ငါးထောင်တန်တွေ ကြဲတဲ့ ကြံ့ဖွံ့မဲဆွယ်ပွဲ

ငါးထောင်တန်ကြဲတဲ့ ငါးလုံး (ဓာတ်ပုံ - နေပြည်တော်ဘောလုံးအသင်း)


ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ကွယ်လွယ်ကျေးရွာမှာ ပြုလုပ်ခဲ့တဲ့ ပါတီမဲဆွယ်စည်းရုံးရေး ဟောပြောပွဲမှာ ကိုယ်စားလှယ်လောင်း ဦးဖြိုးကိုကိုတင့်ဆန်းက ကျပ်ငွေ ငါးထောင်တန်၊ တထောင်တန်တွေကို တက်ရောက်လာတဲ့ လူထုထဲ ကြဲဖန့်ခဲ့ပါတယ် တဲ့။ ကွယ်လွယ်ရွာခံများက ပြောပါတယ်။

ကွယ်လွယ်ရွာ၊ မြစန္ဒရပ်ကွက်၊ ဘုရားကြီးဝန်း ဓမ္မာရုံအတွင်း လုပ်တဲ့ ဟောပြောပွဲအပြီးမှာပါ။

“ဘယ်လောက်လောက် ရှိမလဲတော့ မခန့်မှန်းတတ်ဘူး။ တစ်ထောင်တန်တွေကို သုံးခါ ကြဲချတယ်။ ငါးထောင်တန်တွေကို တစ်ခါကြဲချတယ်” လို့ ကွယ်လွယ်ရွာသားတဦးက ဧရာဝတီသို့ပြောသည်။

ဒီပွဲကို ကိုယ်စားလှယ်လောင်း ဦးဖြိုးကိုကိုတင့်ဆန်း နဲ့ အတူ ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်၊ တိုင်း အစိုးရ အဖွဲ့ဝင် ဦးဝင်းကိုကိုတို့လည်း တက်ရောက်ခဲ့ကြပါတယ်၊ “လျှပ်စစ်မီး ရရှိရေးနှင့် ဆွမ်းဆန်စိမ်းလောင်းလှူရေး” လို့ အမည် တပ်ပြီး တအိမ်၊ တယောက် မလာမနေရ ဖိတ်ခေါ်တယ်၊ ကြံခိုင်ရေးပါတီကို မဲထည့်ဖို့ စည်းရုံးဟောပြောခဲ့တယ်လို့ ရွာခံများကပြောပါတယ်။

“ဟိုရောက်တော့ ဝန်ကြီးက လျှပ်စစ်မီးကိစ္စလည်း မပြောဘဲနဲ့။ ကျနော်တို့ ကွယ်လွယ်ရွာသားတွေဟာ ဖြိုးကိုကိုတင့်ဆန်းရဲ့ ထမင်းနဲ့ မကင်းကြဘူး၊ ငွေနဲ့ မကင်းကြဘူးပေါ့။ အဲဒီတော့ ဦးဖြိုးကိုကိုတင့်ဆန်းကို မဲပေးရမယ် ဆိုပြီး မဲဆွယ်တာပေါ့” လို့ ရွာသားတဦးက ပြောပြပါတယ်။

မြောင်းမြမြို့နယ် ကျေးရွာတချို့မှာ ဝန်ကြီးချုပ် ဦးသိန်းအောင်၊ ဦးဖြိုးကိုကိုတင့်ဆန်း တို့က လူမှုရေးလုပ်ငန်းများ အကြောင်းပြပြီး ကြံ့ခိုင်ရေး ပါတီ အနိုင်ရရှိရေး မဲဆွယ်စည်းရုံး နေတယ် လို့ NLD မြောင်းမြမြို့နယ် မဲအောင်နိုင်ရေးအဖွဲ့ တာဝန်ရှိသူ ဦးဝင်းဆွေ က ဧရာဝတီကို ပြောပါတယ်။ အင်္ဂါနေ့မနက်ပိုင်းကလည်း ပျဉ်ရွာမှာ အဲဒီလို လုပ်ခဲ့တယ် တဲ့။

ဒါဟာ တရားမဝင်မဲဆွယ်စည်းရုံးတာဖြစ်တယ်၊ မှတ်တမ်းယူထားတယ်၊ ဓာတ်ပုံတွေ၊ အသံဖိုင်တွေ ရှိတယ် လို့ ဦးဝင်းဆွေက ဆက်ပြောပါတယ်။

မလာမနေရ အမိန့်တော်ချမှတ်တာ ဝန်ကြီးချုပ် ဦးသိန်းအောင်၊ ဦးဖြိုးကိုကိုတင့်ဆန်း တို့တင် မကပါဘူး၊ ကရင် တိုင်းရင်းသား ရေးရာ ဝန်ကြီး မန်းသန်းရွှေ ဆိုသူလည်း ပါပါတယ်။ ဗိုလ်သန်းရွှေနဲ့ နာမည် ၁၀၀% တူတော့ သူလည်း တန်ခိုးထက်ဟန်တူပါရဲ့။

မတ်လ ဒုတိယပတ်ထဲမှာ ဝန်ကြီး မန်းသန်းရွှေက မြောင်းမြမြို့နယ် ငှက်ပျောတော၊ လပွတ်ကုလားကျေးရွာ ဒေသခံများကို တအိမ်တယောက် မလာမနေရ ဆင့်ခေါ်တယ်၊ ကြားဖြတ် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်တော်ကြီး ဦးဖြိုးကိုကိုတင့်ဆန်းကို မဲထည့်ကြဖို့ စည်းရုံးတယ် တဲ့၊ ဒေသခံများက ပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ မြောင်းမြ မဲဆန္ဒနယ်မှာ သူ့ ပြိုင်ဘက်များကတော့
NLD ပါတီ - မန်းဂျော်နီ
NDF ပါတီ - ဦးအောင်မျိုးလှိုင်တို့ ဖြစ်ပါတယ်။

NLD နဲ့ NDF ပါတီကိုယ်စားလှယ်များလည်း ငါးလုံးကို အားကျပြီး ပိုက်ဆံကြဲရင် ဒေသခံတွေအတွက်တော့ သိပ်ကောင်းမှာပေါ့လို့ တချို့က ဆိုပါတယ်။ ဒါပေမယ့် ဒီပါတီ ၂ ခုမှာ ပါဝင်သူများက နှစ်ရှည်လများ နိုင်ငံရေးလုပ်လာလို့ ၀င်ငွေမရှိ အကြွေးတွေပဲ ပိနေတယ်၊ ငါးထောင်တန် မပြောနဲ့ ငါးကျပ်တန်တောင် မကြဲနိုင်ပါဘူး တဲ့။

ငါးလုံးအကြောင်း ပြန်ဆက်ရရင် -

ကြံ့ခိုင်ရေး ပါတီ ကိုယ်စားလှယ်လောင်း ဦးဖြိုးကိုကိုတင့်ဆန်းဟာ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ အားကစားဝန်ကြီး ဌာန တို့ကို အပိုင်စား ရတော်မူထားတဲ့ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းရဲ့ သားတော်မောင် ဖြစ်ပါတယ်။

ဦးတင့်ဆန်းက ပြီးခဲ့တဲ့လ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြောင်းမြမြို့ စည်းရုံးရေး ခရီးမှာ ဟောပြောမယ့် ဘောလုံးကွင်းတွေကို ငှားရမ်းတော့ ဟင့်အင်း လို့ ပြောခဲ့သူပါ။


ကျော်ခ ရေးသားသည်။ ဧရာဝတီ ဘလော့ဂ် 
ငါးထောင်တန်တွေ ကြဲတဲ့ ကြံ့ဖွံ့မဲဆွယ်ပွဲ ငါးထောင်တန်တွေ ကြဲတဲ့ ကြံ့ဖွံ့မဲဆွယ်ပွဲ Reviewed by သစ်ထူးလွင် on 08:46 Rating: 5

77 comments:

Anonymous said...

ခိုးထားတဲ့ ပိုက်ဆံတွေ ကျဲပြီး ယူစားမိတဲ့သူတွေလဲ အာဖတ် မလွတ်ပဲ ဖြစ်မယ်နော် . . . ၁ ရက်ပဲ သုံးလို့ ရတဲ့ ငွေကို မမြင်ပါနဲ့  ကိုယ့်မျိုးဆက် တွေ ထာဝရ အေးချမ်းသာယာမဲ့  အခြေအနေ အတွက် စဉ်းစဉ်းစားစား မဲပေးသင့်ပါတယ် . . တိုင်းပြည် နွံထက်မနစ်ပါစေနဲ့ လို့  မြောင်းမြ ပြည်သူ ပြည်သားတွေကို သတိပေးချင်ပါတယ် . . .

tkm said...

ဘယ်ကငွေတွေနဲ့ ကျဲနေတာလဲဟ...
အခုမှကျဲရလား..တကယ်စေတနာရှိရင်
အရင်ကတိုင်းမရှိတဲံပြည်သူတွေ..ပေးပါလား..
ဒီယုံမြင်လို့..ဒီချုံတိုးနေတာပါကွာ...
ပြည်သူတွေအရွေးမမှားနဲ့နော်..
ဒီကောင်တွေစိတ်ဓါတ်က...အိမ်မှာမွေးထားတဲ့ခေါးလောက်တောင်...
မရှိဘူး...

Anonymous said...

ခိုးရထားတာတွေ.ကြဲနေတာ.ယူသာယူလိုက်.
ပီးရင်အမေစုကိုမဲပေးလိုက်.လုံးဝမကြာက်ကြနဲ့.
အာဏာရှင်အောက်ကလွှတ်မြောက်အောင်တစ်ညီတစ်ညွတ်ထဲ
တွန်းကြပါ.မကြာခင်အာဏာရှင်တွေ ပြေးရတော့မယ်.

sean said...

It was 5000 & 1000 only, not 500k & 1million , I believe people will not sell their heart vote very cheap price of 5000 only.

datha said...

သမ္မတကြီး
ထကြည့်ပါအုံး
စည်းစိမ်တွေရစ်ပြီး အိပ်မနေနဲ့အုံး
တိုင်းပြည်က ခိုးယူ တောင်းယူထားတဲ့ ပိုက်ဆံတွေ ထားစရာနေရာ
မရှိတော့လို့ ကျဲနေတာ
ထိရောက်စွာ အရေးယူလိုက်ပါ
နိုင်ငံတကာကို ရှက်ရင်ပေါ့
မရှက်ရင်တော့ လဲသေ..........

moe said...

သန့်သန့်ရှင်းရှင်းနဲ့မပြိုင်ချင်ဘူးလား၊ ဖြိုးကိုကိုတင့်ဆန်းရေ။နိုင်ငံရေးလုပ်မှာဆို သမိုင်းကြောင်းကောင်း ဖို့လိုတယ်နော်။

eint said...

ပြည်သူတွေဆီက ဘုံးထားတာနဲ့ မျက်နှာပြန်လုပ်မနေနဲ့..
နင်စားထားတာ ဒီထက်များတယ်...

ေ၇ာသမမွှေ said...

လာပြန်ပြီတင့်ဆန်းသားစောက်၇ှုး တိုင်းပြည်တော့အကြွေး တွေနဲ. မင်းကတော့အလာကာ၇တယ်ဆိုပြီး ကြဲနေတယ်ပေါ့လေ ဒီငွေတွေကို အကျိုး၇ှိတဲ့နေ၇ာမှာသုံး၇င် မင်းအတွက် င၇ဲမင်းက လျှော၂ ပေါ၂ စဉ်းစားပေးအုံးမယ် ပုံ အ၀ီစိ .

eint said...

ပြည်သူတွေဆီက စားထားတာတွေနဲ့ မျက်နှာလုပ်မနေနဲ့...
နင်စားထားတာ ဒီထက်များတယ် ဟဲ့..

taung pai gyi said...

ရုပ်ကအရက်သမားရုပ်နဲ့  ဦး​နှောက်ကလဲထုံထိုင်းမဲ့ပုံပဲ တိုင်းပြည်အတွက်​တော့မသိဘူး သူ့ အတွက်သူလုပ်မှာ​တော့​သေချာတယ်

အညာသားကြီး said...

ပြည်သူတွေရဲ့ငွေတွေကို မတရားခိုးထားစားနေကြတဲ့ သူခိုးကြီးသားအဖ က ၅ ထောင်တန်တွေ ၁ ထောင်တန်တွေ ကျဲနေတယ်တဲ့ဟေ့။ ဗိုလ်ချုပ်အောင်ဆန်းက တိုင်ပြည်ကို ကယ်တင်ခဲ့တယ်။ ဒါပေမဲ့ ကိုယ်ကျိုးမရှာခဲ့ပါဘူး။ မင်းတို့သားအဖကတော့ကွာ လိမ်ချက်ကတော့ ကမ်းကုန်နေတာပဲ။ ရုပ်ကိုက ၀က်ရုပ်ပေါက်နေပြီ။ ဘယ်လောက် ခိုးစားထားလဲ ဆိုတာသိသာလိုက်တာကွာ။ အရင်ကတဲက NLD က သူတွေက ကိုယ်ကျိုးစီးပွားမကြည့်ပဲ တိုင်းပြည်နဲ့ လူမျိုး မျက်နှာကို အဓိက ထားခဲ့တော့ မချမ်းသာဘူးဆိုတာ ဂုဏ်ယူစရာ အားကိုးစရာကောင်းပါတယ်။ ငါုတိ့က ဒါမျိုးကို လေးစားတာ။ဒီလို ကိုယ်ကျိုးမကြည့်ပဲ တိုင်းပြည်နဲ့လူမျိုးအကျိုးသာအဓိကလို့ ခံယူထားတဲ့ NLD ကို ပြ့ည်သူတွေက ချစ်ကြတာ။ ဒီလို ချစားမူ့ကင်းတဲ့ သူတွေတက်မှ ငါတို့နိုင်ငံကြီးကို တိုးတက်အောင်လုပ်ဆောင်နိုင်မှာကွ။ မင်းတို့လို အခွင့်အရေးမြင်တိုင်း ငန်းငန်းတက် ပြည်သူ့ မျက်နှာမထောက် ပြည်သူတွေဘာဖြစ်ဖြစ် ငါတို့ချမ်းသာရင်ပြီးရောစိတ်ဓါတ်ရှိတဲံ့သူတွေက မင်းတို့ ဖွတ်တွေ အများဆုံးပါပဲ။ မင်းတို့လို ဓနငွေကြေးကို မတ၇ားနည်းနဲ့ ရယူချမ်းသာလာပြီးတော့ စိတ်ဓါတ်အောက်တန်းကျနေတဲ့ သူတွေကို အထင်မကြီးဘူးကွ။ ဒီမိုကရေစီဆိုတာ ဘာမှန်းတောင် မသိတဲ့ကောင်တွေက တိုင်းပြည်ကို အုပ်ချုပ်နေမှတော့ တိုင်းပြည်က ပျက်ပြီပေါ့။ ကြံ့ဖွတ်က အကောင်တွေ အများစုက ပြောလိုက်ရင် ကိုယ်ချင်းစာတရားမရှီတဲံ့အပြင် စကားတွေကလည်း လူကြီးလူကောင်းမပီသတဲ့ လူမိုက်ကြီးတွေ လူပေါကြီးတွေိပါပဲ။ ဆင်ချင်တုံတရားနဲ့ အသိဥာဏ်တွေက တော်တော် အောက်တန်းကျပြီး ပညာမဲ့ လူ့ဗာလ များ ဖြစ်နေကြပါတယ်။ ခေါင်းဆောင်ကြီး အောင်သောင်းကအစ ကြံဖွတ်ံ တဖွဲ့လုံးပေါင်းပြီး ၃ တောင်ဝတ် မိန်းမ ၁ယောက်ကို တောင် ကလိမ်ကကျစ် ကျပြီးမှ အနိုင်ယူချင်တဲ့ ယောကျားမပီသတဲ့ မိန်းမလျာကြီးတွေလေ။ မိန်းမ ၁ ယောက်လောက်တောင် နှလုံးရည် မပြည့်ဝ။ ကြံဖွတ် အားလုံးပေါင်းရင်တောင်မှ အရည်အချင်းမပြည့်မှီကြတဲ့ ကြံ့ဖွတ်ပါတီမှ လူကြီးပိုင်းများသည် ပုဆိုးဝတ်ထားသော အချောက်ကြီးများ ဖြစ်ပါသောကြောင့် မိန်းမ ၁ ယောက်အား ၀ိုင်းရန်တွေ့လျက် ကလိမ်ကကျစ်ကျနေကြပါသည်။ပြည်သူများခင်ဗျား.... နတ်ကတော် အခြောက်ကြီး(ကြံ့ဖွတ် လူကြီး)များအဖွဲ့မှ ထမိန်စွန်တောင်စွဲလျက် ပြည်သူတို့ရဲ့ မိခင် ဖြစ်သော အမေစုအား လူပုံအလယ်တွင် အရှက်မရှိ ၀ိုင်းရန်တွေ့နေကြပါသောကြောင့် ထိုစိတ္တဇဖြစ်နေကြသော နတ်ကတော်အခြောက်ကြီးများရန်မှ အသိတရားရှိရှိနဲ့ ကာကွယ်ထိမ်းသိမ်းပေးကြပါရန် မေတ္တာရပ်ခံလိုက်ရသည်။

blacknight said...

ဗိုလ်ချုပ်အောင်ဆန်းပြောဖူးပါတယ်....
ပေးတာယူပါ....ကျွေးတာစားပါ....
မဲပေးရင်တော့.....ဘယ်သူမှအားနာစရာမလိုပါဘူး....
ကွယ်လယ်သားတို့ရေ........ရင်ဘတ်ထဲက အတိုင်း...
ရဲရဲကြီး မဲပေးလိုက်ကြပါ.....

kyaw tun naing said...

ယောင်မှားပြီးမဲထည့်ခဲ့လို့နိုင်သွားခဲ့ရင် တစ်သောင်းဖိုးကြဲခဲ့တာ တစ်သိန်းဖိုးပြန်ရအောင်ယူမှာနော်... စိတ်ကူးမမှားကြားဖို့ပါ... မကြာခင်မှာ ဒင်းနေဝင်ချိန်ရောက်တော့မှာပါ.. ဂျေက်ဂျက်သီချင်းဆိုလိုက်အုံးမယ်ဗျာ.. မင့်တို့အလှည့်မိုးတွေရွာထား ငါ့အလှည့်ကြမိုးကြီုးပါပြစ်ချမယ်...

007747 said...

တိုင်းရင်းသားဝန်ကြီးေ ရ--
ခြ‌င်‌ထောင်ထဲကခင်ဗျားမိန်းမတစ်‌ယောက်ထဲရဲ့မျက်နှာကိုဘဲ မကြည့်နဲ့။ အမြင်ကျယ်ကျယ်နြဲ့ကည့်စမ်းပါ။ ခင်ဗျားတို့လိုလူမျိုးတွေ‌ကြာင့် ကရင်‌တွေမျိုးပြုတ်လိမ့်မယ်။ ခင်ဗျားရှက်တတ်ဖို့‌ကောင်းတယ်။

The Nature Myanmar said...

အကြွေးတင်နေတဲ့တို့တိုင်းပြည်အတွက် အလုပ်လုပ်မယ့်သူက ပိုက်ဆံတွေ အလကားဖြုန်းတီးနေပါလား...
ရှိနေတဲ့ပိုက်ဆံကိုတောင် စနစ်တကျလှူတတ်အောင် အရင်ကြိုးစားအုံး...

thagyi Kyaw said...

အညာသား ထန်းရည် သမား ရုပ် နဲ့ လွှတ်တော် နဲ့  နင် နဲ့ တန်လို့ လား
ဖအေ အရှိန် နဲ့  လူစွာလုပ်ဖို့ ကြံနေတာ မသိဘူးမှတ် နေလား နင့် အဖေ ကလဲ ခေတ်ပျက်သူထေး ချစ်တီး ဆိုတာ လူတိုင်းသိတယ် တိုင်းပြည်အတွက် အခွန်ဘယ်လောက် ဆောင်ထားလဲ ပြည်သူ့ ငွေတွေ ဘယ်လောက် ဂုတ်သွေးစုတ် ထားလဲ ဆိုတာ ပေါ် တော့ မှာ ပါကွာ...

vimpire said...

အာဏာ ၀ယ်နေပြီဗျို့.....
နိုင်ငံတော်ကို ချစ်လို့ နိုင်ငံရေးနားလည်လို့ လွှတ်တော်ထဲဝင်မှာမဟုတ်ဘူး... စီပွားရေးလုပ်ဖို့ဝင်မှာ... ဒီလိုကောင်စားတွေရောက်လာရင် လွှတ်တော်တော့ပျက်ပီ... စစ်တပ်ထဲကို လုပ်စားမယ့်ဂွင်တစ်ခုအနေနဲ့ စစ်ဗိုလ်တွေဝင်ပြီး စစ်တပ်နာမည်ပျက်သလိုဖြစ်တော့မယ်...
ရွှေမန်းရေ... သိန်းစိန်ရေ..သတိသာထားကြတော့...

Dragon Girl said...

ကြံ့ဖွတ်က ရန်ကုန်မြို့ ချော်တွင်းကုန်းမှာလည်း ဆိုက်ကားသမားတွေကို ကြံ့ဖွတ်အကျီင်္နဲ့ တံဆိပ်တွေပေးပြီး..နောက်နေ့ကြံ့ဖွတ်ရုံးမှာ သူတို့ကြံ့ဖွတ်အကျီင်္တွေဝတ်ပြီး ပိုက်ဆံလာချေးလို့ရတရ်ဆိုပြီး မဲဆွရ်တရ်.. ၂၀/၂၁.၃.၂၀၁၁ တစ်ရက် ရက်ပဲ ရက်အတိအကျမသိတော့လို့...အရှက်လည်းမရှိကြတော့ဘူး ရွေးကောက်ပွဲနီးလာလေ NLD ကိုကြောက်ပြီး သွေးရူးသွေးတန်းတွေဖြစ်နေကြပြီ...

Lu Hman Gyi said...

ှဖြုတ်ကိုကိုတင့်ဆန်းကတော့နေပြည်တော် ဟိုတယ်ဇုံက ရတဲ့ဟာတွေဖြုန်းနေပြီ။ ဟိုတယ်တွေမှာ ပိုက်ဆံတောင်းပြီး မတက်မနေရ သင်တန်းတက်ခိုင်းတယ် ဈေးက တစ်ယောက်ကို ၁၀၀၀၀၀ နဲ့ ဌာနတိုင်းတက်ရတယ်။ လွန်ရော မှ လွန်ရော။

skyworld said...

ရုပ်ကိုကြည့်ပါလား မြောင်းမြသားတို့ ရေ အခုတော့ ပိုက်ဆံတွေ ကြဲနေတာပေါ့ ။ သူလိုတာရသွားရင် မောင်ရင်တို့ မြောင်းမြသား မြောင်းမြ
သူတွေဆီကို ခြေထောက် ဖနှောင့်အချွန်ကြီးနဲ့ လာလိမ့်မယ်.....
သတီတော့ ထားကြပါ အရွေးမှားစေနဲ့ နော်..... ရုပ်ကြီးကိုသေချာကြည့်ပါ
လူမိုက်ရုပ်ကြီး တကယ်ပြောတာနော် သေသေချာချာကြည့်ကြည့်လိုက်....
အရွေးမမှားကြနဲ့ .....

ကိုစိုးနိုင် said...

နိုင်ငံရေး အမြင် ၊ နိုင်ငံရေးအရည်အသွေး ၊ စည်းပွားရေး အမြင်နဲ့ အရည်အသွေး လုံးဝမရှိတော့ ပြည်သူပိုင် ငွေတွေကို ဖအေလုပ်သူက အာဏာ အားကိုးနဲ့ လွယ်လွယ်ရထားတော့ ဒီလို မခန့်လေးစား ဖြုံးပြ ကျဲပြ နေတာပေါ့ဗျာ။ တကယ့် သမာအာဇီဝနဲ့ ရှာဖွေထားတဲ့ သူဋ္ဌေးတွေဟာ သူတို့ငွေကို တန်ဖိုးသိပ်ထားတယ်။ လှုရင်တောင် တကယ် အကျိုးရှိတဲ့နေရာကို စနစ်တကျ စွန့်လွှတ်လှုဒါန်းတယ်။ သင်းတို့ကတော့ ခောတ်သစ် ဦးစောတွေပဲ ။ ငွေကိုသုံးပြီး နိုင်ငံရေး မှာ အမတ်လုပ်ချင်နေရင် နိုင်ငံရေး ရင်းနှီးမြုတ်နှံတာပဲ။ ဒါဆို နိုင်ငံဆီက အမြတ် အများကြီးပြန်ရအောင် ယူမယ်ဆိုတာ သေချာတယ်။ မျိုးချစ် နိုင်ငံရေးသမား တွေကိုသာ မဲပေးကြပါဗျို့။ စိတ်ပျက်စရာကောင်း လွန်းပါတယ်။ (မျိုးချစ် - နိုင်ငံသားတစ်ဦး )

kiddykid said...

လာပြန်ပြီ သမတ...မအားပါဘူးဆို...ခဏခဏပဲ တတနေကြတယ်...

Ko Htet said...

ရုပ်ကိုက သူတောင်စားမျိုးရိုးရုပ်နဲ့များ----
သွားမဖြဲပြနဲ့ငါနွားပွဲစားမဟုတ်ဘူး။
ကြားလား။
မင်းပထွေး ဆွဲထားတဲ့ အခြေခံဥပဒေက မင်းတို့နဲ့မဆိုင်လို့လား။ ဟင် --မိသိန်း နဲ့ မိဖြိုး။

blacknight said...

ဗိုလ်ချုပ်အောင်ဆန်းပြောဖူးပါတယ်....
ပေးတာယူပါ....ကျွေးတာစားပါ....
မဲပေးရင်တော့.....ဘယ်သူမှအားနာစရာမလိုပါဘူး....
ကွယ်လယ်သားတို့ရေ........ရင်ဘတ်ထဲက အတိုင်း...
ရဲရဲကြီး မဲပေးလိုက်ကြပါ.....

thihathuya said...

ကြာကူလီ..နှာဘူးရုပ်နဲ့..တိုင်းပြည်ထဲကဘယ်လောက်တောင်..
ခိုးစားထားလဲဆိုတာ..မျက်ခွက်ကို.အဆီရစ်ပြီး.ဖောအစ်နေတာပဲ.
ဒါလားဟဲ့တိုင်းပြည်အုပ်ချုပ်ချင်တဲ့နှဖူးရေ..ဒူးရေ..ထွီ!!!!!!!!
အင်္ဂင်္ါရုပ်ကိုက..မဟုတ်တာမှန်သမျှ..မကောင်းတာမှန်သမျှအကုန်လုပ်မဲ့ရုပ်..ဘနဖူးတောင်သိုက်တူးရဲတဲ့ရုပ်..ထပ်ပြောရင်ဆုံးမှာ
တောင်မဟူတ်ဘူး...ထွီ {0 V #}
~

Anonymous said...

တင်ဆန်းကြီး....နေပြည်တော်က...ကာရာအိုကေကမိန်းမကို...တိုက်တစ်လုံး...ကားတစ်စီး...စိန်တစ်ဆင်စာပေးသလောက်မရှိပါဘူး....

စေလိုရာ said...

မြတ်စွာဘုရားဟောကြားထားတဲ့ပေတဝတ္ထုထဲကပြိတ္တာမမြင်ဘူးလို့လိုက်ရှာနေတာခုမှပဲတွေ့ဖူးတော့တယ်တော်တော်ကြောက်ဖို့ကောင်းတာပဲညကျရင်အိပ်လို့တောင်ပျော်ပါမလားမသိဘူး

Moe Moe said...

ပေးတာအကုန်လုံးယူ..
ရတာအကုန်လုံးယူ...
"စု"သာအကုန်လုံးထည့်ကြပါ...

kokomaung said...

ရုပ်ကိုက ကျက်သရေမရှိဘူး။ comment ရေးရတာ လက်သနတယ်။ပြည်သူတွေဆီကမင်းစားထားတာလေ။
ပြောင်ပြန်ကြီးလုပ်ပြနေတာပါ။

အမှန်တရား said...

ယူသာယူကြ.. အဲဒါပြည်သူ့လွှတ်တော်ဆောက်တုန်းက ခိုးထားတဲ့ပြည်သူ့ပိုက်ဆံတွေ ပြီးရင်တော့ ဘယ်သူ့မဲထည့်ရမယ်ဆိုတာ ခင်ဗျားတို့သိကြပါတယ်.. ကျွန်တော်မပြောတော့ဘူး.. သွားသေစမ်းပါ ငါးလုံးရာ ဒီလောက်နဲ့တော့ပြည်သူတွေကအပျော့ပေါ့

Myanmar said...

အပေါ်က ပြည်သူ့အသံတွေနဲ့တင်လုံလောက်နေပါပြီလေ။ ပိုက်ဆံကိုတန်ဘိုးမထားတတ်ဘူးဆိုတာပြနေတယ်။ သမာအာဇီဝနဲ့ ၇ထားတာမှမဟုတ်တာလေ ဘယ်မှာနှမျောပါ့မလဲ။ နေ၇ာစုံမှာ ဒီလိုလူတွေကြည့်ဘဲတွေ့နေ၇တာ မြန်မာတွေ အချက်နာလို့ဘဲ။ နှစ်တစ်၇ာနီးပါး အ ခဲ့ပြီးပြီ။ တော်၇ုံဘဲ သဘောကောင်းကြပါ။ အမျိုးပြုတ်အောင်တိုင်းပြည်ပျက်အောင်ထိတော့ မအ ကြပါနဲ့ မြန်မာနိုင်ငံသားအပေါင်းတို့ေ၇............။ ။

အိုးဝေ said...

ဟေ.ကောင် တင့်ဆန်းသား
မင်းချမ်းသာနေရင်လဲတိုင်းပြည်အကျိုးရှိမယ်.နေရာသုံးကွာ
မယောင်ရာဆီမလူးနဲ့
အချိန်တန်ရင်မင်းသိလမ့်မယ်

Shin Myochit said...

Oh!!!!!!! They are fishing with 5000 kyats and 1000 kyats which are your money but be careful of the rasty poisonous hook.This poisonous hook will hurt you till end of your life.BE SMART,BE BRAVE and BE UNITED.
DO YOU WANT TO BE THEIR FISH ? OK ,repeat again BE SMART.We have our weapon(VOTE).Don't forget that they have bullied till now.This is our turn to beat them.Shall we beat them together on 1/4/12.

မြတ်သုခ said...

မတရားသဖြင့် လုပ်ချင်တိုင်းလုပ်လို့ရမယ့် အခြေအနေမျိုးဆိုရင် ဒီကောင်တွေ
ဘယ်တော့မှ ပိုက်ဆံကြဲမှာမဟုတ်ဘူး။ ဒါကြောင့် ဒီနည်းနဲ့ မဲဆွယ်နေတာ
ဒါကို ပြည်သူအနေနဲ့ သိရမယ်။ ဒီလိုပိုက်ဆံကြဲပြီးမဲဆွယ်တာကို ကြည့်သော အားဖြင့် အကြမ်းနည်း ဟိုအရင်လို လုပ်လို့မရနိုင်လိုပဲဆိုတာကို
သိပြီး မကြောက်မရွံ့မဲထည့်ကြပေတော့ဗျို့။

ပုသိမ်သား...ဆင်မ said...

ကောင်းတယ်လုပ်ကြ

sekomyo said...

အဲဒီ ကျဲတယ်ဆိုတဲ့ပိုက်ဆံတွေဟာ ပြည်သူတွေရဲ့ပိုက်ဆံမို့
ကိုယ့်ပိုက်ဆံ ကိုယ်ပြန်ရတယ်ပဲသဘောထားလိုက်စို့ရဲ့။
အဲ .. ပြီးတော့မှ မိမိဆန္ဒအတိုင်း မိမိရဲ့အသဲကြားက မဲတစ်ပြားကို
မိမိယုံကြည်ရာကို ရဲရဲဝံ့ဝံ့သာ ထည့်လိုက်ကြရအောင်။

aung naing said...

အဲလိုပိုက်ဆံပေးဝယ်တဲ့လူတွေ၊လမ်းဖေါက်ပေးမယ်၊တံတါးဆောက်ပေးမယ်လူတွေကအာသာငန်းငန်းတက်နေတဲ့သူတွေ၊သူတို့အာဏာရရငိအသကုန်ပြန်ခိုးတော့မှာ၊ပြည်သူတဲဆောက်ကြံဖွတ်အမတ်တွေတိုက်ဆောက်ပါ။

ငရဲမင်း said...

တင့်ဆန်းမင်းရူးနေလား

Sunmoon said...

Please do not follow the Thai way of election (buying votes from the poor)it is dangerous to the real democratization of our immature democracy of the country.
Get the soul by soul.

ကျော်ထိုက် said...

ငါးထောင်. .....တထောင် တွေ ကိုပဲကြည့်မနေကြနဲ့ မြောင်းမြ သားတွေ ခင်ဗျာ...ဒါဟာ ငါး လိုချင်လို့ ငါးစာချထားပါ.....အတို ကိုမကြည့်ပါနဲ့ အရှည်ကိုကြည့်ပါ...ကိုယ့် ဖို့ မကြည့် ကိုယ့် ရဲ့ မျိုးဆက်လေး တွေ နောင် စိတ်ချမ်းသာ ဖို့ပဲကြည့်ကြပါ.....

saunghnin said...

နင်တို့မြောင်းမြ မြို့မှာသာကြံ့ခိုင်ရေးနိုင်ကြည့် ငါတို့ပြည်သူတွေနင်တို့မြောင်းမြကိုသပိတ်မှောက်မယ်။မြောင်းမြ သားတွေပြည်သူတွေအလယ်မှာအရှက်ရလိမ့်မယ်။သမိုင်းရဲ့တရားခံအဖြစ်မခံပါနဲ့ မြောင်းမြသားတွေရယ်...

Anonymous said...

ဟေ့ကောင်တင့်ဆန်းသား ခွေးသား မင်းကြဲတဲ့ ပိုက်ဆံနဲ့ နိုင်ငံအကြွေးတွေ
ဆပ်လိုက်ပါလား ခိုးထားတဲ့ ငွေတွေနဲ့  ကတုံးပေါ်ထိပ်ကွက်
မရှိတဲ့ သူတွေကိုပေးလိုက်ကွာမျက်နှာလုပ်မနေပါနဲ့  ရုပ်ကိုက
ခွေးရုပ်ဝက်မျက်နှာနဲ့ 

babagyi said...

တို့မြန်မာနိုင်ငံကအရူးတွေကတ်ာတော်ချမ်းသာတာပဲ

ktd said...

မင်းနှယ်ကွာ၊ သူတောင်းစားတွေလို့ မဲဆန္ဒရှင်အားလုံးကို ပြုမူလိုက်တာဘဲ၊
ပြည်သူက လိုချင်နေတာ၊ ငွေမဟုတ်၊ ပစ္စည်းဥစ္စာမဟုတ်၊
တကယ်တန်းလိုအပ်တာက မိမိပြည်နယ်၊ တိုင်း၊ နိုင်ငံအတွက်
တိုးတက်ရာ တိုးတက်ကြောင်းကို စွမ်းစွမ်းတမံ ထမ်းဆောင်မဲ့
ပြည်သူအကျိုးပြု၊ ဒေသဆိုင်ရာ အကျိုးကို သယ်ပိုးထမ်းရွက်မဲ့သူတွေကို
လိုအပ်တာ၊ တစ်နပ်စားဥာဏ်နဲ့ ဖြတ်စား၊ လာဘ်စား၊ အာဏာပိုင်တွေနဲ့ ပေါင်းပြီး မိမိကိုယ်ကျိုး၊ မိမိမိသားစုအကျိုး၊ အတ္တကြီးတဲ့သူတွေ၊ အခုတောင် ငါ့စိတ်လိုဘဲ၊ သူတို့ရှိမှာပဲလို့၊ ငွေ၊ အသပြာနဲ့ တန်စိုးလက်ဆောင်နဲ့ မဟုတ်တမ်းလျားတွေနဲ့ မဲဆွယ်နေမှုကို လုပ်ဆောင်နေတာကို သနားမိတယ်။ ။ ။

Anonymous said...

ဒီကောင် စေတနာ ရှိလွန်းလို့မှ မဟုတ်တာ.. အင်န်အယ်ဒီကိုကြောက်လို့ ပိုက်ဆံတွေ စွတ်ဝေနေတာ။
သေချာ စဉ်စားကြည့်ရင် ..
ကျေးဇူးတင်ခြင်း တင်.. အင်န်အယ်ဒီကြောင့် ရတာမို့ အင်န်အယ်ဒီကို ကျေးဇူးတင်ရမှာ..

မြန်မာပြည်သား said...

ဖအေဖြစ်တဲ့သူ ကိုတင့်ဆန်း ကနိုင်ငံတော်ပိုင်ငွေတွခိုး..ပေး
သားဖြစ်သူ ဖြိုးကိုကိုတင့်ဆန်း ကသူ့ရဲ့မဲဆွယ်စည်းရုံးရေးမှာ အဲဒီငွေတွေနဲ့ပြန်အသုံးချနေတာ..တော်တော်တရားကြဖို့ကောင်းတဲ့သားအဖ
ရုပ်တွေကိုက ကလိမ်ကကျစ်ရုပ်တွေ ..

lwannaymie said...

ဖွတ်ကိုကိုတက်စမ်းတဲ့...မင်းအရမ်းတက်ခြင်နေတယ်ဟုတ်လား။
မင်းတို့သားအဖ...ကြိုးစင်တက်ရတော့မှာမပူနဲ့။
စားထားတာ..လည်ပင်းတောင်ပျောက်နေပြီ....
သတ်ခါနီး...ဝက်ကတောင်မင်းထက်ချောသေးတယ်....ပြည်သူများကြည့်ကြအုံး။

casper said...

ဒီစောက်ရူး ကတော. လုပ်ပြန်ပြီင်္.....များများ ကြဲဟေ. ...ပြည်သူဆီက ခိုးထားတဲ. ပတ်ဆန်တွေ နဲ. သူတောင်းစား က ကြီးပွားနေတာ.....စောက်ရုပ်ကြည.်ပါလား ...ကျက်သရေ ငါးပြား မှမရှိဘူး...

ထင်းရူးရိပ် said...

ရွာက ဘုန်းကြီးပျံပွဲ၊ ကထိန်၊ ၀ါဆို၊ ရှင်ပြု၊ ဘုရားအနေကဇာတင်၊
စတာတွေနဲ. ရောထွေးသွားလို.ပါ။
ပိုက်ဆံပေါနေတာလည်း ပါတာပေါ့။
အဲ့ဒီ့ငွေတွေထဲမှာ လွှတ်တော်ဆောက်လို.ဘုံးထားတဲ့ငွေတွေပါတယ်။

casper said...

စောက်ရုပ်ကိုက ကျက်သရေ မရှိဘူး...သူတောင်းစား

casper said...

စောက်ရုပ်ကိုက ကျက်သရေ မရှိဘူး...သူတောင်းစား

တောသားကြီး said...

ကမ္ဘာပေါ်မှာ ဘီလ်ဂိတ်က ဘီလီယံပေါင်းများစွာ ဆင်းရဲသူတွေအတွက် လှူဒါန်းတယ်။ မြန်မာနိုင်ငံက စစ်ဗိုလ်ချုပ်တွေနဲ့ အပေါင်းပါတွေက ဘီလီယံပေါင်းများစွာ ခိုးတယ်။ ဝိပါတ်ကိုမကြောက် အကုသိုလ်ကံတရားကို ပြုကြ၏။

I love NLD said...

မသေခင်ကပွနေတဲ့ရုပ်...

အမြင်သစ် said...

ရုပ်ကြီးကလဲ ပေါ်ကာနီး ၀က်သိုးကြီး အသားတိုးဆေး ထိုးထားတဲ့
ရုပ်ကြီးနဲ့ ...............

acn said...

I don't believe your father got BE ( civil ) . I respect to seniors of BE graduate but I want to stand up on your father's face.

nandar said...

ရုပ်ကိုက ရုပ်ရှင်ထဲကစိုင်းအောင်တင့် နှာပူးတော့မယ့်ရုပ်နဲ့။ ကျက်သရေ ကိုမရှိဘူး။ သူခိုးက ခိုးရာပါပြည်သူ့ ငွေတွေနဲ့လာပြီးမက်လုံးပေးနေတယ်။တော် တော် ရယ်ရ တယ်။very funny တွေလာလာပြောနေတယ်။ စာရောတက်ရဲ့လား။ပိုက်ဆံပေး ပြီးဆယ်တန်းအောင် ဘွဲ့ရထားတာထင်တယ်........

taikwinster said...

အားလုံးသော ရွှေမြန်မာ နိုင်ငံသူ/နိုင်ငံသားအပေါင်းတို့ ရေ တစ်ခုတော့ သတိပေးပါရစေ။ကိုယ်မဲ မထဲ့ခင်မှာ ဝေဝေဝါးဝါး ဖြစ်နေခဲ့ရင်
ပါတီတစ်ခုရဲ့ အကြီးဆုံး ဥက္ကဋ္ဌ လို့ ပဲပြောပြော ခေါင်းဆောင်လို့ ပြဲေ့ပာပြော
အဲဒီပါတီ ခေါင်းဆောင်ရဲ့  အရည် အချင်းကို ကြည့်လိုက်ပါ။ မျိုးရိုးကိုလည်းကြည့်လိုက်ပါ တစ်ခြားပါတီတွေအကြောင်းတော့မပြောတော့ပါဘူး
NLD=အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ခေါင်းဆောင်အကြောင်းပဲ သိပီးသားလေးကြေညက်သွားအောင်လို့ တိုတိုလေးပြောပါရစေ။
မျိုးရိုးက အဖိုးကဗိုလ်လရောင် အဖေက ဗိုလ်ချုပ်အောင်ဆန်း
ကိုယ်ကျိုးမရှာပဲ တိုင်းပြည် အတွက်အသက်ပေးခဲ့ကြသူတွေ
ခုလာပီ သမီးရတနာ လက်ရှိ အမျိုသား လူထုတစ်ရပ်လုံးရဲ့ ယုံကြည်
အားထားရတဲ့ခေါင်းဆောင် ကမ္ဘာအဆင့်မြင့် တိုင်းပြည်တွေမှာ ဆရာတစ်ဆူ
လစာကောင်းကောင်း ရာထူးကောင်းကောင်းတွေ ရနိုင်ပါလျှက်နဲ့  အဲဒါတွေကိုစွန့်လွှတ် သူ့ ရဲ့ မိသားစု အားလုံးကိုစွန့် လွှတ်ပီး ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် အရာအားလုံးကို အနစ်နာခံပီး အဖိုးတို့  အဖေတို့ ခြေရာကို လိုက်နေတာ ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်လ် ဆုရှင်ကြီး ကမ္ဘာ့ နိုင်ငံအသီးသီးက လေးစား
တန်ဘိုးထားလွန်းလို့  လုပ်ဆောင်ချက်တွေပြောင်မြောက်လွန်းလို့ ဂုဏ်ထူးဆောင်ဆုတွေဆိုရင်ချိတ်စရာတောင်နေရာရှိသေးရဲ့ လားမသိဘူး ကမ္ဘာမှာ ဆုတံဆိပ်အများဆုံး ဆုရှင်လို့ တောင်ပြောရင်မှားမယ်မထင်ပါဘူး။ဘာသာစကားပေါင်းများစွာ လည်းတတ်မြောက်သူ လက်ရှိကမ္ဘာမှာသြဇာတိက္ကမ ကြီးမားတဲ့ အမေရိကန်
သမ္မတ တို့ ဥရောပကအထင်ကရ ခေါင်းဆောင်ြီ့းတွေကပါ ကြည်ညို
လေးစားခြင်းခံရတဲ့သူတစ်ယောက်ပါ။ဒီလောက်ဆိုရင် ဘယ်ပါတီကို မဲပေးရမယ်ဆိုတာ သဘောပေါက်လောက်ပါပီဗျာ။
ဒီနေ့ ကိုယ့်တိုင်းပြည်ကိုချစ်လှပါရဲ့ လို့ ပါးစပ်ကပြောနေသူတွေအားလုံးမှာ
သက်သေပြနှိုင်သူရှား၏။သို့ သော်တစ်ယောက်တော့တွေ့ ပီ တကယ်ချစ်တာကို တကယ်သက်သေပြလိုက်နှိုင်ပြီ။သူကတော့ လူထုခေါင်းဆောင် အမေစု ပဲဖြစ်ပါသည်။

david soegyi said...

ကောင်းလိုက်တဲ့ ကွန်မန့်တွေ ခင်ဗျးတို့ပြောသလို NLD ခေါ် အမေစု ပါတီ ကိုပဲရင်ကော့ခေါင်းမော့ပြီးမဲထဲ့ကြစမ်းပါဗျာ

Anonymous said...

လွှတ်တော်အမတ်လုပ်မဲ့ရုပ်တဲ့ဗျာ ကျက်သရေတုံးရုပ်နဲ့...

Tony said...

ဥပတိရုပ်ကိုက တစ်စက်ကလေးမှ..ကျက်သရေမရှိလိုက်တာကွာ..အရက်သမားရုပ်နဲ့..ဒီပုံ
မျိုးနဲ့လွှတ်တော်ထဲမှာ..အမတ်လုပ်ချင်နေသေးတယ်..ထွီ...

star said...

လူတစ်ယောက်ကို ရိုးသားလား မရိုးသားဘူးလားကြည့်ချင်ရင် မျက်လုံးကိုကြည့်....ဒီကောင့်မျက်လုံးက ဆင်မျက်လုံးနဲ့တူတယ်..
ဆင်ကြံ ကြံပြီး...မြေခွေးလို ကောက်ကျစ် မဲ့ရုပ်မျိုး.....

phyo1980 said...

မင်းကျဲလိုက်တဲ့ ပိုက်ဆံကပြည်သူတွေဘယ်လောက်စားရမှာလည်း။တစ်ရက်စာလားတစ်ပတ်စာလား....စိတ်ချပါပြည်သူတွေက တစ်ဘ၀စာအာမခံပေးနိုင်တဲ့ဘက်ကိုဘဲမဲထည့်မှာပါ။

lady said...

ဟယ် တော်တော်ရက်ရောလိုက်တဲ့ ကိုကြံဖွတ်ပါလား၊

Unknown said...

All comments are very good.

Unknown said...

ဝက်ကို..ချီးသုတ်ထားတဲ့ ရုပ်နဲ့ ...

aprilsuunaing said...

နိုင်ငံရေးလုပ်တယ်ဆိုတာ စီးပွားရေးလုပ်သလိုမဟုတ်ဘူး.. စီးပွားရေးက မြောင်းထဲရောက်သွားရင် ပြန်ဆယ်လို့ရတယ်...
နိုင်ငံရေးမှာ မြောင်းထဲတစ်ခါရောက်သွားရင် ပြန်တတ်လာလို့မရတော့ဘူး .... ကိုယ်တစ်ယောက်ကောင်းစားဖို့အတွက်နဲ့ တော့ ကိုယ့်ရဲ့ သားစဉ်မြေးဆက်တွေကို ဒုက္ခမပေးခဲ့ချင်ပါနဲ့ ... ပိုက်ဆံသိပ်ရှိနေတယ်ဆိုရင် အပြင်မှာ စီးပွားရေးပဲလုပ်စားပေါ့.............

Bravo said...

လွှတ်တော်ကိုယ်စားလှယ်လုပ်မဲ့သူတယောက်ရဲ့ အရည်အချင်းက အဲဒါလား?
သူတို့တွေလွှတ်တော်ထဲရောက်မှာ ရင်လေးစိုးရိမ်တယ်ဗျာ။ အဖေလုပ်တဲ့သူက အင်ဂျင်နီယာဖြစ်ရက်နဲ့ သားကဥာဏ်နည်းလှချည်လား။ တိုင်းပြည်ကိုရောင်းစားပြီးတာတောင်ကျေနပ်ပုံမရဘူး၊ အခုကြံ့ဖွတ်ပါတီကိုရောင်းစားနေပြန်ပြီ။ နောက်တခေါက်ဆို မင်းရဲ့ညီမလေးကို တရုပ်လက်ထဲရောင်းစားပြီးအာဏာယူအုံးနဲ့အကောင်ပဲ။

မိုးမခ said...

ယူသာယူကြ အဲဒါ ပြည်သူ့ဘဏ္ဍာတွေဘဲ။
ဦးနုတို့ခေတ်တုန်းကလဲ ဦးကျော်ငြိမ်းတို့ ပေးတာတွေယူပြီး ဦးနုကိုဘဲ မဲထည့်ကြတာဘဲ အဲဒီလိုဖြစ်အောင် လုပ်ကြရအောင်။
ပေးတာတွေယူကြ ကျွေးတာတွေစားကြ မဲကျတော့ ထည့်ချင်တဲ့ဟာ ထည့်ကြ ချိန်းချောက်လို့ မရဘူးဆိုတာကိုတော့ ပြည်သူလူထု နားလည်အောင် လုပ်ကြဘို့တော့လိုပါတယ်။

0864432144 said...

သူခိုး။ ၀က်ဖောဖောနေတဲ့ကောင်။

တောသား said...

ဟေ့မင်းကအခုလိုလုပ်ရအောင်က ဘယ်ကပိုက်ဆံတွေလုပ်နေတာလည်း မင်းအဖေတင်ဆန်းကလည်းတိုင်းပြည်ကငွေခိုးမင်းကလည်းတင်ဆန်းအားကိုးနဲ့ခိုးနေတာ အခုလိုခိုးရတဲ့ပိုက်ဆံတွေကိုကျဲပြီး မင်းကမဲဆွယ်တယ်ဆိုတော့မင်းတို့ကိုလူတွေကတော့ထည့်မှာမဟုတ်တာသေချာတယ်ခွေကောင်ရေ

saisai66 said...

comments အားလုံးသဘောကျတယ်...ဆက်လုပ်....

phyu hninhtwe said...

မဲဆွယ်နေတာမဟုတ်ပဲနဲ.အတင်းအကျပ်ခြိမ်းခြောက်နေတယ်လို.ထင်ပါတယ် ။ ဝန်ကြီးချုပ် ဦးသိန်းအောင်၊ ကကောမရှက်ဘူးလားမသိဘူး ။ ၀န်ကြီးချုပ်နေရာလေးပျောက်သွားဦးမယ်။ ပြည်သူလူထုကိုလိမ်ညာပြီးခြိမ်းခြောက်နေတာတော.မကောင်းပါဘူး ။ မကြောက်ကြပါနဲ.လို.ပြောပါ.ရစေ ။

kaung.san3333 said...

တစ်ဘ၀စာတွေပါဗျာ၊

purewhite said...

အဲဒီလိုကြဲမယ့်အစား တိုင်းပြည်မှာတင်နေတဲ့ အကြွေးတွေကို ကိုယ်နိုင်သလောက် ဆပ်ပေးလိုက်ပါလားဟယ် ။ လွှတ်တော်ထဲဝင်ပြီးတော့ကော မသေခင်ဘာတွေထပ်ယုတ်မာအုန်းမလို့လဲ နင်တို့မှာ ပိုင်ဆိုင်တာတွေက ဒီတသက်စားလို့မကုန်တော့ပါဘူး ၊ တကယ်စေတနာရှိရင် မိဘမဲ့ဂေဟာနဲ့ ဘိုးဘွားရိပ်သာတွေမှာသွားလှူပါလား။

irrawaddy said...

မောင်ဖြိုးကိုကိုတင့်ဆန်းက ဒီတစ်ဘဝစာ ပိုက်ဆံတွေနဲ့ ကြဲပီး မဲဆွယ်တယ်ပေါ့ သူဘယ်လောက်ပဲကြဲကြဲ ဒီတစ်ဘဝစာ ပိုက်ဆံတွေကို အားကျပီးတော့ မဲမထည့်ကျပါနဲ့ သူတော့ကိုတာ ထည့်မယ်ဆိုရင် မိဘပြည်သူများ စဉ်းစားကြည့်ပါ ဒီကောင်တွေ အနှစ်၂၀ ကျော်ကျော်ဘယ်တွေများ ပြည်သူလူထုတွေကို ကောင်းတာလုပ်ခဲ့လို့လဲ လူအခွင့်ရေးတွေပိတ်စို့ခဲ့တာ ကြာပါပီကော အဲဒီအတွက် ကျွန်တော်တို့သူတို့ကိုထည့်ရင် ဘယ်လိုဖြစ်မယ်ဆိုတာ အဖြေကရှင်းနေပါပီ ဒီအတိုင်းပဲသွားမှာပဲ အဲဓိက ကတော့ တိုင်းပြည်နဲ့လူမျိုးအကြိုးကို ကြည့်တဲ့ပါတီကိုပဲမဲထည့် ကြပါလို့ ကျွန်တော်ပြောချင်ပါတယ် ကြောက်နေဖို့မလိုဘူးနော် အသဲကြားကမဲတစ်ပြား အရေးကြီးတယ်ဗျို့

irrawaddy said...

ကျွန်တော်လည်း ဧရာဝတီသားပဲ ဧရာဝတီကလူတွေအဲလောက် ထိ သွေးမနဲပါဘူး ဧရာဝတီဆိုတာ သမိုင်းကြောင်းကောင်းခဲ့တယ်နော် အခုလက်ရှိကြမှ သမိုင်းကြောင်းမမှား စေနဲ့ ဘယ်သူ့ကို မဲပေးလို့တော့ မပြော တော့ဘူး မိဘပြည်သူတွေသိကြမှာပါ သမိုင်းကြောင်းကောင်းခဲ့တဲ့ ဧရာဝတီက သမိုင်းကြောင်းကောင်းခဲ့တဲ့ သူ ကိုပဲမဲထည့်ရမှာပေါ့ နော် သွေးမနဲနဲ့နော် ဧရာဝတီ သိက္ခာကျလိမ့်မယ် ဧရာဝတီ က ပြည်သူ/ပြည်သားမှန်ရင် သတ္တိရှိရှိနဲ့ မဲထည့်ရဲရမယ် သမိုင်းကြောင်းကောင်းခဲ့တဲ့ အမေစုကိုပေါ့

Ko Linn Linn said...

ရုပ်ကိုက အသားကုန်းစားမယ့်ဝါးမယ့်ရုပ်
အဖေတူလေး
Like Father
Like Son

Powered by Blogger.