လူကူးမျဉ်းကြားမှ မကူးသူ ၇၀၀၀ ကျော်ကို ဖမ်းဆီးအရေးယူ

လူကူးမျဉ်းကြားမှ လမ်းဖြတ်မကူးသူ များအား ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်ပြီး ဖမ်းဆီး၍ ဒဏ်ကြေးငွေပေး ဆောင်စေမှုများ ပြုလုပ် လျက်ရှိရာ ယခု လ ၁၅ ရက်နေ့အထိ လူကူးမျဉ်းကြားမှ မကူးသူ ၇၀၀၀ ကျော်ကို ဒဏ်ကြေးငွေ များပေးဆောင်စေခဲ့သည်ဟုသိရသည်။

"လူတွေ မျဉ်းကြားမှာ ကူးတဲ့အချိန်မှ ဒီအစီအစဉ်ကို ကျွန်တော်တို့ ရပ်မှာပါ။ ကျွန်တော်တို့ ဇန်န၀ါရီလကနေစပြီး ပညာပေးလုပ်ငန်းတွေ လုပ်ခဲ့တယ်။ ကျွန်တော်တို့ ဒဏ်ကြေးအနေနဲ့ ၂၂၀၀ ကျပ် ဆောင်ခိုင်း ပါတယ်။ ဇန်န၀ါရီလ ကနေစပြီး ယခုလ ၁၅ ရက်နေ့အထိ ၇၀၂၅ ယောက် လူကူးမျဉ်းကြားက မကူးလို့ ဒဏ်ကြေးဆောင်ထားရပါ တယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ် စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီမှ တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောကြားသည်။

ယင်းလုပ်ဆောင်ချက်ကို ဇန်န၀ါရီလ တွင် ပညာပေးအနေဖြင့် စတင်လုပ် ဆောင်ခဲ့ပြီး ဖေဖော်ဝါရီလမှ စတင်ပြီး ယာဉ်ထိန်းရဲများနှင့် အငြိမ်းစားစစ်မှု ထမ်းဟောင်းများပူးပေါင်းကာ ဆောင် ရွက်နေကြောင်းသိရသည်။

စီမံချက်ကို အကောင်အထည်ဖော် ရာတွင် အဖွဲ့သုံးဖွဲ့ခွဲ၍ အရေးယူမှု ပြုလုပ်နေကြောင်းနှင့် စည်း ကမ်းမဲ့ လမ်းဖြတ်ကူးသူများကို မြို့ပတ်၍ လှည့် လည် ဖမ်းနေကြောင်း၊ လူထူထပ်သည့် နေရာ များဖြစ်သည့် ဆူးလေ၊ မြေနီကုန်း၊ လှည်းတန်းနှင့် ရွှေဂုံတိုင်ကဲ့သို့ နေရာ များတွင် ဖမ်းဆီးလေ့ရှိကြောင်း ၎င်းက ပြောသည်။

ယခုအချိန်တွင် ဒဏ်ငွေဆောင်ခိုင်း ခြင်းသာရှိပြီး ပညာပေးဇာတ်လမ်း အဖြစ် 'စိမ်း၊ ၀ါ၊ နီ' ဟူသည့် ပညာပေး ဇာတ်လမ်းကို ရိုက်ကူးထားကာ ပညာ ပေးဇာတ်လမ်းအနေဖြင့် ပြသသွားရန် အစီအစဉ်ရှိကြောင်း သိရသည်။

"ကျွန်တော်တို့ရဲ့အလုပ်ချိန်ကမနက် ၈ နာရီခွဲမှ ၄ နာရီအထိပါ။ ကျွန်တော် တို့က ယာဉ်ထိန်းရဲတွေ၊ စည်းကမ်းမဲ့ လမ်းဖြတ်ကူးတဲ့ သူတွေကို ဖမ်းတဲ့အခါ ကျရင် ရံပေးရုံပဲ။ ကျွန်တော်တို့ကို တစ်လ ကျပ်ခြောက်သောင်းပေးပါ တယ်။ ကျွန်တော်တို့ကို စည်ပင်သာယာ ရဲ့ ရာဖြတ်ဌာနက တရားဝင်ခန့်ထား ပေးတာပါ"ဟုမြေနီကုန်း လုပ်အားပေး တစ်ဦးဖြစ်သူ ဦးကျော်သူမင်းက မြန်မာ တိုင်း(မ်)သို့ ပြောသည်။

"ကျွန်တော်က ဆူးလေအနားမှာ အဖမ်းခံရတာပါ။ လူကူးမျဉ်းကြား ကနေ မကူးမိလို့ပါ။ ဒဏ်ကြေးကျပ် ၂၂၀၀ ဆောင်ရပါတယ်။ ကျွန်တော်တို့ ပညာ ပေးဇာတ်လမ်းတော့ မကြည့်ရပါဘူး။ ဒဏ်ငွေပဲဆောင်ရတယ်"ဟု အသက် ၆၄ နှစ်အရွယ်ရှိ နေ့စား အလုပ် သမား ဖြစ်သူဦးကြည်လွင်က ပြောသည်။

"ကျွန်မက ဆူးလေဘုရားနားမှာ အဖမ်းခံရတာပါ။ ကျွန်မ အခုတလော ဖမ်းဆီးနေတယ်လို့ မထင်ထားမိဘူး။ အမှန်က ဖုန်းဘီလ် ဆောင်ဖို့ အမြန်သွား ချင်တာနဲ့ လူကူးမျဉ်းကြားက မကူးမိတာ ပါ"ဟု အသက် ၆၀ အရွယ်ရှိ အိမ်ရှင်မ ဒေါ်စန်းကြည်က ပြောသည်။

"ကျွန်မတို့ သူငယ်ချင်းသုံးယောက် ဆူးလေမှာ လူကူးမျဉ်းကြားက မဖြတ် လို့ အဖမ်းခံရတာပါ။ အလုပ်နောက် ကျနေလို့လည်း ပါတာပေါ့"ဟု အသက် ၃၀ အရွယ် စာရင်းကိုင်တစ်ဦးဖြစ်သူ မအိအိက ပြောသည်။

ပထမအဆင့်အနေဖြင့်လမ်းဖြတ်ကူး သည့် စီမံချက်ကို လုပ်ဆောင်သွားရန်ရှိ ပြီး ဒုတိယအဆင့်အနေဖြင့် ကွမ်းတံထွေး ထွေးခြင်း၊ အမှိုက်ပစ်ခြင်းတို့ကို လုပ် ဆောင်သွားရန်ရှိကြောင်းသိရသည်။
မြန်မာ့တိုင်းမ်
လူကူးမျဉ်းကြားမှ မကူးသူ ၇၀၀၀ ကျော်ကို ဖမ်းဆီးအရေးယူ လူကူးမျဉ်းကြားမှ မကူးသူ ၇၀၀၀ ကျော်ကို ဖမ်းဆီးအရေးယူ Reviewed by သစ်ထူးလွင် on 09:06 Rating: 5

16 comments:

Bravo said...

ကောင်းသောလုပ်ရပ်ပါ။ တခုတော့ပြောပါရစေ၊ ကောက်ရိုးမီးလိုတအောင့်နေရပ်မသွားပါစေနဲ့။ မြန်မာတွေစည်းကမ်းရှိလာနိုင်ကြပါစေ။
ယာဉ်ထိန်းရဲတွေလည်း လူငှါးနဲ့ ဘတ်စ်ကား၊Taxi များထံမှ မီးပွိုင့်များမှာ တောင်းရမ်းခြင်းကင်းရှင်းကြပါစေ။
ဝန်ကြီးများလည်း ခရိုနီများ၊ ကုမ္မဏီများထံမှ ဒေါ်လာယူခြင်း၊ အိမ်မြေယူခြင်း၊ ကားယူခြင်း၊ ၁၆-၁၈ ငယ်ငယ်လှလှတောင်းခံခြင်း ကင်းရှင်းကြပါစေ။
ှဌာနဆိုင်ရာ အကြီးအကဲများလည်း ပေးသူကိုကြည်ဖြူကူညီ၊ မပေးသူကို ငြူစူပြီး စောင့်စားစေမှုများကင်းရှင်းကြပါစေ။
ဆရာဝန်ကြီးများလည်း ချမ်းသာသူ၊ ငွေပေးနိုင်သူကို စေတနာထားပြီး မတတ်နိုင်သူ ပြည်သူတွေကို ပစ္စည်းဝယ်ခိုင်း၊ စောင့်စားခိုင်းမှုများကင်းရှင်းကြပါစေ။
ကျောင်းဆရာများလည်း ကိုယ့်ကျူရှင်တက်မှ အမှတ်ကောင်းပေးပြီး မတက်လျှင် မကြည်ဖြူမှု ကင်းရှင်းကြပါစေ။
လူတိုင်းလူတိုင်း အပေါ်ဖါး၊ အောက်ဖိ ကိုယ့်အတွက်နေရာကျယ်ကျယ်လိုချင်မှုများ ကင်းရှင်းကြပါစေ။

Chit Pe said...

Very Good

Shwe Mg said...

လမ်းနဲ့ဆိုင်တဲ့ အရာတွေအကုန်လုံးစည်းကမ်းရှိသင့်တယ်...လမ်းဘေးဈေးသည်၊ လမ်းဖြတ်ကူးသူ၊ လမ်းပေါ်မောင်းယာဉ်၊ သုံးမျိုးစလုံးစည်းကမ်းရှိစေချင်တယ်..၊ လူတွေကလည်းပလက်ဖောင်းပေါ်မလျှောက်ပဲ လမ်းပေါ်ဆင်းလျှောက်တော့ ကားကလူကိုပါ ရှောင်နေရတယ်၊ လမ်းပေါ်ဈေးသည်က တစ်လမ်းလုံးအပြည့်ဆိုင်ခင်းတော့ လူကလမ်းလျှောက်စရာမရှိဘူး အဲ့လိုအားလုံးက ပက်သက်နေတယ်...

ktd said...

အရမ်းကို စည်းကမ်းရှိစေချင်နေကြပါတယ်။
အထက်ကလူတွေကလည်း စည်းကမ်းရှိစေချင်တယ်။
ဥပဒေရဲ့အောက်မှာ တန်းတူရည်တူပေါ့။
စည်းမဲ့ကမ်းမဲ့လို့ထင်ရတဲ့ ပလက်ဖောင်းဈေးသည်တွေကလည်း
စည်းကမ်းရှိစေချင်တဲ့ စည်ပင်ရဲ့ ခွင့်ပြုထားတဲ့ ရောင်းခွင့်ပြုထားတဲ့ ဈေးသည်တွေ၊
ပလက်ဖောင်းပေါ်မှာ လမ်းသွားလမ်းလာ မလျှောက်သာတော့ လမ်းပေါ်ကိုရောက်၊ ရှုပ်ထွေးနေတဲ့ လမ်းပေါ်က ကားတွေတုံ့ဆိုင်းနေတဲ့အချိန်မှာ နီးစပ်ရာကနေ လမ်းကူးမိတဲ့အတွက်
ချောင်းဖမ်းခံရတဲ့လူတွေအတွက်လည်း စာနာပေးသင့်တယ်။ ရပ်တန့်မှု မရှိဆက်လုပ်သွားမယ်ဆိုရင်တော့ အံ့သြစရာဘဲ၊ မြန်မာပြည်မှာ တည်တံ့တယ်ဆိုတဲ့ အရာ မမြဲခဲ့ဘူး။ တရားသဘောအရ မမြဲခြင်းသည် မြဲ၏တဲ့။ ။ ။

iitcm said...

Good! that must be... If we want our country to be developed country, we must respect the rule and law... but "MUST BE NO-ONE ABOVE THE LAW". Have a good day...

ကိုကို said...

မင်းတို့ယဉ်ထိန်းရဲတွေ.လမ်းပေါ်မှာဒမြတိုက်နေတာတွေကြတော့.
မဖမ်းဘူးလား.သူခိုးကလူပြန်ဖမ်းနေကြပါလား.
အတော်ရီဖို့ကောင်းတဲ့.ငနွားတွေ..

tech said...

လူတွေကို ဖမ်းရုံ နှင့်မပြီးသေးပါ။ မော်တော်ယဉ်များလည်းစည်းကမ်းးလိုက်နာဖို့ လိုပါတယ်...ကောင်းတဲ့အလုပ်ပါ။။ ပြည်သူတွေလိုက်နာရကောင်းမှန်းသိအောင် ပညာပေးဖို့ များများလိုပါတယ်။ အောင်မြင်ပါစေ....

ပြည်သူ

la woon said...

ဟွတ်။။။။
လူတွေမျဉ်းကျားကကူနေတုန်း car တွေဖြတ်မောင်းတာကျတော့မဖမ်းဘူး

Present said...

လူကူးမြင်းကြားမှာ ဖြတ်ကူးရင်း အတိုက်ခံရရင် ဘာအကျိုးခံစားခွင့် ရမလဲ

Anonymous said...

လူကူးမျဉ်းကြားက မကူးလို့ ပညာပေး ဆောင်ရွက်တယ် ပညာပေးကာလ ကျော်လို့ ဒဏ်ရိုက်တယ် လုပ်သင့်ပါတယ်.. ဒါမှလည်း ယာဉ်မတော်တဆ မှု လျော့ကျပြီး လူတွေကလည်း စည်းကမ်းရှိလာမှာ.. ဒါပေမဲ့ တာဝန်ရှိသူ တွေဘက်ကလည်း မော်တော်ကားလမ်း နဲ့ လူသွားလမ်းတွေကို မြို့တော် အင်္ဂါရပ်နဲ့အညီ လုပ်ပေးဖို့လည်းလိုပါတယ် ကားတွေက ရပ်ချင်တဲ့နေရာ မှာ စည်းကမ်းမရှိရပ်နေတာကို လူကြီးကား၊ သူ့ကား၊ ကိုယ့်ကား မခွဲခြားပဲ ထိရောက်တဲ့ အရေးယူမှုတွေ လုပ်သင့်ပါတယ် .. ကားလမ်းကူးမဲ့သူတွေ အနေနဲ့လည်း တွေ့၇ာနေရာက အလွယ်တကူ မကူးနိုင်အောင် (လမ်းမပေါ် တက်မရအောင်) အရံအတားတွေ လုပ်သင့်ပါတယ်.. (လူသွားပလက်ဖေါင်း တွေကိုလည်း မြို့တော် အင်္ဂါရပ်နဲ့အညီ ပြင်ဖို့ကောင်းပါပြီ) အထူးသဖြင့် မြို့ထဲက လူသွားပလက်ဖေါင်းတွေပေါ်က စနစ်တကျ မရှိတဲ့ မီးစက်တွေ.. ဒါတွေကိုလည်း လူသွားပလက်ဖေါင်းတွေပေါ်မှာ မထားသင့်ပါဘူး.. မြို့ပျက် ကြီးနဲ့ တူနေတဲ့ ရန်ကုန်မြို့ကြီးကို တာဝန်ရှိပါတယ်ဆိုတဲ့သူတွေက ပြုပြင်ဖို့ လိုအပ်သလို စည်းကမ်းထိန်းသိမ်းရေးဆောင်ရွက်မဲ့ ယာဉ်ထိန်းရဲ တွေအနေနဲ့လည်း မြို့တော်ရဲ့ လမ်းမကြီးတွေပေါ်မှာ တောင်းရမ်း စားသောက်နေတာတွေကို ပြင်သင့်နေပါပြီ...

datha said...

အထူးသတင်း
28.3.2012 နေ့တွင် အမေစု ခရီးစဉ် သေချာသွားပြီ
မကွေးသားတွေ ၀မ်းသာကျ

jitttoo said...

မျဉ်းကျားကနေလမ်းကူးသူတွေအတွက် မဆင်ခြင်တဲ့ယာဉ်မောင်းတွေကိုလည်းထိရောက်စွာအရေးယူပေးဖို့လိုပါသည်။

Min Thit Sar said...

မော်တော်ယာဉ်တွေကိုလည်း လူကူးမျဉ်းကြားမှာ ရပ်တန့်ပေးတတ်အောင်လည်း ပညာပေးပါဦး။ စင်ကာပူမှာဆို လူကူးမျဉ်းကြားတိုင်းရဲ့ဘေးမှာ မော်တော်ယာဉ်ရပ်မျဉ်း ဆွဲထားပေးတယ်။ လမ်းစည်းကမ်းအရ မော်တော်ယာဉ်သည် ရပ်တန့်ပြီး လမ်းကူးသူ မရှိမှ ဆက်လက် မောင်းနှင်နိုင်သည်။ (ရန်ကုန်ကို စင်ကာပူ ကဲ့သို့ဖြစ်အောင် လုပ်ဆောင်မည် ဆိုသဖြင့်)အချက်ပြမီး တပ်ဆင်ထားသော လူကူးမျဉ်းကြားများတွင်လည်း ယာဉ်မောင်းသူရော လမ်းကူးသူပါ အလွယ်တကူ တွေ့မြင်နိုင်ပြီး လုံလောက်သော အချက်ပြမီးအရေအတွက် ထားရှိပေးသင့်သည်။ ညအချိန်အတွက် လူကူးမျဉ်းကြားတဝိုက် လုံလောက်သော အလင်းရောင်ရှိအောင် လုပ်ဆောင်ထားသင့်သည်။ အခြေခံရှိသင့်တာတွေကို အရင်ပြုပြင်ပါဦးဟု အကြံပြု ပါရစေ။ လူ ၇၀၀၀၊ တစ်ယောက် ကျပ်၂၂၀၀ ဆိုတော့၊ ကျပ်သိန်းပေါင်း ၁၅၀ ကျော်မတည်လို့ရပြီပေါ့။ ပြည်သူ့ဘဏ္ဍာငွေကို စနစ်ကျစွာ အသုံးပြုတတ်ပါစေ။

claire said...

မြင်းကြားကမကူးတာကို အပြစ်ပေးတာကို မဝေဖန်ချင်ပါဘူး။ ဒါပေမယ့် တချို့မြင်းကြားတွေက တော်တော်ခက်တဲ့ နေရာတွေမှာပါ။
ဥပမာ လှည်းတန်းမီးပွိုင့်။ uflက ကျောင်းဆင်းလာတဲ့ ကျောင်းသူတွေဟာ ရှည်လျားလှတဲ့ လမ်းကို ခြေကျင်လျှောက်လာရတဲ့အပြင်
ဝေးကွာလှတဲ့ မြင်းကြားကို မသွားချင်ကြတော့ပါဘူး။ ဘာကြောင့်ဆိုဒီဘက်လမ်းကူးပြီးရင် ဟိုဘက်ကိုပါ ထပ်ကူးရမယ့်အတွက်ကြောင့်ပါ။ (ကိုယ်ချင်းစာစေချင်ပါတယ်) ဒီခရီးကို နေ့တိုင်းသွားနေရတဲ့ ကျောင်းသူတွေဘက်ကကြည့်မယ်ဆိုရင်တော့ တခြား မြင်းကြားတွေကိုတော့မသိပေမယ့် ဒီလှည်းတန်းမြင်းကြားကိုတော့ နည်းနည်းရှေ့တိုးပေးစေခြင်ပါတယ်။

Kyaw Khant Zaw said...

စနစ်တကျ ဖြစ်ဖို့ အတွက် အထက်၊အလယ်၊အောက် အဆင့်ဆင့်အလုပ် လုပ်ဖို့လိုပါတယ်

သက္ကရာဇ် said...

လုပ်ကြစမ်းပါ....လုပ်မယ်ဆိုရင်လည်း တင်းပြည့်ကျပ်ပြည့်လေးပေါ့....အဲဒါမှစည်းကမ်းကောင်းလာမှာ ငွေလိုမှထထဖမ်းနေတာ မဖြစ်ပါစေနဲ့....

Powered by Blogger.