အနုပညာရှင်အချို့ အန်အယ်ဒီပါတီအတွက် စည်းရုံးရေး ဆင်းကြမည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်ဖြင့် နယ်များသို့
သွားရောက်ကာ အနုပညာရှင်များမှ သီချင်းဆိုခြင်း ၊ ပြဇာတ်ကခြင်းဖြင့် စည်းရုံးရေး ဆင်းကြမည် ဖြစ်ကြောင်း သိရှိရသည်။
 “စည်းရုံးရေးဆင်းတဲ့အခါကတော့ ကျွန်တော်တို့က အနုပညာရှင်ဆိုတော့ သီချင်းဆိုမယ် ၊
 ပြဇာတ်ကမယ် အဲ့လို သဘောမျိုးနဲ့ စည်းရုံးရေးဆင်းမှာပါ “ဟု ဒါရိုက်တာ ၀ိုင်းက ပြောသည်။
အနုပညာရှင်များ သွားရောက်၍ စည်းရုံးရေးဆင်းရခြင်းမှာ အမျိုးသားဒီိမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်ဖြစ်သလို ၊ လွှတ်တော်တွင်
စစ်မှန်သော ပါတီကိုယ်စားလှယ်လောင်းများ ပါဝင်စေခြင်းကြောင့် ဖြစ်ကြောင်း သိရှိရသည်။
 “အမေစုကို ဂုဏ်ယူတယ် နောက်လွှတ်တော်အထဲမှာလဲ စစ်မှန်တဲ့ ကိုယ်စားလှယ်လောင်းတွေ ၀င်ရောက်စေချင်တဲ့အတွက်ကြောင့်မို့ ပါဝင်ရတာပါ ကျွန်တော်လဲ အန်အယ်လ်ဒီ ပါတီဝင်
 တစ်ယောက်ပါ” ဟုဒါရိုက်တာ ၀ိုင်းက ဆက်လက်ပြောဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လမ်းညွှန်ချက်ဖြင့်
 ပြင်ဦးလွင် ၊ စစ်ကိုင်း ၊ မုံရွာ နှင့် ပုလဲမြို့များသို့ သွားရောက်မည်ဖြစ်ပြီး ရက်အတိအကျ
သိရှိရန် ခွင့်ပြုမိန့် စောင့်ဆိုင်းနေကြောင်း သိရှိရသည်။
 “စည်းရုံးရေးဆင်းမယ်ဆိုတာ မှန်ပါတယ် ဒါပေမဲ့ ရက်တော့ အတိအကျမသိသေးဘူး “ဟု
 သရုပ်ဆောင် ရဲတိုက်က ပြောသည်။ အနုပညာရှင် အချို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်မဟုတ်ဘဲ ပါတီစည်းရုံးရေး ဆင်းမည်ဆိုပါက အခက်အခဲရှိနိုင်သော်လည်း အနုပညာလုပ်ငန်းဖြင့် လုပ်ကိုင်ခြင်းသာ ဖြစ်သောကြောင့်
 ပြသာနာ တစ်စုံတစ်ရာမျှ မဖြစ်နိုင်ကြောင်း အနုပညာရှင်တစ်ဦးထံမှ သိရှိရသည်။
 အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အနုပညာရှင်များကို၂၀၁၂ခုနှစ် ဖေဖော်ဝါရီလလကုန်ပိုင်းတွင် ခေါ်ယူတွေ့ဆုံခဲ့စဉ်တွင်
ပါတီအတွက် စည်းရုံးရေးဆင်းပေးရန် ပြောကြားခဲ့ကြောင်း သိရှိရသည်။
အနုပညာရှင်အချို့ အန်အယ်ဒီပါတီအတွက် စည်းရုံးရေး ဆင်းကြမည် အနုပညာရှင်အချို့ အန်အယ်ဒီပါတီအတွက် စည်းရုံးရေး ဆင်းကြမည် Reviewed by သစ်ထူးလွင် on 07:23 Rating: 5
6 comments:
snow said...
စည်းရုံးရေးဆင်းတယ်ဆိုတာလဲသူတို့ကိုချစ်သောအားပေးသောပြည်သူတွေအတွက်ပါဒါကြောင့်သတ္တိရှိလှတဲ့အနုပညာရှင်တွေကိုပြည်သူတွေကအမြဲလေးစားပြီးအားပေးနေမှာပါ။အမေ့ကိုကူညီတာလည်း ပြည်သူတွေကိုကူညီပေးတာနဲ့အတူတူပါဘဲ။
gemuk said...
လေးစားပါတယ်
ktd said...
လေးစားသွားပြီ။ များသောအားဖြင့် မြန်မာပြည်က အနုပညာသည်တွေကို
အရင်အစိုးရက သူတို့ရဲ့ လက်ကိုင်တုတ်ဖြစ်အောင် လုပ်ချင်နေတာကို
အခုလို ပြည်သူနဲ့ တစ်သားတည်းကျသော လုပ်ဆောင်မှုအတွက်
မြန်မာ့အနုပညာသည်အားလုံးကို အထူးလေးစားမိပါတယ်။ ။ ။
အစစ အရာရာ ပြည့်စုံ တိုးတက်ပါစေ။ ။ ။ ဆုမွန်ကောင်းတောင်းလျှက်။ ။ ။
ပုဂံစစ်သည် said...
အရင်တုန်းက နိုင်ငံတော်ကားရိုက်တဲ့ အနုပညာရှင်တွေ ပါမယ်ဆိုရင်တော့ ကန့်ကွက်ပါတယ်။ အဲ့ဒီအချိန်တုန်းက စိတ်မပါပဲနဲ့ ရိုက်ရတာပါလို့တော့ မပြောနဲ့နော်၊ အလကားဟာတွေ နိုင်ငံအတွက်လုပ်ချင်ရင် အရင်ကနင်းကရဲရဲဝဲ့ဝဲ့ လုပ်ကြပါ့လား၊ အခုကြမှဟိုရောင်ရောင် ဒီရောင်ရောင်နဲ့ နာမည်ယူချင်နေကြတယ်၊ ကိုကိုမမတို့ မဲမဆွယ်လဲ ပြည်သူတွေက ထည့်ပြီးသားပါ။
Unknown said...
လေးစားပါတယ် ....အမေ့ကိုကူညီတာလည်း ပြည်သူလူထုတစ်ရပ်လုံးကို ကူညီတာပါပဲ......။
yin win said...
ကောင်းလိုက်တဲ့ ..ရည်ရွယ်ချက်..ကောင်းတယ်..အဲဒါကိုခေါ်တာ..ကိုတတ်တဲ့ ပညာနဲ့ပြည်သူကို အလုပ်အကျွေးပြုတယ်ဆိုတာ..အဓိက ပြည်သူ့ ရည်ရွယ်ချက် ပြည်သူ့အလိုကို မိမိတတ်တဲ့အနုပညာနဲ့လိုက်ဖြည့်ပေးတယ် လေးစားတယ်....
ကျနော်ကတော့..ကတော့ တပ်မတော်သားတစ်ယောက်ပါ..ကျနော်တို့ မှာ ဦးနှောက်ကို အထက်လူကြီးကယူထားတယ်..
Powered by Blogger.