သီလ၀ါဆိပ်ကမ်းမီးလောင်မှု သစ်တန် ၇၀၀၀ ဆုံးရှုံး

သစ်လုံးများ မီးလောင်ကျွမ်းနေစဉ်
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် သီလ၀ါ ဆိပ်ကမ်းရှိ သစ်လုံးများ ထားရာ နေရာမှာ မတ် ၂၆ ရက်နေ့က မွန်းလွဲ ၂ နာရီက မီးလောင်မှု ဖြစ်ပွားခဲ့ပြီး မတ် ၂၇ရက် မနက်ပိုင်းမှ မီးငြိမ်းသွားတယ်လို့ ဗဟိုမီးသတ်ဦးစီးဌာနက ပြောပါတယ်။

မီး စတင် လောင်ကျွမ်းပုံနဲ့ ပတ်သက်ပြီး ဗဟို မီးသတ်ဦးစီးဌာနက တာဝန်ကျ မီးသပ် တပ်သား တဦးက ခုလို ပြောပြ ပါတယ်။

“စလောင်တာတော့ ၂၄၊ ၂၅ မှာစလောင်တယ်။ မီးထိန်းတာတော့ ၂၆ ရက်နေ့ ည ၁၂ နာရီမှာ မီးထိန်းနိုင်သွားတယ်။ ၂၇ ရက်နေ့ မနက် ၆ နာရီအချိန်မှာ မီးငြိမ်းသွားပါတယ်။ လမ်းသွားလမ်းလာ တဦးက ကိုင်းတောထဲကို ဆေးလိပ်တို ပစ်ချလိုက်တာကနေ ကိုင်းတောက တဆင့် သစ်လုံးတွေကို မီးလောင်သွားတာပါ။”

မီးလောင်မှု စတင် ဖြစ်ပွားသော နေရာမှာ သီလ၀ါဆိပ်ကမ်းရှိ ထူးကုမ္ပဏီနှင့် CIFG ကုမ္ပဏီပိုင် သစ်တွေ မီးလောင်ကျွမ်းခဲ့ပြီး သစ်တန်ချိန် ၇၀၀၀ မီးလောင်ပျက်စီးခဲ့တယ်လို့ မီးသတ်အရာရှိက ဒီဗွီဘီကို ပြောပါတယ်။

မီးလောင်မှုဖြစ်စဉ် အတွင်း  မီးသတ်တပ်ဖွဲ့ဝင် တချို့ မီးခိုးငွေ့တွေကြောင့် မူးလဲမှုတွေ ရှိခဲ့ပေမယ့် အခြား ထိခိုက်ဒဏ်ရာရရှိ သေဆုံးမှု မရှိဘူးလို့ ရန်ကုန်တိုင်း ဗဟိုမီးသတ်ဦးစီးဌာနက တာဝန်ကျ အရာရှိတဦးက ပြောဆိုသွားပါတယ်။
ဒီဗွီဘီ
သီလ၀ါဆိပ်ကမ်းမီးလောင်မှု သစ်တန် ၇၀၀၀ ဆုံးရှုံး သီလ၀ါဆိပ်ကမ်းမီးလောင်မှု သစ်တန် ၇၀၀၀ ဆုံးရှုံး Reviewed by သစ်ထူးလွင် on 04:32 Rating: 5

9 comments:

kogyikyaw said...

လမ်းသွားလမ်းလာတဦးကကိုင်းတောထဲကို ဆေးလိပ်တို ပစ်ချလိုက်တာကနေ ကိုင်းတောက တဆင့် သစ်လုံးတွေကိုမီးလောင်သွားတာပါ။”
...ဆိုတော့ကြည့်ရတာသစ်လုံးတွေကငါးမူးလုံး.၊ကျပ်လုံးလောက်အရွယ်လေးတွေနဲ့တူတယ်.။
၂၄၊ ၂၅ မှာစလောင်ပြီး ၂၇ရက်နေ့မှငြိမ်းတယ်ဆိုတော့ မီးသတ်ကငြှိမ်းလို့ငြိမ်းတာလား.?? လောင်စရာကုန်လို့ငြိမ်းတာလား..??

ZAWAUNG said...

သစ်တန်ရ၀၀၀ဆိုတော့ တစ်တန်ကိုအရင်းဈေး
ဒေါ်လာ ၃၀၀၀လောက်နဲ့မြောက်
၃၀၀၀x၇၀၀၀=၂၁၀၀၀၀၀၀ ဒေါ်လာ..
အမေရိကန်ဒေါ်လာ သန်း ၂၁၀ဖို့း..ကုန်သွားပြီ..
ဒါတွေ ကိုခိုးထုတ်လာတဲ့ တေဇ စင်္ကာပူမှာ စိတ်ညစ်လို့ နိုက်ကလပ်မှာ
smallတွေနဲ့ ညလုံးပေါက် ပျော်ပါးလိုက်တယ်လို့ကြားတယ်..
အဲလောက်တန်ဖိုးရှိတဲ့ ဟာတွေကိုတရားဝင်ခိုးထုတ်နေတာ နိုင်ငံတော်ဝင်ငွေ
အခွန် ဘယ်လောက်ရလိုက်လဲ..လွတ်တော်က လူကြီးတွေသိပါလေစ..

supergunner said...

ခေတ်မှီမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဖြစ်လာဘို့ အစိုးရမှာတာဝန်ရှိပါတယ်.

National said...

လမ်းသွားလမ်းလာ တဦးက ကိုင်းတောထဲကို ဆေးလိပ်တို ပစ်ချလိုက်တာကနေ ကိုင်းတောက တဆင့် သစ်လုံးတွေကို မီးလောင်သွားတာပါ။”
ဆေးလိပ်တို ပစ်ချထားတဲ့ သဲလွန်စ တွေ့လို့လား? သက်သာရာ သက်သာကြောင်း ပြောနေတာလား? ချက်ချင်းပြောနိုင်တယ်ဆိုရင်တော့ ပြောတဲ့သူဘဲချလိုက်တာလား? အဲဒီသစ်တွေ နိုင်ငံခြားမပိုံဘဲ ကျွန်တော်တို့အတွက်အိမ်ဆောက်ပေးလို့မဖြစ်ဘူးလား။
ပြည်တွင်းဖြစ်ကို အားပေးပါ ဆိုလို့ပါ။ နိုင်ငံခြားကသွင်းလာတဲ့ ပစ္စည်းတွေနဲ့ မသုံးချင်လို့ပါ။

naughty girl said...

ဘယ်လို နည်းနဲ့ဖြစ်ဖြစ်ပါ.သီလ၀ါမီးလောင်တယ်လို့  လူတွေကိုပြောပြတော့အားလုံးက စိတ်ပူကြတယ်။ တချို့ကလဲကားတွေရှိတယ် လို့ စိတ်ပူတယ်။နောက် ကားဘက်ကမဟုတ်ဘူး။ ထူးသစ်တွေလောင်တာဆိုတော့။ အားလုံး က တိုင်ပင်ထားတာမဟုတ်ဘူးနော်။လောင်ပါစေတဲ့။ ကဲ လူတွေဘယ်လောက် အမြင်ကပ်နေကြလဲကြည့်တော့။ မီးလောင်တဲ့ကိစ္စတောင် စိတ်မကောင်းမဖြစ်ကြတော့ဘူး။

mashwemya said...

တကယ်ပဲလား... လမ်းသွားလမ်းလာတစ်ဦးက ကိုင်းတောထဲကို ဆေးလိပ်တို ပစ်ချရာကနေ ကိုင်းတောကတဆင့် မီးလောင်သွားတယ်ဆိုတာ တကယ်ပဲလား။ ကိုင်းတော လောင်နေတုန်းက မီးသတ်ကားတွေ မလာသေးဘူးလား။ သစ်လုံးတွေက မီးဆွဲလွယ်တယ်နော် ဓာတ်ဆီ လောင်းထားသလိုပဲ။ ကြာလာရင် သတင်းယူတဲ့သူတွေလည်း စိတ်ညစ်ပြီး ယူချင်မှာ မဟုတ်တော့ဝူး။ ယုတ်တ္တိမရှိတဲ့ သတင်းတွေပေါ့.

252525 said...

တန်ချိန်7000ကျော်ပါသွားတာနှမျောဖို့အရမ်းကောင်းတယ်...ဒီအပင်တွေဖြစ်ဖို့ဆိုတာနှစ်ပေါင်းဆယ်နဲံ့ရာချီကြာတယ်..သစ်ပင်ကြီးတွေထူးကုမ္ပဏီနှင့် CIFG ကုမ္ပဏီလက်ထဲမေ၇ာက်အောင်ထိန်းသိမ်းဖို့လိုအပ်တယ်.

tertee said...

ဟုတ် မယ်ဟုတ်မယ်
မီးလောင်ပြင်ထဲမှာ ဆေးလိပ်တိုလေးတွေ.တယ်

mgmg said...

သစ်တန် 7000 လုံးကုန်အောင် မီးရှို့ နိုင်တာ နည်းတဲ့အရည်အချင်းမှတ်လို့..... ချီးကျူးတယ်ဗျာ.... တော်လိုက်တာ.......
ဒီသစ်တွေ ဘယ်သူပိုင်တာလဲ? ဘယ်လိုပိုင်တာလဲ? ၊ စိတ်ဝင်စားဖို့မကောင်းဘူးလား? နည်းလည်မှုနဲ့ ရထားတာလား? အခွင့်အရေးအနေနဲ့ ရထားတာလား? တင်ဒါအနေနဲ့ ရထားတာလား? စသည်ဖြင့်... စိတ်ဝင်စားဖွယ်ရာ နောက်ကြောင်းဖြစ်စဉ်ကို လူတွေစိတ်ဝင်စားစွာ လေ့လာဖို့ကောင်းပါတယ်။
မြန်မာနိုင်ငံမှာ နှစ်စဉ် သစ်လုံးတန်ချိန် ၂ သန်းမှ ၃ သန်းလောက်ထိ သစ်ထုတ်ပါတယ်။ ဒါ့ကြောင့် အနှစ် ၂၀ ၀န်းကျင်မှာ သစ်လုံးတန်ချိန် သန်း ၅၀ ခန့် သစ်ထုတ်ခဲ့ပါတယ်။ မြန်မာ့သစ်လုပ်ငန်း (အစိုးရ)က ဈေးပြိုင်စနစ်ဖြင့် တင်ဒါလေလံရောင်းချတဲ့တန်ပေါင်းက တန်ချိန် ၅ သန်းမကျော်ပါဘူး ၁၀ ပုံ ၁ ပုံတောင်မရှိပါဘူး။ ၉၀% ကျော်သော် သစ်လုံးတွေက တောထဲမှ သင်္ဘောပေါ်ကို တိုက်ရိုက်ရောက်သွားတာ စိတ်ဝင်စားဖို့ မကောင်းဘူးလား? အဲဒီလို ကိစ္စမျိုးကြောင့် မြန်မာနိုင်ငံမှာ ဘာတွေ ရှုံးဆုံးနစ်နာသွားလဲဆိုတာ လေ့လာသင့်ပါတယ်။
ဒီသစ်တွေ ဘာ့ကြောင့် မီးရှို့ သလဲဆိုတာ သိချင်ရင် နောက်မှ ထပ်ပြောပြပါ့မယ်။
ကျေးဇူးတင်စွာဖြင့်

Powered by Blogger.