖို့ လိုပါသလဲ။

အစိုးရက တစ်ခုချင်းတော့လိုက် ကြည့်နိုင်တဲ့ အနေအထားမရှိဘူး။ ဒါပေမယ့် ထုတ်လုပ်မှုစရိတ်ကျဆင်းအောင်၊ ငွေကြေးဖောင်းပွ မှုနှုန်း လျော့နည်း အောင်၊ အခွန်အခတွေ သိပ်မမြင့်အောင် လုပ်ထားပေးရင် ဈေးနှုန်းကိုထိန်းသိမ်း သွားနိုင်ပါလိမ့်မယ်။

* မြန်မာနိုင်ငံမှာ ၀န်ထမ်းလစာ တိုးရင် ငွေဖောင်းပွမှု အမြဲတမ်းဖြစ်လေ့ရှိပါ သလား။

သီအိုရီအရ ပြောရရင်တော့ ငွေစက္ကူ ထပ်ပြီး ရိုက်နှိပ်ရမှာမို့ ထိုက်သင့်တဲ့ ဖောင်းပွမှုကတော့ ရှိလာပါလိမ့်မယ်။

* ဧပြီ ၁ ရက်နေ့ကစပြီး မြန်မာငွေလွဲ နှုန်းတွေကို ပြုပြင်ပြောင်းလဲဖွယ်ရှိ တယ်လို့ သတင်းထွက်နေတော့ ပြောင်းမယ် မပြောင်းဘူး ဆိုတာရဲ့ နောက်ကွယ်မှာ ဘယ်လိုအကျိုး ဆက် ဖြစ်လာနိုင်မယ်ဆိုတာ သိချင် ပါတယ်။

တစ်ဒေါ်လာခြောက်ကျပ်ကို ပြောင်းမယ်ဆိုတာက သတင်းမှားဖြစ်ပါလိမ့်မယ်။ ငွေလဲလှယ်မှုနှုန်းကွဲပြားနေတာကို စုစည်းပြီး လဲလှယ်နှုန်းတစ်မျိုးတည်းကို သတ်မှတ်ပြီး ဧပြီ ၁ ရက်နေ့မှာ စပြီး ကျင့်သုံးမှာသာ ဖြစ်ပါတယ်။ စီးပွားရေး ဖွံ့ဖြိုးဖို့အတွက် ဘဏ်စနစ်အားကောင်း ရမှာဖြစ်ပါတယ်။ ငွေကြေးလဲလှယ်နှုန်း တစ်မျိုးတည်းပေါ်မှာ ဘဏ်တွေက လိုက်ပါ ကျင့်သုံးရမှာလည်း ဖြစ်ပါတယ်။ Exchange Rate Unification လုပ်တာတော့ လုပ်ရမှာပါ။ မပြောင်းလို့က မရပါဘူး။ မပြောင်းရင် ဖွံ့ဖြိုးရေးကိုသွားလို့ မရဘူး။ ကိန်းဂဏန်းအမှန်တွေကို ထုတ်ပြန်လို့ရမှာမဟုတ်ဘူး။ ကာလ ပေါက်ဈေးပေါ်မှာ နှုန်းရှင်နဲ့သွားကြ ပါလိမ့်မယ်။

* အက်ဖ်အီးစီ ယူနစ်ကိုကော ဒီနှစ်အတွင်း ပယ်ဖျက်မယ့်အလားအလာ ရှိပါသလား။

တရုတ်နိုင်ငံမှာလည်း အက်ဖ်အီးစီ ယူနစ်ကို ပယ်ဖျက်ပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ငွေလဲနှုန်းတစ်ခုကို သတ်မှတ်နိုင်ဖို့ အက်ဖ်အီးစီကို ပယ်ဖျက်ရမှာ ဖြစ်ပါတယ်။

ကျော်ဆုမွန် (မြန်မာ့တိုင်းမ်)
ခြစားမှုကို အရေးယူဖို့ လုပ်နိုင်အောင်တော့ လုံလောက်တဲ့လစာကို အရင်ပေးဖို့လို ခြစားမှုကို အရေးယူဖို့ လုပ်နိုင်အောင်တော့ လုံလောက်တဲ့လစာကို အရင်ပေးဖို့လို Reviewed by သစ်ထူးလွင် on 05:42 Rating: 5

23 comments:

seazinyaw said...

သမတ ကြီးဒီနေ.ပြောသွားတဲ့ မိန်.ခွန်းကို အကြွင်း မဲ့ထောက်ခံပါတယ်၊ ဆောင်ရွက်ချက်တွေဟာလေးစားဘို.ကောင်းပါတယ်။ မုန်.ပေးပြီး တုက်ပြတိုင်းကြောက် ကြတာမဟုတ်ပါဘူး၊ ထုံနေကြ ပါပြီ၊ လစာ တိုးပေး မယ် မင်းတို. လာဘ် မစား နဲ့ ဆို တာ ၀န်ထမ်းတွေ အတွက် ရီစရာ ပြက်လုံး တခုလိုဖြစ်နေ ပါပြီ၊ သူတို. ဘယ်လိုစား ရမလဲဆိုတာသိသွား ပါပြီ၊ ကြောင်ဖါးတွေ ဖြစ်နေကြပါပြီ၊ တောင်းတော.မတောင်း ကြပါဘူး ဒါပေမဲ့ သူ.ဖါသာသူပေးအောင် လုပ်တတ်နေ ကြပါတယ်၊ ၀ိနည်းလွတ်အမူအရာတွေနဲ့ လာဘ်ခေါ်နေတပ်ကြပါပြီ၊ ဒါဟာ လူပိုတွေ အများကြီးခန်.ထားတဲ့ အောက်ခြေ ရုံးလုပ်ငန်းစနစ်တွေကြောင့်ပါ၊ ဒီစနစ်တွေကို ပြုမြင်ရန်လို အပ် ပါမယ်၊

Anonymous said...

Not only to see the Government Labours also to see Companies Labours and have to think for all workers...
It should be have a standard payment ! ! !

( to fulfill their needs, such as living cost, health cost, transportation cost...etc.)

Also, Please try not to have under table fees or border fees or any kinds of tricky ways to getting extra money/incomes...

kyawthu said...

လစာဆိုတာ တိုးမှဖြစ်မယ့်ဟာကို လွတ်လပ်ရေးတောင်းသလိုတောင်းရဦးမှာလား

- said...

အရင်ဆုံးတပ်ကပြောင်းလာတဲ့သူတွေကိုပင်စင်ပေးပြီးရှင်းသင့်ပါတယ်။

Naing Lin said...

အခုလွတ်တော်ထဲမှာရောက်နေတဲ့ အမတ်လောင်းများ ၀န်ထမ်းတွေလတ်မစားဖို့ကို လစာတိုးပေးလိုက်ရင်ပြီးသွားမယ်လို့များထင်နေလို့လား..သေချာလဲစဉ်းစားပါအုံးဗျာ..နိုင်ငံကလဲ လိုငွေပြနေတယ်..လစာတိုးလိုက်တာနဲ့ ကုန်ဈေးနှုန်းက
ထပ်တတ်အုံးမယ်...၀န်ထမ်းတွေက ကုန်ဈေးနှုန်းတတ်တော့ပိုလတ်စား
၅၈သန်းသောပြည်သူတွေက စီးပွားရေးကြပ်တော့ဆန္ဒတွေပြကြနဲ့ ပိုရုပ်ကုန်ပါအုံးမယ်ဗျာ...အခြားနည်းလမ်းမရှိဘူးတော့ဘူးတော့ဘူးလားဗျာ..မေ့နေတာလား..ဈေးရောင်းတဲ့သူတွေ ပြည်သူတွေကို ဖုန်းတစ်လုံးစီရအောင်လုပ်ပေးလိုက်ဗျာ အဲလိုလုပ်ပေးလိုက်ရင် သယ်ယူစရိတ်တွေ လူပင်ပန်းခတွေနဲ့ ကုန်ကျစရိတ်တွေလျော့ချနိုင်မှာပါ..
အဲလိုလုပ်ဖို့အတွက် ၂၈ဦးသောစီးပွားရေးလုပ်ငန်းရှင်တွေကိုငှဲနေတာလား..
ဒီလိုဆို ၅၈သန်းသောပြည်သူတွေကိုငှဲ့မှာလားသေချာစဉ်းစားပေါ့ဗျာ....

Naing Lin said...

အခုလွတ်တော်ထဲမှာရောက်နေတဲ့ အမတ်လောင်းများ ၀န်ထမ်းတွေလတ်မစားဖို့ကို လစာတိုးပေးလိုက်ရင်ပြီးသွားမယ်လို့များထင်နေလို့လား..သေချာလဲစဉ်းစားပါအုံးဗျာ..နိုင်ငံကလဲ လိုငွေပြနေတယ်..လစာတိုးလိုက်တာနဲ့ ကုန်ဈေးနှုန်းက
ထပ်တတ်အုံးမယ်...၀န်ထမ်းတွေက ကုန်ဈေးနှုန်းတတ်တော့ပိုလတ်စား
၅၈သန်းသောပြည်သူတွေက စီးပွားရေးကြပ်တော့ဆန္ဒတွေပြကြနဲ့ ပိုရုပ်ကုန်ပါအုံးမယ်ဗျာ...အခြားနည်းလမ်းမရှိဘူးတော့ဘူးတော့ဘူးလားဗျာ..မေ့နေတာလား..ဈေးရောင်းတဲ့သူတွေ ပြည်သူတွေကို ဖုန်းတစ်လုံးစီရအောင်လုပ်ပေးလိုက်ဗျာ အဲလိုလုပ်ပေးလိုက်ရင် သယ်ယူစရိတ်တွေ လူပင်ပန်းခတွေနဲ့ ကုန်ကျစရိတ်တွေလျော့ချနိုင်မှာပါ..
အဲလိုလုပ်ဖို့အတွက် ၂၈ဦးသောစီးပွားရေးလုပ်ငန်းရှင်တွေကိုငှဲနေတာလား..
ဒီလိုဆို ၅၈သန်းသောပြည်သူတွေကိုငှဲ့မှာလားသေချာစဉ်းစားပေါ့ဗျာ....

Anonymous said...

အစိုးရလစာဆိုတာကို လုံးဝစိတ်မ၀င်စားတဲ့ ၀န်ထမ်းအကြီးကြီးတွေကိုကော ဘယ်လိုကိုင်တွယ်မလဲဗျ။

သမ္မတအကြံပေးအဖွဲ့ကလူတွေ မမြင်တာ၊ မသိတာတော့ မဟုတ်လောက်ပါဘူးနော်။ မေ့နေမှာစိုးလို့ မမြင်ချင်ယောင်ဆောင် မသိချင်ယောင်ဆောင်နေကြမှာစိုးလို့ ကျုပ်က သတိပေးရုံလေးပါ။

Myanmar said...

The present goverment should decide by more wise thinking.
ဝန် ထမ်း တွေလခ မ တိုး မီ ဆောင် ရွက် သင့် သည် များ
၁) ပြည် သူ အားလုံးအတွက် အလုပ်အကိုင် အခွင့် အလမ်း ကောင်းများ ဖန် တီး ပေးရန်
၂) အချို. သော ဌါန များ ကို ကျစ် လစ် သိပ် သည်း သော ပုံ စံ ဖြင့် ပြင်ဆင်ဖွဲ. စည်း ရန် (၀န် ထမ်း အင် အား လျော. ချရန်။)
၃) ဖွဲ. စည်း ပုံ အ သစ် မှ ၀န် ထမ်း များ သည် ထိ ရောက် စွာ အ လုပ် လုပ် ကြ ရန်
၎) ၀န် ထမ်း တွေလခတိုး ရန်
၎င်း အခြေ ခံ အချက် များ ကို အလေး ထား စဉ်း စား သင်. ပါသည်။ အခြေ ခံ အချက် များ မ ပါ ဘဲ လစာ တိုး လျင် ( အတွင်း လှိုက် စားနေ သော အနာကို အ ရေ ပျား အပေါ်ယံ လွှာ ဆေး ကု ပေး ခြင်း ဖြင်. တူ ပါ သည်။)

Maung said...

သမ္မတကြီးကိုလေးစားပြီးလေးစားရပါတယ်။ ဒေါ်စုနဲ့နားလည်မှုယူခဲ့တာ၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်နေတာ၊ ၀န်ထမ်းလစာတိုးပေးရေး စဉ်းစားတုန့်ပြန်နေပုံတွေကို အတောမသတ်ကြေနပ်မိပါတယ်။ အခြေအနေ အရပ်ရပ်အပေါ်မှာ ကျေနပ်မှု ရတာမဟုတ်ပေမယ့် ပျက်စီးယိုယွင်းမှု အစုစုကို နေ့ချင်းညချင်း ပြောင်းလဲဖို့ မည်သူမျှတတ်နိုင်မှာမဟုတ်ပါ။

Andy said...

စာရိတ္တကောင်းဖို့ဆိုတာ လူတစ်ဦးချင်စီရဲ့ တာဝန်ပါ။ အဂတိမလိုက်စားဖို့ လာဘ်မစားဖို့ဆိုတာ အကျင့်စာရိတ္တနဲ့ဆိုင်တာမို့ ၀န်ထမ်းအားလုံး လိုက်နာကျင့်သုံးရမှာပါ။ လစာတိုးမှ အကျင့်စာရိတ္တကောင်းမယ်ဆိုတာမျိုး လုံးဝမဖြစ်သင့်ဘူး။ အောက်ခြေ၀န်ထမ်းတွေ မလောက်ငှလို့ စာရိတ္တပျက်ကြမယ်ဆိုရင် သာမာန်အရပ်သား လက်လုပ်လက်စားတွေ ဘယ်လိုဘ၀ကို ရင်ဆိုင်ကြတယ်ဆိုတာ လေ့လာကြည့်လိုက်ပါဦး။

san san said...

မြန်မာ နိုင်ငံ လစာတိုး တာ စုစုပေါင်း၃ခါလား ၄ခါလားမသိဘူး။ဒါပေမဲ့အောင်ခြေ လူတန်းစားတွေက ဆင်းရဲမြဲဆင်းရဲနေတယ်။သူများနိုင်ငံတွေ မှာ လစာတိုးတာ သိပ်မကြာ မိသလောက်ဘဲ။အဓိက ကုန်ဈေးနှန်း၊နိုင်ငံရေး နဲ့စီးပွားရေးတည်ငြိမ်နေပြီး ပစ္စည်းပေါပေါ များများ ဈေးနှန်း ချိုစွာ ထုတ်ပေးနိုင်ရင် အကောင်းဆုံးဘဲ။လူတွေရဲ့ အဓိကလိုအပ်ချက် ဖြစ်တဲ့ အိမ်။ဝန်ထမ်းကြိုတဲ့ ကားဆန်၊ဆီ စတဲ့လိုအပ်တာဖြည့်ပေး။လဒ်စားတာကို ထိထိရောက်ေ၇ာက်အရေးယူ ၊လစာတိုးရင် စီးပွားရေးသမား ရဲ့ဈေးကွက်ကို မြှောက်ပေးသလို ဖြစ်နေမယ်။

lotus said...

ဝန်ထမ်းတွေရဲ့ အရည်အချင်း Quality ကို မြှင့်ဘို့ဆိုရင် လခတိုးဘို့လိုမယ်ထင်တယ်.. လက်ရှိလစာနဲ့ တော့ ပြုတ်တော့ လဲဘာဖြစ်လဲ အပြင်မှာ လုပ်စားရင် ဒီလစာလောက်တော့ ပျင်းသေးတယ်..ဆိုပြီး ကိုယ်အလုပ်ကိုယ်တန်ဘိုးမထားတော့ဘူး..အလုပ်ထဲမှာလည်း မကျိုးစားတော့ဘူး .. ဒီလိုနဲ့ အစိုးရ ၀န်ထမ်းတွေရဲ့အရည် အချင်းပျက်ယွင်းလာတယ်လို့မြင်ပါတယ်..
ကျနော့် အမြင်မှားချင်လည်း မှားမှာပါ..

innthar said...

အဂတိလိုက်စားမှုမရှိအောင်လုပ်ရမယ့်တာဝန်ကဥပဒေမှာရှိတယ်။ဥပဒေအထက်မှာဘယ်သူမှမရှိရင်ကောင်းတာပေါ့။လူကောင်းဖို့လိုတယ်။ဝတ်ရုံပြောင်ရုံနဲ့မရဘူး။

WTN said...

CONTINUING CONFLICT/ Fighting in Kachin areas occurs between KIO and Burmese government troops.
Why that happen?
So, What is force/root cause behind this CONFLICT/ civil war.
There is no Rule Law for Kachin ethnic people who are suffering acute human rights abuses committed by Thein Sein's Burmese government troops.
So...let us analyze and explore the root cause/ forces behind this conflict/civil war in kachin State.
It needs resolve and remove the root cause of this problem.
This is duty of all of us.
For me, solving this issue is not a difficult one.
Just Follow, obey and implement the PINLONG Treaty signed by Bogyoke AUNG SAN and Kachin ethnic leaders.
Regarding the President speech, my friend ..don't feel with your Hear/heart....Judge and Experience with government Action/Work through your knowledge.
That decides what government action is true. Bcus, all ages of Burmese government have been lying and cheating the ethnic kachin in many forms and ways, so they are not good government. So walk the talk, respect the promise is the only way to resolve the conflict.

Sandi said...

ပြည်ထောင်စုဝန်ကြီးတွေလစာသိန်း(၃၀)ရလို့ လာဘ်မစားတော့ဘူးပဲထားပါ
တော့၊ ၀န်ကြီှးဌာနတွေက DG/MD တွေထဲမှာ၊ ၉၅%အထက်လာဘ် စားကြ
နေတာငြင်းလို့ မရပါ၊ ၀န်ကြီးတွေအတွက် DG/MD တွေကရှာကျွေးနေရတာ၊
ရှာမကျွေးတဲ့ DG/MD တာရှည်မခံပါဘူး၊ DG/MD တွေက One for my boss & One for me ပေါ့၊ ၀န်ကြီးတစ်ယောက်ကိုဖြုတ်ရတာသတင်း စာထဲထည့်ရတော့ အစိုးရသိက္ခာထိခိုက်တယ်၊ DG/MD တစ်ယောက်ဖြုတ် ရတာလူသိတ်မသိဘူး၊ ဒီတော့၊ DG/MD အားလုံးကိုလဲလိုက်ပြီးမှလစာတွေ တိုးရင်တောင်၊လာဘ်ပေး လာဘ်ယူ က ၇၅%လောက်တော့လျော့နိုင်မယ်။

Myanmar said...

နေဇင်လတ်ပြောတာကို လက်မခံဘူး။ လာဘ်စားနေတဲ့ကောင်တွေဟာ မစားလောက်လို့မဟုတ်ဘူး။ ပိုချမ်းသာချင်လို့ လာဘ်စားနေကြတာဘဲ။ တကယ်ငတ်နေတာက အဲဒီလာဘ်စားနေတဲ့သူတွေမဟုတ်ဘူး။ တ၇က်လုပ်ခနဲပါးစွာနဲ့ ၀ါဏိဇ္ဇ၇ဲ့ မတ၇ား ဆုံးဖြတ်ခံ၇တဲ့ သူတွေလိုမျိုး အားလုံး၇ဲ့နင်းပတ်တွေသည်သာ တကယ်ငတ်နေတာဖြစ်တယ်။ ။ လာဘ်စားတဲ့နေတဲ့သူတွေဟာ ဒီလိုဆင်း၇ဲသားတွေ၇ဲ့ ပါးစပ်ထဲက ထမင်းလုပ်တွေကို လုစားနေသူတွေဖြစ်တယ်။ လုံး၀၇ှံ့ချပါတယ်။ ။

Maung Maung said...

လစာတိုးရုံသက်သက်ကတော့ အဖြေမဟုတ်သေးပါဘူး။ လိုတာထက်ပိုကြီးတဲ့ ဖွဲ့စည်းပုံတွေကို အရင်ပြင်သင့်ပါတယ်။ ပိုလျှံဝန်ထမ်းတွေအတွက်လဲ တိုးတက်ပြောင်းလဲနေတဲ့ စီးပွားရေးနယ်ပယ်မှာကျွမ်းကျင်သူတွေကို ထိုက်သင့်တဲ့ လစာတွေနဲ့ လိုနေတာပါ။ သတ်မှတ်ရုံးချိန် ၀၉း၃၀ ကနေ ၁၇း၃၀ မကလုပ်ကိုင်နေရတဲ့ ၀န်ထမ်းတွေလဲ အချိန်ပို ခံစားစေသင့်သလို မလုပ်သူတွေ လူပိုတွေကိုလဲ ဖယ်ရှားသင့်ပါတယ်။

သက်မောင် said...

လာဘ်စားမှု တရားခံက ခေါင်းကြီးပိုင်းမှာပါ... ဌာနတစ်ခုရဲ့ Policy Maker တွေက ကြပ်မတ်ရင် ၀န်ထမ်းတွေ လုပ်လို့မရပါ.. မြန်မာ့နိုင်ငံက ၀န်ထမ်းတိုင်း လာဘ်စားသူမဟုတ်ကြပါ... ရိုးရိုးသားသားလုပ်ကိုင်နေသူတွေ အများကြီးပါ... အမှန်တွေ့ကြုံရတာပြောရမယ်ဆိုရင် ၀န်ကြီး ၊ ဒုဝန်ကြီး ၊ DG MD လောက်သာ တကယ်မှန်မှန်ကန်ကန်လုပ်ဆောင်မယ့်လူလိုပါတယ်... ခေါင်းဆောင်ကောင်းရင် နောက်လိုက်က ချန်နေခဲ့လို့မရပါ...
ဝန်ထမ်းအတွက် လစာဟာ အရေးကြီးသလို... သူတို့တတွေ အရည်အသွေးမြင့်တက်ဖို့၊ အရည်အချင်းကောင်းတွေ ရှိလာဖို့၊ မှန်ကန်တဲ့ တွေးခေါ်မှုတွေ ရလာဖို့က ခေါင်းဆောင်တွေ နည်းပေးလမ်းပြလုပ်ရမှာပါ... ဌာနတော်တော်များများကို ကြည့်မယ်ဆိုရင် ခေါင်းဆောင်ပိုင်းက မဟုတ်တာ အရင်လုပ်ပြတော့ အောက်လက်က ဘယ်လိုဆက်လုပ်တော့မလဲ.... (ဥပမာ... အစည်းအဝေးလာရင် လက်ဆောင်မပါလို့ ညိုညင်တဲ့ အထက်လူကြီးအတွက် အောက်ကလူက အညိုညင်တော့ မခံဘူး.... ငါလည်း သူအတွက် ကိုယ့်အတွက် လုပ်ရမှာပဲ မတတ်နိုင်ဘူး... လစာကလည်း အိမ်ကမိန်းမက လကုန်တည်းကသိမ်းသွားပြီး... တခြားနည်းလမ်းနဲ့ ရှာမှပဲ (ဒါက နယ်တာဝန်ခံတွေရဲ့အမြင်)... ရုံးချုပ်ဆိုရင် လူကြီးတွေအတွက်တော့ လက်ဆောင် ခြင်းကြီး ခြင်းငယ် တွေနဲ့လာရတယ် ... ကျုပ်တို့လည်း လက်ဖက်ရည်ဖိုးလေးပေးခဲ့ပါဆိုတာ (အောက်ခြေ၀န်ထမ်းတွေရဲ့အမြင်) တကယ်သာ လူကြီးပိုင်းက မှန်မှန်ကန်ကန် မဟုတ်တဲအလုပ်မှန်သသမျှ ဘာကိုမှ လက်မခံဘူးဆိုရင် အောက်ဝန်ထမ်းက လုပ်ဖို့ပြောဖို့နေနေသာသာ ရေတောင် တောင်းသောက်ရဲမှာ မဟုတ်ပါဘူးခင်ဗျာ...

Dragon said...

(1)The Government should reduce the amount of his servants.There are so many idle staff in our country.The Government shall choose the most useful and effective staff.(2) In addition to it,he must use the modern techniques in public works.For example,he can use "on line system" in paying taxes,duties instead of using large amount of staff.( ie. Ka Nya Na,insurance,banks...)The Government can provide adequate pay to his servants just using above two points.

မောင်..ကို..ဦး said...

လစာတိုးမတိုး ဆိုတဲ့ ပြသနာအစလေးတခုဟာ အမတ်မင်းတွေ၊ အစိုးရ၀န်ကြီး၊ ၀န်ကလေးတွေအတွက် အရည်အချင်းစစ်စာမေးပွဲလို့ထင်မိခဲ့တာ အခုတော့ အကြံပေးတွေပါ စာမေးပွဲထဲပါလာပြီပကော။
ကောင်းလေစွ။ ကောင်းလေစွ။

ဒီလိုအခက်အခဲတွေ ပေါ်လာလေ... ပြည်သူ(မိဘ)တွေ အတွက် စိတ်ကြိုက်အဖြေရလို့ သဘောတွေ့ခဲ့ရသူတွေ..၊ သမိုင်းတင်မယ့်သူတွေရှိလာသလို၊
အဖြေမှားလို့ နောင် ၂၀၁၅ အတွက် ချန်ခဲ့ရမယ့်လူတွေ၊ ကျန်ခဲ့မယ့်သူ၊ ဖယ်ထုတ်ရမဲ့လူတွေ၊ တံတွေးခွက်မှာ ပက်လက်မြောခဲ့တဲ့ ကျော်ဆန်းတို၊ ဇော်မင်းတို့၊ တင့်ဆန်းတို့လို့တွေလဲရှိလာခဲ့ပါလားကွယ်ရို့။

အမတ်မင်းထဲကဆို ခင်ရွှေတို့လည်း တော်တော်နံလာသကိုး။
ကျန်တာတွေတော့ ကြုံမှပြောရတာပ။

ဦးမြင့်တို့လို အကြံပေးကောင်းတွေရှိသလို အကြံပေးမကောင်းတဲ့သူတွေလဲ တွေ့ရတော့မှာမို့ ၀မ်းသာသဗျာ။

မလှုပ်မရှုပ်နဲ့ ငြိမ်ကုပ်နေရင် တိမ်မြုပ်ဝင်သွားမို့ ကျန်သူများကလည်း မမေ့မလျော့ ခေါင်းပေါင်းအစွန်းကလေးကိုထုတ်ပြကြဦး၊ ဟုတ်ဟုတ်မဟုတ်ဟုတ် လေလည်ပြကြပါဦးကွဲ့။

မီဒီယာများကလည်း (သူဖက်ကိုယ့်ဖက် ကြည့်တတ်၊ မြင်တတ်တဲ့) နားနှစ်ဖက်ရှိတဲ့၊ မျက်လုံးနှစ်လုံးပါတဲ့ အဲဒါတွေကြားမှာ ဦးဏှောက်ရှိတဲ့
ပြည်သူမိဘ သိရဘို့ကို သိသမျှ မကွယ်မ၀ှက် မနှေးအမြန် တင်စေချင်ပါကြောင်း။

tarksoe theitark said...

နိုင်ငံတကာလုပ်နည်းလုပ်ဟန်တွေ စံနှုံးတွေကို လိုက်နာလုပ်ဆောင်ဖို့လိုပါတယ် တစ်ကွက်ချန်လုပ်နေလို့မရပါ။နိုင်ငံရေးရည်ရွယ်ချက်အတွက် အခင်းအကျင်းတွေချည်းလုပ်ပြနေလို့မဖြစ်ပါ။လစာတစ်ခတည်းတိုးလို့မရနိုင်ပါ အာမခံစံနစ်တွေ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပညာသင်ထောပံ့ကြေးတွေ ဆောင်ရွက်ဖို့လိုပါသေးတယ်
မဟာဗျုဟာရေးဆွဲဆောင်ရွက်နိုင်ရပါမည်။ခေတ်အဆက်ဆက်ကလို တစ်ထိုင်တည်းဆုံးဖြတ် လုပ်ဆောင်နေကြရင် ခက်ရချည်သေးရဲ့ အောက်ခြေ၀န်ထမ်း လဘ်စားတာ ပြည်သူတစ်ဦးချင်းစီ နစ်နာပါတယ် အပေါ်ပိုင်း လဘ်စားတာ တိုင်းပြည်စီး ပွါးေ၇းနစ်နာ ပါတယ်
မူဝါဒရေးဆွဲ ခွင့်ရှိသူတွေ လဘ်စားတာ တိုင်းပြည်ဆင်းရဲတွင်း နက်ပါတယ်

A Dr. of MOST said...

လစာတိုးပေးရမယ်ဆိုတာကို ၀န်ထမ်းတွေကို စည်းရုံးချင်လို့ ခြစားမှု ကို အရေးယူစေချင်လို့ စတဲ့ အကြောင်းပြချက်နဲ့မဟုတ်ဘဲ အရင် စစ်အစိုးရ လက်ထက်က ပုံစံမကျတာကို ပြောင်းလဲပစ်ရမယ့် မဖြစ်မနေလုပ်ရမယ့် တာဝန် တစ်ရပ်လို ယူဆလုပ်ကိုင်ရမှာ ဖြစ်ပါတယ်
ဖြစ်လာမယ့်ဆိုးကျိုးတွေကို ရင်ဆိုင်ဖြေရှင်းမည့် နည်းလမ်းတွေနဲ့ ပြည်ထောင်စုအစိုးရက တစ်ဆင့်ချင်း ဖြေရှင်းနိုင်ပါက ၃နှစ်ခန့်ကာလမှာ မှန်ကန်တဲ့ မြန်မာနိုင်ငံရဲ့ လူမှုစီးပွါးအခြေအနေကို ပြင်ဆင်ခွင့်ရမှာ ဖြစ်ပါတယ်
ဒါကြောင့် ကျွန်တော့ အမြင်အရ ၀န်ထမ်းတွေကို လစာတိုးပေးခြင်းသာလျှင် စစ်မှန်တဲ့ ပြောင်းလဲမှု ဖြစ်ပါတယ်

A Dr. of MOST said...

လစာတိုးပေးရမယ်ဆိုတာကို ၀န်ထမ်းတွေကို စည်းရုံးချင်လို့ ခြစားမှု ကို အရေးယူစေချင်လို့ စတဲ့ အကြောင်းပြချက်နဲ့မဟုတ်ဘဲ အရင် စစ်အစိုးရ လက်ထက်က ပုံစံမကျတာကို ပြောင်းလဲပစ်ရမယ့် မဖြစ်မနေလုပ်ရမယ့် တာဝန် တစ်ရပ်လို ယူဆလုပ်ကိုင်ရမှာ ဖြစ်ပါတယ်
ဖြစ်လာမယ့်ဆိုးကျိုးတွေကို ရင်ဆိုင်ဖြေရှင်းမည့် နည်းလမ်းတွေနဲ့ ပြည်ထောင်စုအစိုးရက တစ်ဆင့်ချင်း ဖြေရှင်းနိုင်ပါက ၃နှစ်ခန့်ကာလမှာ မှန်ကန်တဲ့ မြန်မာနိုင်ငံရဲ့ လူမှုစီးပွါးအခြေအနေကို ပြင်ဆင်ခွင့်ရမှာ ဖြစ်ပါတယ်
ဒါကြောင့် ကျွန်တော့ အမြင်အရ ၀န်ထမ်းတွေကို လစာတိုးပေးခြင်းသာလျှင် စစ်မှန်တဲ့ ပြောင်းလဲမှု ဖြစ်ပါတယ်

Powered by Blogger.