ကြံ့ဖွံ့ ပါတီဝင်များမှ နိုင်ငံပိုင်မြေကွက်များကို အလွဲသုံးစားရောင်းချနေ

အကြောင်းအရာ။      ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ်(၄)လမ်းမကြီးဘေးရှိ 
                            မြေများအားရွှေပြည်သာမြို့နယ်ရှိ ကြံ့ခိုင်ရေးပါတီဝင်များမှ  မိမိကိုယ်
                           ကျိုးစီးပွားအတွက် မြေကွက်များရိုက်၍ ရောင်းချနေခြင်း။

          အထက်အကြောင်းအရာပါကိစ္စနှင့် ပတ်သက်၍    ရန်ကုန်တိုင်းဒေသကြီး
 ရွှေပြည်သာမြို့နယ် အမှတ်(၄)လမ်းမကြီးဘေးရှိ မြေများသည် အမှတ်(၄)လမ်းမကြီးနှင့် ရွှေပြည်သာမြို့နယ်  ၀န်ထမ်းကြီးများရိပ်သာ အမှတ်(၂)ရပ်ကွက်ကြားရှိ မြေများဖြစ်ပါသည်။ ထိုမြေများကို ရွှေပြည်သာမြို့နယ် စတင်တည်ထောင်ကတည်းက မီးတားလမ်းအဖြစ် ထားရှိခဲ့ပါသည်။ 

 ထိုမြေများပေါ်တွင်လည်း သဘာဝဓာတ်ငွေ့ ပိုက်လိုင်း(၂)လိုင်းကိုလည်း 
သွယ်တန်းထားပါသည်။ ထို့အပြင် စွမ်းအင်ဝန်ကြီးဌာနမှ သဘာဝဓာတ်ငွေ့ 
အရောင်းဆိုင်တစ်ဆိုင်လည်း တည်ရှိပါသည်။ 

ယခုအခါ ရွှေပြည်သာမြို့နယ်ရှိ ကြံ့ခိုင်ရေးပါတီဝင်များမှ အထက်ပါမြေနေရာ
များပေါ်တွင် မြေကွက်များအဖြစ်ဖော်ဆောင်၍ ၄င်းတို့၏အမည်များဖြင့် တစ်ယောက်
တစ်ကွက်စီ ယူကြပါသည်။ 

အချို့ကြံ့ခိုင်ရေးပါတီဝင်များက မြေကွက်များအားသိန်းထောင်ချီပြီး မိမိကိုယ်ကျိုးစီးပွားအတွက် ပြန်လည်ရောင်းချလျက်ရှိပါသည်။ 

အထက်ပါကိစ္စရပ်များသည် နိုင်ငံတော်ပိုင် မြေနေရာများကို ကြံ့ခိုင်ရေးပါတီအမည်ကို 
အလွဲသုံးစားလုပ်၍ မိမိသဘောဖြင့် ပြုလုပ်နေခြင်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးပါတီ၏ ဂုဏ်သိက္ခာကိုလည်း ညိုးနွမ်းစေပါသည်။

          ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်အတွင်း နိုဝင်ဘာ ၈ ရက်နေ့ ၂၀၁၀
 ခုနှစ် နံနက် ၂း၃၀အချိန်တွင် ရွာမမှ ရွှေပြည်သာ-လှော်ကား သို့ပေးပို့သော မြေအောက်ဂက်စ် ပိုက်လိုင်းပွင့်ထွက်မှုကြောင့် အလိုအလျောက်မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကလေး ၂ ဦးအပါအဝင်
လူ ၄ ဦး ဒဏ်ရာရရှိခဲ့အနက် ၁ ဦးမှာ သေဆုံးခဲ့ရပါသည်။ 

ထိုမီးလောင်မှုတွင် အထက်ပါမီးတားမြေများ တည်ရှိနေခြင်းကြောင့် ရပ်ကွက်အတွင်း မီးဘေးအန္တရာယ်ဖြစ်ပွားမှုမှ သီသီကလေး လွတ်မြောက်ခဲ့ရပါသည်။

          ထို့အပြင် မိုးတွင်းအခါတွင်လည်း  မိုးရေများကို ရပ်ကွက်အတွင်း ၀င်ရောက်မှုမရှိစေရန် အဆိုပါမြေနေရာများမှ တဆင့်ရေနုတ်မြောင်းများကို စီးဆင်းကြပါသည်။ အကယ်၍ အဆိုပါမြေနေရာများတွင် လူနေအိမ်အဆောက်အဦးများ တည်ဆောက်ပါက ရပ်ကွက်အတွင်း မိုးတွင်းအခါ ရေဘေး အန္တရာယ်ကို ရင်ဆိုင်ကြရမည် ဖြစ်ပါသည်။

          ယခုအခါအချို့မြေကွက်နေရာများပေါ်တွင် မြေဖို့ခြင်း မြေနေရာများပေါ်တွင် ကျောက်
တိုင်များဖြင့် သတ်မှတ်ခြင်းတို့ကို လုပ်ဆောင်နေကြပါသည်။ အဆိုပါမြေနေရာများသည် 
ရပ်ကွက် မီးဘေး ရေဘေး အန္တရာယ်များကို ကာကွယ်ရုံမက အမှတ်(၄)လမ်းမကြီးအားတိုးချဲ့ရန်
အတွက်လည်း အလွန်အရေးပါသော မြေနေရာများဖြစ်ပါသည်။

          သို့ပါ၍ သက်ဆိုင်ရာမှ   ရွှေပြည်သာမြို့နယ်ရှိ ကြံ့ခိုင်ရေးပါတီဝင်များမှ  မိမိ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတော်ပိုင် မြေနေရာများအား ပါတီအမည်ကို အလွှဲသုံးစားလုပ်၍ မြေကွက်များရိုက်၍ ရောင်းချနေခြင်းကို လိုအင်သလို စစ်ဆေး၍ အမြန်ဆုံး အရေးယူပေးပါရန် လေးစားစွာဖြင့် တိုင်ကြားအပ်ပါသည်။


ကြံ့ဖွံ့ ပါတီဝင်များမှ အလွဲသုံးစားရောင်းချနေသည့် နိုင်ငံပိုင်မြေကွက်များ
 တာဝန်သိပြည်သူတဦး
ကြံ့ဖွံ့ ပါတီဝင်များမှ နိုင်ငံပိုင်မြေကွက်များကို အလွဲသုံးစားရောင်းချနေ ကြံ့ဖွံ့ ပါတီဝင်များမှ နိုင်ငံပိုင်မြေကွက်များကို အလွဲသုံးစားရောင်းချနေ Reviewed by သစ်ထူးလွင် on 15:25 Rating: 5

8 comments:

Shwe Mg said...

သူခိုးတွေများ...ညဘက်ပဲခိုးတယ်ထင်တာ...နေ့ဘက်လည်းပေါ်ပေါ်တင်တင်အရှက်မရှိ ခိုးနေကြတဲ့..သူခိုးကြီးတွေမြန်မာနိုင်ငံမှာ တယ်များသကိုး..ဘာတဲ့ တစ်ယောက်တစ်ကွက်ယူတယ်ဆိုပဲ..လုပ်ချင်တိုင်းကိုလုပ်နေကြတာ...ဘယ်ကလဲဆိုတော့...ေ၇ွှပြည်သာ ကြံ့ခိုင်ရေးပါတီကတဲ့...အော်..ဒါဆို သမ္မတကြီးရဲ့ ပါတီပေါ့...

pyaponthu said...

၇ပ်ကွက်တခုနဲ့ တခု မှာ မီးတားကွက် ဆိုတာရှိရတယ်။အရေးကြီးတယ်။အဲ့သလို မီးတားကွက်တွေ မထားရင်တော့ မီးလောင်ရင် တမြို့လုံး ကုန်ပြီသာမှတ်။အဲ့ဒါနိုင်ငံတကာ စံညွန်းဘဲ။မြန်မာတွေ လောဘ အတော့မသတ်နိုင်ကြဘူး။

saturn said...

ရွှေပြည်သာလွှတ်တော်ကိုယ်စားလှယ်ကြိးမှပါရဲ့လားသေသေချာချာ
မေးကြည့်ကြပါအုန်း...ရပ်ကွက်အဆင့်ကြံ့ခိုင်ရေးတွေကဘာမှလုပ်တတ်တာ
မဟုတ်ပါဘူးနော်...

မောင်..ကို..ဦး said...

ယခင်က အများပြည်သူတွေ ဘောလုံးပွဲ၊ ဇါတ်ပွဲ၊ ပျော်ပွဲရွှင်ပွဲ ကျင်းပလေ့ရှိတဲ့ ရွှေပြည်သာအ၀င် (မြင်းလည်းဂိတ်မှတ်တိုင်နှင့် ကန်သာယာမှတ်တိုင်ကြား) ဓါတ်ဆီဆိုင်နှင့်စက်မှုဒေသလမ်းမကြီးခြား၊ အမှတ် (၄) လမ်းမ လမ်းဘေး က မြေကွက်ကိုလည်း ဒီလိုဘဲ အုပ် ခြံစည်းရိုး မြင့်မြင့်ကာပြီး ကိုယ်ပိုင်လုပ်ထားပါတယ်။

မြန်မာပြည်ရဲ့ နေရာတိုင်း ရှိသမျှမြေကြီးလွတ် ၊ အများပိုင် အဆောက်အဦလွတ် (မလွတ်ရင်လည်း သူတို့ကြိုက်ပြီဆို အာဏာသုံးပြီး နှင်ထုတ်ပါတယ်) အားလုံးကို အစိုးရ နှင့် သူတို့ဆွေမျိုးအသိုင်းအ၀ိုင်း၊ စီးပွားဖက်တွေက အငန်းမရ သိမ်းကြတယ်။ ပေါချောင်ဈေးနဲ့ဝယ်ကြတယ်။

ခေတ်ကို မပျက် ပျက်အောင်ဖျက်ပြီး သေဌေး ဇောတိက ဖြစ်ချင်နေကြတာ အလွန်စက်ဆုပ်ရွံ့မုန်းဖွယ်ဖြစ်ပါတယ်။

ပြည်သူက တချိန်မှာ (သူတို့ တစ်သက်တာကာလအတွင်း) ပြန်ယူရပါမယ်။
ပြန်ယူနိုင်ဘို့ ဥပဒေ၊ နည်းလမ်းလည်းရှိလာရပါမယ်။

a said...

တိုင်တဲ့သူကိုဖမ်းပြီးမတရားလုပ်တဲ့သူကိုပိုကောင်းတဲ့နေရာတွေပို့ပေးနေအုံးမယ်။ဘယ်တုံးကအရေးယူဘူးလို့လဲ။

ကျော်ထိုက် said...

ရွှေပြည်သာ က ပြည်သူ များ ကို အမြန်ဆုံး ကူညီပေးကြပါ လို့ မေတ္တာ ရပ်ခံ လိုက်ပါတယ်.....ကျွန်တော် တို့ တောင် ဥက္ကလာ က ရပ်ကွက်တွေမှာ မြောင်းတွေပိတ်လို့ မိုးရွာတဲ့အခါ အိမ်တွေ ပေါ်ထိ ရေတွေ တက်လို့ ဒုက္ခရောက်ရတာ ခဏခဏပါပဲ....ခုလို ရေတွေမတက်ခင် အစိုးရ ပိုင်းက ထိထိရောက်ရောက် အရေးယူပေးပါလို့...ကိုယ်ချင်းစာ စွာဖြင့် ပြောလိုက်ပါတယ် ခင်ဗျာ....

ုkyaw said...

ဒါက ဘာမှမဆန်းတော့ပါဘူး အရင်နေ၀င်းလက်ထက်က တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကလဲ ဒီလိုပါပဲအစိုးရနဲ့ပေါင်းပြီးမြေတွေယူထားတာ ခုကန်ထရိုက်တွေပေးပြီးအခန်းဌားစားနေတာ ။ပါတီတစ်ခုအနိုင်ရရင်ဒီလိုပဲပြည်သူပိုင်နိုင်ငံပိုင်ပစ္စည်းတွေကို ပေါ်တင်ကြီးသုံးစွဲခွင့်ပေးရတာလား (တစည)ပါတီဆိုဘယ်လောက်တောင်ရထားလဲမသိဘူး ၂၀၁၀ မှာအနိုင်ရတာတောင် ပေါ်တင်ကြီးကြံ့ဖွံ့ကယူသွားလိုက်တာကိုတောင် ဘာမှပြန်မပြောရဲဘူး ခုထိစောင့်ရှက်မရှိပဲ နားမလည်တဲ့ပြည်သူတွေကို(ပျားရည်နဲ့ဝမ်းချပြီး)စည်းရုံးနေသေးတယ်.အစိုးရကဘာလုပ်လုပ်ပြန်မပြောရဲပဲ ဘာလို့ပါတီထောင်ထားတာလဲ အရည်အချင်းမရှိတဲ့ပါတီပဲ ပါတီကောင်းစားဖို့လောက်ပဲလုပ်နေကြတာလား။

tharzaw said...

Mr. President, what are you doing now?
I think, you are think about it. I don't think you, why not, you are not decide the truth. u r ဖွတ်။

Powered by Blogger.