အမေရိကန်နဲ့ အီးယူကို ရွေးကောက်ပွဲစောင့်ကြည့်ဖို့ မြန်မာ ဖိတ်ကြား

လာမယ့် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲကို လေ့လာဖို့  နိုင်ငံတကာက ရွေးကောက် ပွဲ စောင့်ကြည့်ရေးအဖွဲ့တွေကို ဖိတ်ကြားလိုက်တာ အရေးကြီးတဲ့ အစပြုမှုဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ဒီဗွီဘီကို ပြောပါတယ်။
အာဆီယံ၊ အမေရိကန်နှင့် ဥရောပသမဂ္ဂ လေ့လာရေး အဖွဲ့တွေ ကို ကြားဖြတ်ရွေးကောက် ပွဲ စောင့်ကြည်ဖို့ မြန်မာ အစိုးရက ဖိတ်ကြား လိုက်တဲ့ အပေါ်မှာ အမေရိကန် သံရုံးက အရာရှိ တဦးက ပြောလိုက်တာပါ။
ခုလိုဖိတ်ကြားလိုက်တဲ့ အပေါ်မှာ အားတက်ရတဲ့ အကြောင်းနဲ့ ဒါဟာ မြန်မာပြည် ဒီမိုကရေစီ အသွင် ကူးပြောင်းရေးမှာ အရေးကြီးတဲ့ ခြေလှမ်း အဖြစ် ယူဆတဲ့အကြောင်း အမေရိကန် အရာရှိက ပြောပါတယ်။
ဒီဖိတ်ကြားချက်နဲ့ ပတ်သက်လို့ ၀ါရှင်တန်ကို အကြောင်းကြား ထားပြီး ရွေးကောက် ပွဲ စောင့်ကြည့်ရေး အဖွဲ့တွေကို စေလွှတ်ဖို့ အသေးစိတ် အစီအစဉ်တွေကိုတော့ အခု အချိန်မှာ မပြောနိုင်သေး လို့ အရာရှိက ပြောပါတယ်။
မြန်မာအစိုးရဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ အမေရိကန်နဲ့ အီးယူနိုင်ငံတွေ ကို စောင့်ကြည့်ရေး အဖွဲ့တွေကို ဖိတ်ကြားသလိုပဲ အာဆီယံအဖွဲ့ကိုလည်း ဖိတ်ကြားထား တယ်လို့ အာဆီယံက မနေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
အဖွဲ့ဝင် ၅ ဦးပါတဲ့ အာဆီယံ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့၊ လွှတ်တော်အမတ်တွေနဲ့ သတင်းသမား ၂ ဒါဇင်ကျော်ကို စေလွှတ်ဖို့ မြန်မာအစိုးရက ဖိတ်ကြားတယ် လို့ အာဆီယံကြေညာချက်က ဆိုပါတယ်။
ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးကတော့ အစိုးရရဲ့ ဒီလိုခြေလှမ်းတွေနဲ့ ပတ်သက်လို့ အားတက်ရပေမယ့် တဖက်မှာလည်း အခုလောလောဆယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ တိုက်ခိုက်နေရတာ၊ အကျပ်ကိုင်ခံနေရတဲ့ သတင်းတွေ ကြားနေရတဲ့အတွက် စိုးရိမ်တယ်လို့ ဆိုပါတယ်။
ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အစိုးရက လိုအပ်တဲ့ လက်တွေ့ဆောင်ရွက်မှုတွေကို လုပ်ဆောင်ဖို့ဟာ အရေးကြီးတယ်လို့ အဲဒီ အရာရှိက ပြောပါတယ်။ 
ဒီဗွီဘီ
အမေရိကန်နဲ့ အီးယူကို ရွေးကောက်ပွဲစောင့်ကြည့်ဖို့ မြန်မာ ဖိတ်ကြား အမေရိကန်နဲ့ အီးယူကို ရွေးကောက်ပွဲစောင့်ကြည့်ဖို့ မြန်မာ ဖိတ်ကြား Reviewed by သစ်ထူးလွင် on 17:51 Rating: 5

10 comments:

Anonymous said...

kaung par be...let see 1st april and 2015

Myanmar said...

အောက်ခြေက လူလိုနားမလည်တဲ့ကောင်တွေ မင်းတို့ သားမြေးတွေကောင်းစားဘို့ေ၇၇ှည်ကိုလဲ ကြည့်ကြအုံး။

Ko Htet said...

သာဓု၊ သာဓု။
နှစ်ခွန်းခေါ်ထားမယ်။
တစ်ခွန်းတော့ April 1st ပြီးမှခေါ်မယ်။
သားတို့အကြောင်းကို အဖေသိလို့နော်။
စိတ်မဆိုးကြပါနဲ့။။။။။

dingyi said...

အဲဒီအတိုင်း အမှန်ပါဆိုရင်တော့ ဂုဏ်ယူထိုက်ပါတယ်
ဒါပေမယ့် မယုံကြည်ရတာတွေများနေတော့ ဘယ်လိုယုံကြည်လို့ရမှာလဲ
အခုတောင် ဘယ်လိုကြံစည်ပြီး ခိုးဝှက်ထားပြီးပြီလဲမသိဘူး
ရပ်ကွက်တိုင်း နေရာတိုင်းမှာတော့ မှတ်ပုံတင်တစ်ခုတည်းက
လူအရောက် ထောင်ကျော်ဖြစ်နေတာ .... သေပြီးသားလူတွေက သင်္ချိုင်းကုန်းက
ထလာပြီး ကြိုတင်မဲတွေပေးနေတာ.... ဒီလိုခိုးနည်းဝှက်နည်းတွေ သေချာပြီးလို့သာ
ဖိတ်ရဲတာဖြစ်မှာပါကွာ ........ တို့တော့ မယုံတစ်ဝက် ယုံတစ်ဝက် ယုံရခက်ကြီးပါ

Anonymous said...

ဖိတ်လိုက် နှင်လိုက်မလုပ်နဲ့နော်

စက်တင်ဘာ မိုး said...

ဒီယုန်မြင်လို့ ဒီခြုံထွင်တာကို အကောင်းမှတ်မနေကြပါနဲ့ ..
၁၀ရာခိုင်းနှုံးလောက်ကို ဘယ်သောက်ဂရုစိုက်နေမှာလဲ ..
ဒါတောင် နည်းမျိုးစုံနဲ့ မတော်မတရားလုပ်မှုတွေက အထင်အရှားမြင်တွေ့နေရတယ် .....

moeoo said...

Very good news.But i don't think so......!

မျိုးချစ်လူငယ် said...

နိုင်ငံတကာကို လိမ်လည်ဖို့ ပင်စင်စား သန်းရွှေ ကြံစည်အားထုတ်နေပြီ။
ပြည်သူတွေ ဆင်းရဲတွင်းနက်သထက် နက်အောင်လုပ် နေပြီ။ သန်းရွှေ ကြတော့ ရာထူးရှိတုန်းက လည်း တနိုင်ငံလုံး တရုတ်လက်ထဲ ရောင်းစားလို့ အားမရသေးဘူး။ ပင်စင်တောင်ဆုကြေး သိန်း၂၃၀၀ တဲ့ ပင်စင် က တလ သိန်း၁၀၀။ နိုင်ငံတကာကို လိမ်လည်ဖို့ ပူဇော်ခပေးတာ ဖြစ်မယ်။

အမြင်သစ် said...

ခိုးဝှက်ပီးကြပီဆိုပီး .. သေချာပေါက်အပိုင်တွက်ထားကြပီးပီ
ထင်တယ်။ အောင်(သောင်း) ၊ အောင်(သိန်း)လင်း၊(သန်း)ရွှေ၊
နောက်ဆိုရင် မြန်မာပြည်မှာ ဂဏန်းအရေအတွက် အခေါ်အဝေါ်
တွေပြောင်းလဲသင့် ပါတယ်။ ခု ဆယ် ရာ ထောင် သောင်း သိန်း
သန်း မှာ သောင်း သိန်း သန်း ကို ပြောင်းသင့်ပါတယ် တိုင်းပြည်
ကို ဖျက်သွားတဲ့ ပြည်ဖျက်နာမည်တွေပါနေလို့ပါ။

Anonymous said...

တော်လိုက်တဲ့ အစိုးရ..

Powered by Blogger.