လွှတ်တော်ကော်မတီများ ပြည်ထောင်စုအဆင့်မဟုတ်ကြောင်း ခုံရုံးဆုံးဖြတ်

သူရဦးရွှေမန်း အပါအ၀င် လွှတ်တော်တွေက ဖွဲ့စည်းထားတဲ့ ကော်မတီတွေ နဲ့ ကော်မရှင်တွေ ဟာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေ မဟုတ်ကြောင်း ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက မတ် ၂၈ မှာ ဆုံးဖြတ် ပေးလိုက်ပါတယ်။

ခုလိုဆုံးဖြတ်ပေးဖို့ သမ္မတဦးသိန်းစိန်က ခုံရုံးကိုတင်သွင်းခဲ့တာဖြစ်ပြီး ဒီအဆို အနိုင်ရရှိ သွားပုံကို နေပြည်တော် က ခုံရုံး ဆုံးဖြတ်ချက်ကို တက်နားထောင်တဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင် က ပြောပါတယ်။

“အမျိုးသားလွှတ်တော်တို့၊ြ ပည်သူ့ လွှတ်တော်တို့ က ဖွဲ့တဲ့ ကော်မတီ တို့၊ ကော်မရှင်တို့ ဟာ ပြည်ထောင်စု အဆင့် ဟုတ် မဟုတ်ကို တင်တဲ့ဟာကိုလည်း ဒီနေ့ ဆုံးဖြတ်ပါတယ်။ အဲ့ဒါကို ပြည်ထောင်စုအဆင့် မဟုတ်ဘူး ဆိုပြီးတော့ ဆုံးဖြတ်ပါတယ်။ ပြည်ထောင်စုအဆင့်ဆိုတာ သမ္မတက ပြည်ထောင်စု လွှတ်တော်မှာ အဆိုပြုတာ လုပ်ပြီးတော့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုတဲ့ လူတွေသာလျှင် ပြည်ထောင်စုအဆင့် ဖြစ်တယ် ဆိုပြီးတော့  ခုံရုံးက ဆုံးဖြတ် လိုက်ပါတယ်။”

ပြည်သူ့လွှတ်တော်မှာ ကော်မရှင်နဲ့ ကော်မတီ စုစုပေါင်း ၂၃ ခု ရှိပြီး အမျိုးသား လွှတ်တော်မှာတော့ ကော်မတီ စုစုပေါင်း ၁၄ ခု ရှိပါတယ်။

မတ် ၂၈ ရက်နေ့မှာ ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက တိုင်းရင်းသား ရေးရာ ၀န်ကြီး ၂၉ ဦးကို တိုင်းနဲ့ ပြည်နယ်တွေက ကျန်ဝန်ကြီးတွေ ခံစား စံစားတဲ့အတိုင်း လစာ၊ အဆောင် အယောင်တွေ တန်းတူပေးဖို့ ဆုံးဖြတ်ချက် ချခဲ့ပါသေးတယ်။

ဒီဗွီဘီ
လွှတ်တော်ကော်မတီများ ပြည်ထောင်စုအဆင့်မဟုတ်ကြောင်း ခုံရုံးဆုံးဖြတ် လွှတ်တော်ကော်မတီများ ပြည်ထောင်စုအဆင့်မဟုတ်ကြောင်း ခုံရုံးဆုံးဖြတ် Reviewed by သစ်ထူးလွင် on 04:41 Rating: 5

6 comments:

ye gyi said...

ဟာ...... သွားပါပြီ... မထူးတော့ပါဘူး... ငွေစက္ကူ ထုတ်တဲ့ဘဏ်စက်တစ်လုံးဆီ သမ္မတကြီးနဲ့ ဝန်ကြီးတွေကိုသာပေးလိုက်ကြပါတော့...

Toe Toe said...

လွှတ်တော်နဲ့အစိုးရအဖွဲ့နဲ့အားပြိုင်တာ၊ ခုံရုံးဥက္ကဌ ဦးသိန်းစိုးကအစိုးရဘက်ပါ
သွားတဲ့သဘောလား၊နိုင်ငံရေးကတော့နဲနဲကြည့်ကောင်းတော့မယ်ထင်တယ်။
သတင်းရေးတဲ့သူကသတိထားပြီးစာစီပါ၊ "သူရဦးရွှေမန်း" အပါအ၀င်ဆိုတဲ့စာ
သားကတစ်မျိုးဖြစ်နေတယ်။ဖတ်တဲ့သူမျက်စေ့လည်တယ်။ ရှင်းရှင်းဘဲပြောမယ်
ဦးရွှေမန်းကိုထောက်ခံတယ်။

publicgoal said...

သမတကြီးက ဟုတ်မလိုလိုနဲ့အလကားဘဲ

Philan said...

အဲဒါဘဲ ကဘောက်တိကဘောချာ ကာကွယ်ရေးဝန်ကြီးက ကာကွယ်ရေးဦးစီးချုပ်အောက် ရောက်လို့ရောက်။။အဓိက mindset ပြင်ဖို့ဘဲ
နိုင်ငံရေးက စစ်တိုက်သလိုမဟုတ်ဘူး

Philan said...

လုပ်ပိုင်ခွင့်လုနေကြာတာ တာဝန်ခံဖို့မဟုတ်ဘူး

jupitar said...

ဘယ်လိုဥပဒေတွေလဲဟ...လိုရာဆွဲသွင်းလို့ရတယ်ပေါ့လေ....

Powered by Blogger.