လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည့် မကွေးတိုင်းစည်းရုံးရေးခရီးသွားမည်
Soe Than Win/AFP/Getty Images
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မတ်လ ၁၃ ရက်နေ့  အင်္ဂါနေ့ မှာ မကွေးတိုင်း ကို ပါတီစည်းရုံးရေးခရီးစဉ် သွားရောက်ဖို့ ရှိကြောင်းသိရပါတယ်။ တောင်တွင်းကြီးမြို့ ကို အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် လာရောက်ဟောပြောမှာဖြစ်ကြောင်းကိုတော့
 တောင်တွင်းကြီး NLD အဖွဲ့ ဝင်များ ထံမှ သိရပါတယ်။  
 မှာ ဖြစ်ပါတယ်။
မတ်လ ၁၃ ရက် (၁၃-၃-၂၀၁၂) အင်္ဂါနေ့  နေ့လည် ၁၂း၀၀ နာရီ ကနေ ၃း၀၀ နာရီ ကြားမှာ 
လူထုဟောပြောပြုလုပ်သွားမှာဖြစ်ကြောင်းသိရပါတယ်။
ဒါအပြင် မတ်လ ၁၄ ရက်နေ့ မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ဟာ မကွေးမြို့
ကိုလည်း သွားရောက်ဖို့ ရှိပါတယ်။
သိရပါတယ်။
Myanmar News Now
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည့် မကွေးတိုင်းစည်းရုံးရေးခရီးသွားမည် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည့် မကွေးတိုင်းစည်းရုံးရေးခရီးသွားမည် Reviewed by သစ်ထူးလွင် on 08:29 Rating: 5
7 comments:
datha said...
မကွေးကို မတ် 14 ရက်နေ့ စည်းရုံးရေးဆင်းမည်ဟု
ကိုမင်းကိုနိုင် မှ ပြောကြား သွားပါသည်
unknown said...
အမေစုလာတာကောင်းပါတယ်။မကွေးကစီးပွားရေးသမားငကြောက်တွေကိုသတိ
ရှိအောင်လုပ်ပေးလိုက်ပါဦးဗျာ။(တချို့တစ်ဝက်ကိုပြောတာပါ)
myolay793 said...
အမေစု ...
အရာအားလုံး ဖြတ်ကျော်နိုင်ပါစေ...
အားလုံးအတွက် ကျေးဇူးတင်ပါတယ် ....
kozawkhin said...
အမေတောင်တွင်းကြီးကိုလာမယ်ဆိုလို့တောင်တွင်းကြီးသားတယောက်အနေနဲ့အထူးပင်ဝမ်းသာမိပါတယ်။အမေစုကိုစိတ်၂ပါးချမ်းမြေ့ပါစေလို့ဆုမွန်တောင်းလျက်ပါ။
ကျော်ထိုက် said...
အမေစု....အဖေ့ ရဲ့ မွေးရပ်ဇာတိ ကို သွားရာ လမ်း တလျှောက် စိတ်ဧ။် ချမ်းသာခြင်း ကိုယ် ဧ။် ကျန်းမာခြင်း ဖြင့် ပြည့်စုံပါစေလို့ ဆုတောင်းပါတယ်..
kokomaung said...
အမေစုခင်ဗျား
ကျွန်တောင်တို့ မကွေးတိုင်း မကွေးမြို့နယ် ကို လာဖြစ်အောင် လာစေချင်ပါတယ်။ ကျွန်တော်တို့ဆီမှာ လိုအပ်ချက်တွေရှိနေတယ်လို့ယူဆ မိလို့ပါ။ အမေစုကျန်းမာရေး နဲ့လုံခြုံရေး ကိုအထူးဂရုပြူစေချင်ပါတယ်။
နေမင်းသွေး said...
မကွေးကိုသွားမယ်ဆိုတာကြားထားပါတယ် ..
အခုတော့သေချာသွားတာပေါ့နော်..
သိပ့်ကောင်းပါတယ် ကျွန်တော်တို့မြို့နယ်ကိုမရောက်တာတော့ ဝမ်းနည်းပါတယ်ဗျာ ကျွန်တော်တို့ရွာကို မလာနိုင်တာလည်း ဝမ်းနည်းတာပဲ မြန်မာပြည်သူလူထုက အမေစုကို အားလုံးချစ်လို့ အားလုံးက မျှော်လင့်နေတာပါ
Powered by Blogger.