ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် လေးမြို့နယ်တွင် ဟော ပြောမည်

ကလောမြို့ မှာ မိန့် ခွန်းပြောကြာနေစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ယခုလ ၆ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ ရှိ လစ်လပ်နေသော ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များဖြစ်သည့် ဇမ္ဗူသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်နှင့် ဒက္ခိဏ သီရိမြို့နယ်တို့တွင် မဲဆွယ် စည်းရုံးမှုများပြုလုပ်သွားမည်ဖြစ်သည်။ "၅ ရက်နေ့မှာ တံတားဦး၊ နွားထိုး ကြီးနဲ့ မိတ္ထီလာကနေ ညနေပိုင်းလောက် ကူးလာမယ်" ဟု ရမည်းသင်းခရိုင် အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ် အောင်နိုင်ရေး ကော်မတီဝင် ဦးမျိုးတေဇာမောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။ နေပြည်တော်တွင် ယခုလ ၅ ရက်နေ့ ညအိပ်မည်ဖြစ်ပြီး ၆ ရက်နေ့တွင် ဇမ္ဗူ သီရိမြို့၊ လက်ပံခါးလှကျေးရွာ၊ ဥတ္တရ သီရိမြို့၊ မင်းကုန်း ကျေးရွာ၊ ဒက္ခိဏသီရိ မြို့၊ ရန်အောင်မြင်ကျေးရွာနှင့် ပုဗ္ဗသီရိ မြို့၊ ကြည်တောင်ကန်ကျေးရွာများတွင် စည်းရုံးမဲဆွယ်မှုများပြုလုပ် သွားမည်ဖြစ် သည်ဟု ၎င်းက ပြောသည်။ မဲဆွယ်စည်းရုံးမည့်နေ့တွင် သီရိလေး မြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် လေးနယ်၌ ယှဉ်ပြိုင်မည့် အင်န်အယ်လ်ဒီ ကိုယ်စား လှယ်လောင်း လေးဦးစလုံး ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပါဝင် မည်ဖြစ်သည်ဟု ပုဗ္ဗသီရိမြို့နယ်၊ ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးဖြိုး ဇေယျာသော်(ခ) ဦးဇေယျာသော်က မြန်မာတိုင်း(မ်)ကို ပြောသည်။ "အန်တီစုကို အခုလို အပြင်မှာ ပထမ ဦးဆုံးအကြိမ်တွေ့ရမှာမို့ စိတ်လှုပ်ရှား နေပါတယ်" ဟု ဇမ္ဗူသီရိမြို့နယ်၊ လက်ပံခါး လှကျေးရွာမှ အသက် ၁၉ နှစ်အရွယ် ပထမနှစ်တက္ကသိုလ် ကျောင်းသူတစ်ဦး က ပြောသည်။ အင်န်အယ်လ်ဒီပါတီနှင့် ကြံ့ခိုင်ရေး ပါတီတို့သာ လစ်လပ်မဲဆန္ဒနယ်လေး နယ်စလုံးတွင် ယှဉ်ပြိုင်မည်ဖြစ်ပြီး မြန်မာ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက ပုဗ္ဗသီရိမြို့နှင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီက ဥတ္တရသီရိမြို့နယ် တို့တွင်သာ ပါဝင်ယှဉ်ပြိုင် မည်ဖြစ် သည်။ နေပြည်တော်သီရိလေးမြို့နယ်တွင် ပုဗ္ဗသီရိမြို့တွင် အင်န်အယ်လ်ဒီမှ ဦးဖြိုးဇေယျာသော်(ခ) ဇေယျာသော်၊ ကြံ့ခိုင်ရေးပါတီမှ ဦးသာဌေး၊ ဇမ္ဗူသီရိ မြို့တွင် အင်န်အယ်လ်ဒီမှ ဒေါ်စန္ဒာမင်း၊ ကြံ့ခိုင်ရေးပါတီ ဦးဝင်းဌေး၊ ဥတ္တရသီရိမြို့ တွင် အင်န်အယ်လ်ဒီမှ ဦးနိုင်ငံလင်း၊ ကြံ့ခိုင်ရေးပါတီမှ ဦးလှသိန်းဆွေနှင့် ဒက္ခိဏသီရိမြို့တွင် အင်န်အယ်လ်ဒီမှ ဦးမင်းသူ၊ ကြံ့ခိုင်ရေးပါတီမှ ဦးမောင်ရှိန် တို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ နေပြည်တော် မဲဆန္ဒနယ် အားလုံးတွင် ပြိုင်ဘက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကို အနိုင်ရရှိခဲ့သည်။ ၀င်းကိုကိုလတ် (မြန်မာ့တိုင်း)
ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် လေးမြို့နယ်တွင် ဟော ပြောမည် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် လေးမြို့နယ်တွင် ဟော  ပြောမည် Reviewed by သစ်ထူးလွင် on 05:30 Rating: 5

7 comments:

anonymous said...

ဖြစ်နိုင်မယ်ဆိုရင်တော့ အမေစုအနေနဲ့ နေပြည်တော်ကို ရုံးပိတ်ရက်တွေမှာ လာစေချင်ပါတယ်။နေပြည်တော်မှာ ဝန်ထမ်းတွေပေါတော့ ဝန်ထမ်းတွေလည်း တက်ရောက်နိုင်အောင်လို့ပါ။

Anonymous said...

Welcome ah may SU.

MMT said...

ပရိယာယ်မပါဘူး။နောက်ပြန်မဆုတ်ဘူးဆိုတဲ့ဦးသိန်းစိန်ရဲ့လုပ်ရပ်တွေကဒါတွေလား။အင်းလေ- လူထုခေါင်းဆောင်တော့ကြောက်မှာပေါ့။ဟီးဟီး

095071530 said...

Welcome to Naypyitaw.

095071530 said...

Welcome....

ကျော်ထိုက် said...

နေပြည်တော် ဆိုတာ အမေစု ရုံးထိုင် ဖို့ ပဲ နေရာဖြစ်သင့်တယ်..အမေစု နဲ့ ပဲ ထိုက်တန်တယ်.....ကျွန်တော် တို့ ကျောင်းသားလေးတွေတောင် ကျောင်းထုတ် ခံရမှာ မကြောက်ပဲ လာသေးတာပဲ...အကို တို့ ၀န်ထမ်းတွေလည်း ..တန်ဖိုးမဖြတ်နိုင်တဲ့ .....အမေစု လာတဲ့အချိန်မှာ ကြိုဆိုသင့်တယ် လို့ ထင်ပါတယ်....အမေစု တို့ ရဲ့ အနစ်နာခံ ကြိုးစားလုပ်ဆောင် မှု တွေ ကို လေး စားရင်ပေါ့လေ..ပြီးတော့အကို တို့ ရဲ့ လာမယ့် အနာဂတ် မျိုးဆက်တွေ အတွက် လည်း ခုကတည်း က စပြီး ကြိုးစားသင့်ပါတယ်.....ကြောက်လန့် မှုတွေ ကင်းဝေးပါစေ လို့ ဆုတောင်းလိုက်ပါတယ်....

Ko Htet said...

ဝန်ထမ်းများခင်ဗျာ။
5 moviesလေးအလကားကြည့်ပြီး မီးလေး၂၄နာရီလင်းရုံနဲ့ ဘ၀ကပြည့်စုံနေပြီမထင်နဲ့နော်။
ပြည်သူတွေကျွေးတာစားပြီး ငြိမ်မနေနဲ့။
ကြံ့ဖွပ်ကကျွေးတာမဟုတ်ဘူး။

Powered by Blogger.