ဧရာဝတီမြစ် အထက်ပိုင်းဒေသများတွင် အဆိပ်ဖြစ်စေသည့် အမိုးနီးယားဓာတ် ပုံမှန်ထက် ပိုမိုပါဝင်နေ

၂၀၁၂ နှစ်စပိုင်း တိုင်းတာ စစ်ဆေးချက်များအရ ဧရာဝတီမြစ်၏ ရေအရည်အသွေးသည် မြစ်အထက်ပိုင်း ဒေသများတွင် လူနှင့်ရေနေ သတ္တ၀ါများအတွက် အဆိပ်ဖြစ်စေသော အမိုးနီးယားဓါတ်များ ပုံမှန်ထက် ပိုမို ပါဝင်နေကြောင်း မြန်မာနိုင်ငံရေ သုတေသနဌာနမှ သိရှိရသည်။
မြစ်ရေ အရည်အသွေး တိုင်းတာစစ်ဆေးရာ၌ WHO ၏ စံသတ်မှတ်ချက်များအတိုင်း စစ်ဆေးလျက်ရှိကြောင်း၊ အဆိုပါသတ်မှတ်ချက်နှင့် မကိုက်ညီသော ရေကို အသုံးပြုပါက လူနှင့် သဘာဝပတ်ဝန်းကျင်အတွက် အန္တရာယ်အနည်းနှင့် အများ ဖြစ်ပေါ်နိုင်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ ရေသုတေသနဌာနမှ တာဝန်ရှိသူတစ်ဦးက ''ဧရာဝတီမြစ်ရဲ့ ရေအရည်အသွေးကို စစ်ဆေးနေပါတယ်။ လက်ရှိမှာတော့ ဧရာဝတီမြစ် အထက်ပိုင်းဖြစ်တဲ့ မန္တလေးမြို့ရဲ့ မြောက်ဘက်ပိုင်း ဗန်းမော်က နေမန္တလေးအပိုင်းကို စစ်ဆေးပြီးသွားပါပြီ။ စစ်ဆေးချက်တွေအရ ဧရာဝတီမြစ်ရဲ့ အထက်ပိုင်းမှာ အမိုးနီးယား ဓါတ်တွေ ပိုမိုပါဝင်နေတာ တွေ့ရပါတယ်။ အမိုးနီးယားဓါတ်က လူနဲ့ ရေနေသတ္တ၀ါတွေအတွက် အဆိပ်ဖြစ်စေပါတယ်''ဟု ပြောကြားခဲ့သည်။

ဧရာဝတီမြစ်၏ မြစ်လက်တက်ဖြစ်သော မေခမြစ်အတွင်း ရွှေလုပ်ကွက်များမှ ရေဆိုးရေညစ်များ စီးဆင်းနေသည်ကို မတ်လ ပထမပတ်က တွေ့ရစဉ်
''မြစ်ရေအရည်အသွေး စစ်ဆေးတာကို အရင်က နှစ်စဉ် မလုပ်ဖြစ်ပါဘူး။ ၂၀၀၆ ခုနှစ်က တစ်ခါလုပ်တယ်။ ၂၀၀၉ ခုနှစ်မှာ တစ်ခါလုပ်ဖူးတယ်။ ချင်းတွင်းမြစ်မှာတော့ ၂၀၁၀ ပြည့်နှစ်က တစ်ခါ စစ်ဆေးဖူးတယ်။ စစ်ဆေး ချက်တွေက parameter ၁၄ ခုနဲ့ တိုင်းတာနေတာပါ။ အရင်က မြစ်ရေကို ယူပြီးနောက်မှ စစ်တဲ့သဘော။ အခုမြစ်ရေကို အခုယူ အခုစစ် လုပ်နေတာပါ။ မြစ်ရေမှာ ရှိသင့်ရှိထိုက်တဲ့ စံအတိုင်း ရှိမနေတာတွေကို စစ်ဆေး ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်'' ဟုလည်း ရေသုတေသနဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အမိုးနီးယားသည် ရေနေသတ္တ၀ါများအတွက် အဆိပ်ဖြစ်စေကြောင်း၊ အပင်များက သတ္တ၀ါများထက် အမိုးနီးယားအား လက်ခံနိုင်မှု ပိုများပြီး ကျောရိုးမဲ့သတ္တ၀ါများသည် ငါးများထက် အမိုးနီးယားအား ပိုမိုခံနိုင်စွမ်း ရှိကြောင်း သိရှိရသည်။ ငါးများတွင် ငါးမျိုးပွားနှုန်း အား ထိခိုက်စေကြောင်း၊ ငါးပါးဟက်၊ အသည်းနှင့် ကျောက်ကပ်ရှိ တစ်ရှူးများအား ထိခိုက်နိုင်ကြောင်း သိရှိရသည်။

ထို့ပြင် လူသတ္တ၀ါများတွင် ကိုယ်ဟန် အနေအထား ဟန်ချက်ညီမှု လျော့ပါးခြင်း၊ တက်ခြင်း(Coma) ကိုးမားဟုခေါ်သော ကြာမြင့်စွာ သတိလစ်၍ မြောနေခြင်းနှင့် သေဆုံးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း၊ အမိုးနီးယား မော်လီကျူး သည် အသက်ရှင်နေထိုင်ခြင်းအတွက် လိုအပ်သော အာဟာရတစ်ခု ဖြစ်သော်လည်း အမိုးနီးယားများ ခန္ဓာကိုယ် အစိတ်အပိုင်းများတွင် ပိုမိုများပြားစွာ ပါဝင်မှုသည် ဇီဝဖြစ်စဉ် ပြောင်းလဲခြင်းနှင့် ခန္ဓာကိုယ် တွင် ph  မြင့်မားခြင်းကို ဖြစ်စေနိုင်ကြောင်း ထုတ်ပြန်ထားချက်များအရ သိရှိရသည်။
EMG
ဧရာဝတီမြစ် အထက်ပိုင်းဒေသများတွင် အဆိပ်ဖြစ်စေသည့် အမိုးနီးယားဓာတ် ပုံမှန်ထက် ပိုမိုပါဝင်နေ ဧရာဝတီမြစ် အထက်ပိုင်းဒေသများတွင် အဆိပ်ဖြစ်စေသည့် အမိုးနီးယားဓာတ် ပုံမှန်ထက် ပိုမိုပါဝင်နေ Reviewed by သစ်ထူးလွင် on 22:54 Rating: 5

7 comments:

oaksoeaung@gmail.com said...

လှတော့လှနေပီ...ယခုဆိုရင်နိုင်ငံတိုင်လိုလိုတရုတ်နဲ့ကုလားအရေးကိုဘယ်လိုဖြေရှင်းရမလဲဆိုတာခေါင်းတော်တော်ခဲနေရပီ...ဟီရီသြတပနဲ့နေတဲ့နေရာတော်တော်များများသူတို့ရောက်လာရင်အကုန်ပျက်စီးကုန်တော့တာပဲဗျာ

Bravo said...

အမိုးနီးရားဆိုတာဘာလဲ၊ ဘယ်လိုအန္တရာယ်များတယ်ဆိုတာ အကြီးတန်းအရာရှိတွေကို သိအောင်အရင်ပြောပြကြပါ။ သူတို့ဘာမှန်းမသိရင် ကြောက်ရကောင်းတောင်သိမဲ့ သတ္တဝါတွေမဟုတ်ဘူး။

pyaponthu said...

တယုတ်(တရုပ်)ဘဲ။သူတို့က ဗမာပြည်က လူတွေကို လူလို့မှ မထင်တာ။လုပ်ခြင်သလို လုပ်လို့ရတာ သိနေတယ်လေ။အစိုးရ ကလည်းဒီကောင်တွေ ဘာလုပ်နေလဲဆို တာ မစစ်ကြဘူး။ဝန်ကြီးတွေလဲ သူတို့အိတ် ဖောင်းဖို့ဘဲ စိတ်ဝင်စားတယ်။အောက်ခြေမှာ ဘာဖြစ်တယ်ဆို တာ ပြန်ကြည့်ဘို့ စိတ်မဝင်စားဘူး။ဝန်ကြီးအားလုံးအနားယူသင့်ဘီး။မြန်မာ ပြည်မှာ မြန်မာစာရေးရမှာပေါ့ တရုတ်စာရေးတယ်ဆို တာတရုတ်ပြည်မို့လို့ပေါ့

yangonthu said...

That's why we must save Irrawaddy.

seazinyaw said...

လူကြီး ဆိုတဲ့သူတွေက အသားဖြုရင် လေးစားတယ်၊ ဒါကြောင့် တရုတ်တွေ က အိမ်ရှေ.ပေါက် က၀င်ပြီး လုပ်ခြင်ရာလုပ်လို.ရတယ်၊
ကုလားတွေ ကုအသားမဲတော့ ငယ်နိုင်လိုဆက်ဆံတယ်၊ဒါကြောင့်နောက်ဖေးပေါက်က၀င်လို.ရတယ်၊ ကုလားကလည်းမူရာမာရာများတယ်၊ဗမာအကြောကိုကောင်းကောင်းသိတယ် အောက်ကြို.၀င်ဆလန်သပြီး သူတို.လိုခြင်တာ ရအောင်တောင်တယ်၊ပြီးတော.မှတွယ်တာ။ဥပမာ-မောင်အေး pso ဗိုလ်မှူးဝင်းထွန်း ရဲ့ မိန်းမ ကျောင်းအုပ်မ ကြီးကို သူတို.မွေးထားတဲ့ နိုင်GROUP ကုလား ကဆော်သွားတာကြည်. ပါလား၊ နောက်မှသိတဲ့ယောက်ျားခဗျာ သတ်သေပါလေရော၊ ဒါပေမဲ့နိုင်ဂရု ကတော.ပန်းပန်ဆဲဘဲ နောက်တက်တဲ့သူတွေ ဆက်မွေးထားလေရဲ့

Anonymous said...

ဲမြစ်ဖျားကစ၅်ျမြစ်ကြောင်းတလျှောက်နေထိုင်သူ လူသားများစွာရဲ့ဘဝ ပာာလူစဉ်မမှီဖြစ်ြဲပီးတဖြည်းဖြည်း ရောဂါရပြီးလုးံပါးပျောက်ကွယ်မသွားရေး အတွက်-မြစ်ဆုံစီမံကိန်းရပ်လိုက်သလို-ဒီတရုတ်ရွှေတူးစက်တွေကြတ်ကြတ်မတ်မတ်ကို ထိန်းသိန်းဖို့လိုအပ်နေပါပြီ။permit က တစ်ခု၊လုပ်ကွက်ကအများကြီးလုပ်နေတဲ့ သူတွေအများကြီးပါ။ ဆိုင်ရာကလူတွေက-သူတို့ကိုရွှေတုံးသာပေးပါ။အားလုံးမျက်ကွယ်ပြုပေးနေမယ် ဆိုတာကြီးဘဲများ နေကြ တယ်လေ။ ကဲ သဘာဝဝန်းကျင်ထိမ်းသိမ်းရေး အဖွဲ့တို့ရေဒီသေစေလောက်တဲ့ ရေညစ်ညမ်းမှုကြီးကို ရပ်တန့်ရေး လုပ်ပေးကြပါအုံး။ ပညာတတ်တွေကို တကယ်အားကိုးပါတယ်။

Myanmar said...

သမ္မတက ဒီသတင်းဆိုက်ကို ပိတ်လိုက်ပီ သူငယ်ချင်းတို့ေ၇။ မကြားလိုပ မကြားလိုပါ ဒီလို သတင်းအမှန်တွေနဲ့ မယဉ်ပါးသေးပါဘူးတဲ့ သူငယ်ချင်းတို့ေ၇...။ ။

Powered by Blogger.