မီးကြွင်း မီးကျန်မှ တဆင့် မိတ်္ထီလာ မြို့၌ မီးလောင်ကျွမ်းခဲ့

မန္တလေးတိုင်း ဒေသကြီး၊ မိတ်္ထီလာမြို့ရှိ ရတနာမာန်အောင် ရပ်ကွက်မှာ မတ်လ ၁၇ ရက်နေ့ နံနက် ၁ နာရီက မီးလောင်ကျွမ်းမှု တစ်ခု ဖြစ်ပွားခဲ့ပြီး အဆိုပါ
မီးလောင်မှုဟာ နေအိမ်မှာ ရှိတဲ့ မီးဖို မီးကြွင်း မီးကျန်က တဆင့် လောင်ကျွမ်း ခဲ့တာ ဖြစ်တယ်လို့ မီးသတ် ဦးစီးဌာနက သိရပါတယ်။ အဲ့ဒီ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တဲ့ အိမ်ဟာ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း ၂ ထပ်အိမ် အမျိုးအစား ဖြစ်ပါတယ်။ မီးလောင် ကျွမ်းမှုကို မီးသတ် ဦးစီး ဌာနက နံနက် ၁ နာရီ ၅ မိနစ် အချိန်မှာ သတင်းရရှိ တဲ့အတွက် မီးသတ်ယာဉ် ၆ စီး၊ စည်ပင် ရေသယ်ယာဉ် ၁ စီး၊ သန္ဓေ မီးသတ် တပ်ဖွဲ့ဝင် ၁၀ဦး၊ အရန် မီးသတ် တပ်ဖွဲ့ဝင် ၇၅ ဦးတို့နဲ့ သွားရောက် မီးငြှိမ်းသတ် ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ အတွက် နံနက် ၁ နာရီ၊ မိနစ်၂၀ မှာ မီးထိန်း နိုင်ခဲ့ပြီး ၁ နာရီ၊ မိနစ် ၃၀ မှာတော့ မီးငြိမ်း သွားခဲ့ပါတယ်။ အဆိုပါ မီးလောင်ကျွမ်း မှုကြောင့် လူနေအိမ် ၆ လုံး မီးလောင် ပျက်စီးခဲ့ပြီး ဆုံးရုံးမှု ကတော့ တန်ဖိုးငွေ ကျပ် ကိုးသိန်း နီးပါး ရှိတယ်လို့ သိရပါတယ်။ မီးလောင် ပျက်စီးခဲ့ရတဲ့ နေအိမ် တွေက မီးဘေးသင့် မိသားစုဝင် တွေကိုတော့ ရတနာမာန်အောင် ဘုရားဝင်း အတွင်းမှာ ကယ်ဆယ်ရေး စခန်း ဖွင့်လှစ်ထား ရှိတယ်လို့ သတင်း ရရှိပါတယ်။
MRTV-4


မီးကြွင်း မီးကျန်မှ တဆင့် မိတ်္ထီလာ မြို့၌ မီးလောင်ကျွမ်းခဲ့ မီးကြွင်း မီးကျန်မှ တဆင့် မိတ်္ထီလာ မြို့၌ မီးလောင်ကျွမ်းခဲ့ Reviewed by သစ်ထူးလွင် on 15:17 Rating: 5

1 comment:

သက်မောင် said...

မြန်မာလူမျိုးတွေ တော်တော်လေး ပေါ့လျော့ကြပါတယ်...
ကိုယ့်ရဲ့ ပေါ့ဆမှုက အများအတွက်ပါ ရင်နင့်စရာ ကြေကွဲစရာတွေ ဖြစ်လာကြတာကို မတွေးတတ်ကြပါ... ဖြစ်ပြီးမှ မျက်ရည်လေးတစမ်းစမ်းနဲ့
ကယ်ပါယူပါ တစာစာလောက်ပဲလုပ်နိုင်တော့တယ်....
မီးနဲ့ပတ်သက်လို့ ပြည်သူကို ပညာပေးမှုတွေ ထိထိရောက်ရောက် လုပ်ပေးဖို့ မီးသတ်မှာ တာဝန်ရှိတယ်... မီးလောင်ရင် ငြိမ်းတတ်အောင်လေ့ကျင့်တာက ဒုတိယအဆင့်ဖြစ်သင့်ပြီး ပြည်သူကို ပညာပေး နှိုးဆောင်မှုတွေ နေရာစိပ်စိပ် ထိထိရောက်ရောက် လုပ်ပေးဖို့က ပထမအဆင့်လုပ်ဆောင်ရမှာဖြစ်တယ်....

Powered by Blogger.