မဲဆွယ်စည်းရုံးရေးခရီးစဉ်အတွင်း အန္တရာယ်ကင်းစေဖို့ ဒေါ်အောင်ဆန်းစုကြည် တောင်းဆို (ရုပ်/သံ)


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည် အနှံ့အပြား ရွေးကောက်ပွဲ ဝင်ရောက်မည့် မဲဆန္ဒနယ်မြေတွေကို အခုရက်ပိုင်းအတွင်း ဆက်တိုက် သွားရောက်နေတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့နဲ့ နယ်ဝေး ခရီးစဉ်တွေအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို တာဝန်ယူပေးနေတဲ့ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ရာ နယ်မြေတွေတလျှောက် လိုက်ပါ ကူညီပေးကြတဲ့ ဒေသခံ အဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ လူငယ်တွေ၊ မီဒီယာအသီးသီးမှ သတင်းထောက်တွေနဲ့ မဲဆန္ဒနယ်မြေတွေမှာ ရှိတဲ့ ဒေသခံပြည်သူတွေ အကြား နားလည်မှုတွေ ရှိစေဖို့နဲ့ သွားရောက်ရာ လမ်းတလျှောက် ဘေးအန္တရာယ်ကင်းစေဖို့ ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံလိုက်ပါတယ်။
ဘားမားဗီဂျေ
မဲဆွယ်စည်းရုံးရေးခရီးစဉ်အတွင်း အန္တရာယ်ကင်းစေဖို့ ဒေါ်အောင်ဆန်းစုကြည် တောင်းဆို (ရုပ်/သံ) မဲဆွယ်စည်းရုံးရေးခရီးစဉ်အတွင်း အန္တရာယ်ကင်းစေဖို့ ဒေါ်အောင်ဆန်းစုကြည် တောင်းဆို (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 15:10 Rating: 5

2 comments:

စစ်မုန်းသူ said...

ဒါဟာ......မြန်မာပြည်သားတိုင်း ၊ ဒီမိုကရေစီရေးကိုလိုလားတဲ့သူတိုင်း လုပ်ကိုလုပ်ရမယ့် အချင်းအရာပါဘဲ ။ ကျနော်တို့နိုင်ငံမှာ ဒီလိုသူရဲကောင်းပေါ်ပေါက်ဖို့ နှစ်ငါးဆယ်လောက်စောင့်ခဲ့ရပါတယ် ။ ယနေ့အဲဒီအချိန်ကျရောက်နေပါပြီ ။ ဘယ်လိုအကြောင်းပြချက်နဲ့မှ အမှားအယွင်းမခံနိုင်ပါ ။ လက်ရှိတာဝန်ထမ်းဆောင်နေသော အန်တီစုပတ်ဝန်းကျင်မှ NLD လူငယ်များ ၊ တာဝန်သိပြည်သူများ ၊ အစစအရာရာ ကူညီစောင့်ရှောက်နေသူများအား လေးစားပါ၏ ။ အားကျပါ၏ ။ ကျေးဇူးအထူးတင်မိပါ၏ ။ မိမိ၏တိုင်းပြည်နှင့်အလားသဏ္ဍန်တူသော လူထုခေါင်းဆောင်အား ၂၄ နာရီကြည့်ရှုစောင့်ရှောက်ကြသောသူအားလုံး ကိုယ်စိတ်နှဖြာ ကျန်မာချမ်းသာပါစေ ။ အန်တီစု ကျန်းမာချမ်းသာပါစေ တိုင်ပြည်အကျိုးသယ်ပိုးနိုင်ပါစေ ၊ ကျနော်တို့အားလုံးသောပြည်သူတွေ အိပ်မက်ဆိုးမှ လွန်မြောက်နိုင်ပါစေ ။

myan pyae thu said...

A may yeh,
If you have Ka mauk, I'm sure you will put Ka mauk on your head and you will not feel warm because of the sun.

Powered by Blogger.