(စစစ)ရဲ့ နေ့ည မနား စစ်ဆေးခြင်းကို မခံနိုင်သဖြင့် တိုက်ပေါ်မှခုန်ချ သတ်သေခဲ့သူ ရှမ်းမလေး နန်းဝိုးဖန်

ဆေးရုံကြီးတွင် တွေ့ရသော နန်းဝိုးဖန်း အလောင်း
(စစစ) ရဲ့ မတရား စစ်ဆေးတဲ့ဒဏ်ကိုမခံနိုင်လို့ င်္ရုးပေါ်က ခုန်ချသတ်သေ သွာသူ အသက်၂၀ ရှမ်းတိုင်းရင်းသူလေးရဲ့ပုံပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းသွားယူတဲ့ သတင်းထောက် တွေကိုလည်း သတင်းဆက်မလိုက်ဖို့နဲ့ ဆက်လိုက်ရင် အသက်အန္တရာယ် ရှိနိုင်တယ်ဆိုပြီး (စစစ) အရာရှိတစ်ဦးက ခြိမ်းခြောက်ပြောဆို သွားကြောင်း ကြားသိရပါတယ်။


၂၁ရက် ၃လ ၂၀၁၂ ရက်နေ့တွင် လှိုင်သာယာရဲစခန်းမှ ဒုရဲအုပ် ကိုကိုဇော်က ရှမ်းမလေး (၂၀)နှစ် နန်းဝိုးဖန်၏ လှိုင်သာယာရဲစခန်းတွင် တရားလိုအဖြစ်အမှုဖွင့်တိုင်ကြားထားသည့် ပုဒ်မ ၄၀၆ အမှုမှ တရားခံ ကိုကိုထွေးအား တရားစွဲတင်ပို့ရမည်ဟု ရန်ကုန်တိုင်းရဲမှူးကြီး မှပြောသဖြင့် (စစစ)မှ မဖြစ်မနေ သွားရောက်အစစ်ခံမှသာ အမှုအား တရားစွဲပေးမည်ဟုပြောသဖြင့် ရှမ်းမလေး နန်းဝိုးဖန်နှင့် မအိအိအောင် တို့(၂)ဦးသည် ၂၁.၃.၂၀၁၂ ရက်နေ့ ညနေ (၃)နာရီ မှာ သွားရောက်စစ်ဆေးခံရာ (စစစ)အဖွဲ့ကြီး၏ တရားလိုဖြစ်သူ မနန်ဝိုးဖန်အား တရားခံကိုကို၏ တိုင်ကြားချက်အပေါ် တရားခံသဖွယ် ၂၄.၃ ၂၀၁၂ ရက်နေ့အထိ မြန်မာစကားကျွမ်းကျင်စွာ တတ်မြောက်ခြင်းမရှိသည့်အပေါ် ရက်စက်စွာ နေ့/ည မနား စစ်ဆေးကြသဖြင့် ၂၄.၃.၂၀၁၂ နံနက်(၀၅း၀၀) အချိန် ရှမ်းမလေးန်းဝိုးဖန်မှ ထွက်ပေါက်မရှိ ငယ်ရွယ်သူတစ်ဦးအနေဖြင့် ခံနိုင်ရည်မရှိ၍ မိမိအသက်အား အရမ်းကြောက်တတ်တဲ့ရှမ်းမလေးဟာ (စစစ)ဆိပ်ကမ်းသာလမ်း ရုံးဟောင်းကြီး၏ (၅) လွှာမှ အစိမ်းရောင်ဝမ်းဆက်လေးနဲ့ လောကကြီးကို၊ (စစစ)အဖွဲ့ကြီး၊ ရဲတိုင်းမှူးကြီးနှင့် တရားခံကိုကိုတို့ပျော်ရွှင်အောင် ရုပ်ပျက်ဆင်းပျက် နှုတ်ဆက်စတေး ပေးခဲ့သည့် ဖြစ်စဉ်လေးအား ရှမ်းလူမျိုးများနှင့် ရှမ်းဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် မြန်မာနိုင်ငံသမ္မတကြီး ဦးသိန်းစိန်နှင့် မြန်မာပြည်သူများ၊ အမေကြီးဒေါ်အောင်ဆန်းစုကြည်တို့ သိရှိခံစားပေးနိုင်ရန် ၀မ်းနည်းစွာဖြင့် ရင်မှာမချိစွာတင်ပြလိုက်ရပါသည်။


ရှမ်းမလေး၏ အလောင်းအား ရန်ကုန်ဆေးရုံကြီး ရေခဲတိုက်တွင် သိုသိပ်စွာထားထားပြီး အမြန်သင်္ဂြိုရန်(စစစ)အဖွဲ့မှ စီစဉ်ဆောင်ရွက်ထားသည်ဟု ကြားသိရသဖြင့် မိဘများစုံတဲ့အထိဆောင့်၍ မိဘများမှကိုယ်တိုင် ရှမ်းမလေး၏ နောက်ဆုံးခရီးအား ပို့ဆောင်ခွင့်ပေးကြပါရန် အများပြည်သူတို့အား တင်ပြတောင်းဆိုပါသည်။


ရှမ်းမလေး နန်းဝိုးဖန်(၂၀)နှစ် ခုန်ချသတ်သေ ရာ ဆိပ်ကမ်းသာလမ်းရှိ (စစစ) ရုံး ။

Thu Ra Myo (facebook)
(စစစ)ရဲ့ နေ့ည မနား စစ်ဆေးခြင်းကို မခံနိုင်သဖြင့် တိုက်ပေါ်မှခုန်ချ သတ်သေခဲ့သူ ရှမ်းမလေး နန်းဝိုးဖန် (စစစ)ရဲ့ နေ့ည မနား စစ်ဆေးခြင်းကို မခံနိုင်သဖြင့် တိုက်ပေါ်မှခုန်ချ သတ်သေခဲ့သူ ရှမ်းမလေး နန်းဝိုးဖန် Reviewed by သစ်ထူးလွင် on 15:34 Rating: 5

55 comments:

oakkar said...

စိတ်မကောင်းပါဘူးဗျာ

Great said...

This is the evidance that citizen are still abused and mistreated by state intelligence.Unnecessary dead still happening during so called millitary turned civil government. Old habit hard to die..Why nobody is responsible for this?

ထူးထူး said...

မြန်မာပြည်မှာ ၇ှမ်းဆိုတာ လူမိုးကြီးပါ ဒုသမ္မတကလဲ ၇ှမ်းလူမိုးဘဲ ဘာဆက်လုပ်ကြမလဲ ကြား၇တဲ့သတင်းကတော့ စိတ်မချမ်းမြေ့စ၇ာဘဲ

ရွှေမိုးကြီး said...

ရှမ်းမလေရေ ကိုယ့်ကိုကိုယ် သတ်သေချင်လောက်အောင် မင်းကိုနှိပ်စက်က
လူပြုခဲ့တဲ့သူတွေကိုမင်းခုန်ချခဲ့တဲပြတင်းပေါက်ကနေပြီးတော့အမြန်ဆုံးတွန်း
ချနိုင်ပါစေ။ မသေခင်မှာခံစားခဲ့ရတဲ့စိတ်အစဉ်အတိုင်း ဖြစ်လိုတဲ့ဆန္ဒအတိုင်း
ဖြစ်နိုင်ပါစေ

ဘုတလင်သားလေး said...

ဖတ်ရင်းနဲ့ အရမ်းကိုစိတ်မကောင်းဖြစ်ရပါတယ် အဲဒီ စစစ ကို ပြန်ပြီးအရေးယူပေးပါရန် သက်ဆိုင်ရာတာဝန်ရှိသူများကိုတောင်းဆိုပါတယ်

လူမှန် said...

ရူးချင် သေချင် လောက်အောင် လူ့ လောက ကနေပြေးထွက်သွားချင်လောက်အောင် နှိပ်စက်တတ်ကြပါပေတယ်။

Anonymous said...

ဘာအမှုလဲ ဆိုတာကိုသိချင်ပါတယ်

Aung Soe Oo said...

ဒီလိုအဖွဲ့အစည်းမျိုးကိုဘယ်လိုပြန်လည်အရေးယူပေးမလဲနိုင်ငံတော်သမ္မတကြီးခင်ဗျား သူတို့ရဲ့လက်ထဲမှာလူတယောက်ရဲ့အသက်ဆိုတာဖက်ရွက်လောက်တောင်တန်ဖိုးမထားတော့တာကတော့စိတ်ဓာတ်တွေအရမ်းအောက်တန်းက်နေပြီဗျာ အခုအချိန်ထိကျွန်တော်တို့နိုင်ငံမှာငွေရှိရင်အရာရာလုပ်လို့ရတုန်းဘဲလားဗျာ အရမ်းကိုရက်စက်လွန်းပါတယ်.........

ငရဲမင်း said...

မင်းတို့လူမှဟုတ်ကြရဲ့လား?

Anonymous said...

ဗုဒ္ဓဘာသာနိုင်ငံ ပီပီ တန်ပြန်တဲ့ ၀ဍ်ဆိုတာ ရှိပါတယ် . . . ကိုယ့်အလှဲ့ ကျ မနွဲ့ ကြစတမ်းပေါ့ . . .

Unknown said...

ဂျပန်ကြီးနဲ့  ယူထားတဲ့ ..အခုသေသွားတဲ့ ကောင်မလေးက..သက်သက်အပျော်ဖြစ်ချင်ဖြစ်မယ်..အိမ်ခြံမြေဈေးကစားနေတဲ့ ဂျပန်ကိုမိအောင်မဖမ်းနိုင်ဘဲ ..မဆိုင်တာတွေ...ရှောက်ဖြစ်နေ၇တာကိုက..စစ်ဆေးတဲ့ သူတွေမှာတာဝန်ရှိတယ်..ဒီလိုဘဲသေအောင်စစ်နေ၇င်တော့ ..ဒို့ ပြည်ကြီးက...၇င်လေးစ၇ာတွေချည်းဘဲ..ဗျ..

aung said...

စိပ်ပျက်ဖိုကောင်တဲ့ကျွှန်တော်တို့နိုင်ငံပါပဲ

a said...

တရားခံလဲမဟုတ်ဖူး၊ဘယ်လောက်တောင်ခြိမ်းခြောက်လိုက်လို့ဒီလောက်အထိဖြစ်သွားတာလဲ။

realism said...

အောက်မှာဒီသတင်းနဲ့ပတ်သတ်ပြီးသူ့၇ဲ့ေ၇ှ့နေ့ကိုဆက်သွယ်မေးမြန်ားထားတာ၇ှိတယ်.....အဲဒါဖတ်ပြီးမှဝေဖန်သုံးသပ်သင့်တယ်...ခုန်ချသတ်သေတာမဟုတ်ဘူး....မတော်တဆပြုတ်ကျတာ......

Thiri said...

လူတွေကလည်း ... လက်ရေးရယ်လို့တောင် မပီပြင်တဲ့ စာလေးတစ်စောင်ကိုဖက်ပြီး ဖြစ် ပျက်နေလိုက်ကြတာ ... စစ်စရာရှိတာတော့ စစ်မှာပေါ့။ အစောကြီးထဲက ဒီလို အစစ်ဆေးမခံနိုင်ရင် အစစ်ခံရလောက်တဲ့ ကိစ္စမျိုးမလုပ်ကြနဲ့ပေါ့။

ုkyaw said...

အမှန်တကယ်တော့မြန်မာပြည်မှာ အာဏာရှိတဲ့အဖွဲ့အစည်းတွေက အမှုတစ်ခုကို မှန်အောင်ဖော်ထုတ်ရမဲ့အစား အမှုတစ်ခုကိုသူတို့လိုတဲ့အတိုင်းအတာရအောင် နည်းပေါင်းစုံနဲ့အနုနည်း အကြမ်းနည်း မှားမှားမှန်မှန်စစ်ဆေးနေတာဟာ နည်းလမ်းမကျပါဘူး။အမှန်တရားကိုဖော်ထုတ်တာပဲဖြစ်သင့်တယ် ကြောက်အောင်လုပ်ပြီး အလုပ်တစ်ခုပြီးပြတ်အောင် လုပ်ရတဲ့သဘောမျိုးဆိုပြည်သူတွေမှာနစ်နာပါတယ်။

ko htoo said...

လူမျိုးရေးတွေ မပါစေချင်ပါခင်ဗျာ။ ဒီဖြစ်ရပ်ဟာ ရှမ်းအမျိုးသမီးတစ်ယောက်ကို ဗမာ (စစစ) ကသတ်တယ်လို့ယူဆရင် ကျွန်တော်တို့တောင့်တနေတဲ့ ငြိမ်းချမ်းရေးကို ထိခိုက်နိုင်ပါတယ်။ စစ်ကြောရေးစခန်းတွေ၊ ထောက်လှမ်းရေးစခန်းတွေ၊ အကျဉ်းထောင်တွေထဲမှာ မသေသင့်ဘဲသေခဲ့ရတဲ့ အသက်ပေါင်းများစွာထဲမှာ ဗမာတွေက အများစုပါ။ သူတို့ကို နှိပ်စက်သတ်ဖြတ်သူတွေကိုယ်တိုင်လဲ ဗမာလူမျိုးတွေပါဘဲ။ ရှင်းရှင်းကလေးပါဘဲ ဒါလူမျိုးရေးမပါပါဘူး။
အာဏာရှင်တွေဟာ သူတို့အာဏာတည်မြဲရေးအတွက် အာဏာပါးကွက်သားအဖွဲ့အစည်းတွေထူထောင်၊ လုပ်ပိုင်ခွင့်တွေအလွန်အကျွံပေးပြီး လူထုကို အကြောက်တရားနဲ့ ချုပ်ကိုင်လေ့ရှိပါတယ်။ ဒီအဖွဲ့အစည်းတွေကလဲ ပြည်သူလူထုကို အာဏာရှင်တွေအလိုကျ တပျော်တပါးနှိပ်စက်လေ့ရှိပါတယ်။ ကျွန်တော်တို့ဆီက ရဲတပ်ဖွဲ့၊ ထောက်လှမ်းရေးတပ်ဖွဲ့အဆက်ဆက်ဟာ အာဏာရှင်တွေကို ကာကွယ်တဲ့အလုပ်နဲ့ ကျောမွဲတွေကိုနှိပ်စက်တဲ့အလုပ်ကို ခေတ်အဆက်ဆက် သယ်ဆောင်လာကြပါတယ်။ အခုရှမ်းမလေးနေရာမှာ ဗမာမလေးဖြစ်ဖြစ် ကချင်မလေးဖြစ်ဖြစ် ဒါမျိုးထပ်တူ အစစ်ခံရမယ်ဆိုတာ သံသယမဖြစ်ပါနဲ့။ ဒီအဖြစ်မျိုး ပပျောက်လိုရင် အာဏာရှင်စံနစ်ကို တိုက်ဖျက်ရပါမယ်။ တရားဥပဒေ ခိုင်မာအားကောင်းအောင် ဆောင်ရွက်ကြရပါမယ်။ ပြည်သူပြည်သားအားလုံး လူ့အခွင့်အရေး အပြည့်အဝရရှိအောင် တောင်းဆိုကြရပါမယ်။ အမေစုရဲ့ ပြည်နယ်ခရီးစဉ်တွေမှာ အူလှိုက်သဲလှိုက် ကြိုဆိုကြသူတွေကိုကြည့်ပြီး တစ်ကျော့ပြန်ညီညွတ်ရေးကို အထူးမျှော်လင့်မိပါတယ်ဗျာ။

ဗိုလ်ဖြူ said...

ညီမလေးနန်းဝိုးဖန်ကောင်းရာသုခတိလားပါစေ......

တစ်တီတူး said...

မေးချင်တာလေးရှိလို့ပါ။ ခုနလေးတင် ရှေ့နေ မအိအိအောင်ကို မေးတဲ့အကြောင်းဖတ်လာတာ။ ပြောထားတာတွေက သိပ်မရှင်းဘူး။ ဒီလို ၁၉နှစ်ကောင်မလေးနာမည်နဲ့မြေကွက် ၂၇ ကွက် ၂၈ ကွက်ဝယ်ထားတယ်ဆိုတာ နည်းနည်းများထူးဆန်းနေသလားလို့ပါ။ ပီးတော့ရှေ့နေကလည်း သူပိုက်ဆံတွေဘယ်ကရလို့ဘာညာမသိဘူးဆိုလို့ပါ။
အဲနောက်ကွယ်မှ မြုတ်ကွက်လေးများရှိရင်ဖော်ထုတ်ပေးကြပါ။ မရှင်းလို့ပါ။

Bagan Min said...

ကိုသစ်နဲ့  ကွန်မင့်ပေးသူများခင်ဗျာ... ရိုရိုသေသေနဲ့ ပဲ ဝေဖန်ပါရစေ၊၊ တစ်ခုခု ထူးခြားဖြစ်စဉ်တွေ အထူးသဖြင့် မတော်တစ်ဆမှု့ ဖြစ်တာပဲဖြစ်ဖြစ်၊ အစိုးရကိုပဲ ဆဲဆဲနေကြတာလေးတွေကို နည်းနည်းများအမျှော်အမြင်နည်းနေကြသလားလို့ ပါ၊၊ ဒီရှမ်းမလေးကိစ္စမှာလည်း တစ်ခုတစ်ခုဖြစ်လိုက်တာတဲ့ စစ်တဲ့ သူ၊ အစိုးရ၊ ရဲ တွေကိုပဲ အပြစ်ပုံခြနကြပြီး၊ ဘာကြောင့် လှိုင်သာယာရဲ့စခန်းက၊ ဒီအမှုကို စသုံးလုံးပို့ လိုက်တာလဲ၊ ဒီလောက်အသက်ငယ်ငယ် ဗမာစကားတောင်မပြောတတ်တဲ့  ၁၉ နှစ်အရွယ်ခလေးမက မြန်မာပြည်က မြေတွေဒီလောက်ပိုင်နေတာ နည်းနည်းမှ မအံ့သြ၊ မေးခွန်းထုတ်ဖို့ သတိမရပဲ ရှမ်းမလေးကို ၀ိုင်းသနားနေကြတာ.... မန္ကလေးတစ်မြို့လုံး ဗမာစကားမပြောတတ်တဲ့ လူတွေပိုင်ကုန်တာ နည်းနည်းမှ မဆန်းပါဘူးဗျာ.... ကုန်မယ်.. ကြပ်ကြပ်သနားကြ......ဘာမှ နောက်ကအကြောင်းတွေမစဉ်းစားကြနဲ့ ဗျာ... ခေါင်းရှုပ်ပါတယ်၊၊ ရန်ကုန်ကိုလည်း မြေတွေလာသိမ်းကြပါအုံးလို့ ..... ဒီအမှု့အကြောင်း အိမ်မှာပြောနေတုန်း အိမ် ကအိမ်အကူခလေးမလေးက၊၊ ဦးကြီး ဒီခလေးမလေး အမှု့ တွေ တကယ်မြေပိုင်ဆိုင်မှု့တွေ ပေါ်ကုန်မှာစိုးလို့  သူကို့  မပြောနိုင်အောင် လုပ်လိုက်တာလားတဲ့........ အဲဒါ အိမ်အကူမလေးပါ..... ဒါမျိုးဘယ်ကွန်မင့်မှာမှ ဝေဖတ်တာမတွေ့ ရဘူး.....

amtkhunlay said...

ကျွန်တော် ဘာမှကို ဝင်မပြောချင်တော့ပါဘူးဗျာ။

Toe Toe said...

၈၈ အရေးအခင်းပြီးကထဲကပျောက်နေတဲ့ စစစ ခုပြန်ပေါ်ပြီးဘာတွေလုပ်လိုက်
တာလဲ။အမှုကဘာလဲဆိုတာသေချာတော့မသိဘူး။ဒီလောက်ထိဖြစ်အောင်စစ်စရာ
လိုလို့လားဗျာ။ခင်ဗျားတို့စစ်ရမှာက အခွန်ရှောင်တို့၊လာဘ်စားတို့လေ။တိုင်းပြည်
အကျွေးတင်တာခင်ဗျားတို့မှာလဲတာဝန်ရှိတယ်ဆိုတာသိရဲ့လားမသိဘူး။စိတ်မ
ချမ်းသာဘူး။

Thet said...

စစစ တော့ နာမည်ပျက်ပြီပေါ့။ ကိုယ့်လုပ်ရပ်ကို ကိုယ်ပြန်ကြည့်ပါ။ ငါသာ ပြည်သူလူထု ဖြစ်ခဲ့မယ်ဆိုရင် စစစ ကို ဘယ်လိုသဘောထားမလဲ။ ရေရှည်မှာ ဘာတွေ ဖြစ်လာမလဲလို့။

lwannaymie said...

ကယ်...ဒုသမ္မတရှမ်းကြီးရဲ့...အရည်အချင်းကိုကြည်ခြင်တယ်ဗျာ။
ဒါက...တရားခံကိုကိုထွေးရဲ့...ငွေ(သို့မဟုတ်)ပတ်သက်ရာနဲ့...ဖိလိုက်တာပါ။
ကျွန်တော့သူငယ်ချင်းလဲဒါမျိုးခံရဖူးပါတယ်..ခြံနဲ့တိုက်တစ်စုံ၊ဆုံးသွားပါတယ်။
အခုကိစ္စ...ကလူနော်။...ရှမ်းကလူမျိုးကြီးပါ။

သုခ said...

မည်သည့်အကြောင်းကိစကြောင့်စစ်သည်ဖြစ်စေ၊တရားလိုဘဲဖြစ်ဖြစ် တရားခံဘဲဖြစ်ဖြစ် မိမိပိုင်နက် အတွင်းသေဆုံးခြင်းသည် ထိုနေရာကို ပိုင်ဆိုင်သူတွင် ဥပဒေကြောင်းအရ လုံးဝတာဝန် ရှိပါသည်။ပြည်သူတာဆိုရင်တော့ အရေးယူခံရမှာပါ၊သူတို့အာဏာပိုင်အဖွဲ့ ဆိုရင် ဘယ်လိုအရေးယူ
မလဲ၊ပြည်သူသိအောင်သတင်းကို နိုင်ငံပိုင်သတင်းစာမှဖြေရှင်းပေးပါ

phyo1980 said...

ဟုတ်တယ်အကြောင်းစုံကိုမသိဘဲအရမ်းကြီးမဝေဖန်ရဲပါဘူး....

nyi nyi min said...

စိတ်ကောင်းဖြစ်မိပါတယ်ဗျာ...

Unknown said...

ဒီအဖြစ်အပျက်၇ဲ့ နောက်ကွယ်မှာ..မသိ၇သေးတဲ့ အကြောင်းတွေရှိအုန်းမယ်..မြန်မာပြည်မှာတော့ ..တ၇ားခံအစစ်ကို..မမိဘဲ..တ၇ားခံအတုတွေ..ကိုထောင်ထဲမ၇၇အောင်ထည့် ထားတာတော့ ..အများချည်းဘဲ..နာမည်ကြီးစိမ်းလဲ့ ကန်သာလူသတ်မှု..မြို့ လယ်ခေါင်..အသတ်ခံ၇တဲ့ ဒါရိုက်တာတစ်ယောက်အမှုတို့ ..တခြားလူသတ်မှုတွေ..တ၇ားခံအစစ်မတွေ့ တာတွေ...ဘယ်မှာလဲတ၇ားဥပဒေစိုးမိုးေ၇း...နိုင်ငံတော်လုံခြုံေ၇း..ဒါကြောင့် စစ်ဆေးေ၇းအဖွဲ့ တွေ...ယုံကြည်စ၇ာကောင်းသလား??????

ko ko tin said...

ကိုထူးပြောတာထောက်ခံပါတယ်
တရားဥပဒေခိုင်မာအားကောင်းအောင်၊ စစ်မှန်တဲ့ဒီမိုကရေစီရအောင်၊ သတင်းလွတ်လပ်ခွင့်တွေရအောင် ကျွန်တော်တို့ ပြည်သူတွေတောင်းဆိုရပါမယ်
သတင်းထောက်များသတ္တိရှိကြပါ
အမှန်တရားကိုဖော်ထုတ်ပေးပါ

yankinthar said...

စိတ်မကောင်းပါဘူးဗျာ

supergunner said...

စစစ ကကောင်တွေရဲ့ ပိုင်ဆိုင်မှုတွေ ကိုဘယ်ကောင်တွေကစစ်ဆေးလည်း
သိချင်ပါတယ်.

Teacher said...

ဘယ်လောက်ပဲ အပြစ်ရှိတယ်ပြောပြော
သေလောက်တဲ့ အပြစ်ကျူးလွန်ထားပါစေ
လူတစ်ယောက်လုံးသေရတာကတော့ မကောင်းဘူးပေါ့
ကိုယ့်လူမျိုးမို့လို့ ပိုဝမ်းနည်းမိတယ်

Anonymous said...

အသက်(၅၀)အရွယ်ရှိ ဂျပန်နိုင်ငံသားတစ်ဦးနှင့် တာချီလိတ်မြို့နယ်တွင် တရားဝင်လပ်ထပ်ထားပြီး။ ၄င်းနိုင်ငံသားပိုင် ပိုက်ဆံဖြင့် မြန်မာနိုင်ငံမှမြေကွက် အမြောက်အများကို မနန်းဂိုးဖန်းအမည်ခံကာ ၀ယ်ယူထား ခြင်းဖြစ်သည်။ ဂျပန်နိုင်ငံသားသည် 3.3.2012 ရက်နေ့တွင် ဂျပန်နိုင်ငံသို့ခေတ္တပြန်သွားစဉ် ယခုကဲ့သို့ဖြစ်ရပ်များဖြစ်ခဲ့ခြင်းဖြစ်သည်။ (စစစ) သည် ၄င်းဂျပန်အား လေဆိပ်သို့ အကြောင်းကြးစာဖြင့် တားဆီးခဲ့သော်လည်း တားဆီးသည့်အမိန့်စာမှာ 5.3.12 ရက်နေ့မှ လေယာဉ်ကွင်းသို့ရောက်ရှိခဲ့ခြင်းဖြစ်သည်။
၎င်းသည် (စစစ) ရုံး၏ ၅ လွှာမှ ခုန်ချစဉ် ချက်ခြင်း သေဆုံးသွားခြင်းမဟုတ်ပဲ ဆေးရုံသို့ရောက်ပြီး (၁၀) မိနစ်ခန့်ကြာမှ သေဆုံးသွားခြင်းဖြစ်သည်ဟု သိရှိရသည်။ ၄င်း၏ရှေ့နေမှာ ၄င်း၏ စကားပြန်လည်းဖြစ်သည်။

သုခမိန် said...

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ မှ အပိုဒ်(၃၅၃)တွင် မည်သူ့ကိုမျှ တည်ဆဲ ဥပဒေနှင့် အညီမှတစ်ပါး အသက်ကိုဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကို ဖြစ်စေ နစ်နာဆုံးရှုံးမှု မရှိစေရ လိုပါထားတယ်ခင်ဗျာ့

ကြည့်လုပ်ကြပါအုံး စစစ ကြီးရေ

Aung San Win said...

ဖြစ်တဲ့ရှမ်းကပြည်သူ ငါကဒုသမ္မတ သူ့ထိုက်နဲ့သူ့ကံ မသိချင်ယောင် ဆောင်နေမှာပေါ့ ဟုတ်ဘူးလား

သုခမိန် said...

နိုင်ငံတော်၏ အခြေခံမူများထဲမှ နည်းနည်းပြောချင်တယ်

နိုင်ငံတော်သည်-
မြန်မာနိုင်ငံသည် အချုပ်အခြာ အာဏာပိုင် လွတ်လပ်သည့် နိုင်ငံဖြစ်သည်။
နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော် တစ်ဝန်းလုံး၌ တည်သည်။

အခြေခံမူများ-
အချုပ်အချာအာဏာတည်တံ့ခိုင်မြဲရေး

ဆိုပြီး မူကတော့ရှိပြီးသားဘဲလေ ဒီကိစ္စကို ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲ၊ ဘယ်သူမှာ တာဝန်ရှိလဲ၊ ဘယ်သူတာဝန် ယူမှာလဲ လုပ်ကြပါအုံး၊ ဥပဒေအရ အမှန်အတိုင်ဖြစ်စေချင်ပါတယ်

arrkarkyaw said...

သြော်ကိုယ့်လူတို့ကတော့စွတ်သနားနေကြတာကို ဗမာစကား ကောင်းကောင်းမတက်တာတောင် မြေကွက် 40ကျော်လောက်ဝယ်ထားတာနော်။ ကောင်းကောင်းတက်ရင် ကိုယ့်လူတို့ပါ နေရာပျောက်လောက်တယ်။ နိုင်ငံခြားသားကိုယူပြီး ဒီလိုလုပ်နေတာဒုနဲ့ဒေးဘဲ။ ဒါကြောင့် ခင်ဗျားတို့ကျုပ်တို့ မြို့စွန်ကိုရောက်ပြီးရင်းရောက်နေတာပေါ့။ အခြေအနေမှန်ကိုလဲ စဉ်းစားကြပါအုံး။

sean said...

ဖြစ်စဉ် တွေကတော့ အမျိုးမျိုး ခန့်မှန်း ပြောဆို နေကြပီး .. တကယ်တိုကတိုက်ဆိုင်ဆိုင်ဗျာ .. စ လုံး က ချယ်နယ်၅ မှာ .. အဲဒီ ရက်ပိုင်းကဘဲ မူယစ်ကိစ္စ နဲ့ ရဲ ကစစ်ရင်း မခံနိုင်တော့လို့ အစောင့်တွေ အလစ်မှာ
အမျိုးသမီးငယ် ရဲ စစ်ဆေးရေးတိုက်ပေါ် ကနေ အစစ်မခံနိုင်တော့လို့ ခုန်ချသတ်သေ သွားရာက ဝိဥာဉ် သရဲ ဖြစ်ပြီး ခြောက်လှန့်တဲ့ ဇတ်လမ်းတွဲ တပိုင်း ကြည့်လိုက်ရတယ်.. အခုတကယ့် အငဖစ်ဇတ်လမ်းနဲ့ ဆင်ဆင်တူနေတယ်..
ဘာအမှု မှန်း မသိပေမဲ့ စစစ အမှား ၂ခု ရှိသွားတယ်
၁။ စစ်ဆေးခံ ရသူကို ကောင်းမွန်သွာ မထိန်းသိမ်းနိုင်ခြင်း
၂။ အရင် ခေတ် လို ခြောက်လှန့်ပြီး ဖြစ်စဉ် အမှု ကို သိုဝှက် လို၍ ခြိမ်းခြောက်ခြင်း ကအရမ်းအရုပ်ဆိုးသွားပါတယ်..
အမှန်တရား ကို ထုတ်ပြန်နိုင်သော ဖြောင့် မတ်သည့် စုံစမ်းရေး အဖွဲ့တော့ အမြန်ဖဲ့ဘို့ လိုအပ်နေပြီ။
ဂရုမစိုက်ခြိမ်နေရင်တော့ လူမျိုးရေးကိစ္စတွေပါ နွယနယှက်လာပြီး အကြီးအကြယ်ရှုပ်ထွေး ကုန်တော့မယ်။

ma swe zin said...

ဒီအ၇ွယ်နဲ.မြေအများကြီးပိုင်တယ်ဆိုတာစဉ်စားစ၇ာပါ.....ဘယ်သူမှားတယ်မှန်တယ်...မဝေဖန်လိုပါ....ဒါပေမယ့်....ကိုယ့်တိုင်းပြည်မြေကိုတိုင်းတပါးသားတွေလက်ထဲတော့အေ၇ာက်မခံချင်ဘူး....

sky light said...

မနန်းဝိုးဖန်ဟာတရားလိုပဲဖြစ်ဖြစ် တရားခံပဲဖြစ်ဖြစ် သူသေဆုံးတာဟာ စစစ အဆောက်ဦထဲမှာဖြစ်ပြီးတော့ ခေါ်ယူစစ်ဆေးမေးမြန်းချိန်မှာသေဆုံးတာဖြစ်တဲ့အတွက် စစစ မှာလုံးဝ(လုံးဝ)တာဝန်ရှိပါတယ်..စစစ ဖက်ကမှန်ကန်ခဲ့လို့ရှိရင်အမှန်တရားကိုပြည်သူသိအောင်ဖေါ်ထုတ်ပြပါ....

kaungkin said...

သေသွားတဲ့ကလေးမလေးကိုတော့ သနားပါတယ်။ စစစရဲ့စစ်ဆေးမှုတွေက
လည်း ဘယ်လိုဆိုတာမသိပါ။ ဒါပေမယ့်ပြောချင်တာက နိုင်ငံခြားသားတွေ
ဟာ မြန်မာပြည်မှာ တရားဝင်အိမ်တွေ မြေတွေဝယ်ခွင့်မရှိဘူး။ ဒီတော့ မသိ
နားမလည်တဲ့ မိန်းကလေးတွေကို မက်လုံးပေးသိမ်းသွင်း၊ လက်ထပ်ပြီး မြေ
တွေဝယ်ကြတယ်။ အဲလိုနည်းလမ်းနှင့် ၀ယ်ထားကြတဲ့မြေတွေ ရန်ကုန်နှင့်
မန္တလေးမှာ မနည်းပါပဲ။ တကယ်တော့ ဒါဟာတိတ်တိတ်ပုန်းနယ်ချဲ့နေကြ
တာ။ ဒီလိုနယ်ချဲ့တာတွေကို ကြည့်မနေသင့်ဘူး။ ဥပဒေတွေနှင့်တိတိကျကျ
လုပ်သင့်တယ်။ ကျွန်တော်တို့ မြေးမြစ်တွေကျရင် နိုင်ငံခြားသားတွေဆီက
အိမ်ငှားဘ၀နှင့်ပြန်နေကြရမှာကို တားကြရမယ်။ မိန်းကလေးငယ်တွေလည်း
ဆင်ခြင်သင့်တယ်။

lin lin said...

ကဲ သမ္မတ ဦးသိန်းစိန် ခင်ဗျား ကြားသလားဗျာ အရေးယူစမ်းပါ ဘယ်မလဲ
အပြောနဲ့အလုပ်ညီစမ်းပါ

naing said...

စိတ်မကောင်းပါဘူးဗျာ...စစစ ရုံးကလဲကြည့်ရတာမဟာမြိုင်အိမ်ကြနေတာပဲ
ဒီလောက်တိုးတက်နေတဲ့ခေတ်ကြီးမှာဗျာပြုပြင်ကြပါတော့လား......အေ၇း
ဘော်လုံခြုံေ၇းကင်မရာလေးဘာလေးတောင်မရှိဘူးလားး.
ရသမျှအိပ်ထဲချည်ပဲထိုးထည့်နေကြတော့လည်း CCTV လေးတောင်မတတ်နိုင်
ရှာဘူးပေါ့..ကဲခုလိုဖြစ်တော့ဘယ်လိုရှင်းမလဲ...နားလိုက်ကြတော့ပေါ့အားလုံး

BaNyar said...

ကြားရတာလုံးဝကိုစိတ်ထဲမှာမကောင်းဘူး
လူတယောက်ရဲ့အသက်တစ်ချောင်းအတွက်..အကောင်းဆုံဖြစ်အောင်ဆောင်ရွက်ပေးကြပါ....
အထူးသဖြင့်ဒေါက်တာစိုင်းမောက်ခမ်း...ဆောင်ရွက်ပေးနိုင်မယ်လို့ထင်ပါတယ်....

Thu said...

သမ္မတ ဦးသိန်းစိန်,ဒုသမ္မတ့ဒေါက်တာစိုင်းမောက်ခမ်း,
Most comment refer ethnic bias, those two are responsible for all people in Myanmar.

ငြိမ်းစိုးဦး said...

အဖြစ်မှန်တွေ ရှင်သန်စေဖို့ ဖုံးကွယ်မှု ၊ လူမဆန်မှုတွေ မလိုပါ ...

Cho said...

စိတ်မကောင်းလိုက်တာ.. ဒါနဲ့ ရှမ်းမလေးက တရားလိုမဟုတ်ဘူးလား..။ဘာလို့ တရားလိုကို ၊တရားခံတောင်မှ အပြစ်ကြီးတဲ့ တရားခံလို နေ့ရောညရော စစ်ဆေးရတာလဲ..။ဘာသဘောလဲ..။

soecyclone said...

ကဲ...ကဲ...ကဲ...ကဲ...ကဲ...ကဲ...ကဲ...
ဒီမှာ ဒုတ်...ဓား...ဂျင်ကလိ...လေးဂွတွေရောင်းတယ်နော်...
Comment ပေးတဲ့ကိုကို၊မမတို့ရေ ရန်ဖြစ်တော့မယ်ဆိုရင်ရောင်းမယ်နော်...
ရန်ဖြစ်ချင်ရင် အပြင်မှာလိပ်စာအတိအကျပေးပြီးတော့ ချိန်ပြီး ဖြစ်ကြပါလား.
Online ပေါ်မှာပဲတက်ပြီးတော့ အီးပေါက်မနေကြနဲ့။

ရှမ်းတောင်ကြီးသား said...

၁။ရှမ်းပြည်ကျေးလက်ဒေသမှာ ၁၃ -၁၄ နှစ်အရွယ် ရှမ်းပျိုဖြူတွေ အိမ်ထောင်ပြုတာ ရှမ်းဓလေ့ထုံးစံ တခုပါ။ ၁၆-၁၇ နှစ်အရွယ် ရှမ်းပျိုဖြူတွေ အိမ်ထောင်မပြုသေးရင် ရွာထဲမှာ အပျိုကြီးဖြစ်သွားပြီ။ မြန်မာ တနိုင်ငံလုံးတောေ၇ာ မြို့ ပါ မကျန် ၁၃ -၁၄ နှစ်အရွယ် မိန်းကလေးတွေ အိမ်ထောင်ပြုတာ ရေတွက်လို့တောင် မရပါဘူး။
၂။ မြန်မာနိုင်ငံ ရဲ့စီးပွားရေးမြို့တော် ရန်ကုန်မြို့ လယ်ခေါင် စစစ ရုံးမှာ အခုလို ရှမ်းတိုင်းရင်းသူတယောက်ကို ခွဲခြားဖိနှိပ်ညှင်းပန်းနှိပ်စက် အနိုင်ကျင့်ပြီး အစဖျောက်တဲ့ လူသေမှူ ကြီးကို နိုင်ငံတကာ သိအောင် Times Magazine Cover ကနေထည့်ပေးနိုင်ရင် အကောင်းဆုံးပဲ။ပြည်တွင်း မှာလည်းရှမ်းလူမျိုးတွေ အားလုံးသိအောင် အခြားတိုင်းရင်းသားတွေ အားလုံးသိအောင်ပြော ပေးကြပါ။
၃။ အခုဖြစ်ရပ်ကို သတင်း မီဒီယာတွေလိုက် တော့-- မင်းဒုက္ခရောက်သွားချင်လား။ မင်းအတွက် အသက်အန္တရာယ်ရှိတယ်၊ အဲ့ဒီလိုခြိမ်းခြောက် တဲ့ စစစ ရုံး။
၎။သေဆုံးသူနဲ့ လေး-ငါး လအတူတူ ရှိနေတဲ့ ရှေ့နေ အိအိအောင်
သေဆုံးသူ မှ အမှူ ဖွင့်ထားတဲ့ အလုပ်သမား ကိုကို (ကုလား)
သေဆုံးသူ ကိုစစ်ဆေးတဲ့ စစစ ဝန်ထမ်း
သေဆုံးသူ ကိုစစ်ဆေးတဲ့ စစစ ကိုလွှဲပေးလိုက်တဲ့ ဒုရဲအုပ်
သူတို့ကိုအထူးခုံရုံးဖွဲ့ပြီး စစ်ဆေးပေးပါ။ ဖြစ်ရပ်မှန်ကို ပြည်သူလူထုအားအသိပေးပါ။
ရှမ်းတိုင်းရင်းသား တွေရဲ့ အမျက်ဒေါသနာကြည်းမှူတွေ အမုန်းတရားတွေကို ဖြေဖျောက်ပေးပါ။ အမှန် တရား နဲ့ ကုစားပေးပါ။
၅။ တရားခံ ကိုကို (ကုလား) ဒီကောင် က MAIN ပဲ။
ဒီကောင် ကို ဆွဲ စေ့ နိုင် ရင် အကုန်ပေါ်ပြီ။

Anonymous said...

စသုံးလုံးအပါဝင်စီအိုင်တီဌာနဆိုင်၇ာအားလုံးသောဝန်ထမ်းများ
အကျင့်ပျက်ငွေရရင်ပြီးေ၇ာအလုပ်ကိုတာဝန်မကျေကြဘူး။
မော်တော်ပီကယ်ပဲတောင်းနေတာမဟုတ်ဘူး။
ဓမြအဖွဲ့လိုလိုသူပုန်အဖွဲ့လိုလိုနဲ့ဝန်ထမ်းများစွာအကျင့်ပျက်နေတာကို
ပြည်သူတွေလှိမ့်ပြီးခံစားနေရလို့၈၈အရေးတော်ပုံပေါ်ပေါက်ခဲ့တယ်။
ရွေဝါရောင်တော်လှန်ေ၇းဆိုတာဖြစ်လာတယ်။
နိုင်ငံတော်သမ္မတကြီးရှင့်..လွန်ခဲ့တဲ့အနှစ်၂၀လောက်ကတည်းက
အမေစုနဲ့ပူးပေါင်းပြီးဒီမိုကေ၇စီစနစ်ကိုကျင့်သုံးခဲ့မယ်ဆိုရင်
ဒီလိုအကျင့်ပျက်လူ့အခွင့်ရေးချိုးဖေါက်မှုတွေကိုစောစောစီးစီးသိခွင့်ရခဲ့မှာပါ။
ခုမှဒီမိုကေ၇စီလမ်းကြောင်းကိုဦးတည်နေမှဒီလိုဖြစ်စဉ်ကိုသိလိုက်ရတာပါ။
ဟိုးကတည်းကမြန်မာပြည်တွင်းမှာလူအသက်.လူ့ဘ၀ဆိုတာကိုတန်ဖိုးထား
ရကောင်းမှန်းမသိကြတော့တာစစ်အာဏာရှင်
သက်ဆိုးရှည်မှုရဲ့ရလာဘ်တွေပါလို့
စိတ်ရင်းစေတာနာမှန်နဲ့တင်ပြခြင်းပါ။တရားရေးမှာလည်း
မျှတတဲ့လာဘ်လာဘကိုမစားကြပဲ
ရုပ်ညံ့တဲ့လာဘ်ဘာဘကိုနင်အောင်စားကြတော့
တရားခံမမြောက်ပဲတရားရုံးရောက်ခဲ့ရတာကိုယ်တွေ့ပါ။
တရားရုံးရောက်ပြီဆိုကတည်းကရှိတာအကုန်ကုန်ဘ၀ပျက်သူတွေဒုနဲ့ဒေး
မှန်လည်းကုန်စရာရှာထားမှအမှုကလွတ်မြောက်မယ်။
မှားလည်းငွေရှိကလွတ်မြောက်တယ်။
မှားလို့ပေးလိုက်ရတာထက်မှန်နေတာကိုအမှုကမလွတ်မြောက်တာတော့
တော်တော်လေးစိတ်ထိခိုက်ရပါတယ်။
ငွေဆိုတာကလည်းရှာဖွေရတာလွယ်တဲ့အရာမဟုတ်ဘူး။
ဒီအခါစီးပွါးရေးစိတ်ပိုင်းဆိုင်ရာထိခိုက်နာကျင်လာတယ်။
အမှုတခုကြောင့်ကိုယ့်ကိုကိုယ်သတ်သေချင်လောက်အောင်
တရားရေးကိုစိတ်ကုန်လာတယ်။
စီအိုင်တီတွေစစ်ဆေးမှုကလည်းအထက်ကဆိုတာနဲ့
အမှုတည်ဆောက်လို့မ၇တာကိုမရရအောင်ကလိန်ကကျစ်ခြိမ်းခြောက်ပြီး
ရှာဖွေပုံစံကိုစကားများစွာနဲ့ဖျားယောင်းတယ်။
ပြည်သူဆိုတာကလည်းဘွဲ့ရသော်ငြားလည်းပုဒ်မတွေတ၇ားေ၇းဆိုင်ရာတွေ
နားမလည်တော့မကြောက်ကြောက်အောင်ပြောနေတော့ကြောက်ဖြစ်ပါတယ်။
ဒါတွေဟာအမှန်တရားတွေပါ။ရှမ်းမအပါအ၀င်မြန်မာနိုင်ငံသားတိုင်းကြုံကြိုက်နေ၇တဲ့
ဖြစ်စဉ်မို့လူကြီးမင်းများအနေနဲ့နောက်ထပ်နေ၇ာတိုင်းအကျင့်ပျက်ဝန်ထမ်းများစွာကိုစံပြအဖြစ်လိုအပ်သလိုအပြစ်ပေးသင့်ပါတယ်။
ဝန်ထမ်းတချို့ဟာတ၇ားမျှတမှုကိုမလုပ်ရဲဘူး။မတရားမှုကိုဆို
ဝါသနာအတိုင်းလုပ်ဆောင်ချင်ကြတယ်။
ဒီမိုကရေစီဆိုတာဌာနတိုင်းကိုအောက်ခြေကအစပြုပြင်၇မယ်။
သူတို့ကိုစိတ်ဓါတ်ရေးရာမြင့်မားပေးရမယ်။အထက်အ၇ာရှိမှားသမျှကိုငြိမ်ခံစေ
ဆိုတဲ့အမိန့်ကိုနာခံခိုင်းတာထက်စာရင်အမှန်တရားကိုအုပ်ချုပ်သူလူကြီးကော
နောက်လိုက်တွေပါညှိနှိုင်းဆောင်ရွက်ဖို့..မိမိလစာယူထားတဲ့အလုပ်ကို
တာဝန်ကျေဖို့အဓိကထားရမယ်။အုပ်ချုပ်သူရာထူးမြဲရေးလာဘ်လာဘတွေ
အတွက်ရှေ့ရူတာတို့ကိုမဖြစ်သင့်တော့ပါဘူး။
ပြည်သူတွေကိုကိုယ်လုပ်ပေးရမည့်အလုပ်ကိုတိတိကျကျမှန်မှန်ကန်ကန်
လုပ်ပေးလိုက်လို့သိတက်မှုနဲ့လက်ဆောင်ပေးတာကိုလက်ခံပေးလို့ရတယ်။
အော်ဖါပေးပြီးဒါလုပ်၇င်ဘယ်လောက်ကန်တော့ရမယ်ဆိုတာက
ရှက်စရာကောင်းပါတယ်။ဆေးရုံ..ဌာနဆိုင်ရာ..ရဲစခန်းစီအိုင်တီစသည်ဖြင့်..
လ၀က..နေ၇ာများစွာမှာအားနည်းချက်တွေအများကြီးနဲ့စိတ်ဓါတ်တွေ
ပျက်ဆီးနေကြပြီတကယ်ပါ။
ပြောပြချင်ပါတယ်။သိခဲ့သမျှကြုံခဲ့သမျ..ဒါမှသမ္မကြီးတို့အမှန်တကန်
ပြုပြင်နိုင်စေဖို့ပါ။မပြင်ပဲမသိကျိုးနွံလုပ်မယ်ဆိုရင်မြန်မာပြည်ကအကျည်းတန်
နေမှာသေချာတယ်။

Anonymous said...

ပိုင်ဆိုင်မှုနောက်ကြောင်းကို စနစ်တကျ စစ်ဆေးတာနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖိအားပေး စစ်ကြောရေးဝင်တာက တခြားစီပါ။ ဗမာပြည်မှာက ငွေဖြူမပြနိုင်လဲ ပြလို့ရတဲ့နည်းလမ်းတွေ အများကြီးပါကိုယ့်လူတို့ရယ်။ အခု ဗမာပြည်မှာ လုပ်ငန်းဧရာမကြီးတွေ လုပ်နေကြသူတွေ ဘယ်ကရတဲ့ငွေတွေနဲ့ ရင်းနှီးမြှုပ်နှံခဲ့ကြတာလဲ။ လုပ်လို့ရလို့ပဲ ငွေဖြူတွေဖြစ်နေကြပါပြီ။ နောက်ဆုံး တရားဝင် အခွန်ဆောင်ပြီး ငွေဖြူပြလို့ရပါတယ်။ ထားပါတော့ ဒါက တစ်ပိုင်းပါ။
ဒီအမှုမှာ သူ့ရှေ့နေပြောစကားကို အပြည့်အ၀ ယုံလို့မရဘူးလို့ ထင်တယ်၊ သူက ဥပဒေတွေ နားလည်ထားသူဆိုတော့ သူ့ဖက်ကို ပြဿနာမတက်အောင် ရသလောက် အဖြောင့်ကွယ်၊ ကွယ်နေမှာပဲလို့ထင်တယ်။
မတော်တဆ လိမ့်ကျတယ်လို့ တွက်ဆနိုင်သလို သေကြောင်းကြံစီတာလည်း ဖြစ်နိုင်တာပဲ။၊ လုပ်ကြံမှုလည်း ဖြစ်နိုင်တာပဲ။ ဖြစ်စဉ်ကို အသေအချာ သဲသဲကွဲကွဲ၊ ရေရေရာရာ မသိပဲ ထင်ကြေးနဲ့ အပိုင်သတင်း မဖြန့်သင့်ပါဘူး။ လိမ့်ကျတာကို အပိုင်မမြင်လိုက်ပဲ ဇွတ်ကြီးဇောင်းပေး ထွက်ဆိုနေကြတဲ့ ရှေ့နေနဲ့ သက်ဆိုင်သူတွေ ရဲ့သတင်း ဖြန့်ဝေမှုဟာ သဘာဝမကျဘူးလို့ ယူဆပါတယ်။ အဲဒီဝရံတာဟာ အရပ် သိပ်မမြင့်လှတဲ့ အဲဒီရှမ်းမလေးရဲ့ ရင်ခေါင်းလောက် ရှိနေနိုင်တယ်။ ခါးတ၀က်ကို ရောက်မနေတာကတော့ သေချာတယ်။ အဆောက်အဦးကို တည်ဆောက်စဉ်က အင်္ဂျင်နီယာတွေရဲ့ တွက်ချက်ထားမှုက အနည်းဆုံးအရပ် ၆ပေလောက်ကို ဗဲလင့်စ် ဖြစ်အောင်ဒီဇိုင်းရေးဆွဲထားတာပါ။ ပြုပြင်မွန်းမံတဲ့အခါ ၀ရံတာကို ထပ်နှိမ့် မထားဘူးဆိုရင် လိမ့်ကျဖို့ အလားအလာနည်းပါးလွန်းပါတယ်။ အနှစ် ၁၀၀ လောက်အတွင်းမှာ ဒီဝရံတာက လူဘယ်နှစ်ယောက် လိမ့်ကျဘူးမယ်ထင်ပါသလဲ။ အံ တဲ့လူက ဘာလို့ဝရံတာ ထွက်သွားရတာလည်း။ ရေချိုးခန်း၊ အိမ်သာဘက် သွားတာ သဘာဝကျတယ်။ အစစ်ဆေးခံနေတာ သုံးရက်လောက်ဆိုတော့ ဘယ်ဘက်မှာ ဘာရှိတယ်ဆိုတာ တီးမိခေါက်မိ နေလောက်ပါပြီ။ ၀ရံတာမှာ အံတယ်ဆိုဦးတော့ အောက်ဘက် လမ်းမပေါ်ကို သာမန်သိစိတ်ရှိသူတိုင်း အံ မချပါဘူး။ အရမ်း ခေါင်းမူးလို့အံ တဲ့သူက ထိုင်ချပြီး ဒါမှမဟုတ် ဒူးညွတ်ပြီးအံလေ့ရှိတယ်။ မအံရ မနေနိုင်၊ မအောင့်နိုင်ဘူးဆိုရင်လည်း နေရာမှာတင် အံချလိုက်မှာပါပဲ။
ရှေ့နေမက သူ အိပ်ပျော်နေလို့ ဘာမှ မသိလိုက်ဘူး လို့လဲပြောတယ်။ ရှမ်းမလေး အံဖို့ထွက်သွားတယ်လည်း ပြောတယ်။ ရှမ်းမလေးက အသံတွေကြားနေလို့ မအိပ်ပဲ စောင့်ကြောင့်ထိုင်နေတယ်လည်းပြောတယ်။ အစောင့်တွေ ရှိတယ်လည်းပြောတယ်။ သူ့စကားတွေက ရှေ့နောက်မညီသလို ဖြစ်နေတယ်။ သဘောရိုး ဆိုဦးတော့ ရှမ်းမလေးကို မတော်တဆ လိမ့်ကျတယ်ဆိုတဲ့ သဘောကို မရောက် ရောက်အောင် ရည်ရွယ်ပြောဆိုနေတာ တွေ့ရတယ်။ အပိုင် မမြင်လိုက်ပဲ ဒီလို မပြောရဘူးဆိုတာ ရှေ့နေက ပိုသိပါတယ်။ အမှု မရှည်မှ သူ့အတွက် ကောင်းမယ်ဆိုတာ တွက်ဆနိုင်သူလေ။
ဘာပဲ ပြောပြော အမှုမှန်ကို သမာသမတ်ကျစွာ ဖော်ထုတ်ပြီး ဖြစ်သင့်ဖြစ်ထိုက်တာကို ဥပဒေနဲ့အညီ ကျောသားရင်သား မခွဲခြားပဲ ဆောင်ရွက်သင့်ပါတယ်။ အစိုးရက ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေတဲ့အချိန်မှာ တိုင်းသားပြည်သူတွေရဲ့ အားကိုးယုံကြည်မှုရဖို့ အလိုအပ်ဆုံးပါပဲ။

zay mg said...

မသေဆုံးခင် သူဘယ်လောက်ကြောက်ရွံ.နေလိမ့်မလဲ။။ဘာအတွက်ကြောင့်
ကိုယ့်ကိုကိုယ် သတ်သေဖို.အထိ သွေးပျက်ခဲ့ရတာလဲ။ခင်ဗျာိးု.တွေ ရောအဲ့လို
ကြံစည်ဖူးကြလို.လား။ဒါဟာတော်တန်ရုံ ခြိမ်းခြောက်မူမဟုတ်တာတော့ သေချာနေတယ်။တာဝန်ရှိတဲ့သူတွေ အားလုံးသိအောင်ဖြေရှင်းပေးသင့်တယ်။။စိတ်မကောင်းပါဘူးးး

ju black said...

မန္ကလေး ရန်ကုန်မြို့ မြေတွေပိုင်ဆိုင်မှုနောက်ကြောင်းကို စနစ်တကျ စစ်ဆေးပေးကြပါ။။။။
တရားမမှုမှာ တရားလိုကို ဒီလိုစစ်လို့ရလား။။အသက်ငယ်တိုင်းပိုင်ဆိုင်မှု နည်း ရမည်ဆိုလျှင် နိုင်ငံတော်လူကြီးများဧ။် သားသမီးတွေရဲ့ ပိုင်မှုများကို လဲ စစစ မှ ယခုကဲ့သို့ ပြင်းပြင်းထန်ထန်စစ်ဆေးပေးကြပါ။။။။

Unknown said...

ရက်စက်လိုက်တာ ဘာအမှုတွေများဖြစ်လို့ ဒီလောက်တောင်ရက်ရက်စက်စက်မေးရတာလဲ လူစိတ်မရှိတဲ့ ကိုယ်ချင်းစားစိတ်မရှိတဲ့ အာဏာရှင်တွေပဲ
ဒင်းတို့ တွေတော့နော်--------------------

Oakar said...

ဘာမှလဲ သေချာမသိကြပဲနဲ...သူတပါးကိုဝေဖန်ဖို့လောက်ပဲသိကြတယ်ဗျာ...အမြင်မတော်ဆင်တော်နဲ့ခလောက်ဆိုသလိုမျိုးပဲ...သူဟာသူ...အစားအဆိပ်သင့်လို့ ၀ရံတာထွက်အန်ရင်းပြုတ်ကျတာကို..ကြမ်းပိုးကိုလိပ်ဖြစ်အောင်ပြောနေကြတယ်.ကျွန်တော်တို့နိုင်ငံမှာဒီစိတ်ဓါတ်တွေ ဖျောက်ဖို့လိုနေပြီ။

Powered by Blogger.