တောင်သူလယ်သမားများ၏စုဆောင်းငွေ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှပြန်ထုတ်ပေးရန် မျှော်လင့်

ရန်ကုန်၊ မတ် - ၂၁
တောင်သူလယ်သမားများ၏ စုငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်က ပြန်လည်ထုတ်ပေးစေလိုကြောင်းလယ်သမားများက ပြောသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ တာဝန်ရှိသူတစ်ဦးကလည်း တောင်သူလယ်သမားများ ၏ ဘဏ်၌ စုထားသောငွေများကို ထုတ်ပေးရန် စီစဉ်နေပြီဖြစ် ကြောင်းပြောသည်။ စပါးစိုက် လယ်သမားအ များစုမှာ ယခုနှစ်ပိုင်းတွင် ရာသီ ဥတုဖောက်ပြန်ပြီး စပါးဈေး မကောင်းခြင်းနှင့် ပဲစိုက်သော အခါတွင်လည်း အထွက်လျော့၊ ဈေးကျ၍ အရှုံးပေါ်ခဲ့ကြသည်။ စပါးစိုက် တောင်သူလယ်သမား များ အရှုံးပေါ်နေသော ကာလ တွင် ၎င်းင်းတို့၏ စုငွေကိုထုတ်ပေး စေလိုကြောင်း ခရမ်းမြို့နယ်မှ လယ်သမားတစ်ဦးကပြောသည်။
"စုငွေတွေကို ပြန်ထုတ်ပေး စေချင်တယ်။ စုငွေပြန်ထုတ်လို့ ငွေမချေးဘဲလည်း မနေပါနဲ့။ ဆက်ချေးပေးစေချင်တယ်။ စိုက် စရိတ်ချေးငွေေ<ကးကျန်သူတွေ ကိုလည်း ဆက်ချေးပေးစေချင်တယ်"ဟု လယ်သမားများအရေး ဆောင်ရွက်နေသူတစ်ဦးဖြစ်သော ခရမ်းမြို့နယ်မှ ရှေ့နေ၊ လယ်သမားဦးသန်းဆွေက ပြောသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်က တောင်သူများသို့စိုက်ပျိုးစရိတ် ချေးငွေချေးပေးပြီး ပြန်ဆပ်သောအခါ ပြန်ဆပ်ငွေပမာဏ ၏၁၀ရာခိုင်နှုန်းအောက်ကို လယ်သမားများ၏ စုဆောင်းငွေအဖြစ် စုထားပေးသည်။ ထိုစနစ်ကို ကျင့်သုံးခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း တောင်သူလယ်သမားအများစု၏ စုငွေကို ပြန်ထုတ်ပေးခြင်းမရှိသေးပေ။ ထို့ကြောင့် လယ်သမားအချို့က စုငွေကို ပြန်ထုတ်ရမှန်းပင် မသိ ကြဟု လယ်သမားများကပြောသည်။
"အဖေသေပြီ။ တို့ ငယ်ငယ် လေးကတည်းက စုဆောင်းခဲ့တာ။ အဖေ့ လက်ထက်ကတည်းက စုခဲ့တာ။ တို့လက်ထက်မှာလည်း ဆက်စုခဲ့တယ်။ တစ်ကြိမ်မှ ပြန် မထုတ်ဖူးဘူး"ဟု လယ် ၁၂ဧက ကျော်ပိုင်သော ဦးသန်းဆွေက ပြောသည်။
အလားတူ က၀မြို့နယ်မှ တောင်သူ ဦးပန်းလှိုင်ကလည်း လယ်လုပ်သည်မှာ နှစ်၃၀ကျော် ရှိသော်လည်း စုငွေကို ပြန်မထုတ်ဖူးကြောင်း ပြောသည်။
"စုငွေပြန်ပေးတာ တစ်ခါမှ မရဖူးဘူး။ မပေးရင်လည်း ဘယ်လိုမှ မတတ်နိုင်ဘူး"ဟု ဦး ပန်းလှိုင်ကပြောသည်။ ဒေးဒရဲ မြို့နယ်မှ စပါးဧက ၄၀ စိုက်သော တောင်သူတစ်ဦးက ၎င်းင်း၏မိဘ လက်ထက်တွင် စိုက်ပျိုးစရိတ်ချေးငွေယူပြီး ငွေစုခဲ့သော်လည်း စုငွေပြန်မထုတ်
ဖူးခဲ့ကြောင်း ပြောသည်။ ထို့အပြင် စုငွေပြန်ထုတ်ယူ ပါက စိုက်ပျိုးစရိတ် ထပ်မံမချေး ဟု ကြားသိထားကြ၍ ပြန်မထုတ်သူများရှိသည်။ စုဆောင်းငွေပြန်ထုတ်ပါက ချေးငွေထပ်မရတော့ဟု တောင်သူများထင်နေခြင်းမှာ နားလည်မှု လွဲခြင်းသာဖြစ်ပြီး လယ်လုပ်နေသရွေ့ ထိုချေးငွေဆက်ပေးမည်ဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူကပြောသည်။
မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေး ဘဏ်က ၁၉၉၃ ခုနှစ်မှစတင်၍ တောင်သူလယ်သမား စိုက်ပျိုးစရိတ် ပြန်ဆပ်သောအခါ စုဆောင်းငွေအဖြစ် စုဆောင်းထားပေးခဲ့သည်။ တစ်နိုင်ငံလုံးမှ တောင်သူ လယ်သမားဦးရေ သုံးသန်းကျော် (၃၀၃၇၃၇၇) ဦးထံမှ စုငွေ ကျပ်
၆၄၃၃၇ သန်းကျော် စုဆောင်းထားခဲ့ပြီးဖြစ်သည်။
ထိုအထဲမှလယ်သမား၂၇၉၉ ဦး၏ စုငွေ ၁၁၀၅သန်းကျော်ကိုသာပြန်ထုတ်ပေးရသေးကြောင်း မတ်လ ၈ ရက်တွင် အမျိုးသား လွှတ်တော်အစည်းအဝေး၌ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီးဦးအုန်းသန်းကပြောကြားခဲ့သည်။
စုဆောင်းထားသူ သုံးသန်း ကျော်ထဲမှ နှစ်ထောင်ကျော်ကို သာ စုဆောင်းငွေပြန်ထုတ်ပေး ခြင်းမှာ အလွန်နည်းပြီး ယခုကာ လကဲ့သို့ တောင်သူလယ်သမားများ ရုန်းကန်နေရသောအချိန် တွင် ပြန်ထုတ်ပေးသင့်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကလည်းပြော သည်။ ထိုသို့ စုဆောင်းငွေများ ပြန်ထုတ်ပေးရန် စီစဉ်ရာတွင် တောင်သူလယ်သမားများသိရှိရန်သတင်းစာ၌ ကြေညာ၍ဖြစ်စေ၊အိမ်တိုင်ရာရောက်ဖြစ်စေ ထုတ်ပေးသင့်ကြောင်း ဦးခင်အောင်မြင့်ကဆက်ပြောသည်။
"စုငွေဆိုတာ ငွေပိုငွေလျှံရှိမှ စုနိုင်တာ။ ငွေပိုငွေလျှံမရှိဘဲနဲ့ စုခိုင်းတာ အဓိပ္ပာယ်မရှိဘူး။ ဒီစနစ်ကို ဆက်သုံးရန်သင့်၊ မသင့် ဆိုတာစဉ်းစားရမယ်"ဟု ဦးခင်အောင်မြင့်ကပြောခဲ့သည်။
အထက်ပါဘဏ်မှ တာဝန်ရှိ သူက "ဒီစုဆောင်းငွေပေါ်မှာ အ တိုးနှုန်းပေးထားတာကြောင့်မို့ ချွေတာစုဆောင်းတဲ့ အလေ့အျင့်ရအောင် လုပ်ပေးတဲ့သဘော မျိုးပဲဖြစ်ပါတယ်။ အခုသူတို့ ပိုက် ဆံပြန်ထုတ်ချင်တယ်ဆိုရင်လည်း အလွယ်တကူ ထုတ်ပေးရုံပဲ။ ဘာ မှ ပဿနာမရှိပါဘူး"ဟု အထက် ပါတာဝန်ရှိသူက ပြောသည်။
ဘဏ်မှ တောင်သူများ၏ စုဆောင်းငွေများ ပြန်ထုတ်ပေး ပါက တောင်သူများအတွက် အ လွန်ကောင်းမည်ဖြစ်ကြောင်း အ ဆိုပါ လယ်သမားများက ပြော ကြားသည်။ ထို့အပြင် တောင်သူလယ် သမားများ၏ စုဆောင်းငွေကို ဘဏ်၌ စုပေးထားသည်ဆိုသော်လည်း ဏ်စာအုပ်များတွင် စုဆောင်းငွေ မည်မျှရှိပြီဖြစ် ကြောင်း ဖော်ပြမထား၍ စုငွေ ပမာဏဖော်ပြပါက တောင်သူ လယ်သမားများ ပိုအားရှိနိုင်မည် ဖြစ်ကြောင်း လယ်သမားအချို့က ပြောသည်။ ဘဏ်စာအုပ်တွင် စုငွေပမာဏဖော်ပြပေးရန် အစီ အစဉ်ရှိပြီး လက်ရှိတွင်လည်း စုငွေပမာဏသိလိုပါက ဘဏ်စာ အုပ်ယူလာလျှင် ဖြည့်စွက်ပေးမည်ဖြစ်ကြောင်း တာဝန်ရှိသူက ပြောသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်က စိုက်ပျိုးစရိတ်ချေးငွေ အတိုးနှုန်းကို ၂၀၁၂ ဧပြီလ ၁ ရက်မှစ၍ ၁၃ ရာခိုင်နှုန်းမှ ၈ ဒသမ ၅ ရာခိုင်နှုန်းသို့လျှော့ခဲ့သည်။
ယခုနှစ်တွင် မြန်မာ့လယ် ယာဖွံ့ဖြိုးရေးဘဏ်က စိုက်ပျိုး စရိတ်ချေးငွေ ၃၅၂ဘီလျံကျပ် ထုတ်ချေးထားသည်။ ချေးငွေပေးသူအားလုံး၏ ၉၀ရာခိုင်နှုန်း ၀န်းကျင်မှာ စပါးစိုက်လယ်သမား များကို ပေးခြင်းဖြစ်သည်။
 7Day News Journal
တောင်သူလယ်သမားများ၏စုဆောင်းငွေ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှပြန်ထုတ်ပေးရန် မျှော်လင့် တောင်သူလယ်သမားများ၏စုဆောင်းငွေ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှပြန်ထုတ်ပေးရန် မျှော်လင့် Reviewed by သစ်ထူးလွင် on 04:51 Rating: 5

4 comments:

amtkhunlay said...

လယ်သမားတွေခမျာ အဲဒါတွေ ဘာမှ မသိရှာကြဘူး။
တစ်ချို့တွေသေတောင် သေကုန်ပါပေါ့။ မသိသွားရှာဘူး။ သတင်းဖြန့်ဝေမှုနဲ့ အသိပညာပေး အင်မတန် အားနည်းတဲ့ တိုင်းပြည်ပါလားနော်။ လွတ်တော်က ပြောမှပဲ သိရတော့တယ်။ စုငွေ ၆၄၃၃၇ သန်းကျော်ရှိသတဲ့။ အခု အဲဒီငွေတွေ ဘယ်မှာလဲ.... ဘာအတွက် သုံးထားလဲ။ အချိန်မရွေး ပြန်လှည်ထုတ်ပေးနိုင်ဖို့ အဆင်သင့် ရှိပါသလား။

pyaponthu said...

မြန်မာ တောင်သူလယ်သမားတို့အသိပညာ နည်းတယ်ဆို ပြီးလုပ်ခြင်တိုင်းမလုပ်သင့်ပါ။လယ်သမားဘဝတိုးတက်အောင်ဆောင်ရွက်ပေးသင့်တယ်။ ဥပမာ စိုက်ပျီုးေ၇း အထွက်တိုးစေမဲ့ နည်းပညာ မျှိုး ဖြန့်ဝေပေးသင့်တယ်။စိုက်ပျိုးရေး research ဌါန မျိုးများများထားသင့်တယ်။ထိုင်းဟာ အဲ့လို လုပ်လို စီးပွား ချမ်းသာသွားတာ ၅၀% ပါတယ်။

zhkk said...

တစ်နိုင်ငံလုံးမှ တောင်သူ လယ်သမားဦးရေ သုံးသန်းကျော် (၃၀၃၇၃၇၇) ဦးထံမှ စုငွေ ကျပ် ၆၄၃၃၇ သန်းကျော် စုဆောင်းထားခဲ့ပြီးဖြစ်သည်။
သတင်းအချက်အလက်မှားနေတယ်ထင်တယ်။
၆၄၃၃၇သန်း ကို သုံးသန်းနဲ့ စားရင် အဖြေက ၂၁၁၈၁ သန်းဖြစ်ပါတယ်။ ဒါဆို တောင်သူ လယ်သမားတဦ လျှင် ၂၁၁၈၁သန်း ပြန်ရရမှာပေါ့။
ဝမ်းသာပါသည်။

ပူနေးလူငယ် said...

မေးမယ်ဆိုလဲ မြန်မြန်ပေးလေဗျာ
လယ်သမားတွေခများ ဘယ်သူ့အဖေခေါ်ရမှန်းကိုမသိတော့်ဘူး

Powered by Blogger.