မော်လမြိုင်ကျွန်းမြို့ မှ ယာဉ်တိုက်မှုနှင့် ၄င်းမြို့မှ ပြည့်သူ့ဆေးရုံ (ပေးစာ)
ဧရာဝတီတိုင်းဒေသကြီး ၊ မော်လမြိုင်ကျွန်းမြို့ (၁၄) လမ်းထောင့်ကွေ့တွင် 22.3.12 နေ့တွင် ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့       ပါတယ်။ 
ယာဉ်တိုက်မှုကတော့ ကျောင်းဆရာတစ်ဦးဖြစ်သူ ဆရာ
ဦးမင်းစီ အား ထော်လာချီတစ်စီးမှဝင်တိုက်ခြင်းဖြစ်ပါ 
 တယ်။
 ကျွန်တော့်ဆရာ မှာ ဘယ်ခြေထောက်ဒူးဆံကြေမွသွားပြီး သွေးအိုင်ထဲလဲကာ သတိလစ်နေခဲ့ပါတယ်။ သတိပြန်ရချိန်မှာ ထော်လာဂျီမောင်းသူ         လည်းမရှိတော့ပါဘူးတဲ့။ ဘယ်ဘက်ဒူးခေါင်းကိုထော်လာဂျီဘီးက ကြိတ်မိလျက်သား လူးများက၀ိုင်းအုံကြည့်နေပါတယ်။ အမည်မသိသူတစ်ဦးမှ ထော်လာဂျီအား တွန်းဖယ်ပေးကြောင်းသိရပါတယ်။ 
အသိဖြစ်သူကျောင်းဆရာ တစ်ဦးမှတွေ့၍ ပွေ့ဖက်ထားပြီးဆေးရုံသို့ပို့မည်ပြောသော်လည်းမြို့နယ်ရဲများမလာသေး၍ ပို၍မရကြောင်းသိရပါတယ်။ရဲများ၏ မှတ်တမ်း    ဓာတ်ပုံရိုက်ရန်ရှိသည်ဟုသိရပြီး နာရီဝက် (၃၀) မိနစ်ခန့်မျှ သွေးအိုင်ထဲလဲကာ အလူးအလဲခံခဲ့ရပါတယ်။နေ့လည်နေအ       ရမ်းပူသည့်အချိန် ခြေထောက်မှာလည်းသွေးထွက်လွန်နေပြီးကြေမွကာပျက်စီးခါနီးအချိန် စဉ်းစားသာကြည့်ပါတော့ဗျာ။
 ရဲများမှတ်တမ်းဓာတ်ပုံရိုက်ပြီးမှ ဆေးရုံသို့ပို့ခွင့်ရကြောင်းသိရပါတယ်။ ဆရာအဲလိုဖြစ်တော့ မြို့နယ် ပညာရေးမှူး နဲ့တကွ ပညာရေးဝန်ထမ်းများ မြို့နယ် အေးချမ်းသာယာရေးမှူးကြီးနှင့်တကွ ၀န်ထမ်းများ၏ ကူညီဆောင်ရွက်ပေးမှုနှင့်
ဆေးရုံကိုရောက်ရှိခဲ့ပါတယ် မြို့နယ်ပြည့်သူ့ဆေးရုံရောက်တော့ အဖြစ်အပျက်ကလေးကဒီလိုပါဗျာ ဆေးရုံရောက်တော့ ကုသမှုလေးတွေကဒီလိုပါ ခွဲစိတ်ခန်းဝင်ဘို့ ပြင်ဆင်တဲ့အချိန်ကစတော့တာပါပဲ ကျွန်တော့ဆရာ့ကို လိုအပ်သော ပတ်တီးစီးစရာမရှိလို့ ဆေးရုံကဖွင့်ထားတဲ့ ဆေးခန်းမှာ ၀ယ်တော့ မရှိဘူးတဲ့လေ ဆေးရုံနဲ့ မြို့ထဲကလဲဝေးတော့ မြို့ထဲက ပြင်ပဆေးခန်းတွေမှာ လိုက်ရှာဝယ်ရပါတယ်တဲ့ ဆေးရုံတက်တာ ပတ်တီးစ ၊ ဂွမ်း ၊ ဆေးထိုးအပ်အစစ အရာရာဝယ်သုံးရတယ်။ 
ရန်ကုန်သွားကုမှာလားလို့အမေးခံပါတယ်တဲ့ သွားကုမှာလို့ကျွန်တော့ဆရာဘက်က တာဝန်ရှိသူတွေကပြောတော့ ကျောက်ပတ်တီးစီးပေးခဲ့ပါတယ် ခွဲစိတ်ခန်းထဲက ထွက်ပြီး အနီးငယ်အကြာမှာ ကျွန်တော့ဆရာက နာကျင်လာကြောင်းပြောပြပြီး ဆရာ့မှာ အတော်လေး အန်ကြိတ်ပြီးခံခဲ့ရပါတယ်တဲ့ လူနာကနာလို့ တာဝန်ကျဆရာမကိုပြောတော့လာလဲမကြည့် လာလဲဆေးထိုးပေးမှုမလုပ်ပဲ  ဒီလောက်တော့ခံရမှာပေါ့လို့   တာဝန်မဲ့စွာပြောခဲ့တယ်တဲ့ နောက်တစ်ခုဆိုးတာက အရမ်းနာလွန်းလို့မခံစားနိုင်တော့ လို့သွားပြောပြန်တော့ ဆရာဝန်မ တစ်ယောက်လိုက်လာတယ်တဲ့ အဲဒီဆရာဝန်မက ဘာပြောခဲ့သလဲဆိုတော့ ကျွန်မတောင်အခုထိထမင်းမစားရသေးဘူးတဲ့ လူနာကို ဆရာဝန်က ဆက်ဆံတဲ့လေသံတဲ့လားဗျာ ကျွန်တော့ဆရာ အစား ကျွန်တော်အသဲနာလိုက်တာ ဒါထက်ဆိုးတာကတော့ လူနာ ကိုရန်ကုန်လာမှာဆိုတဲ့အတွက် ဂရုမစိုက်တာလို့ပြောပါတယ်။
 ကျွန်တော်တို့ မြို့က ရေလမ်းဆိုတော့ သဘောင်္နဲ့ပဲလာခဲ့ရပါတယ် ကျောင်းဆရာဆိုတော့လဲ ပိုက်ဆံကမချမ်းသာဘူးလေ ထော်လာဂျီပိုင်ရှင်က တာဝန်ယူပေးတာပါ ရန်ကုန်ရောက်လို့ (ဆာကူရာ) ဆေးရုံတက်ပြီး ဆေးရုံမှ ဆရာဝန်ကြီးက ပြန်လည်ပြီး ကျောက်ပတ်တီးကိုဖြေတဲ့အခါ အဲဒီအနာထဲမှာ သဲတွေ ကျောက်စရစ်ခဲလေးတွေထွက်လာတယ်တဲ့လေ ။ မော်လမြိုင်          ကျွန်းမြို့နယ် ပြည့်သူ့ဆေးရုံ မှ ဆေးကုသပေးလိုက်တာဘယ်လောက်များကောင်းလိုက်သလဲဗျာ။ လူနာတွေကို ကယ်နေတာ လား ၊ သေအောင်သတ်နေတာများလားဗျာ ..။  အဲဒါကြောင့်မို့ လို့အချို့လူတွေက ဆရာဝန်တွေကို ဒီလိုအမည်တွေပေးတာပေါ့ ။ ဘာတွေလဲဆို ဒေါက်တာ သင်္ချိုင်း ၊ ဒေါက်တာပေါက်တူး ၊ ဒေါက်တာသုဘရာဇာ တို့တဲ့ဗျာ ..........။ မော်လမြိုင်ကျွန်းမြို့နယ် ပြည်သူ့ဆေးရုံက ဆင်းရဲလွန်းလို့ ပတ်တီး  ၊ ဂွမ်း ၊ ဆေးထိုးအပ်တို့ လှူကြပါခင် ဗျာ ....... ။ ဒီလိုဆေးရုံမျိုးမှာ ဘယ်လိုလုပ်ပြီး လူနာတွေကိုကယ်တင်ကြမှာလဲဗျာ ......... ။
ယာဉ်တိုက်ခံရတဲ့ ဆရာရဲ့ တပည့်တဦး
မော်လမြိုင်ကျွန်းမြို့ မှ ယာဉ်တိုက်မှုနှင့် ၄င်းမြို့မှ ပြည့်သူ့ဆေးရုံ (ပေးစာ) မော်လမြိုင်ကျွန်းမြို့ မှ ယာဉ်တိုက်မှုနှင့် ၄င်းမြို့မှ ပြည့်သူ့ဆေးရုံ (ပေးစာ) Reviewed by သစ်ထူးလွင် on 06:30 Rating: 5
14 comments:
Bravo said...
လူတိုင်းမှာ ကိုယ်စီ၊ ကိုယ်စီ ကျင့်ဝတ်တွေရှိကြပါတယ်။ ကိုယ့်ကျင့်ဝတ်ကို ကိုယ်မကျေပွန်ရင် အကျင့်ပျက်တယ်လို့ဆိုကြပါတယ်။ မြန်မာနိုင်ငံကို ဗုဒ္ဒဘာသာ ကိုးကွယ်တဲ့ တိုင်းပြည်မျိုးမှာ အထက်ပါ အကျင့်ပျက်မှုမျိုးကတော့ ခွင့်မလွှတ်ချင်စရာပါ။
လူအချင်းချင်းအထင်သေးခြင်း ကင်းရှင်းကြပါစေ။
ေ၇ာသမမွှေ said...
၁၀တန်းကို ခိုးချပြီ အောင်လာတဲ့ ဆ၇ာဝန်တွေတော့ ဒီလိုဖြင့်ပီပေါ့
honey said...
အဲ့ဒါကိုပဲပြောတာ
လမ်းမှာအရေးပေါ်ကားတိုက်ခံရသူကို
မြင်လည်းချက်ချင်းဆေးရုံပို့ခွင့်မရှိလို့
ဆေးကုဖို့အချိန်နှောက်နှေးပြီးမသေသင့်ပဲ
သေခဲ့ကြတယ်။မြန်မာပြည်မှာဆေးရုံတွေမှာလည်း
အထက်ဖေါ်ပြပါအတိုင်း...
ပူလို့အိုက်လို့ပန်ကာတောင်ဖွင့်ခွင့်မရှိပါ။
သူတို့ဆရာဝန်တွေကတော့အဲယားကွန်နဲ့
ပန်ကာအောက်မှာလက်ဖက်သုတ်စားနေကြတယ်။
ရေနွေးပလက်တောင်ပေးမတပ်ဘူး။
ဒါလားမြန်မာလူမျိုးဆိုတာဆက်ဆံရေးကောင်းတယ်ဆို
ကြင်နာတက်ကြတယ်ဆို..
နစ်နေရင်ဝါးကူထိုးတယ်..ငွေရှိရင်ပြောင်နေတာပဲ
ဆေးစရာကိုမလိုတာ...
မီတာကျတော့တိုးကောက်တယ်မကိုက်ဘူးတဲ့
တိုးကောက်ပြီးေ၇ာမီးကိုပြန်ဖျက်တာပါပဲ..
မီးပျက်လို့ညညအိပ်မရတဲ့ညတွေများနေပြီ
ပြောကြအုံးမလား..မဲထည့်ရင်မီးပေးမယ်လို့...
ဟွန်း...မီးတွေရေတွေဆိုတာပြည်သူပိုင်ပစ္စည်း
သူတို့ပိုင်လိုလိုဘာလိုလိုနဲ့အလွဲသုံးစား
မဲစွယ်ကြသေးတယ်။........
ဟူး.......မြန်မာပြည်လူဖြစ်ရတာ
စိတ်ပျက်စရာပါပဲ......
iitcm said...
it's really fed up in Myanmar, pls gov take action that kind of gov staffs and fill up the requirement in hospitals. God bless Myanmar.
ကိုကို said...
ဒမြစစ်တပ်ခောတ်မှာ.နံမည်ပြောင်းထားတယ်
ဆရာဝန်မဟုတ်တော့ဘူး..ဆရာဝင်ဖြစ်သွားပီ..
ဆရာဝင်ဆိုတော့.
ဆရာထွက်မှမဟုတ်တော့..သူတို့ကအဝင်ပဲရှိတယ်.
ရသလောက်အကုန်ယူတယ်
ပေးနိုင်တဲ့သူများဆို.မျက်နှာပျားရည်လောင်းထားသလားပဲ.
အဝင်ရှိတာကိုး..
မပေးရင်အော်ငေါက်ဆက်ဆံမယ်.
အဝင်မရှိတော့.မျက်နှာကရှစ်ခေါက်ချိုးနဲ့.တစ်လောကလုံး
သူ့လုပ်စာစားနေတဲ့အတိုင်းပဲ...
တောင်ဇလပ်ပန်း said...
အော် ကောင်းလိုက်တဲ့ ဆရာဝန် ရယ် ... မင်းရဲ့ မျက်လုံးထဲမှာ ငွေမြင်မှ ဆေးကုတာလာ ? မင်းကိုမွေးတဲ့ ဖခင်တော့ ရင်ကျိုးရချေ၇ယ် ... မင်းမှာ ဆရာဝန်စိတ်ဓါတ်မရှိဘဲ လောဘပဲ ရှိနေပါလား
မွေးရကျိုးမနပ်လိုက်တာကွာ...
Unknown said...
အားရှိ ဆရာဝန်တွေကို စော်ကားနေတာပဲ........သိပ်ပြီးတော့ မစော်ကားပါနဲ့.......ခင်ဗျားတို ဆေးရုံမှာ အဲဒီ ဆရာဝန်တွေရှိတာ တောင် ကျေးဇူးတင်အုံး........တချို့ဒေသဆေးရုံတွေမှာ ဆရာဝန်တောင်မရှိဘူး...ဆရာဝန်တွေမှာလည်း....အထက်က Pressure တွေအများကြီးပဲ.........ကိုယ် စိတ်တိုင်းမကျတာနဲ့ ဆရာဝန်တွေ စော်ကားနေတယ်
by the way...comment တစ်ခုက ရေးထားတယ်.....
(၁၀တန်းကို ခိုးချပြီ အောင်လာတဲ့ ဆ၇ာဝန်တွေတော့ ဒီလိုဖြင့်ပီပေါ့.........)ရေးထားတယ်...ရေးသူကိုယ်တိုင်ကော အဲဒီ ဆရာဝန်တွေလောက် ဆေးကုတက်လို့လား မေးချင်ပါတယ်။ မှတ်ထားရမှာက...ခိုးကျတိုင်း စာမေးပွဲ မအောင်ဘူး.......ဆရာဝန်မဖြစ်ဘူး.........
ပုဂံစစ်သည် said...
မှန်လိုက်တာဗျာ၊ ဘယ်ဆေးရုံကြည့်ကြည့် များသောအားဖြင့်တော့ ဒီအတိုင်းပဲ၊ ဆေးရုံတွေကလဲ ငွေမပါရင်လှည့်ကိုမကြည့်တာ အမှန်ပဲ၊ ဆေးရုံတက်ရပြီဆိုရင် ဟိုကငေါက်ဒီကငေါက်နဲ့ ကုန်ကုန်ပြောရရင် သန့်ရှင်းရေးလုပ်တဲ့ ဝန်ထမ်းကအစကြောက်ရတယ်ဗျာ။ တောကဟာတွေဆိုရင် တအားသနားစရာကောင်းတာ၊ ပိုက်ဆံမရှိလို့ သေတဲ့သူတွေတပုံကြီးပဲ။ ပြီးတော့လဲအကြံအဖန်တွေက လဲလုပ်သေးတယ်၊ ကျွန်တော့သူငယ်ချင်းထဲက ဆေးကျောင်းသားတွေလဲရှိတယ်၊ အလကားဘာစာမှမကြည့်ဘူး၊ လျှောက်သွားနေတာ မေးကြည့်တော့ အေးဆေးပါတဲ့ ပိုက်ဆံသိန်းဂဏန်းပေးရင် အောင်တယ်တဲ့၊ တော်တော်အံ့သြမိတယ်ဗျာ၊ ကျွန်တော်တို့တိုင်းပြည်ရဲ့ အနာဂတ်ပြည်သူ့ကျန်းမာရေးကတော့။
Aung Soe Oo said...
ညီလေးပြောသလိုအားလုံးသာဆရာဝန်တွေဖြစ်ကုန်ရင်တို့တိုင်းပြည်ပျက်ပြီပေါ့ကွာ
အထောက်အပံ့ပစ္စည်းမရှိတာဝယ်လို့ရတယ် ရင်ထဲမှာအကြင်နာတရား အထူးသဖြင့်ကိုယ်ချင်းစာတရားမရှိတာဝယ်လို့မရဘူးညီလေး ခိုးချတိုင်းဆရာဝန်မဖြစ်နိုင်သလို ဆရာဝန်တိုင်းလူစိတ်မရှိကြပါဘူး ဒါကိုတော့လက်ခံပေးပါဗျာ
tkm said...
သူများနိုင်ငံနဲ့တော့ကွာပါ့ကွာ.
အတုယူကြပါဒေါက်တာရန်းကု..ဆရာဆရမတွေ..
ထိုင်း.မလေးရှားကဆရာမတွေ.မျက်နှာတွေအမြဲပြုံးနေတာ
လူနာကိုလဲ.စိတ်ချမ်းသာအောင်ထားကြတယ်...
Sport Car said...
ကျွန်တော်လည်း....အရှင်လတ်လတ်...လက်နှစ်ပိုင်းပြတ်သွားအောင်လက်ကျိုးသွားဖူးပါတယ်.....သေအောင်ခံရပါတယ်....အခု...ခြေထောက်ကြိတ်ခံရတယ်ဆရာဆိုရင်..ကျွန်တော်အရမ်းကိုယ်ချင်းစာပါတယ်....၀မ်းလည်းနည်း
့tunoo said...
ဘာထူးလဲ ကျွန်တော်တို့ ၀ါးခယ်မမှာလည်း အ၇မ်းကောင်းပါ
တယ်ဆိုတဲ့ဆရာဝန် သူ့ကြောင့်ကျွန်တော့ကလေးမသေသင့်
ဘဲသေရတာ။ပြီးတော့သူကပြောလိုက်သေးတယ် စိတ်မကောင်း
ပါဘူးတဲ့။ဘယ်စိတ်ကောင်းမလဲ ပိုက်ဆံမျင်းပြီးတောင်းလို့မှ မရ
တော့တာ။ဘုရားရှိခိုးတိုင်းဆုတောင်းတယ် အဲ့ဒီဆရာဝန်ရဲ့
သားသမီးဆွေစဉ်မျိုးဆက်ထဲမှာ သူကုလို့မသေသွားပါစေနဲ့လို့
ဆုတောင်းပေးပါတယ်။အလကားလူသတ်ကောင်။
Tony said...
အော်..ခေတ်ဆိုး စနစ်ဆိုးတွေကြား မှာ ကျွန်တော်တို့တွေဖြတ်သန်းနေကြရလို့ပါဗျာ..ဆရာဝန်တွေကိုလည်းမညိုညင် ကြပါနဲ့။နိုင်ငံတော်ကသာ သူတို့ကိုဖူလုံတဲ့လစာ၊ခံစားခွင့် စတာတွေပေးထားခဲ့ရင်..ဆေးရုံ၊ဆေးခန်းတွေကိုလည်း လုံလောက်တဲ့ဆေးဝါးပစ္စည်း ပံ့ပိုးမှုတွေပြုလုပ်ပေးထားခဲ့ရင်...ဒီလိုပြသနာတွေကင်းဝေးလာပါလိမ့်မယ်..ဒါပေမယ့် အချိန်တော်တော်ယူရလိမ့်အုံးမယ်လို့ထင်တယ်ဗျာ..
Zarnny said...
လှူဒါန်းနိုင်တဲ့လူတွေ၊တတ်နိုင်တဲ့သူတွေ၊ကိုယ်ချမ်းသာတဲ့ဆိုတဲ့အလှူရှင်များ
တကယ်လိုအပ်တဲ့နေရာတွေမှာ၊တကယ်လိုအပ်တဲ့လူတွေကိုလှူဒါန်းစေချင်တယ်
ဗျာ၊စိတ်မကောင်းစရာဘဲ၊ကိုယ်ဆရာသမားတစ်ယောက်လိုဘယ်ခံစားရပါတယ်
ဆရာဝန်တွေ၊သူနာပြုတွေရဲ့အခက်ခဲတွေလည်းနားလည်းပါတယ်၊ဆရာတပြည့်ကိုပြောချင်တာကရန်ကုန်ကအခပေးဆေးခန်းတွေတောင်လူနာတွေကိုချိုချို သာသာမဆက်ဆံတောဘူး၊တွေရင်ဆီဟောက်တာက၊ပရိုက်ဗိတ်ဆက်တာကို
ပါကူးစက်လာပီလေ၊ပြုပြင်စရာတွေကကိုယ်ကစပြီးပြုပြင်ရမယ်ထင်တယ်၊ကောင်း
တယ်ဘက်ကလိုက်ပီဖြေကြည့်ပေးကြပါ၊အကြံပြုကြပါ၊
Powered by Blogger.