မြန်မာ့လွှတ်တော် နိုင်ငံတကာ လွှတ်တော်သမဂ္ဂ ၀င်ရန် ဆုံးဖြတ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတကာလွှတ်တော်များနှင့် တွင်ကျယ်စွာ ဆက်ဆံနိုင်၊ အမြင်ချင်း၊ အတွေ့အကြုံ ချင်း ဖလှယ်နိုင်ခွင့် ပိုမိုရရှိလာစေရန် နိုင်ငံတကာပါလီမန်ဆိုင်ရာ သမဂ္ဂ (Int'l Parliamentary Union:- IPU) သို့ ၀င် မည်ဟု ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၁ ရက် မြောက်နေ့ (၁၆-၃-၂၀၁၂) တွင် ဆုံးဖြတ် အတည်ပြုခဲ့သည်။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ (ဓါတ်ပုံ-Google Images)
"နိုင်ငံတကာပါလီမန်အဖွဲ့အစည်း ဖြစ်တဲ့ အိုင်ပီယူ (IPU) သို့ မြန်မာနိုင်ငံ က အဖွဲ့ဝင်အဖြစ် ၀င်ရောက်ပါက နိုင်ငံ တကာပါလီမန် များနဲ့ ထိတွေ့ဆက်ဆံမှု တွင် ကျယ်နိုင်ပြီး အတွေ့အကြုံ၊ အမြင် ချင်းဖလှယ်ခွင့် ပိုမိုရရှိနိုင်မှာ ဖြစ်ပါတယ်။ ယင်းသို့ ထိတွေ့ ဆက်ဆံခြင်းဖြင့် လွှတ် တော်ကိုယ်စားလှယ်များရဲ့ လုပ်ငန်း ဆောင်ရွက်မှုအတွက် များစွာအထောက် အကူပြုနိုင်ပြီး မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ် တိုးတက်မှုများကိုလည်း နိုင်ငံတကာ လွှတ်တော်များမှတစ်ဆင့် ကမ္ဘာသို့အသိ ပေးနိုင်မှာဖြစ်သလို နိုင်ငံတကာဆက်ဆံ ရေးနယ်ပယ်ကိုလည်း တိုးချဲ့ဆောင်ရွက် နိုင်မှာဖြစ်ကြောင်း သုံးသပ်တင်ပြလိုပါ တယ်"ဟု ၎င်းနေ့အစည်းအဝေး၌ ပြည် ထောင်စု လွှတ်တော်နာယက ဦးခင် အောင်မြင့်က ပြောကြားအပြီး လွှတ် တော်၏ ဆန္ဒသဘောထားကို မေးမြန်း ကာ ကန့်ကွက်သူမရှိ သဘောတူ ဆုံးဖြတ် အတည်ပြုခဲ့ကြောင်း တွေ့ရသည်။
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် အခြေ စိုက်သော နိုင်ငံတကာပါလီမန်ဆိုင်ရာ သမဂ္ဂ (IPU) ၏ အတွင်းရေးမှူးချုပ်ဦး ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ပြီးခဲ့သည့် မတ်လ ၆ ရက်တွင် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းထံသို့ သွားရောက်တွေ့ဆုံခဲ့သည်။
နိုင်ငံတကာလွှတ်တော်များနှင့် ထိ တွေ့ဆက်ဆံမှုများ ပိုမိုတွင်ကျယ်လာ ပြီဖြစ်ရာ ပြည်ထောင်စုလွှတ်တော် နာယကသည် ကမ္ဘော ဒီးယားနိုင်ငံတွင် ကျင်းပမည့် အာဆီယံနိုင်ငံခေါင်းဆောင် များနှင့်ပါလီမန်အမတ်များ ညီလာခံ ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်သည်။
မြန်မာ့တိုင်းမ်
မြန်မာ့လွှတ်တော် နိုင်ငံတကာ လွှတ်တော်သမဂ္ဂ ၀င်ရန် ဆုံးဖြတ် မြန်မာ့လွှတ်တော် နိုင်ငံတကာ လွှတ်တော်သမဂ္ဂ ၀င်ရန် ဆုံးဖြတ် Reviewed by သစ်ထူးလွင် on 16:35 Rating: 5

11 comments:

Ko Htet said...

ကောင်းတော့ကောင်းပါတယ်ဗျာ----
ဒါပေမဲ့ ဓါတ်ပုံထဲက လိုကျောက်ရုပ် တွေ (ကြောက်ပြီး ယုတ်လို့)၊
ကျောက်ဖားတွေ (ကြောက်ပြီးဖားလို့)၊ သူတို့ကို အရင်စဉ်းစားရမယ်။
အခုတော့ အမတ်တဲ့ ပြည်သူတွေအတွက် ဘယ်နေရာကြည့်လဲ၊ ဘာစဉ်းစားလို့လဲ၊ ခေါင်းဘဲတက်ညိမ့်တာများ ကလေးတောင်ညိမ့်တတ်တယ် နော်။

Arlarwaka said...

ကြည့်လဲလုပ်ကြပါအုံး ဆရာသမားတို့ရယ် မြန်မာ့လွှတ်တော်မှာ အိပ်ငိုက်ရတာအားမရလို့ နိုင်ငံတကာလွှတ်တော်မှာသွား အိပ်ငိုက်ကြမလို့လား အရှက်တွေကွဲနေပါအုံးမယ်

nyan said...

ဒါကတော့ကွာ ဓါတ်ပုံရိုက်တဲ့သူတွေစောက်သုံးမကျလို့ပေါ့။ Media ဆိုတာကလည်း အကုန်လုံးကိုဖန်တီးယူလို့ရတယ်။ ၁၀၀ ကို လူ100000 လောက်ဓါတ်ပုံရိုက်ယူလို့ရတယ်။ စစ်ဗိုလ်တွေကိုဓါတ်ပုံသွားရိုက်လို့ ကျောက်ရုပ်လိုမနေလို့ဘယ်လိုနေရမှာလည်း။

ကျော်ထိုက် said...

အောက်ခြေ မခံပဲ အမြင့်တက်မလို့လား.....လူရီစရာ ဖြစ်နေအုံးမယ်...ကိုယ့် အရှေ့တောင်အာရှ မှာ တောင် အရှက်ကွဲတာအားမရလို့..တကမ္ဘာလုံးက သိအောင် အ၇ှက်ကွဲချင်တယ်ပေါ့..လုပ်...လုပ်

မောင်မောင် said...

မလုပ်တုန်းကကျတော့လည်း မလုပ်လို့ အသွင်ကူးပြောင်းပြန်တော့လည်း မကောင်းဘက်ကပဲ အမြဲတမ်းအပစ်မြင်နေကျပြန်တယ်..ဒီမိုကရေစီထွန်းကားတဲ့ နိုင်ငံကြီးတွေရဲ့သမိုင်းကိုဖတ်ကြည့်ပါလေ့လာကြည့်ပါဒီမိုကရေစီဖ၇ှင်သန်ဖို. နှစ်ပေါင်း ငါးဆယ်အထက်ရေလောင်းပေါင်းသင်ခဲ့ကြရတယ်...

Myanmar said...

ဒီကောင်အိပ်သာနေတာ မြန်မာပြည်ကို ဆွဲချဘို့အခွင့်ေ၇း၇၇င် တက်တက်ကြွကြွ ဆွဲချတာ ဒီကောင်တွေဘဲ။ ။

ကိုသူရ said...

"နိုင်ငံတကာပါလီမန်အဖွဲ့အစည်း ဖြစ်တဲ့ အိုင်ပီယူ (IPU) သို့ မြန်မာနိုင်ငံ က အဖွဲ့ဝင်အဖြစ် ၀င်ရောက်ပါက နိုင်ငံ တကာပါလီမန် များနဲ့ ထိတွေ့ဆက်ဆံမှု တွင် ကျယ်နိုင်ပြီး အတွေ့အကြုံ၊ အမြင် ချင်းဖလှယ်ခွင့် ပိုမိုရရှိနိုင်မှာ ဖြစ်ပါတယ်။ ယင်းသို့ ထိတွေ့ ဆက်ဆံခြင်းဖြင့် လွှတ် တော်ကိုယ်စားလှယ်များရဲ့ လုပ်ငန်း ဆောင်ရွက်မှုအတွက် များစွာအထောက် အကူပြုနိုင်ပြီး မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ် တိုးတက်မှုများကိုလည်း နိုင်ငံတကာ လွှတ်တော်များမှတစ်ဆင့် ကမ္ဘာသို့အသိ ပေးနိုင်မှာဖြစ်သလို နိုင်ငံတကာဆက်ဆံ ရေးနယ်ပယ်ကိုလည်း တိုးချဲ့ဆောင်ရွက် နိုင်မှာဖြစ်ကြောင်း သုံးသပ်တင်ပြလိုပါ တယ်"ဟု ၎င်းနေ့အစည်းအဝေး၌ ပြည် ထောင်စု လွှတ်တော်နာယက ဦးခင် အောင်မြင့်က ပြောကြား ရည်ရွယ်ချက်က ကောင်းပါတယ်..

ဒါဆိုရင် ...
တခြားလွှတ်နိုင်ငံတကာမှာ တပ်က 25% ပါတဲ့လွှတ်တော် ဘယ်နှစ်ခုရှိလဲ
ကိုယ်စားလှယ်လုပ်ပြီး ဘာမှမတင်ပြတက်တဲ့ လူတွေကိုကော်ဘာလုပ်မှာလဲ
နာယကကြီး ကို ယုံကြည်ပါတယ်

အမြင်သစ် said...

နိုင်ငံတကာအသိအမှတ်ပြုလွှတ်တော်ဖြစ်အောင်လုပ်ချင်တဲ့သ
ဘောပါ။ ဒါမှ 2008 ဖွဲ့စည်းပုံအခြေခံဥပဒေလဲ နိုင်ငံတကာအသိ
အမှတ်ပြုပီးသားဖြစ်တော့မပေါ့။အင်း..အကြံကတော့မဆိုးပါဘူး
ဒါပေမဲ့ လွှတ်တော်ထဲမှာ ပြည်သူ့ကိုယ်စားလှယ်စစ်စစ်ပါလို့
ပြောလို့ရတဲ့လူ လက်ညှိုးထောင်စမ်းပါ။မဟုတ်ဘဲနဲ့ တော့
မထောင်နဲ့နော်...အင်္ဂုလိမာလ က သူ့ဆွဲကြိုးပျောက်သွားပီတဲ့.....

U Thar said...

ကို့တိုင်းပြည်မှာတာ့ကြိုက်တလိုလုပ်၊ကြိုက်တလိုပြော
ဆိုလို့၇တယ်နော် အဲဒီ(IPU)မှာတော့ပြောချင်တိုင်းပြော
လို့၇မှာမဟုတ်ဘူး ကို့လူတွေအ၇ည်အချင်းကိုလဲစစ်အုံး၊
ဝင်တာတော့ကောင်တာပေါ့ ဒါမှအတွေ့ကြုံအသစ်တွေ
အမြင်ချင်ဖလှယ်တဲ့အသစ်တွေပါ၇ပြီး(ညဏ်ေ၇တွေတိုး
တက်လာမှာ)

Anonymous said...

ကျုပ်က တောသားဆိုတော့ တောသားလိုပဲမြင်တယ်။
သူရဦးရွှေမန်းနဲ့ လွှတ်တော်ခေါင်းဆောင်ပိုင်းက သူတို့ရဲ့ တရားဝင် ရပ်တည်မှု အသိုင်းအ၀ိုင်းကို ချဲ့ယူတဲ့ကိစ္စပဲ။ အပြုသဘောဆောင်တယ်လို့ မြင်တယ်။ နိုင်ငံတကာထဲကို ၀င်ဆန့်ထားမှ အပြန်အလှန်ထိန်းကျောင်းခွင့် ရလိမ့်မယ်။ ဒါမှ လာဘ်စားထားတဲ့ လူတွေကို အားရှိပါးရှိ ဖော်ထုတ်နိုင်မယ်။

ဇာမဏီ said...

လွှတ်တော်ထဲက 25 ရာခိုင်နှုန်းသော စစ်သားကြီးများက ဘယ်ပြည်သူကို ကိုယ်စားပြုပါသလဲ.သိသူများဖြေပေးကြပါ။
55 ရာခိုင်နှုန်းသော ကြံ့ဖွတ်များက လည်း ပြည်သူကိုတကယ်
ကိုယ်စားပြုပါသလား ။ အခု ကြားဖြတ်ရွေးကောက်ပွဲနိုင်ရင်
လွှတ်တော်ထဲရောက်မဲ့ ပြည်သူ့ကိုယ်စားလှယ် အစစ်တွေဖြစ်ကြကုန်သော 7 ရာခိုင်နှုန်းခန့်အား အဘယ့်ကြောင့် ၀ိုင်းဝန်း ယုတ်မာကောက်ကျစ်နေကြပါသလဲ။ ကိုယ့်အာဏာ တည်မြဲရေးအတွက်လား၊ ကိုယ့်စည်းစိမ် မပြုတ်ရေးအတွက်လား။ ကိုယ့်အမျိုး(ဆွေမျိုး)ကောင်းစားရေး
အတွက်လား။

Powered by Blogger.