ခြောက်ထပ်ကြီးဘုရားကျောင်းဝင်းအတွင်းရှိ သက်တမ်း ၇၀ ကျော်သစ်သားကျောင်းတိုက်မီးလောင်မှုဖြစ်ပွား

ဖြိုးဖြိုး
ရန်ကုန်၊ မတ်-၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ရွှေမင်းဝံ သာသနာ့ရိပ်သာလမ်းရှိ ခြောက်ထပ်ကြီးဘုရားကျောင်းဝင်းအတွင်း တည်ရှိသော ဇေယျသုခကာရီကျောင်းတိုက်တွင် မတ်လ ၁၄ ရက် နံနက် ၁၀ နာရီ ၂၅ မီနစ်အချိန်က ကျောင်းတိုက်အတွင်းရှိ မီးအားမြှင့်စက်အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း အဆိုပါကျောင်းတိုက်အတွင်းရှိ သံဃာတော်များက မိန့်ကြားသည်။

မီးလောင်ကျွမ်းခံခဲ့ရသောကျာင်းတိုက်သည် သစ်သားကျောင်းတိုက်ဖြစ်ပြီး သက်တမ်း ၇၀ ကျော်ရှိပြီဖြစ် ကာ ကျောင်းတိုင်ဆရာတော်အပါအ၀င် သံဃာတော် ၅ ပါးသတင်းသုံးနေထိုင်လျက်ရှိသည်။

အဆိုပါ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် ၁၂ သိန်းဝန်းကျင်ခန့်ရှိမည်ဟု အခင်းဖြစ်ပွားရာနေရာသို့ရောက်ရှိနေသော မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ခန့်မှန်ပြောကြားသည်။
မီးလောင်ခံရသော ကျောင်းတိုက်အား မီးလောင်းကျွမ်းပြီးနောက်တွေ့ရစဉ်။



ဖြိုးဖြိုး - by The Express Times
ခြောက်ထပ်ကြီးဘုရားကျောင်းဝင်းအတွင်းရှိ သက်တမ်း ၇၀ ကျော်သစ်သားကျောင်းတိုက်မီးလောင်မှုဖြစ်ပွား ခြောက်ထပ်ကြီးဘုရားကျောင်းဝင်းအတွင်းရှိ သက်တမ်း ၇၀ ကျော်သစ်သားကျောင်းတိုက်မီးလောင်မှုဖြစ်ပွား Reviewed by သစ်ထူးလွင် on 06:58 Rating: 5

3 comments:

Anonymous said...

Is this fire case only cost 12 lakhs ???

Funny...

How to calculate ???

မြတ်နိုး said...

စိတ်မကောင်းပါဘူးဗျာ

thiha said...

ငွေ ၁၂ သိန်းကပြန်ရှာလိုရပေမဲ့ ရှေးအမွေအနှစ်ကတော ဘယ်လိုမှပြန်ရှာလို မရတောဘူးလေ

Powered by Blogger.