ယုဇနဥယျာဉ်မြို့ တော်မှာ ကြိုဆိုသူ ရှစ်သောင်းကျော်နဲ့  ဒေါင်းအလံစိုက်ထူခဲ့တဲ့ အမေစု (ဓါတ်ပုံ)
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ၏ ဒဂုံဆိပ်ကမ်းမြို့ နယ် ခရီးစဉ် သတင်းဓါတ်ပုံ ကို - ပြည်တွင်းမီဒီယာများ၊ ၀ါသနာရှင်များနှင့် အင်တာနက်စာမျက်နှာများပေါ်မှ စုစည်းဖော်ပြပါတယ်။ ဓါတ်ပုံပေါင်း(၈၀)ကျော်ကို ကြည့်ရှုနိုင်ပါတယ်။
““ကျွန်မတို့က ကတိမပေးရဲလို့ မပေးတာလားလို့ တချို့ကပြောတယ်။ မဟုတ်ပါ ဘူး။ ပြည်သူတွေကို လေးစားလို့လွယ်လွယ်နဲ့ ကတိမပေးတာပါ။ ကျွန်မတို့ ဒီလိုကတိတွေ မပေးပေမယ့် ကျွန်မတို့ ယုံကြည်ချက်ရှိတယ်။ ပြည်သူတွေရဲ့ ထောက်ခံမှုရှိ သရွေ့၊ ပြည်သူတွေ တည်ငြိမ်ပြီး ကောင်းမွန်တဲ့ဘ၀ကိုလိုချင်သရွေ့ ကျွန်မတို့ ဟာ အောင်မြင်နိုင်မယ်လို့ ယုံကြည်ပါတယ်”” ဟု ဒေါ်အောင်ဆန်းစုကြည်က ယနေ့ညနေ ခြောက်နာရီကျော်တွင် ပြုလုပ်သော ယုဇနဒဂုံဆိပ်ကမ်းမြို့၊၉၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၏အနောက်ဘက်၊ မဟာကန္နီဘုန်းကြီးကျောင်းဘေးကွင်းပြင်ရှိ လူထု ရှစ်သောင်းကျော်အား ပြောကြားသွားခဲ့ကြောင်း 7Day News (facebook) စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။
10 comments:
amtkhunlay said...
တစ်အိမ်တစ်ယောက် မဖြစ်မနေတက်ရမယ်လို့ ခြိမ်းခြောက်စရာမလိုဘဲ မိမိဆန္ဒအလျောက် အလိုလိုရောက်လာကြတဲ့ ပရိတ်သတ်က အဲဒီ ဒဂုံဆိပ်ကမ်းမြို့နယ်လေးမှာ ရှစ်သောင်းတောင် ကျော်တယ်နော်။ ဒါဆိုရင် ပြည်သူတစ်ရပ်လုံးလို့ ပြောလို့ရပြီပေါ့။
chit pain said...
ပြည်သူအများစု(အစိုးရနှင့်ပုလင်းတူဘူးဆို့လုပ်ငန်းရှင်များမှလွှဲ၍)အပြောင်း အလဲကိုလိုလားနေကြပါပြီအစိုးရအနေနှင့်လည်း ပြည်သူများလိုလားနေသော
အပြောင်းအလဲကို သိသိသာသာဖြစ်အောင် ပြုပြင်ပြောင်းလဲမှုလုပ်ဖို့လိုနေပါပြီ
အောက်ခြေအဆင့်ကို ပြောင်းလဲအောင် အဓိကကြိုးစားဖို့လိုနေပါပြီ တရားဥပဒေကိုလည်း လေးစားလိုက်နာဖို့လိုနေပါပြီ
tapaungthi said...
ဒါတွေကို ဖွတ်ကောင်တွေမြင်ရဲ့လား
Anonymous said...
Aung Thaung...
Min Bar Pyaw Chin lel??
Myat Khaing
Tha Din ma you bu lar??
mahar said...
mother, take care of your health.......
koko said...
ကြံ့ဖွတ်ပါတီကနေပြီး (21.3.12) အမေစုဟောပြောတဲ့နေ့မှာ ဒဂုံ(ဆိပ်ကမ်း)မှမည်သူမဆိုဘုရားဖူးအခမဲ့ပို့ပေးမည် လမ်းထမင်းကျွေးမည် ပိုက်ဆံ 2000 ပေးမည်ဟုပြောပါသည်။
ဒဂုံ(ဆိပ်ကမ်း)မှပြည်သူများ လိုက် မလိုက်ဆိုတာ အမေစုမဟောပြောပွဲတက်တဲ့ ပရိတ်သတ်ကိုကြည့်တာနဲ့တင်သိနိုင်ပါသည်။
ရွှေမြိုင်သား said...
အမေစု ကိုမဲပေးကြပါ လို့ တိုက်တွန်းပါရစေ ။
အမေစုနိုင်တဲ့အခါ ကျဉ်းလှတဲ့ ယုဇနဥယာဉ်မြို့တော်လမ်းများ မှာ လေကြီးမိုးကြီးပြောပြီး ကျောက်တွေပဲပုံထားပြီး မခင်းရသေးတဲ့ လမ်းတွေ ခင်းပေးရင်ကိုကျေနပ်ပါတယ် ။
အရင်မလုပ်နိုင်ခဲ့တာတွေ လုပ်ပြလိုက်စမ်းပါ ။
yin win said...
chit pain ပြောတာ အမှန်ဆုံးဘဲ..ကဲ ဦးအောင်သောင်း မျက်လုံးပါတယ်နော်..ဟဲ.ဟဲ...
Unknown said...
ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုးတဲ့အဖြစ်ကိုတော့မရောက်
ချင်ဘူးနော်----------
အမေစုကျန်းမာပါစေ။
phomesatpaing said...
ပြည်သူတွေအနှစ်(၂၀)ကျော် မောဟိုက်ပင်ပမ်းစွာ နေခဲ့ရတယ်၊
အခုလို ပျော်ရွှင်နေတာ ကို မြင်ရတော့ဝမ်းသာကြည်နူးရပါတယ်
အမြဲတန်း ပျော်ရွှင်နေတဲ့ပြည်သူများထဲကတစ်ယောက်ဖြစ်လိုပါတယ်၊
Powered by Blogger.