ဒေါ်အောင်ဆန်းစုကြည် ယာဉ်တန်း လေးဂွနဲ့ ပစ်ခံရ

ဒေါ်စုရဲ့ နေပြည်တော် စည်းရုံးရေးခရီးစဉ်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်စည်းရုံးရေးခရီးစဉ်အတွင်း မတ်လ ၆ရက်နေ့ ညနေ ရနာရီခွဲခန့်က နေပြည်တော်က ရန်ကုန်အပြန် လမ်းမှာ ယာဉ်တန်းပါ ကားတစီး လေးဂွနဲ့ အပစ်ခံခဲ့ရတယ်လို့ သိရပါတယ်။

နေပြည်တော်က အပြန် အုတ်တွင်းမြို့မှာ တရားဟောပြီး ပြန်အထွက် အမြန်လမ်းမပေါ် မိုင်တိုင် ၈၅ နဲ့ ၈၆ ကြား ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာတဲ့ ကားနဲ့ တကားကျော် လုံခြုံရေးကားရဲ့ နောက်ညာဘက်မှန်ကို လေးဂွနဲ့ အပစ်ခံရတယ်လို့ ယူဆရကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်မှာ လိုက်ပါခဲ့တဲ့ ကိုယ်ရေးလုံခြုံရေးအရာရှိ ဦးခွန်သာမြင့်က ဘီဘီစီကို ပြောပါတယ်။

မှန်တွေကွဲကြေပြီး ကားပေါ်ပါသူတွေ မှန်စထိမှန်တဲ့ ဒဏ်ရာရပေမယ့် အကြီးအကျယ်ထိခိုက်မှုမရှိဘူးလို့ ပြောပါတယ်။

အဲဒီနေရာမှာ အခုလို လေးဂွနဲ့အပစ်ခံရမှုဟာ ၆လ အတွင်း တတိယမြောက် ဖြစ်ရပ်ဖြစ်ပြီး အရင်းသံရုံးကားတစီးနဲ့ လူကြီး ယာဉ်တန်းတခု အလားတူ အပစ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီလို ဖြစ်ရပ်ဟာ ဒီလမ်းမှာ သွားလာနေတဲ့ ယာဉ်တွေ အန္တရာယ်များပြီး လူမျိုသိက္ခာကို ထိခိုက်နိုင်တဲ့ ဖြစ်ရပ်ဖြစ်လို့ ပြည်ထဲရေးဝန်ကြီးဌာနကို ဖြစ်ရပ်မှန် ဖေါ်ထုတ်ပေးဖို့ အကြောင်းကြားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်တိုက်ခိုက်တာ ဟုတ်မဟုတ်ဆိုတာကိုတော့ အသေအချာ မပြောနိုင်ပေမယ့် သူ့အနေနဲ့တော့ မထင်ဘူးလို့ ဦးခွန်သာမြင့်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေး ခရီး စဉ်တွေအတွင်း လုံခြုံရေးနဲ့ပတ်သက်ပြီး သက်ဆိုင်အာဏာပိုင်တွေ လုံခြုံရေးဆိုင်ရာတွေနဲ့ ကြိုတင်ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာက ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သူက ပြောပါတယ်။

လောလောဆယ်မှာ သက်ဆိုင်ရာက ဖြစ်ရပ်မှန်ကို ဖေါ်ထုတ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။


ဘီဘီစီ
ဒေါ်အောင်ဆန်းစုကြည် ယာဉ်တန်း လေးဂွနဲ့ ပစ်ခံရ ဒေါ်အောင်ဆန်းစုကြည် ယာဉ်တန်း လေးဂွနဲ့ ပစ်ခံရ Reviewed by သစ်ထူးလွင် on 07:31 Rating: 5

7 comments:

nyo said...

အမေ့အတွက်စိုးရိမ်မိတယ်

chawthu said...

ဘယ်သူလုပ်လုပ်ပါ..... ဒီလို တစ်ဖက်သားကို အန္တရယ်ရှိစေတဲ့ အပြုအမှုတွေ လုပ်နေတယ်ဆိုရင်တော့ ပြည်ထဲရေးကလည်း သေချာရှာဖွေ ဖမ်းဆီးသင့်တယ်.....။ သိပ်ပြီး ခက်ခဲတဲ့ အရာမှ မဟုတ်တာဗျာ.....အဲ မသိကျိုးကျွန်ပြုထားတယ် ဆိုရင်တော့လည်း တစ်မျိုးပေါ့.....။ အခုဟာက လူမျိုးသိက္ခာကျတာထက် အများပြည်သူတွေကို ဒီလို လက်သရမ်းတဲ့ စည်းကမ်းမဲ့တွေကြောင့် ဒုက္ခမရောက်စေချင်ဘူး......။ အရင်က ရထားကို ခဲနဲ့ပေါက်တယ်ဆိုတဲ့ လုပ်ရပ်တွေလည်း ကြားခဲ့ရတာမနည်းဘူး....... သိပ်ရုပ်ဆိုးလွန်းတယ်.....:X:X

mashwemya said...

ကြပ်တည်းနေတဲ့ ခေတ်မှာ အခွင့်ထူးခံ ကောင်းစားနေသူတွေပဲ ဖြစ်မှာပါ။

သားကြီး said...

ယခင်တုန်းက တိုင်းပြည်ကောင်းအောင်လုပ်ခဲ့ပါတယ်ဆိုတဲ့ ထောက်လှမ်းရေးဟောင်းများ အမေစုကို ကာကွယ်ပေးခြင်းဖြင့် မိမိတို့ဂုဏ်ကို မြှင့်တင်ပေးနိုင်ကြပါစေ

Suu said...

အောက်တန်းကျတဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့ သမ္မတကြီးမှာ တာဝန်ရှိပါတယ်

luck said...

မည်သူကားပဲ ဖြစ်ပါစေ .. ခရီးသည်ကားပဲဖြစ်ဖြစ် ယာဉ်တန်းပဲဖြစ်ဖြစ် အဲဒီလို လူ့ကျင့်ဝတ်နှင့် မညီတဲ့ အလုပ်မျိုး မလုပ်ဆောင်သင့်ပါ.. ထိခိုက်မိသူမှာ ရန်ငြိုး လည်းမရှိ၊ လူတစ်ချို့၏ ပေါ့ပျက်ပျက်လုပ်ဆောင်မှုတစ်ခုကြောင့် နစ်နာရပါသည်. ကျွန်တော်ကိုယ်တိုင်စီးလာသော ခရီးသည်ကားမှာလည်း ခံရဖူးပါသည် .. သက်ဆိုင်ရာမှ အလားတူကိစ္စရပ်များအား အမြန်ဆုံးထိထိရောက် ရောက် (ထိရောက်စွာ) ဖြေရှင်းပေးပါရန်

မျိုးချစ်သူ said...

နိုင်ငံတော်သမ္မတကတောင် အတိအလင်း လက်တွဲတာ ကျန်တဲ့ ပြည်ထဲရေးဝန်ကြီးဌာန က အစောင့်အရှောက်မပေးဘဲ လှို.၀ှက်သတင်းယူပီး
အားပေးတဲ.သူတွေ ကို ဟန်. နေတာ ကိုကြည့်ချင်းအားဖြင့်
သမ္မတ နဲ့ ပြည်သူလူထု တို.ရဲ. ဆန်.ကျင်ဘက်အရပ်မှာ လက်ရှိအုပ်စု တစုစု ရှိနေတယ်ဆိုတာ သိသာစေပါတယ်

Powered by Blogger.