နန်းဂိုဖန်း၏ ခင်ပွန်းဂျပန်လူမျိုးက နန်းဂိုဖန်းအား စစ်ဆေးခဲ့သူကို အထက်မှစစ်ဆေးပေးရန် တောင်းဆိုလျက်ရှိ

မတ်လ ၂၄ ရက်နေ့ မနက်အစောပိုင်းတွင် စသုံးလုံး ရုံးအပေါ်ထပ်မှ ပြုတ်ကျသေဆုံးသွားသော နန်းဂိုဖန်း၏
ခင်ပွန်းဖြစ်သူ ဂျပန်လူမျိုးမှ  သေဆုံးသူမိန်းကလေးအားစစ်ဆေးခဲ့သူကို အထက်မှစစ်ဆေးပေးရန် တောင်းဆိုလျက်ရှိကြောင်းသိရှိရသည်။
 “လူတစ်ယောက်ကိုအဲ့ဒီလိုထားထားတာ ထောင်ထဲထည့်ထားတာနဲ့တူတူပါဘဲ ၊ မြန်မာနိုင်ငံက ဒီမိုကရေစီနိုင်ငံမဟုတ်ဘူးလား၊ လူတယောက်ကို ၂ နာရီလောက်ပဲ အနားပေးပြီး စစ်ဆေးတာ လူမဆန်ဘူး၊ လူ့အခွင့်ရေးကို ချိုးဖောက်တာပဲ ” ဟု သေဆုံးသူမိန်းကလေး၏ ခင်ပွန်းဖြစ်သူ ဂျပန်လူမျိုး မစ္စတာ နာမာဆယ်မိုတိုဟိကို ကပြောသည်။
အဆိုပါ မိန်းကလေး၏ ခင်ပွန်းဖြစ်သူမှာ မိန်းကလေး၏ ဈာပနာအတွက် မြန်မာနိုင်ငံသို့လာခဲ့ခြင်းဖြစ်ကြောင်း၊
ထို ဂျပန်လူမျိုး ခင်ပွန်းဖြစ်သူ ဟိုတယ်၌ တည်းနေစဉ်လည်း စသုံးလုံးမှ လာရောက် တွေ့ဆုံခဲ့ကြောင်း အဆိုပါ
ဂျပန်အမျိုးသားက ပြောသည်။
မနန်းဂို ဖန်းအားစသုံးလုံးမှ ခေါ်ယူခြင်းမှာ ၎င်းနာမည်နှင့် ၀ယ်ထားသော မြေကွက်များအတွက် မေးမြန်းစုံစမ်း
ရန်ဖြစ်ပြီး မတ်လ ၂၁ ရက်နေ့တွင် မအိအိအောင်နှင့် မနန်းဂိုဖန်း အားခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“နန်းဂိုဖန်းက အဲ့ဒီညမှာ ပထမတစ်ခေါက်အန်တယ် ၊သူ့နောက်ကို အစောင့်တွေလိုက်သွားတယ် ကျွန်မလိုက်
ခွင့်မရှိဘူး ၊ နောက်တစ်ခေါက် ၀ရန်တာဘက်သွားအန်ပြန်တယ် အဲ့တစ်ခေါက်တော့ အစောင့်တွေလိုက်သွား
လား မလိုက်သွားလားမသိဘူး သူတို့ရဲ့  မရှိတော့ဘူး မရှိတော့ဘူးဆိုတဲ့ အော်သံကြားပြီးတော့ တိုက်အောက်
ကနေ နန်းဂိုဖန်း ရဲ့ အော်သံကြားရတယ်” ဟု နန်းဂိုဖန်း၏ သူငယ်ချင်းဖြစ်အမဖြစ်သူ မအိအိအောင်က ပြောသည်။

အဆိုပါ မိန်းကလေးမှာ မြန်မာစကား ကောင်းကောင်းမတက်သောကြောင့် မအိအိအောင်မှ ရှမ်းဘာသာပြန်နှင့်မေးမြန်းရန်ပြောရာ စသုံးလုံးမှ ၎င်းတို့တွင် ရှမ်းဘာသာပြန်မရှိကြောင်း ပြန်ပြောခဲ့ကြောင်းကို မအိအိအောင်၏ ပြောကြားချက်အရသိရသည်။
အဆိုပါ မနန်းဂိုဖန်း နာမည်နှင့် ၀ယ်ထားသော အိမ်ခြံမြေများမှာ ယခုအခါတွင် ကျပ်သိန်းသုံးသောင်းခန့်တန်ဖိုး
ရှိနေပြီး အဆိုပါ အိမ်ခြံမြေများကို Unity အိမ်ခြံမြေ အကျိုးဆောင်နှင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
 ကောင်းမြတ်ဖြိုး(မြစ်မခ)
နန်းဂိုဖန်း၏ ခင်ပွန်းဂျပန်လူမျိုးက နန်းဂိုဖန်းအား စစ်ဆေးခဲ့သူကို အထက်မှစစ်ဆေးပေးရန် တောင်းဆိုလျက်ရှိ နန်းဂိုဖန်း၏ ခင်ပွန်းဂျပန်လူမျိုးက နန်းဂိုဖန်းအား စစ်ဆေးခဲ့သူကို အထက်မှစစ်ဆေးပေးရန် တောင်းဆိုလျက်ရှိ Reviewed by သစ်ထူးလွင် on 10:08 Rating: 5

28 comments:

Anonymous said...

ဟုတ်ပါတယ်..ကိုသစ်ရေ...ဒီသတင်းကို..အဆက်မပြတ်သွားအောင် တင်ပေးပါလို့ တောင်းဆိုပါတယ်..ဗျာ

Shwe Mg said...

မြန်မာနိုင်ငံက ဒီမိုကရေစီနိုင်ငံမဟုတ်ဘူးလားတဲ့....မေးနေပြီ သမ္မတကြီးရေ...ဖြေပေးလိုက်အုံး...လူတစ်ယောက်ကို ၂ နာရီသာ အနားပေးပြီးစစ်တာ...လူ့အခွင့်ရေးချိုးဖောက်တာမဟုတ်ဘူးလားတဲ့....အော်...မြန်မာပြည်သူတွေသိတောင်မသိဘူး..လူ့အခွင့်ရေးဘာလဲဆိုတာ...

soecyclone said...

သေသေချာချာစီစစ်သင့်ပါတယ်....
အဖြေမှန်ရရန်အတွက်ယ....

Truth teller said...

ရက်စက်ပါဒီမိုကရေစီ ရေ .....ကိုသစ်ရေ တစ်ခုလောက်မေးခြင်လို့
ကျွန်တော်တို့နိုင်ငံမှာ ကာကွယ်ရေးဦးစီးချုပ်က၀န်ကြီး ထက်မြင့်နေတာလဲတစ်မျိုါ်းပဲနော်....

Toe Toe said...

နိုင်ငံခြားသားနဲ့လက်ထပ်ထားပြီး ပိုင်ဆိုင်မှုတွေကမတန်တဆဖြစ်နေတယ်လေ၊
စစစ တွေလဲခောတ်ဟောင်းဝန်ကြီးနဲ့အသိုင်းအ၀ိုင်းကိုမစစ်ရဲတော့ မြန်မာစကား
မပြောတတ်တဲ့တိုင်းရင်းသူကိုစစ်တာနေမှာပေါ့၊ဥပဒေနားလည်သူတွေဘာကြောင့်
စစ်တယ်ဆိုတာနားလည်မှာပါ၊မျက်စေ့မှိတ်ပြီးစွတ်အော်မနေကြပါနဲ့၊ပြုတ်ကျသေ
တဲ့အပိုင်းတော့မမြင်ရလို့ဘာမှမပြောချင်တော့ဘူး။လူသားခြင်းစာနာမှုအနေနဲ့
တော့ဝမ်းနည်းကြောင်းပြောလိုပါတယ်။

Anonymous said...

စစစ ကို ဘာဆက်လုပ်မလဲ ဘယ်လို စီရင်ဆုံးဖြတ်ချက်ချမလဲ သတင်းရလောက် ဆက်တင်ပေးပါ . . . ဒီသတင်းကို ဖတ်ရှု့ လေ့လာခြင်းဖြင့် မြန်မာပြည်သူတွေ ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးဆိုတာတွေကို နားလည်သင့်သလောက်နားလည်လာနိုင်မယ်လို့ ထင်တယ် . . .ဒါမှ နောက်နောင် ဒီလိုကိစ္စမျိုး ကြုံတွေ့ လာခဲ့ရင် ကိုယ့်ဘက်ကလဲ ဥပဒေ အကြောင်းနဲ့ ပြန်ပြောနိုင်မယ် . . တရားလို တစ်ယောက်က ကိုယ်မှားနေလား မှန်လားဆိုတာတောင် မဝေခွဲနိုင်လောက်အောင် ပညာပြတတ်ကြတာလဲ စစစ ပညာပဲမလား . . .

Kyaw Khant Zaw said...

စစ်မှန်သော ဒီမိုကရေစီ နိုင်ငံဆိုလျင် စစ်မှန်သောတရားရေးမဏ္ဍိုင် ရှိရမည်

Moe Su said...

ဒီပြဿနာရဲ့ အဓိကဇာတ်ကောင်တွေက အဲဒီနန်းအိုဖန်းရဲ့ ဦးသန်းညွှန့်ခေါင်းဆောင်တဲ့ရှေ့နေအဖွဲ့ပဲဖြစ်တယ်။ အဲဒီအဖွဲ့က နန်းအိုဖန်းကို အဲ့လမ်းကြောင်းပေါ်ကိုတင်ပေးလိုက်တာ။ DVB ကလာတဲ့သတင်းပေါ်အခြေံခံပြီးကြည့်ရတာ အဲဒီရှေ့နေအဖွဲ့ကပေါ်မှာစိုးလို့ အိအောင်က တွန်းချလိုက်သလိုပဲ စဉ်းစားလို့ရတယ် အလကားနေရင်းနဲ့ နိုင်ငံရေးအမြင်တွေ၊အဖွဲ့အစည်းကိုစော်ကားတာတွေမလုပ်
ကြပါနဲ့ နိုင်ငံတော်ကိုလည်း မပုတ်ခတ်ပါနဲ့ အဓိကကတော့ အဲဒီအကြောင်းတွေအားလုံးကိုသိတာ ရှေ့နေဦးသန်းညွှန့်နဲ့အိအိအောင်တို့အဖွဲ့ဖြစ်တယ်။အဲဒီအဖွဲ့ကို သေချာစစ်ဆေးပြီး သတင်းထုတ်ပေးပါ။အမှန်တရားပေါ်ပေါက်ပါစေ။

The Nature Myanmar said...

နောက်ကွယ်မှာရှိနေတဲ့ လျှို့ဝှက်ချက်များကိုလည်း သတိရှိကြစေလိုပါသည်။
ကျနော့်အနေဖြင့် အဓိကအချက်နှစ်ခုကို တစ်ပြိုင်နက်တွေ့နေရပါသည်။
၁။ ခွေးဘ၀ကနေ လူ့ဘ၀ကို ချက်ချင်းရောက်လာတော့ ခွေးစိတ်ဖျောက်မရသေးတာဖြစ်နိုင်တယ်။ ဥပမာနှိုင်းပြတာပါ။
၂။ ဒီအချက်က ကျနော်တို့ သတိလစ်တာနဲ့ တစ်မျိုးသားလုံး လူးလှိမ့်နေအောင် ခံရမယ့်အချက်...ဘာလဲဆိုတော့...
မြန်မာနိုင်ငံသားတွေကို တစ်နည်းနည်းနဲ့ အမည်ခံစေပြီး မြန်မာ့မြေကွက်တွေကို အလုအယက်ဝယ်နေကြတယ်...တချို့ သတိမထားမိကြဘူး...
- ကချင်ပြည်နယ်မှာ တိုင်းရင်းသား အမည်ခံပြီး ခြံတွေ တရုတ်တွေ ၀ယ်နေကြတယ်။
- ရှမ်းမြောက်မှာ ကျုပ်တို့လူမျိုးကဆင်းရဲတော့ မှတ်ပုံတင် မရှိ ဘာမရှိနဲ့ တရုပ်ကောင်တွေက ရှမ်းမတွေကို ပိုက်ဆံပေးဝယ်တယ် (ပိုက်ဆံနဲ့တင်တောင်းတယ်ပေါ့)။ ဒီမှာက ဈေးချိုတယ်တဲ့...ကျုပ်တို့အစိုးရကလည်း ကိုယ့်တိုင်းရင်းသားကြတော့ ပြန်မကြည့်ဘူး။ သူတို့မှာမှတ်ပုံတင် မရှိရှာဘူး...
- ရန်ကုန်မှာ ကိုးရီးယား၊ ဂျပန်တွေ မြန်မာတစ်ဦးဦးကို လစာပေး၊ ကိုယ်စားလှယ်ခန့်၊ ကော်မရှင်ပေးပြီး နေရာဦးနေကြတယ်။
- မင်္ဂလာတောင်ညွန့်မှာ မြန်မာတစ်ယောက်က ကိုးရီးယားနဲ့ ပေါင်းပြီး ရန်ကုန်မြေကွက်ပုံတွေကို ကွန်ပြူတာမှာသွင်းပြီး အွန်လိုင်းကနေ လက်ရှိ ပေါက်ဈေး၊ အလားအလာ၊ စက်မှုဇုံနှင့် ဆိပ်ကမ်း စတဲ့ အချက်တွေပို့ပြီး သိမ်းကျုံး ကြိုဝယ်နေကြတယ်...ဒါဟာ ကျနော့်အမြင်တော့...ဆင်းရဲတဲ့ လူအများစု အတွက် အလားအလာ မကေါင်းဘူးလို့မြင်မိတယ်...
ခွေးသူခိုးတွေရယ်၊ ကျနော်တို့ကြိုကါ မထားနိုင်တဲ့ အချက်တွေကို ကျနော်တို့ ဘယ်လိုဖြေရှင်းမလဲ...ဘာပဲပြောပြော ကျနော်တို့တစ်တွေ ကျောခြင်းကပ်ပြီး ရင်ဆိုင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်ခင်ဗျာ...
ကျနော် စိုးရိမ်မိတာ အဲဒီ့ အပေါ်ကနှစ်ချက်လုံးဘဲ...

ကိုကို said...

အာဏာရှင်စံနစ်.မပျောက်သေးပဲ.
ခုထိရှိနေတုံးပဲဆိုတာပြတာပဲ.
သမတကြီးရေ.ရှေ့ကဖုန်း.နောက်ကပေါ်တွေဖြစ်ကုန်ပီ.
ကလိမ်ကျစ်တွေ.ဆက်လုပ်နေဦးမယ်ဆိုရင်.
မြန်မာပြည်ကြီးဟာ..အာရပ်ကမ္ဘာလိုဖြစ်သွားလိမ့်မယ်.
သူ့ဟာသူပိုက်ဆံရှိလို့အိမ်ဝယ်တာ.စစစ နဲ့ဘာဆိုင်လို့လဲ.
ဆိုရှယ်လစ်စံနစ်လဲမဟုတ်တော့ဘူး.ဘာအကြာင်းတရားနဲ့မှ
မေးစရာမလိုဘူး..သူများလိုဝယ်ချင်ရင်.သူ့လိုငွေရှိအောင်လုပ်ပေါ့.
ဒါဟာ.အာဏာရှင်စံနစ်ရဲ့.အမူအကျင့်တွေပဲ.တစ်ကယ်ပဲ.
ဒီမိုကရေစီစံနစ်ကိုသုံးနေတယ်ဆိုရင်.ခုလိုလုပ်နေတဲ့.ကိစ္စတွေကို.
ဥပဒေပြဒါန်းပီး.အနိုင်ကျင့်ဗိုလ်ကျနေတဲ့.ဘာပညာမှမတတ်.လူ့အသိတရား
မရှိတဲ့.စ သုံးလုံးဆိုတဲ့ကောင်စုတ်တွေကို.အပြစ်ပေးသင့်ပါတယ်.
နောက်ထပ် ထပ်မဖြစ်အောင်.နမူနာအနေနဲ့.မှတ်လောက်သားလောက်အောင်
အပြစ်ပေးသင့်ပါတယ်.

mashwemya said...

တကယ်တော့ စစစ က အဲလိုမျိုး တွေ သမာတဲ့ နည်းနဲ့ရော မသမာတဲ့ နည်းနဲ့ေ၇ာ ပိုင်ဆိုင်မှုတွေ အဆမတန် ဖြစ်နေတဲ့ သူတွေ အများကြီးပဲနော်။ မြန်မာပြည် ဆင်းရဲတာ အဲဒါကြာင့်ဆိုတာ မသိသေးတာလား။ မစစ်ရဲ့လို့လားဟင်။ စစ်မယ်ဆိုရင် စစ်စရာလူတွေ ရှိနေတယ်ဆိုတာ ကိုသစ်နှင့်တကွသော သစ်ထူးလွင် ချစ်ပရိတ်သတ်တွေ အသိဆုံးပဲ မဟုတ်လား။

Unknown said...

စစစတို့ လို စစ်ဆေးေ၇းအဖွဲ့ တွေကလူထုအပေါ်ရုပ်ပိုင်းကောစိတ်ပိုင်းပါအနှောက်အယှက်ဖြစ်စေမဲ့ ..စစ်ဆေးနှိပစက်မှုတွေကို..ကာကွယ်ပေးမဲ့ ..တ၇ားမျှတသော..ဥပဒေများချမှတ်ပေးပါသမ္မတကြီး..ြ့ပည်သူလူထုအများအတွက်..စောင့် ရှောက်ပေးပါ။

ဒေါက်တာသေနက said...

ွမြန်မာနိုင်ငံရဲ့မြေကွက်တွေကို ဂျပန်ကောင်ကရှမ်းမကို နာမည်ခံခိုင်းပြီးလိုက်ဝယ်နေတာ
မြန်မာနိုင်ငံ ရန်ကုန်မြို့ရဲ့မြေကွက်တွေကို ဈေးကစားဖို့ နေမှာပေါ့၊
မန္တလေးက မြေကွက်တွေကို တရုတ်တွေက ဈေးကြီးကြီးနဲ့ဝယ်တယ် နောက်ပြီး ဗမာတွေကို ဈေးကြီးကြီးနဲ့ ပြန်အဌားချထားတယ်၊ဒီလိုမျိုး လုပ်ဖို့ ဂျပန်က ရှမ်းမ ငယ်ငယ်လေးကို ယူထားတာနေမှာပါ။ဂျပန်က လူလည်း၇တယ်၊မြေကွက်ကိုလည်း မြန်မာတိုင်းရင်းသူနာမည် နဲ့ ၀ယ်တော့ အခွန်လည်း အများကြိးဆောင်စရာမလိုဘူးလေ...ဒီလိုလုပ်တာဟာ တိုင်းပြည်ကို များစွာနစ်နာစေပါတယ်...လူတစ်ယောက်သေတာကိုပဲ ပုံကြီးချဲနေရင် သူတို့ နောက်ကွယ်က လုပ်ကွက်တွေကို မြင်တော့မှာမဟုတ်ဘူး

ရှမ်းတောင်ကြီးသား said...

ရန်ကုန်မြို့လယ်ခေါင် စစစ ရုံးမှာ ရှမ်းတိုင်းရင်းသူတယောက် လူ့အခွင့်အရေး ချိုးဖောက်ခံရ ရုံမက အသက်ပါ ဆုံးရှူံး ခဲ့ရတဲ့ဖြစ်ရပ် အတွက် ရှမ်းလူမျိုး တယောက်အနေ နှင့် အထူး တုန်လှူပ် ခြောက်ခြားရပါတယ်။အသက်ပါ ဆုံးရှူံး ခဲ့ရတဲ့ဖြစ်ရပ် အတွက် လူမျိုးရေးအရ နိုင်ထက်စီးနင်း နှိပ်ကွပ်ခံရတယ် လို့ခံစားရပါတယ်။ စစစ ရုံးကိုအထူးကန့်ကွက်ရှူပ်ချပါတယ်။ယခုဖြစ်ရပ်ကို အဖွဲ့ အစည်း အသီးသီးသို့ အသိပေးအပ်ပါသည်။
၁.မြန်မာလူ့အခွင့်အရေးအထူးကိုယ်စားလှယ် Thomas Kantana
၂.ILO
၃.သမတကြီး ဦးသိန်းစိန်
၎.ဒုသမတ စိုင်းမောက်ခမ်း
၅.တင်အောင်မြင့်ဦး
၆.ရွှေမန်း
၇.ပြည်ထဲရေးဝန်ကြီး
၈.ရန်ကုန်တိုင်းဒေသဝန်ကြီးချုပ်
၉.SNLD
၁၀.ကျားဖြူပါတီ
၁၁.ရှမ်းပြည်တပ်မတော် တောင်ပိုင်း
၁၂.ရှမ်းပြည်တပ်မတော်မြောက်ပိုင်း
၁၃.ရှမ်းပြည်ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ် -အထက်။ အောက်
၁၄.NLD

yarzar said...

ဂျပန်ကစီးပွားရေးအရပဲဝယ်ထားထားဘာကြောင့်ဝယ်ထားထားသူ့ပိုက်ဆံနဲ့သူမိန်းမနံမယ်နဲ့တရားဝင်ဝယ်ထားတာပါ
.နိုင်ငံတော်ပိုင်ငွေတွေကိုအလွဲသုးံစားလုပ်ထားတာမဟုတ်ပါ
ဘူးစသုံးလုးံကသိပ်စစ်ချင်ရင်ဘယ်ကရမှန်းမသိ
တဲ့ငွေတွေနဲ့သိန်းသောင်းပေါင်းများစွာတန်တဲ့အိမ်ခြံတွေ
ပိုင်နေတဲ့အကောင်ကြီးကြီးတွေတရုတ်တွေကိုသွားစစ်ပါလား
.ခုအမှုကကောင်မလေးကြောက်တတ်မှန်းသိလို့
တရားလိုကနေတရားခံဖြစ်အောင်ခြိမ်းခြောက်ပြီးသူတို့အတွက်
ဂွင်ရှာတာပါ.တရားခံလို့မပြောနိုင်သေးတဲ့လူတယောက်ကိုနေ့
မအိပ်ညမအိပ်စိတ်ဖိစီးမှုဖြစ်အောင်လုပ်ပြီးစစ်တာလူ့အခွင့်အ
ရေးချိုးဖေါက်တာပါ.ဒီလိုစိတ်ဓါတ်တွေနဲ့ဒီမိုကရေစီတော်တော်
ဝေးပါသေးတယ်.အမှုမှန်မပေါ်ပေါ်အောင်ဆက်လိုက်စေချင်ပါတယ်.ဒါမှနောက်ပိုင်းအဲဒိလိုအနိုင်ကျင့်ခံရမှုတွေနည်းသွားမှာပါ
ကျမအထင်ကောင်မလေးစိတ်ဖိစီးမှုဒဏ်ကြောင့်ခုန်ချသွားတာ
ပါ..သူ့အနားမှာအစောင့်၂ယောက်အမြဲရှိတယ်ဆို.သူတို့ဘာ
လုပ်နေကြလဲ.နောက်သူတို့ငိုနေတယ်လို့လဲရှေ့နေမကပြောတ
ယ်.မတော်တဆပြုတ်ကျရင်ဘယ်သူမဆိုချက်ချင်းအောက်ကို
ဆင်းပြီးပြေးကြည့်မှာပဲ.ထိုင်ငိုနေမှာမဟုတ်ပါဘူး.ရှေ့နေဦးသန်း
ညွန့်အဖွဲ့ကလမ်းကြောင်းပေါ်တင်ပြီးအိအိအောင်ကတွန်းချတာဆို၇င်စသုံးလုံးကပြသနာအရှုပ်ခံပြီးဘာလို့ခေါ်စစ်နေသေးလဲ.
သူတို့ဘာသာဒိပြင်နေရာမှာဒိပြင်နည်းနဲ့ရှင်းလို့မရတော့ဘူး
လား.ခုသေတာကစသုံးလုံးပိုင်နက်သူတို့လူ၂ယောက်
မျက်စေ့အောက်မှာနော်.စသုံးလုံးနဲ့မဆိုင်ဘူးလို့ဆင်ခြေပေး
မယ်ဆိုရင်လည်း.ခေါင်းလေးသုံးပြီးဆင်ခြေပေးတာကောင်းပါ
လိမ့်မယ်.
တာကောင်းပါတယ်.

Anonymous said...

နန်းဝိုးဖန်က ဘာလို့ဂျပန်ရဲ့ဇနီးဖြစ်နေရတာလည်း? နန်းဝိုးဖန်လိုစိတ်နဲ့လူမျိုးတွေ
များနေရင်တော့ လူမျိုးပျောက်မှာ စိုးေုကာက်မိပါရဲ့။

aung naing said...

ဒါစစစလက်ထဲမှာဖြစ်တာဆိုတော့စစစမှာဘဲတာဝန်ရှိပါတယ်။

ဗိုလ်ဖြူ said...

ဒီကစ္စနဲ့ပါတ်သက်ပြီး ကျွန်တော် တခုပြောပါရစေ..အသက် ၁၉ နှစ်ဘဲရှိသေးတဲ့ဒီ မိန်းကလေးက ကျပ်သိန်းသုံးသောင်း တန်ဖိုးရှိတဲ့မြေကွက်တွေကို ပိုင်ဆိုင်နေတာတွေကို လွယ်လွယ်နဲ့စဉ်စားကြည့်ရင် ၁။ဒီရှမ်းအမျိုးသမီးလေးဟာ နှိင်ငံခြားသားနှင့်ရှမ်းရိုးရာအတိုင်သာလက်ထက်ထားခြင်း။ ၂။သူ့အနေနဲ့ပိုင်ဆိုင်မှု့ငွေဖြူဘယ်လိုပြရမလဲ။ ဆိုတာကို ရှေ့နေအဖွဲ့အနေနဲ့ ကို့ကိုအလုပ်အပ်တဲ့လူတစ်ယောက်ရဲ့အခြေအနေတွေကို လေးလ အတိုင်းအတာထိအတူနေပြီးမသိရှိဘဲ အလုပ်ရှင်နှစ်နာမှု့ကိုဆွေးနွှေးတင်ပြခြင်းမရှိ အခုလိုအဖြစ်အပျက်များပေါ်ပေါက်လာတဲ့အခါ ရှေ့နေအဖွှဲ့တွင်တာဝန်များစွာရှိနေပါသည်ဟုထင်မြင်ပါသည်။

Aung San Win said...

ဂျပန်က ရှမ်းမယူပြီး သူ့အမည်နဲ့ မြေကွက်ဝယ်ပေးတာ ပြဿနာဆိုရင် တရုတ်စစ်စစ် နိုင်ငံခြားသားစစ်စစ်တွေကို မြန်မာပြည်မှာနေထိုင်ခွင့်ပေး စီးပွားရေးလုပ်ခွင့်ပေး နိုင်ငံသားစိစစ်ရေးမှတ်ပုံတင်ထုတ်ပေးတဲ့ ဌာနတွေ ၀န်ထမ်းတွေကိုရော ဘယ်လို စစ်ဆေး အရေးယူကြမလဲ။

lwannaymie said...

သမ္မတကြီးရေ....တိုးတိုးတိတ်တိတ်(စစစ)ကို...သတိပေးရုံဘဲလားဟင်။
ပြည်သူတွေကိုကယ်မှာလားဟင်။ စစ်ဆေးလို့ရတယ်...ဒါပေမဲ့....
(ဘိန်းဖြူမဟုတ်ဘူး၊လက်နက်မဟုတ်ဘူး၊နိုင်ငံရေးမဟုတ်ဘူး၊)...ဒီလောက်စစ်ဆေးဖို့မလိုဘူး၊စကားပြန်ထားပေးရမယ်။

Aung Soe Oo said...

ကျွန်တော်တို့မြန်မာနိုင်ငံမှာဒီလိုမျိုး အမှုတခုဖြစ်လို့စစ်ဆေးရင်းသေသွားတဲ့အမှုတွေအများကြီးအမှုတွေအများကြီးရှိခဲ့ဘူးတယ် စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံဖြစ်အောင်အကောင်အထည်မဖေါ်နိုင်သေးသရွေ့ဒီလိုဖြစ်စဉ်တွေဆက်လက်ဖြစ်ပေါ်နေအုံးမှာပါ မြန်မာနိုင်ငံမှာလူ့အခွင့်အရေးချိုးဖေါက်မှုတွေအများကြီးပါ ဒါတွေကိုပြည်သူတရပ်လုံးဝိုင်းသန်းတိုက်ပွဲဝင်မှအောင်နိုင်လိမ့်မယ်လို့ယုံကြည်ကြပါ...

ခင်မျိုးချစ် said...

ဒီအမှုက စသုံးလုံးတွေ ဘော်ချက်ဖို့လုပ်ရင်း အိုးမှောက်သွားတဲ့ ဇာတ်လမ်းပေါ့။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကြောက်တတ်သူ မိန်းကလေးငယ်တစ်ဦး အချိန်မတန်ခင်သေဆုံးသွားရတာ တာဝန်သိသူ တာဝန်ရှိသူတွေ တာဝန်ယူပေးကြပါ။

ရှမ်းမလေး- အသက်က ၁၉ နှစ် - မြန်မာစကားတောင် မတတ်တဲ့ အရမ်းကြောက်တတ်တယ်ဆိုတဲ့ သတင်းထဲက အချက်တွေအရ မြန်မာစကားမတတ်ပေမယ့်လည်း နိုင်ငံခြား သားတစ်ဦးကို လက်ထပ်ရဲတဲ့ သတ္တိတော့ရှိသားနော်လို့ တွေးမိပါတယ်။ မြန်မာပြည်က မြန်မာတိုင်းရင်းသူတစ်ဦးက မြန်မာစကားက တတ်အောင်မကြိုး စားခဲ့ပဲ နိုင်ငံခြားသားနဲ့ communicate လုပ်ပြီး လက်ထပ် နိုင်လောက်တဲ့အထိ နိုင်ငံခြားဘာသာစကားတစ်ခု ကို တတ်နေတာတော့ အံ့သြမိပါတယ်။ သတင်း ဖတ်သူ အမျိုးမျိုး မှတ်ချက် အထွေထွေပေါ့လေ ...

Oo lay Gyi said...

သေသွားတဲ့ ကောင်မလေးကိုစစ်တာဘာကြောင့်စစ်တာလဲ
မြေ၀ယ်တာကို...........စစ်တာလား
သူကနိုင်ငံခြားသားက၀ယ်ခိုင်းပြီးငွေကစားတာလား..........
ဒိနိုင်ငံခြားသားနဲ့ပတ်သက်နေတော့ စစစ စစ်တာမှန်တယ်.....ဒါပေမဲ့
စစ်ပုံမှန်လားတော့မသိဘူး.................
မသိနှိုင်တာတွေအများကြီးပဲ..............

Oo lay Gyi said...

အဓိကကတော့နိုင်ငံခြားသားနဲ့လက်ထက်ခဲ့တာကြောင့်စစ်ခံရတာလို့ထငိပါတယ်

sky light said...

စစစ ရဲ့ပိုင်နက်ထဲမှာဖြစ်ပြီး သူခေါ်စစ်နေတဲ့အချိန်မှာဖြစ်တာမို့ စစစ မှာတာဝန်အရှိဆုံးပါ...

Anonymous said...

တဒင်္ဂ စိတ်ကျရောဂါ တုံ့ပြန်မှု အပြင်းစား(panic attack)ရပြီး သေကြောင်းကြံစည်တာလို့ စိတ်ပညာရှုထောင့်က ယူဆနိုင်ပါတယ်။ သူ့ရဲ့ပိုင်ဆိုင်မှုတွေက ငယ်ရွယ်၊ ရင့်ကျက်မှုအားနည်းသေးတဲ့ သူ့ကို နေ့ပေါင်းများစွာ စိတ်ပိုင်းဆိုင်ရာ ကြီးမားတဲ့ ဖိအားတစ်ခုအဖြစ် သက်ရောက်စေခဲ့မှာ။ စိတ်ချလက်ချ မအိပ်နိုင်တဲ့ ညများစွာက သူ့ကိုစိတ်ကျရောဂါ ဖြစ်စေနိုင်တဲ့ အချက်တစ်ချက်ပါ။ ဒီကြားထဲ စစစ က တရက်မှ ၂ နာရီလောက်ပေးနားပြီး ၃-၄ရက်စစ်တော့ အကြောက်လွန်ပြီး ပြင်းထန်တဲ့ ရုတ်တရက်စိတ်ကျတုံပြန်မှု က သူ့ကို သေကြောင်းကြံစီခဲ့တာပဲ။ သူ့ရှေ့နေ မအိအိအောင်ပြောစကားအရ နန်းဝိုဖန်းဟာ မအိပ်ပဲ အသံတွေကြားလို့ဆိုပြီး ငုတ်တုတ်ထိုင်နေတယ်လို့သိရတယ်။ ဒါဟာ စိတ်ကျလက္ခဏာ စကီဇိုဖရေးနီးယားတစ်မျိုးပါ။ ဒီလို စိတ် ဝေဒနာ ခံစားနေရသူတွေဟာ နားထဲမှာ တစ်ယောက်ယောက်က သူ့ကို ၀ိုင်းပြီးခုန်ချဖို့ မဖြစ်မနေ၊ မရမက တိုက်တွန်းနေတယ်.. ဖိအားပေးနေတယ်လို့ နားထဲမှာ အဆက်မပြတ် ကြားနေတတ်တယ်။ အဲဒီဒဏ်ကို လူနာက သည်းငြီးမခံနိုင်တဲ့အဆုံး သတ်သေတတ်ပါတယ်။
လူကို စိတ်ဓာတ်မကျ၊ ကျအောင် နည်းမျိုးစုံသုံးပြီး စိတ်ပိုင်းဆိုင်ရာ ဖိအားပေး စစ်ဆေးရတဲ့စနစ်ရဲ့ သားကောင် ဖြစ်သွားရရှာတယ်လို့ မြင်တယ်။
ကျွန်တော့ အထင်အမြင်.. အယူအဆ သက်သက်ပါ။

choco said...

ကောင်မလေးကို သနားစိတ်နဲ့ အရင် အစိုးရကို မုန်းတီးစိတ်ကို ခဏလေးဖယ်ပြီး ပြဿနာ အတိုင်းပဲ စဉ်းစားကြည့်မယ် ဆိုရင် ခုလိုနိုင်ငံခြားသားတစ်ယောက်က မသိနားမလည်တဲ့ မိန်းခလေးကို ခုတုံးလုပ် ပြီး မြေတွေဝယ်ယူတာ အခွန်ကင်းလွတ်ချင်လို့ပါ အဲ့အခွန်ငွေက ပြည်သူလူ ထုပိုက်ဆံတွေ ပြည်သူပိုင်တွေ မဟုတ်ဖူးလား?? စစစ ကစစ်ဆေးတယ်ဆို တာ တာဝန်အရပြည်သူ့ငွေတွေကို နေရာတကျဖြစ်ဖို့ပါ ဒါပေမဲ့ စစ်ပုံစစ်နည်း တရားနည်းလမ်းကျတယ် မကျဘူးတော့ မသိပါဘူး၊ မိန်းခလေး က နေမကောင်းဘူး ခေါင်းမူးနေတာ ဖြစ်တဲ့အတွက် အန်လိုက်တော့ လွန်ပြီးပြုတ်ကျ သွားတာလဲ ဖြစ်နိုင်ပါတယ်၊ တကယ်တန်း ကောင်မလေးက စစ်ဆေးတာ မခံနိုင်ရင် အမှန်အတိုင်းပြောလိုက်လို့ မရဘူးလား သူက သိရဲ့နဲ့ မသိချင်ယောင်ဆောင်ပြီးဖုံးကွယ်ထားတာလား?? ကောင်မလေးက မြန်မာစကား ကောင်းကောင်းမပြောတတ်ဖူး ဆိုရင် ဂျပန်နဲ့ ဘာစကားပြော ပြီး မိန်းမအဖြစ်ခံယူနေပါသလဲ??? တိုင်းရင်းသားတွေက မြန်မာတွေထက် အမျိုးစွဲပိုများပါတယ်.. ကိုယ့်တိုင်းရင်းသားမဟုတ်ပဲ ဗမာနဲ့တောင်လက်ထပ် ဖို့ ခွင့်မပြုကြပါဘူး.. အဲ့အချက်ကို ကြည့်ခြင်းအားဖြင့် လိမ်ပြီးလက်ထပ်ထား တာသေချာသလောက်ပါပဲ. . သေချာပြန်စဉ်းစားရင် ကိုယ့်တိုင်းပြည်ကို ချစ်မြတ်နိုးတာမှန်ရင် ကိုယ့်တိုင်းပြည်ထဲက သယံဇာတနဲ့ ပြည်သု့ငွေတွေကို လူတိုင်း ထိန်းသိမ်းစောင့်ရှောက်ရမယ် ဆိုတာ ပေါ်လွင်နေပါတယ်. အစိုးရ ကို သာပြည်သူငွေ အလွဲသုံးစားလုပ်လို့ ဆဲကြဆိုကြနဲ့ ပြည်သူတွေကိုယ်တိုင် အလွဲသုံးစားမလုပ်မိဖို့ လိုပါတယ်.. ခုလိုအဖြစ်မျိုးနဲ့လုပ်ခဲ့မိရင်လဲ ဒါက အစိုးရ အလွဲသုံးစားမှု့လုပ်တာနဲ့ တူတူပါပဲ။ နမူနာပြလိုက်သလိုပါပဲ။ နိုင်ငံကိုသိပ်ချစ် နေကြတဲ့ မျိုးချစ်ပုဂ္ဂိုလ်များ သေချာစဉ်းစားတော်မူကြပါ။

choco said...

ကောင်မလေးကို သနားစိတ်နဲ့ အရင် အစိုးရကို မုန်းတီးစိတ်ကို ခဏလေးဖယ်ပြီး ပြဿနာ အတိုင်းပဲ စဉ်းစားကြည့်မယ် ဆိုရင် ခုလိုနိုင်ငံခြားသားတစ်ယောက်က မသိနားမလည်တဲ့ မိန်းခလေးကို ခုတုံးလုပ် ပြီး မြေတွေဝယ်ယူတာ အခွန်ကင်းလွတ်ချင်လို့ပါ အဲ့အခွန်ငွေက ပြည်သူလူ ထုပိုက်ဆံတွေ ပြည်သူပိုင်တွေ မဟုတ်ဖူးလား?? စစစ ကစစ်ဆေးတယ်ဆို တာ တာဝန်အရပြည်သူ့ငွေတွေကို နေရာတကျဖြစ်ဖို့ပါ ဒါပေမဲ့ စစ်ပုံစစ်နည်း တရားနည်းလမ်းကျတယ် မကျဘူးတော့ မသိပါဘူး၊ မိန်းခလေး က နေမကောင်းဘူး ခေါင်းမူးနေတာ ဖြစ်တဲ့အတွက် အန်လိုက်တော့ လွန်ပြီးပြုတ်ကျ သွားတာလဲ ဖြစ်နိုင်ပါတယ်၊ တကယ်တန်း ကောင်မလေးက စစ်ဆေးတာ မခံနိုင်ရင် အမှန်အတိုင်းပြောလိုက်လို့ မရဘူးလား သူက သိရဲ့နဲ့ မသိချင်ယောင်ဆောင်ပြီးဖုံးကွယ်ထားတာလား?? ကောင်မလေးက မြန်မာစကား ကောင်းကောင်းမပြောတတ်ဖူး ဆိုရင် ဂျပန်နဲ့ ဘာစကားပြော ပြီး မိန်းမအဖြစ်ခံယူနေပါသလဲ??? တိုင်းရင်းသားတွေက မြန်မာတွေထက် အမျိုးစွဲပိုများပါတယ်.. ကိုယ့်တိုင်းရင်းသားမဟုတ်ပဲ ဗမာနဲ့တောင်လက်ထပ် ဖို့ ခွင့်မပြုကြပါဘူး.. အဲ့အချက်ကို ကြည့်ခြင်းအားဖြင့် လိမ်ပြီးလက်ထပ်ထား တာသေချာသလောက်ပါပဲ. . သေချာပြန်စဉ်းစားရင် ကိုယ့်တိုင်းပြည်ကို ချစ်မြတ်နိုးတာမှန်ရင် ကိုယ့်တိုင်းပြည်ထဲက သယံဇာတနဲ့ ပြည်သု့ငွေတွေကို လူတိုင်း ထိန်းသိမ်းစောင့်ရှောက်ရမယ် ဆိုတာ ပေါ်လွင်နေပါတယ်. အစိုးရ ကို သာပြည်သူငွေ အလွဲသုံးစားလုပ်လို့ ဆဲကြဆိုကြနဲ့ ပြည်သူတွေကိုယ်တိုင် အလွဲသုံးစားမလုပ်မိဖို့ လိုပါတယ်.. ခုလိုအဖြစ်မျိုးနဲ့လုပ်ခဲ့မိရင်လဲ ဒါက အစိုးရ အလွဲသုံးစားမှု့လုပ်တာနဲ့ တူတူပါပဲ။ နမူနာပြလိုက်သလိုပါပဲ။ နိုင်ငံကိုသိပ်ချစ် နေကြတဲ့ မျိုးချစ်ပုဂ္ဂိုလ်များ သေချာစဉ်းစားတော်မူကြပါ။

Powered by Blogger.