ဆားလင်းကြီးဆန္ဒပြတောင်သူတွေကို အာဏာပိုင်တွေ လာတွေ့

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် က ဒေသခံ တောင်သူ ၈၀ ခန့် မြန်မာယမ်စီ ကြေးနီထုတ်လုပ်ရေးကုမ္ပဏီရုံးကို ဆန္ဒပြတဲ့ကိစ္စနဲ့ပတ်သက်ပြီး မနေ့က စရဖနဲ့တာဝန်ရှိသူတွေ လာရောက်တွေ့ဆုံပေမယ့် ပြဿနာကို ဖြေရှင်းပေးခြင်းမရှိဘူးလို့ တောင်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့အပတ်အတွင်းက တောင်သူတွေ ပိုင်တဲ့ သီးနှံစိုက်ခင်းတွေပေါ်မှာ ဦးပိုင်လီမီးတက်နဲ့ ဖက်စပ်ဆောင်ရွက်တဲ့ တရုတ်နိုင်ငံ မြန်မာယမ်စီ ကြေးနီထုတ်လုပ်ရေးလုပ်ငန်းက ပစ်စာမြေတွေ စွန့်ပစ်တဲ့အတွက် စိုက်ခင်းသီးနှံတွေ ပျက်စီးဆုံးရှုံးရတာကြောင့် ဒေသခံတောင်သူ ၈၀ ခန့် က မတ်လ ၉ ရက်နေ့မှာ ကုမ္ပဏီရုံးကို သွားရောက်ကန့် ကွက်ဆန္ဒပြခဲ့ကြတာပါ။
ဆန္ဒပြသူ ရွာသူရွာသားတွေဟာ ဆာလင်းကြီးမြို့နယ် ဒုံးတောအုပ်စုဝင် ရွာသုံးရွာကဖြစ်ကြပါတယ်။
စွန့်ပစ်မြေတွေ လာပုံတဲ့ အတွက် ဒုန်းတော ၊ ဂုံတောနဲ့ ရွာသာယာ ကတောင်သူတွေရဲ့ စိုက်ပျိုးခင်း သီးနှံတွေ ပျက်စီးဆုံးရှုံး ရတာဖြစ်ပါတယ်။
စွန့် ပစ်မြေမပုံဖို့ မြန်မာစီးပွားရေး ဦးပိုင်လိမိတက် တာဝန်ရှိသူ ဦးသိန်းထွန်းကို မေတ္တာရပ်ခံခဲ့သလို နိုင်ငံတော်သမ္မတထံကိုလဲ မတ်လ ပထမအပတ်အတွင်း စာပို့ အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။ ၉ ရက်နေ့က ဆန္ဒပြတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စရဖ တာဝန်ရှိသူတွေ တောင်သူတွေကို ပြေလည်အောင် ညှိနှိုင်းပေးမယ်လို့ ပြောဆိုပေမယ့် ပစ်စာမြေတွေ မစွန့်ပစ်အောင်တာဝန်ယူမယ်လို့တော့ မပြောဘူးလို့ တောင်သူတွေက ပြောပါတယ်။
ဆားလင်းကြီးနယ်မှာ ကြေးနီထုတ်လုပ်ရေး စီမံကိန်းကြောင့် စစ်အစိုးရလက်ထက်ကစပြီး ဒေသခံ တောင်သူတွေရဲ့  လယ်ယာ မြေဧက ၃၀၀၀ အသိမ်းခံခဲ့ ရတာကြောင့် ဒေသခံ ဒုံးတောအုပ်စုဝင် ဂုံတော၊ ရွာသာယာ ရွာသုံးရွာ အတွက် စိုက်ပျိုးမြေ ၂၅၆ ဧက သာကျန် တယ်လို့ တောင်သူတွေကပြောပါတယ်။
RFA
ဆားလင်းကြီးဆန္ဒပြတောင်သူတွေကို အာဏာပိုင်တွေ လာတွေ့ ဆားလင်းကြီးဆန္ဒပြတောင်သူတွေကို အာဏာပိုင်တွေ လာတွေ့ Reviewed by သစ်ထူးလွင် on 07:08 Rating: 5

7 comments:

Violin Angle said...

တောင်သူတွေလည်းသနားပါတယ် ၀ိသမလောဘသားတွေကြောင့် လယ်ယာတွေဆုံးရအုံးမှာပါလား

Chit San Maung said...

မြန်မာပြည်မှာ ခေတ်တွေ၊ စနစ်တွေပြောင်းလို့
ညစ်ပတ်နံစော်သောအစိုးရမှ သန့်ရှင်းတောက်ပြောင်သောအစိုးရသို့ ပြောင်းလဲပြီလို့ ဆိုနေပေမယ့် ဒီလူတန်းစားတွေကတော့ နေမြဲ၊ စားမြဲ၊ ဗိုလ်ကျမြဲ...
ပြည်သူလူထုကြီးလဲ ဒုက္ခရောက်မြဲပါလား ဟရို့...။

pyaponthu said...

အစိုးရက ဘယ်လိုဖြစ်နေတာလဲ တရုတ်နဲ့ပတ်သက်ရင် ကိုယ့်ပြည်သူတွေကိုမကြည့်ဘူး။တရုတ်နဲ့ပတ်သက်ရင် မြန်မာပြည်သား တွေ ဒုက္ခရောက်ပေါင်းများပြီး။ခုလဲ ကြည့်လေ လွှတ်တော်ဥက္ကဌ တရုတ်ပြည်ကိုသွားပြီး တရုတ်စီမံကိန်းတွေ အသစ်တွေရောက်လာတယ်။မြစ်ဆုံကိုလည်းပြန်စဘို့အသံတွေ ထွက်လာတယ်။လခတိုးပေးတာ ပြည်သူကို ဒုက္ခပေးတာဘဲ မြန်မာပြည်မှာ လခတိုးတာ ၉ခါရှိပြီး မြန်မာ ပြည်ကြီးတိုးတက်လာလို့လား။ကုန်ဈေးနှန်းကြီးပြီးစီးပွားေ၇းသမားအကွက်ဘဲ။ရွှေမန်းပြည်သူတွေထပ်ပြီးဒုက္ခမပေးပါနဲ့။ပြည်သူတွေကို နားလှည့်ပါးရိုက်နေတာ

pyaponthu said...

တောင်သူလယ်သမားတွေ ဟာ မြန်မာပြည်ရဲ့ အဓိက ကျေးဇူးရှင်တွေလေ ။ထမင်းရှင်ရဲ့ကျေးဇူးကိုတော့သိတတ်ပါ။ဆင်းရဲတယ်ဆိုပြီးနှိမ်ပြီးဆက်ဆံရင် တူသောအကျိုးပေးလိမ့်မယ်။အစိုးရက တရုတ်နဲ့ဘာလို့မကင်းနိုင်တာလဲ။အမြဲတမ်းကြောက်နေရသလိုဘဲ။သူတို့နဲ့မှ မဟုတ်ဘူး ဘယ်နိုင်ငံခြားသားနဲ့ဘဲပတ်သက် ပတ်သက် ရင် ပြည်သူတွေကိုဘဲ ဖိထောင်းတယ်။မလေးရှားအစိုးရက ထွက်တဲ့ဟာကိုကျွေးရမယ်။ဒါမှပြည်သူတွေကိုသိမယ်။

mon jal said...

အိုး ဘု၇ားဘု၇ား ငါတို.၇ွာကလူတွေဘာတွေဖြစ်ကုန်ပြီလဲ
၇ွာရဲ.မြောက်ဘက်မှာက ယမားချောင်း အဲဒီယမားချောင်းကတိုက်စားလို.မြေတွေပါ
၇ွှာ၇ဲတောင်ဘက်က အဲဒီပစ်စာတွေပို.လို. လယ်တွေယာတွေပါနဲ.
နောက်ဆိုလုပ်စားစ၇ာ လယ်မြေထက် နေစ၇ာနေ၇ာမှ ၇ှိပါတော.မလား
အခုဆို၇င် ၇ွာဟာ ပစ်စာနဲ.ယမားကြားမှာ လှုပ်လို.တောင်မရတော.ဘူး
အဲဒီပစ်စာပစ်လိုက်ပုံကလည်း ကြာ၇င်၇ွာတောင်လွှမ်းတော.မယ်
သူတို.၀င်လာလေကတည်းက ၇ွာကလူတွေဟာ လွတ်လွတ်လတ်လတ်ဘာမှ ကိုလုပ်လို.မ၇တော.ဘူး အ၇င်က ကြေးစင်တောင်ဟာ ၇ွာသူ၇ွာသားတွေ၇ဲ.ထမင်းအိုး ဟင်းအိုးပါ အချိန်မေ၇ွးတောင်ပေါ်တက်ပြီ ဟင်း၇ွက်၇ှာလို.၇တယ်
သူတို.တွေဝင်လာပြီးကတည်းက နေ၇ာတိုင်းဟာ ကန်.သတ်နယ်မြေဖြစ်သွားတယ် သွားခွင်.မ၇ှိတော.ဘူး လုပ်ခွင်.မ၇တော.ဘူး
ကြာ၇င် ရွာသူ၇ွာသားတွေ စားစ၇ာမဲ.နေစ၇ာမဲ.တွေဖြစ်တော.မယ်

mon jal said...

ရွာက သတင်းကို ကြား၇တာတကယ်ကို စိတ်မကောင်းဘူး
ရွာမှာ အဲဒီဒုက္ခတွေကြုံနေရတာကြာနေပြီ ရွာရဲ.မြောက်ဘက်မှာက ယမားချောင်းရှိတယ် အဲဒီယမားချောင်းက နှစ်စဉ်ရေတိုက်စားလို. ရွာက လယ်မြေတွေ အိမ်ခြေတွေဆုံး၇ှုံးရတယ် တောင်ဘက်မှာက အဲဒီ ပစ်စာတွေကြောင်.လယ်မြေတွေဆုံး၇ှုံး၇ပြန်တယ် ယမားနဲ.ပစ်စာကြားမှာ ရွာသူရွာသားတွေ လုပ်စ၇ာထက် နောက်ဆိုနေစ၇ာမြေတောင်ကျန်ပါတော.ပါ.မလား
ဟို အရင်က ကြေးစင်တောင် စံပယ်တောင်ဆိုတာ ၇ွာသူ၇ွာသားတွေ၇ဲ. စီးပွားေ၇းေ၇ွှတွေပါ အဲဒီတောင်က ရတဲ.ဒုတ္တာနဲ.ကြေးစိမ်တဲ.အလုပ်လုပ်ပြီး ၇ွာက လူတွေဟာ အ၇မ်းကို စီးပွားေ၇းအဆင်ပြေခဲ.ကြတယ် ဒါပေမယ်. သူတို.တွေဝင်လာပြီးတဲ.နောက်မှာတော. အဲဒီတောင်တွေဟာ ရွာသားတွေအတွက် ကန်.သတ်နယ်မြေ မကျူးကျော်၇နယ်မြေ ကျူးကျော်၇င် ထောင်တောင်ချပစ်ခံ၇တဲ.နယ်မြေတွေဖြစ်သွားတယ် အဲဒီအချိန်ကစပြီး ၇ွာသူ၇ွာသားတွေဟာ အလုပ် လက်မဲ.တွေဖြစ်ကြ၇တယ် ကိုယ်ဆိမှာ အလုပ်လုပ်စ၇ာမ၇ှိတော.တာကြောင်.တနယ်တကျေးထွက်ပြီ အလုပ်လုပ်ကြ၇တယ် တနယ်မထွက်ကြတဲ.တချို.တွေကတော.၇ှိတဲ.မြေယာလေးကို စိုက်ပျိုးေ၇းလုပ်ကြတယ် ဒါပေမယ်.အဲဒီ၇ှိနေတဲ.မြေယာလေးကို သူတို.တွေက ပစ်စာတွေချတယ် လယ်တွေအများကြီးဆုံး၇ှုံးတယ် တောင်ကို လုပ်စားခွင်.မ၇တဲ.အပြင် ယာမြေတွေပါအဖျက်ဆီးခံ၇တယ် တွေးကြည်.ကြပါ အဲဒီ၇ွာတွေရဲ.ဒုက္ခတွေကို အခုဆို၇င် သူတို.၇ဲ.ပစ်စာတွေဟာ အိမ်တွေနားတောင်ေ၇ာက်နေပါပြီေ၇ှဆက်ဆက်ပြီး ပစ်နေဦးမယ်ဆို၇င်တော...........တွေးကြည်.ကြပါတော.

mon jal said...

ကိုသစ်ထူးလွင်
ဒီသတင်းလေးကိုဖော်ပြပေးတဲ.အတွက်အ၇မ်းကိုကျေးဇူးတင်ပါတယ်
၇ွာပြေနဲ.ဝေးနေချိန်မှာ ၇ွာကသတင်းလေးတွေသိခွင်.၇လို. ကျေးဇူးတင်ပါတယ်
တကယ်လို.များ အဲဒီသတင်းနဲ.ပတ်သက်ပြီး အကြောင်းထူးခဲ.၇င်လည်း ဖော်ပြပေးပါဦးနော် တ၇ားမျှတတဲ.ဆုံးဖြတ်မှုနဲ.အဆုံးသတ်ပါစေလို.ဆုတောင်းလိုက်ပါတယ်

Powered by Blogger.