ပြန်အပ်မယ့် ၁၅ သိန်း ဖုန်း လက်မခံရင် ဆက်သွယ်ရေးကိုတရားစွဲမယ်

၁၅ သိန်းဖြင့်ငှားရမ်းထားသော GSM ဖုန်းများအားမြန်မာ့ဆက်သွယ်ရေးသို့ပြန်လည်အပ်နှံရန်စီစဉ် ၊ ပြန်လည်လက်ခံခြင်းမရှိပါက တရားစွဲသွားမည်ဟု စီစဉ်သူများပြောဆို။


ဆက်သွယ်ရေးရဲ့ ၁၅သိန်းတန်ဖုန်းများကိုငှားရမ်းစာချုပ်ပါ
ဒါကတော့ ဆက်သွယ်ရေးကတယ်လီဖုန်းခတွေ ဈေးလျော့မည့်အကြောင်းကြေညာချက်

 

ပြန်အပ်မယ့် ၁၅ သိန်း ဖုန်း လက်မခံရင် ဆက်သွယ်ရေးကိုတရားစွဲမယ် ပြန်အပ်မယ့် ၁၅ သိန်း ဖုန်း လက်မခံရင် ဆက်သွယ်ရေးကိုတရားစွဲမယ် Reviewed by သစ်ထူးလွင် on 15:04 Rating: 5

49 comments:

Anonymous said...

၁၀။ မှာ ငှားရမ်းသူကို ငွေကြေးတစ်စုံတစ်ရာဖြစ်စေ၊ ငှားရမ်းခပြန်လည်ထုတ်ပေးရန်ဖြစ်စေ တောင်းခံပိုင်ခွင့်မရှိပါတဲ့

On The Elephant MPT က နဂိုကတည်းက ချည်ပြီးတုတ်ပြီးရိုက်ပြီးမတော်မတရားကျင့်ပြီးသားပဲဗျ။

ခွေးတောင်ဂျောင်ပိတ်ရိုက်ပြန်ကိုက်သေးတာပဲ .. မြန်မာပြည်သူတွေလည်းဆဲခွင့်တော့ရှိရမှာပေါ့။

lusoelay said...

လုပ်သင့်ပါတယ် သူတို့ က ငှားရမ်းတယ်လို့ စာချုပ်မှာဆိုထားတယ် ဒါဆိုပြန်အပ်တာကိုလက်ခံရမယ် ငွေပြန်ထုတ်ပေးရမယ် .....
တရားစွဲသင့်ပါတယ် အခုလည်း 180000 တန်ထွက်မယ်ဆိုပီး ဘာသံမှမကြားတော့ပါလား ဈေးနှုန်းသတ်မှတ်ဖို့ကြောက်နေကြတာလား
5000တန်ကိုဖြုတ်ဖို့ အတွက် တိုင်ပင်နေကြတာလား .......ဘာဆင်ကြံတွေ ကြံနေပီလဲမသိဘူး 5000တန် မဟုတ်ရင်မ၀ယ်ဘူးဟေ့

tharzaw said...

ရနိုင်ပါ့မလားဗျာ .... စွဲလို့ရရင်တော့ကောင်းတာပေါ့။
ဒါပေမယ့် အပိုဒ်(၁၀)အရတော့ အစကတည်းက ချုပ်ထားပြီးသားကြီးဗျ။ စာချုပ်ကြီးကိုက ကိုယ့်ဘက်ကိုယ်ယက်ထားတာကြီးရယ်။

datha said...

ဒီအစိုးရက ပြည်သူတွေကို မျက်စိပိတ် နားပိတ်လုပ်ထားတာ အနှစ် 20
ကျော်ပြီလေ
ဒါပေမဲ့ သူတို့ရဲ့ နေ၀င်ချိန်က နီးလာပါပြီ
ဒီကောင်တွေရဲ့သွားရာလမ်းက ငရဲပြည်ဘဲလေ
ငရဲမင်းကြီးကတောင် လက်ခံပမလားဘဲ

MMT said...

ကောင်းတယ်။ ဆက်သာချ။ လူတွေကို အရေခွံ စုတ်ချင်တဲ့အရေခွံ စုတ်ချင်နေတဲ့ ကောင်တွေ

Ko Tee said...

တရားဆွဲလို့ မရဘူးလေ အပိုဒ် ၁၀မှာ ရှင်းနေတာကိုး ငှားရမ်းခ ငွေကို ပြန် လည်တောင်ခံပိုင်ခွင့်မရှိပါတယ် တရားဆွဲလို့အမူအခင်းဖြစ်ရင်သာ ဖုန်းပိုင်ဆိုင်
ခွင့်ကိုရုပ်သိမ်းသွားလိမ့်မယ် မလုပ်ကြပါနဲ့ သူ့ဘက်က ချည်ထားပြီးသား

poe said...

I agree that idea.

genius said...

Please Mr. president recheck detail explanation of 15,00,000 ks, 5,00,000 ks sim-card selling accounts. Where is about 15 years of calling charges and "MANY BILLIONS OF DOLLARS" going to ? Now 1 sim-card = 5000 ks. ? ? ?

Shweponthar said...

စီဒီအမ်အေတွေကိုလည်း အတူတူ လုပ်ပေးရမှာပေါ့၊ သူလည်း ၁၅သိန်းပဲလေ

အောင်ဗလ said...

ဒါဟာ အာဏာအလွဲသုံးလိမ်လည်မှုပါပဲ..
ရာဇ၀တ်ကြောင်းအရတရားစွဲရပါမယ်...
ဥပဒေပညာရှင်များနဲ့ဆွေးနွေးတိုင်ပင်ပြီး
အဲဒီအချိန်က တာဝန်ရှိတဲ့ ၀န်ကြီး၊ DG ,MD,
ညွှန်မှူး၊ မန်နေဂျာ၊ အင်ဂျင်နီယာများပါမကျန်
(ရိုးသားသူများမပါ) အားလုံးကို ဥပဒေအရထိရောက်စွာ
အရေးယူပြီး နှစ်ရှည်ထောင်ဒါဏ်များချမှတ်နိုင်အောင်
ဝိုင်းဝန်းကြိုးပမ်းကြရမယ်။
တရားလိုသက်သေလိုအပ်ရင်
ပြည်သူတရပ်လုံးသက်သေလိုက်ဖို့အသင့်ပါပဲ။

Myanmar said...

မြန်မာနိုင်ငံကို အုပ်ချုပ်တဲ့သူတွေ ဘယ်လောက် ပြည်သူအပေါ်၇က်စက်ယုတ်မာသလဲဆိုတာ ဒီစာချုပ်၇ဲ့ မတ၇ားလွန်းတဲ့ သဘောသဘာဝကို ကြည့်ခြင်းအားဖြင့် အကဲဖြတ်နိုင်ပါတယ်။ တကယ်တော့ ဒါဟာ အပေါ်ယံမျှသာ မြင်၇ခြင်းပါ။ ဒီထက်မယှဉ်သာအောင် ယုတ်မာသောင်းကျန်းနေတာတွေ အပုံပင်၇ှိပါတယ်။ ပြည်သူများ နိုင်ငံ့ဝန်ထမ်းများ ကျောင်းသားများ အလုပ်သမားထု လယ်သမားထု စစ်သားထု အပေါင်းတို့ ငါတို့အားလုံးသည် အစိုး၇၇ဲ့ကျွန်ဖြစ်နေပီ။ ဉာဏ်မျက်စိကို အစွမ်းကုန်ဖွင့်ပီး အနာဂတ်၇င်သွေးများအတွက်ေ၇ှ့ဆောင်လမ်းပြဖြစ်ကြပါ။
သမ္မတကြီးနှင့် လွှတ်တော် ဥက္ကဌကြီးတို့၇ဲ့ မေတ္တာတ၇ားကို ပြည်သူအများက မျှော်လင့်နေကြပါပီ။ ဌာနဆိုင်၇ာ သောင်းကျန်းသူကြီးများကို အမြန်အေ၇းယူဖယ်၇ှားပေးပါ၇န် တောင်းဆိုပါသည်ခင်ဗျာ....။ ။

pyaponthu said...

ဆက်သွယ်ရေးကလူတွေ စားဖို့ဘဲ။ဖျာပုံမှာ ဖုံးကြိုပြတ် လို့သွားခေါ် ၂ထောင် ၃ထောင်မပေးရင်မရဘူး။ပြီးတော့ကြိုးကိုတေ့ယုံ ဆက်သွားတယ်။လေ လေးနည်းနည်းတိုက်တာနဲ့ပြန်ပြတ်သွားတယ်။အဲဒါတကယ်ပြောတာ။ဖျာပုံ ၁၅ ရပ်ကွက်ထဲမှာ။မုဆိုးမဆိုပြီး။သနားမယ်မကြံဘူး။ဝိုင်းဆော်မယ်ဆိုတာကြီးဘဲ။သူတို့စားပေါက်ကြီးဘဲ။အပြင်ကလူကိုလည်းပေးမလုပ်ခိုင်းဘူး။

ရာရာ said...

လူထုရဲ့ မျက်စိတွေနားတွေဟာ အဆင့်အတန်းတစ်ခုကို ရောက်နေပါပြီ။ ကြားရတာ သိရတာ အရမ်းကိုအားတက်စရာပါပဲ။ အဆင့်အတန်းတစ်ခုကိုရောက်နေတဲ့လူထုကိုထောက်ပံ့ဖို့အတွက် အဆင့်အတန်းရှိတဲ့ အစိုးရအဖွဲ့အစည်းတစ်ခုမလွဲမသွေလိုအပ်လို့လာပါပြီ။

hammer said...

ကြေးကြီးကြီးပေးခဲ့ရတဲ့ ဖုံးအားလုံးအတွက် ငှားရမ်းခပြန်လည်တောင်းခံပိုင်ခွင်.မရှိရင်လည်း အချိန်ကာလနဲ.အညီ နစ်နာမှုအတွက် ညီမျှတဲ.လျော်ကြေးပေးသင့်ပါတယ်။

sanay nagar said...

တနိုင်ငံလုံးမှာ မိုဘိုင်းဖုန်း အသုံးပြုနေသူများအားလုံး စုပေါင်းပြီး နစ်နာခဲ့မှုများ
အတွက် ညီညီညွှတ်ညွှတ် တရားစွဲဆိုကြပါ။

ko pwa said...

မင်းတို့ဘာသာ ပိုက်ဆံပေါလို့ ၀ယ်တုန်းက၀ယ်ထားကြပြီးတော့ အဲဒီလောက်ပိုက်ဆံကို ငါတို့များတော့ အခုထိ မသုံးနိုင်ဘူး ဟေ့ကောင်တွေ အိမ်ငှားရင်တောင် အိမ်ငှားခ ပေးရတယ်ကွ မင်းတို့ဟာက လွန်လွန်းတယ် မင်းတို့ကိုပါ ပြန်ပြီး တရားဆွဲ၇မှာ

ကိုလူဆိုး said...

ကောင်းတယ်ဗျို့ လုပ်သာလုပ် စပေးကတည်းကငှားတယ်လို့ပြောပြီးစာချုပ်ချုပ်တာလေ ဥပဒေဘောင်ထဲက တောင်းတာ အရမ်းကောင်းပါတယ် ဒါမှမှတ်သွားမှာ။ ဒီမိုကရေစီဆိုတာ ဒါဘဲလေဗျာ။

ဇော်မိုးဝင်း said...

ဒီအချိန်တုန်းကဖုန်းတစ်လုံးရဖို့ ထားဝယ်မှာဆိုရင် သာသနာ့ဗိမာန်တည်ဆောက်ရေးရံပုံငွေ(ရံဘုံးငွေ)တောင်ထည့်လိုက်ရသေး။ဒါတွေပါပြန်စိစစ်ပြီးတရားစွဲရင်ကောင်းမယ်။

star said...

ိဆယ့်ငါးသိန်းနဲ့ဝယ်ထားတဲ့သူတွေကို ပိုက်ဆံအကုန်ပြန်မအမ်းရင်တောင်မှ အခွင့်အရေးတခုတော့ ပြန်ပေးသင့်တယ်လို့ထင်ပါတယ်။ ငါးသိန်းဖုန်းတလုံးပြန်အမ်းမယ်ဆိုရင်လည်း ဆက်သွယ်ရေးအနေနဲ့ အများကြီးကုန်ကျမှာမဟုတ်တဲ့အတွက် စဉ်းစားပေးသင့်ပါတယ်။

phomesatpaing said...

ငှားရမ်းစာချုပ်အပိုဒ်(၁၀)အရဆိုရင်တော့(၁၅)သိန်း ပလုံပြီ၊ဘယ်လောက်
ပက်ပက်စက်စက်လုပ်ခဲ့တယ်ဆိုတာပေါ်နေပြီ၊ အဲဒီတုံးက ဆက်သွယ်ရေး
နဲ့ပတ်သက်တဲ့သူတွေအခု အရှင်လတ်လတ်ကြီးရှိနေတယ်၊သူတို့ဘာဖြစ်လို့
ဒီလိုလုပ်ခဲ့တာလဲ၊ဖုန်းတစ်လုံးဝယ်ခွင့်ရတာရှင်ဘုရင်ကဆုလာဘ်ကြီးပေးတဲ့ပုံဖြစ်အောင်လည်းလုပ်တယ်၊အခုထိလည်းအရှိန်အပြေသေးဘူး၊လူတွေကို လူလို့
မထင်တဲ့လုပ်ရပ်တွေထဲက တစ်ချက်ပဲ၊အနှစ်(၂၀)ကျော်ပြီ မ၀ကြသေးဘူး၊

dreamworld said...

ဘာပဲဖြစ်ဖြစ် မျှတမှုရှိတာ အကောင်းဆုံးပါ၊

Free Thinker said...

အဲဒီကိစ္စအပြင်ကြိုးဖုန်းတွေကိစ္စကိုလဲသမတကြီးကိုပြောပြချင်ပါတယ်၊ အရင်ကကြိုးဖုန်းအများစုဟာဌာနဆိုင်ရာလူကြီးတွေ ၀န်းထမ်း တွေနာမည်နဲ့ချပေးတာများပါတယ်၊ ဒီဖုန်းတွေကိုတ ဆင့်ပြန် ၀ယ်ရတဲ့သူတွေကဆက်သွယ်ရေးဝန်ထမ်းတွေကို ပိုက်ဆံပေးပြီး လိပ်စာမတူတဲ့နေရာတွေမှာပြောင်းရွှေ့တပ်ဆင် ကြရပါတယ်၊ အဲဒီအတွက် ကျွန်တော်ကဆက်သွယ်ရေးက ၀န်ထမ်းတွေကိုနှစ်စဉ်ဆက်ကြေးပေးရပါတယ်၊ ဒါကြောင့်ဒီ ဒုက္ခကနေအမြန်ဆုံးလွှတ် ကင်းချင်ပါတယ်၊ အဲဒီဖုန်းတွေကို လွယ်လွယ်ကူကူနဲ့ အမည်နဲ့ လိပ်စာပြောင်ပေးစေချင်ပါတယ်။

Awkawli said...

ရွှေဝယ်တဲ့ဆိုင်မှာ ကျွန်တော်ဝယ်တုံးက တစ်ကျပ်သားကို(၇)သိန်းဈေးနဲ့ဝယ် ထားတာ၊ အခု တစ်ကျပ်သား(၆)သိန်းဈေးကျသွား လို့ပြန်အမ်း ခိုင်းလို့ ရသလား။
မြန်မာလူမျိုးအကြောင်း၊ သူများတွေသိရင် ရှက်စရာ။ တရားသဘောနဲ့ဆင်ခြင်ရမဲ့အစား၊ ဘာလို့ပြသာနာရှာနေကြသလဲမသိ၊ ၁၅သိန်းနဲ့ရခြင်တုံးကလည်း အသည်းအမဲ ၀ယ်ခဲ့ကြတာပါ။

unknown said...

ဘာပဲပြောပြော၁၅သိန်းတန်တွေကိုပြန်အမ်းတာအကောင်းဆုံးပါဗျာ။၅၀၀၀တန်ဖုန်းချပေးဖို့ကိုလည်းကြိုးစားရဦးမယ်။

tuntun said...

ဝယ်တုန်းကအသည်းအမဲလိုက်ဝယ်ပြီးနောက်ဆုံးတော့ဆက်သွယ်ရေးကိုအပုတ်ချ၊ဒီလိုဈေးအနိမ့်ဆုံးချပြီးဆက်သွယ်ရေးကိုပိုမိုပြီးကျေးဇူးတင်ရအုန်းမယ်၊

kokomaung said...

ငါတို.ကကျောင်းပြီးကတည်း company ၀န်ထမ်း လစာက40000ကစတယ်
အခု1သိန်းနီးပါး။
ခိုးလည်းမစားဘူး။15 သိန်းလည်းဝယ်မကိုင်နိုင်၊5သိန်းလည်းမကိုင်နိုင်။ဒီကိစ္စ
တော.ကြားနေပဲ။တခုတော.ပြောမယ်။ချွေနဲစာနဲ.၀ယ်သူကိုပြန်ပေးလိုက်။
အစိုးရပစ္စည်း၊ပြည်သူပိုင်ပစ္စည်း တွေကို ခိုး ၊လိမ် မတရားယူထားတဲ.ပိုက်ဆံနဲ.၀ယ်တာတွေကို ပြန်မအမ်းနဲ.။
kokomaung
B.E(Electronics)
M.I.T

ကိုငလင်း said...

တခွန်းဆိုင်
**၀ယ်ပြီးပစ္စည်းပြန်လဲမပေးပါ**

ခိုင်မြဲ said...

ရွှေဝယ်တဲ့ဆိုင်မှာ ကျွန်တော်ဝယ်တုံးက တစ်ကျပ်သားကို(၇)သိန်းဈေးနဲ့ဝယ် ထားတာ၊ အခု တစ်ကျပ်သား(၆)သိန်းဈေးကျသွား လို့ပြန်အမ်း ခိုင်းလို့ ရသလား။
မြန်မာလူမျိုးအကြောင်း၊ သူများတွေသိရင် ရှက်စရာ။ တရားသဘောနဲ့ဆင်ခြင်ရမဲ့အစား၊ ဘာလို့ပြသာနာရှာနေကြသလဲမသိ၊ ၁၅သိန်းနဲ့ရခြင်တုံးကလည်း အသည်းအမဲ ၀ယ်ခဲ့ကြတာပါ။
ပြောတာကောင်းလိုက်တာ..။
သူများ မကိုင်နိုင်တဲ့အချိန်မှာ အားလုံးထက်စောပြီးကိုင်နိုင်ခဲ့ကြတယ်လေ..။
အခုချိန်မှာတော့ ဈေးကြီးပေးပြီး မဝယ်နိုင်ခဲ့တဲ့သူတွေ သုံးနိုင်အောင်ပဲ ဝိုင်းဝန်းကူညီပေးစေလိုပါတယ်..။ ၁၅ သိန်းတန်ဖုန်း ဝယ်ခဲ့စဉ်က စာချုပ်ပါ အကြောင်းအရာတွေကို ဘာမှမသိပဲ ဝယ်ခဲ့ကြမယ်မထင်ပါဘူး..။ ဘယ်သူ့ဘက်မှ လိုက်မပြောချင်ပါဘူး..။ ပိုက်ဆံပြန်အမ်းခိုင်းမဲ့အစာ အခွင့်ထူးတခုခုကို တောင်းစေချင်ပါတယ်..။ ဥပမာ... ခေါ်ဆိုခ လျှော့ချပေးစေတာမျိုး..။ International မှာ ယူဆောင်သုံးနိုင်တဲ့ ဝန်ဆောင်မှု ပေးတာမျိုးတွေကို တောင်းဆိုစေချင်ပါတယ်..။ ၁၀..။ မှာ ပါတဲ့ရေးထားတဲ့ အချက်ကို သဘောတူစွာ သုံးစွဲခဲ့ပြီး အခုမှ တရားစွဲမယ်ဆိုတော့......... ရယ်စရာတွေများဖြစ်နေမလားဗျာ..။.

freeair said...

ပြန်လည်အပ်နှံရန်စီစဉ်နေသူများကိုဘယ်လိုများဆက်သွယ်ရမှာလဲ...တစ်ချက်လောက်ပြောပေးပါ...

M said...

ကြေးကြီးကြီးပေးခဲ့ရတဲ့ ဖုန်းအားလုံး (၁၅သိန်းတန် နဲ့ ၅သိန်းတန် အားလုံး)အတွက် ငှားရမ်းခပြန်လည်တောင်းခံပိုင်ခွင်.မရှိရင်လည်း အချိန်ကာလနဲ.အညီ နစ်နာမှုအတွက် ညီမျှတဲ.ပေးဆပ်မှုတစ်ခုတော့ ဖြစ်မြောက်အောင် စီစဉ်ပေးသင့်ပါတယ်။ တန်ဖိုးနည်းဖုန်းတစ်လုံးပြန်ထပ်လျှောက်ခွင့်ရှိမယ် ဆိုရင်လည်း ဆက်သွယ်ရေးအနေနဲ့ အများကြီးကုန်ကျမှာမဟုတ်တဲ့အတွက် စဉ်းစားပေးသင့်ပါတယ်။ စာချုပ်မှာ ချည်ပြီးတုပ်ပြီးရိုက်ပြီးပြီဆိုပေမယ့် စစ်မှန်တဲ့ဒီမိုကရေစီစနစ်ကို တကယ်သွားဖို့ရှိတဲ့ နိုင်ငံအနေနဲ့ ပြည်သူပြည်သားတွေအတွက် စဉ်းစားလုပ်ဆောင်ပေးသင့်တယ်ထင်တာပဲ၊ အရစ်ကျနဲ့ ၀ယ်ထားတဲ့ ၀န်ထမ်းတွေ အခုဘယ်လိုလုပ်မလဲ။ သူတို့လစာအမြဲအဖြတ်ခံနေရတာ...

SOE TINT said...

အဲဒီစာချုပ်ကကောပဋိဥာဉ်မြောက်ရဲ့လား ဗျာ -- တဖက်စောင်းနင်းဟာ ကျွန်တော်သိသလောက်တော့ ကတိမမြောက်ဘူးလို့ ဗမာဥပဒေမှာဆိုထားသလားဘဲ

SKy said...

Awkawli >> ၀ယ်ယူခြင်းနဲ့  ငှားရမ်းအသုံးပြုခြင်း တူပါသလားးးးးး ???

sayar said...

ဖြစ်ပြီးတာကိုတောမပြောတော့ပါဘူး၊အခုထုတ်မဲဖုန်းကရောဘယ်လိုချီပြီတုတ်ပြီရိုက်စားအုန်းမှာလဲ၊စားလဲစားနိုင်ကြတယ်

iban said...

အပေါ်က Awkawli ရေ.. မရမှန်းသိကြပါတယ်။ မတရားတာကို သိသိကြီးနဲ့ ခေါင်းငုံခံနေရတဲ့လူတွေကို သဘောထားကြီးကြီးနဲ့ စိတ်ထွက်ပေါက်လေး ပေးလိုက်ပါ။ ကျုပ်တို့မှာ ဒါလောက်လေးပဲ ပြောပိုင်ခွင့်ရှိတာ.. ဒါတောင် ခင်ဗျားလိုလူက ကဲ့ရဲ့ချင်သေးတယ်။ အခု ၁၅သိန်းဖုန်းက ၅သိန်းဖုန်းလောက်တောင် အသုံးမကျဘူး။ အင်တာနက်လဲ သုံးလို့မရ။ လိုင်းတွေကမကောင်း။ ၁၅သိန်းပေးတုန်းကလည်း hand set ကို သူတို့သွင်းလာတဲ့ အစုတ်တွေကိုပဲ သုံးခွင့်ရှိတယ်။ ဟန်းဆက် ပြောင်းသုံးရင် သူတို့ဆီမှာ လက်မှတ်သွားထိုးရတယ်။ ပြောင်းမသုံးပါဘူးဆိုပြီး ခံဝန်ကတိတွေ ထိုးရသေးတယ်။ အဲဒါလည်း နောက်ပိုင်း လူကြီးသားသမီးတွေ ကွန်ပလိန်းတက်တာ များလာတော့မှ ရူးချင်ယောင်ဆောင်သွားတာပါ။ မတရားမှန်း၊ မဖြစ်သင့်မှန်း သိပေမယ့်လည်း ဘာမှ အတွန့်တက်ပိုင်ခွင့်မရှိတဲ့ အခြေအနေမျိုးနဲ့ ကြုံတွေ့ခဲ့ရတဲ့လူတွေပါဗျာ။ ဒါပေမယ့် လောကကြီးမှာ မဖြစ်နိုင်တဲ့အရာဆိုတာ မရှိပါဘူး။ ဥပဒေဆိုတာ လူက လုပ်ထားတာပါ။ မတရားတဲ့ အမှားတွေက ဘယ်တော့မှ အမှန်ဖြစ်မလာပါဘူး။ လေကြီးလေကျယ် ပြောရရင်ဗျာ... ဒီလို ရေးလိုက်ပြောလိုက်ရလို့ ဘာမှ ပြန်မရရင်တောင် အမှန်တရားတစ်ခုကို ဖေါ်ထုတ်လိုက်ရတာဟာ လောကပါလတရားကို စောင့်လျှောက်ရာကျပါတယ်။

Unknown said...

bravo,,iban,,,agree with u

Anonymous said...

always 15 ks per min calling charges is acceptable for 15,00000 ks phone holders.

Anonymous said...

ဒီအကြောင်းနဲ့ ပတ်သက်လို့ ဥပဒေနားလည်တတ်ကျွမ်းသူတွေကို မေးမြန်းရာ
မှာ တွေ့ရှိချက်များ ---------------မည်သည့်စာချုပ်မဆိုဥပဒေဘောင်မှ
လွတ်ကင်းသွားပါက တရားမ၀င်ပါ ။ ဥပမာ- အရောင်းအ၀ယ်ပျက်ပျယ်ပါက
ပေးအပ်ထားသော စရံငွေ ၏ အဆ ၃၀ ပေးလျော်ပါမည်။---စသည်-----
စာချုပ်ဖောက်ဖျက်ပါက ပုဒ်မ ၄၂၀ မြောက်သဖြင့် အနည်းဆုံးထောင်ဒဏ် ၅ နှစ် ကျခံပါမည်ဟုကတိပြုပါမည် ------ စသည် ------------
ယခုလည်း တယ်လီဖုန်းစာချုပ်ပါ ဖုံးငှားရမ်းခြင်းအတွက် စပေါ်တင်ငွေ---
ုပြန်လည်ထုတ်ယူခွင့်မရှိ ဟူသောအချက်မှာ ဥပဒေနှင့် အကျုံးဝင်ခြင်းမရှိပေ

ဒေါပုံသား said...

၁၅ သိန်း ဖုန်း လက်မခံရင် ဆက်သွယ်ရေးကိုတရားစွဲပါဗျို. အားပေးပါတယ်

villager said...

ဘာပဲဖြစ်ဖြစ် ဒီသတင်းကိုဖတ်လိုက်ရတော့ ကြိုဆိုတယ်ဗျို့၊ ရတာ၊မရတာအဓိက
မဟုတ်ဘူး၊ ပြည်သူတွေကို သူတို့လုပ်ချင်သလိုလုပ်လို့ မရဘူးဆိုတာကို သိစေချင်ပါတယ်။
နှိုင်းယှဉ်တယ်ဆိုတာ နေရာတိုင်း နှိုင်းယှဉ်လို့မရပါဘူး။ ဥပမာပေးတယ်ဆိုတာ
တူညီတာကို ပေးရပါတယ်။ ရွှေဝယ်တာနဲ့၊ ဖုန်းငှါးတာ တူပါသလား။
ဘုရားဟောတဲ့ ခွင့်လွှတ်သည်းခံမှုဆိုတာက ဒီလိုနေရာအတွက်ဟောထားတာ
မဟုတ်ပါဘူး၊ လောကုတ္တရာနယ်မှာပြောတာပါ။ ဒါကလောကီနယ်ပယ်ဆိုတော့
လောကီလူသားပီပီရှင်းရမှာပဲ။ ဘာပဲဖြစ်ဖြစ် ကြိုဆိုပါတယ်.............

မိုးစက်ဖြူ said...

ကောင်းပြီ၊ မနေနိုင်လွန်းလို့  ၀င်ပြောမိတာပါ။ အရင်က၁၅သိန်းပေးခဲ့ရတဲ့ လူတွေအနေနဲ့  ကြည့်ရင်...ပိုလည်းပေးရသေးတယ်၊ ခုနောက်ထုတ်တဲ့ တန်းဖိုးနည်းဖုန်း၊ တွေလောက် သုံးမ၇တော့ ဒေါသလေးတွေရှိမှာပေါ့။ ကိုယ်ချင်းစာပါတယ်။ ဒီတော့ ဆက်သွယ်ရေးကလည်း၊ သူတို့ တွေဖက်ကို နည်းနည်းစဉ်းစားပေး၊ တခုခုဖြေလျော့မှုလုပ်ပေးရင်..ပိုမကောင်းဘူးလား။ နောက်တစ်ခုက ပေါ့ နော်...ဆက်သွယ်ရေးက လူကြီးမင်းများ။ “ လူကိုခင်ရင် မူကိုပြင်သည် ဆိုတာ မျိုး မလုပ်ပါနဲ့ တော့။ ” ဘာဖြစ်ဖြစ် ထင်သာမြင်သာ လေးလည်း လုပ်ပါ။ (ခုခေတ်က-၀န်ကြီး ချီးကျယ်ကျယ် ပေါက်ရင်တောင်-နာရီမဆိုင်းဘူး၊ အွန်လိုင်းပေါ်သတင်းရောက်လာပြီ။ အဲ့တော့-အားလုံးက၊ နား၊မျက်စိ ကျယ်နေပြီ။ငါတို့  -လုပ်တိုင်း ဖြစ်တယ်ဆိုတဲ့ ခေတ်မဟုတ်တော့ဘူး။)အကျင့်ပျက် လာဘ်စားတာကို အစဉ်အလာ ကျင့်ထုံး တစ်ခုလို ဖြစ်နေတာ တွေ၊ ခုကတည်းက စပြီး ပြင်ဆင်တော့၊ အလေ့ကျင့်ကောင်းတွေမွေးယူပါတော့။ လာဘ်ပေးတဲ့ ကိစ္စကလည်း၊ ကျနော်တို့ ..ပြည်သူကလည်း ပြင်ဖို့ လိုပြီ။ အရေး ကြီးလို့ ဆိုပြီး၊ ရုံးကိစ္စတွေကို အရင်လို ပေးကမ်းပြီး၊ ကျော်ခွ လုပ်တတ်တာတွေ ပြင်ကြပါ။ စည်းကမ်းအတိုင်းအတိအကျ နေပေးကြပါ။(ခင်ဗျားတို့  ၊ကျုပ်တို့ ဝိုင်းပြီး ပြုင်ကြရင် (ခု-၃၀ ဆိုတော့)..ငါတို့ အားလုံးရဲ့ မြေးတွေ ခေတ်လောက်ရောက်ရင်..သမ္မတ ကြီးပြောတဲ့..စင်္ကာပူလို နိုင်ငံမျိုးဆိုတာ.. အဲ့အချိန်လောက်ကျ၊ ငါတို့ ဆီမှာ..ခခယယ..အလုပ်အကျွေး လာပြုနေရလိမ့်မည်။ နောက်ဆုံး တစ်ခုပဲ၊ ပြောချင် တာပါ။ လွှတ်တော် ကိုယ်စားလှယ်တော် (စစ်ဘက်/အရပ်ဘက်-အားလုံး)ကြီးများ....ခင်ဗျားတို့ ခု အ့ ခုံပေါ်ရောက်နေတာ..အောက်က..ကျုပ်တို့  ပြည်သူတွေ၊ထမ်းပိုးပြီးတင်ပေးခဲ့ ကြတာ။ ခင်ဗျားတို့ ရတဲ့ လစာ၊ ခံစားခွင့်..အားလုံးက..ကျုပ်တို့ ပြည်သူတွေ့ ရဲ့ အခွန်အခ၊ ချွေးနည်းစာတွေက လာတာဆိုတာမမေ့ပါနဲ့ ဦး။ ဒီအတွက်..အခြေခံလူတန်းစာအတွက် အလုပ်အကိုင်တွေ၊ (ပြည်တွင်း/ပ-က အားလုံးသော)မိသားစုဘ၀ တွေ အတွက် လူတန်းစေ့ ပျော်ရွှင်၊ရှင်သန်ရပ်တည်နိုင်ရေး ဆိုတာတွေ ထည့်တွေးပြီး၊ နည်းနည်းလေး ပို အားစိုက်ကြပါဦး။ ခေါင်းညိတ်၊ ခေါင်းခါ ချည်းပဲ၊ သူများပြောတာ လိုက်မလုပ် နေကြနဲ့ ။ ခုပြောနေတာတွေအားလုံးက...သမ္မကြီးတို့  ပြောနေတဲ့..ပြုင်ပြောင်းလဲရေး ဆိုတာတွေကို..တက်ညီ လက်ညီ၊(ကျနော် အပါအ၀င်)အားလုံး ၀ိုင်းကြိုးစားကြဖို့ ပြောနေတာ..။ အပြစ်တွေ ပြောပြီး၊ ဝေဖန်ပုတ်ခတ်နေရင်..ကျုပ်တို့  နိုင်ငံ ထပ်နောက်ကျ ဖို့  ပဲရှိတယ်။..အနှစ်၄၀/၅၀ ကျန်ခဲ့ပြီးပြီနော်။ခုပြင်မှ..ကျုပ်တို့  မြေးတွေလောက်ကျ ကောင်းစားမှာ...။ ကဲ..တို့ တွေအားလုံး..ဘာလုပ်ကြမှာလဲ။..“ .တို့  နောက်သားမြေးတွေ..အနာဂတ်က..ဘာလဲ။ ဘယ်လဲ။ ”

tuntun said...

ဆက်သွယ်ရေးကတောင်ပြန်ပြီးတရားစွဲနေအုန်းမယ် စာချုပ်ကိုကိုယ်တိုင်ဖတ်ပြီးဝန်ခံကတိထိုးထားတာပဲ။........တရားလိုက်တာ

Awkawli said...

SKy said...

Awkawli >> ၀ယ်ယူခြင်းနဲ့  ငှားရမ်းအသုံးပြုခြင်း တူပါသလားးးးးး ???

Sky ရေ၊ အစိုးရက ဖုန်းဘိုး သိန်း 50 ဖြစ်သွားလို့ 15 သိန်းပြန်အမ်းမယ်၊ ပြန်အပ်ကြပါဆို၇င်ကော?

iban ရေ၊ သူ့ခေတ်အခါကတန်တယ်ထင်လို့ 15 သိန်းတန်ကို သိန်6း0 ပေးဝယ်သုံးခဲ့ပြီး ဒီဖုန်းကြောင့်ရတဲ့ အကျိုးအမြတ်တွေကို လည်းထည့်တွက်ကြအုံးလေ။

ဒါကြောင့် သမိုင်းဆရာမကြီးတွေကပြောတာ.. ငါတို့မြန်မာလူမျိုးတွေက ဘုရင်စံနစ်နဲ့နေလာတာကြာတော့ ၊ သက်ဦးဆံပိုင်ဘုရင်စံနစ်နဲ့အုပ်ချုပ်မှ ဘဲ ကိုက်မယ်၊တိုးတက်မယ်တဲ့၊၊

လူဆိုတာငို့ ဘ၊ငါ့ဘို့ဘဲ အမြဲတွက်ချက်တယ်ဆိုတာဆင်ခြင်မိရင်၊ သူများကိုဝေဖန်မိတော့မှာမဟုတ်တာသေချာပါတယ်။

Awkawli said...

I am sure that MPT never ask HP users to buy HP SIM CARDs by force. (မ၀ယ်မနေရ၊ မ၀ယ်လျှင်အရေးယူမယ်လို့များပြောထားလို့လား)

ကိုယ်တိုင်လည်း 15 သိန်းနဲ့ငှားသုံးတဲ့သူပါ။ ရချင်လွန်းလို့ ငန်းငန်းတက်လျှောက်ခဲ့ပေးခဲ့တာပါ၊သူများမရတဲ့အချိန်မှာရခဲ့လို့၊ကိုင်နိုင်လို့ အရမ်းဝမ်းသာခဲ့တာပါ။ သူ့ကုသိုလ်နဲ့သူလို့သဘောထားပါတယ်။

ုကိုကြီး said...

အားပေးပါတယ်ဗျို့။

mnaing said...

ပဋိညာဉ်ဆိုတာ နှစ်ဦးနှစ်ဖက် ကတိပြုဝန်ခံချက်ပါ.
တဖက်သတ် ဖြစ်နေရင် ပဋိညာဉ် မမြောက်ပါ။
အာဏာ သုံးတဖက်သတ် ချုပ်တဲ့ ပဋိညာဉ် တရားမ၀င်ပါ။
တရားဥပဒေ မျက်နှာမလိုက်ဘဲစီရင်ဖို့တောင်းဆိုကြပါ။

Anonymous said...

တရားစွဲ လို.ရပါ တယ်။ စတင်ဦးဆောင် သူ လိုအပ် -- ညီညွတ် ဖို.လို-- ငွေ ပြန်ရရေးထက် ကြီးမားသော တရားရေးစိန်ခေါ်မှု ၊ အကျင့်ပျက်ဂုတ်သွေး
စုတ် လာဘ်စားမှုကြီး ဖော်ထုတ်မှု ဖြစ်ပြီး ပြည်သူအများပါဝင်သင့် ဆောင်
ရွက်သင့်သော လုပ်ရပ်ဖြစ်ကြောင်း ဒုတိယမြစ်ဆုံအရေးခင်းသဖွယ်ဖြစ်လာနိုင်

စစ်ကိုမုန်း said...

ဝယ်တာပဲဖြစ်ဖြစ် ငှားတာပဲဖြစ်ဖြစ် ၁၅ သိန်းခေတ်က ၀ယ်ထားတဲ့ လူတန်းစားတွေက ပြန်အမ်းဖို့တွေ ဘာတွေ လုံးဝ မတောင်းဆိုသင့်ဘူး ထင်ပါတယ်..

La Minn said...

အဲဒီတုန်းကလဲအငန်းမရအလုအယက်လိုချင်ခဲ့ကြတာမဟုတ်လား။ တစ်ဖက်
စောင်းနင်းမတရားတဲ့စာချုပ်ကြီးကိုမျက်စေ့မှိတ်ပြီးလက်မှတ်ထိုးခဲ့ကြတယ်
မဟုတ်လား။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုတောင်လိုအပ်ရင်ပြင်လို့ရသေး
တာပဲ၊ကမ္ဘာမှာအဲဒီသရုပ်မျိုးမရှိလောက်တဲ့ဥပဒေမျိုးဆိုတော့ပြင်လို့ရရမှာပေါ့၊မတရားဖြစ်နေတာကြီးကိုပြန်ပြင်ပေးဖို့ကောင်းပါတယ်။ မတရားတဲ့ဥပဒေကို
ရဲရဲဝန့်ဝန့်ပြင်တော့အစိုးရလည်းသိက္ခာရှိတာပေါ့။ မှားနေတာကိုအမှန်ပြင်တာ
ရှက်စရာမဟုတ်ပါဘူး။ ကိုယ်တို့လည်းနောက်ကိုအငန်းမရမဖြစ်ကြနဲ့။ သူ
တောင်းစားချင်းခွက်စောင်းမခုတ်ကြနဲ့။ ဒီမိုကရေစီခေတ်ရောက်နေပြီထင်
ရတာပဲ။ နစ်နာတယ်ဆိုတဲ့လူတွေအတွက်ပြောဖို့အခွင့်အရေးရှိပါတယ်။
တောင်းဆိုတဲ့အတိုင်းမရရင်သာရှိမယ်၊ စာချုပ်ဖေါက်ဖျက်တယ်ဆိုပြီး အရေး
ယူလောက်တဲ့အထိ သူတို့သရုပ်မှန်ကိုဖေါ်မဲ့ မိုက်မဲမှုအထိတော့မလုပ်ပါဘူး။
Carry on Brothers! You may afford as much as you
can. It is one symbol of the democratic rights.
ပြန်ရဖို့တော့သိပ်မလွယ်လှဘူး၊ နိုင်ငံတကာမှာနည်းတဲ့အကြွေးတွေမဟုတ်
ဘူး၊ ပြန်ဆပ်ရမှာ။

ငဖြိုး said...

ပြည်သူတွေကို စေတနာ မရှိတဲ့ ဆက်သွယ်ရေးကို
စိတ်ဆင်းရဲအောင်လုပ်တာ သဘောကျတယ်ဗျို့.....
ဒါပေမယ့်........
လက်ရှိ မှာနိုင်ငံပိုင် လုပ်ငန်း ဖြစ်နေတဲ့ အတွက်
အခက်အခဲတွေ များစွာ နဲ့စိမ်ခေါ်နေရတဲ့နိုင်ငံ ကို
ပိုမိုပြီး အခက်မတွေ့စေချင်ဘူး
ခဏတော့သည်းခံကြရအောင်လားဗျာ.......................................................................................................

Powered by Blogger.