သစ်ထူးလွင် ၀က်ဆိုဒ်အား မြန်မာအစိုးရမှပိတ်ဆို့ လိုက်ပြီ


မြန်မာပြည်တွင်းမှာယနေ့ မြင်တွေ့ ရတဲ့ www.thithtoolwin.com
ယနေ့ မတ်လ(၁၉)ရက်နေ့ မှာတော့ www.thithtoolwin.com ကို မြန်မာပြည်တွင်မှ ပြည်သူလူ
ထု ၀င်ရောက်ဖတ်ရှုခြင်းမပြုနိုင်အောင် မြန်မာအစိုးရမှ ပိတ်ဆို့ ထားလိုက်ပြီ ဖြစ်ပါတယ်။ 

www.thithtoolwin.com Myanmar News Now မှ မြန်မာပြည်သူ့ တွေ၏ မတရားပြုကျင့်
ခံနေရမှုတွေ၊  ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီထိပ်ပိုင်ခေါင်းဆောင်များ၏ သတင်းများ၊ ကာကွယ်
ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ၊ သတ္တုတွင်းဝန်ကြီး
ဌာန စတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန် အစိုးရ၏ ထိပ်တန်း
လျှိုဝှက်ချက်သတင်းများကို ပြီးခဲ့တဲ့ အခုရက်ပိုင်းအတွင်း ဆက်တိုက်ဖော်ထုတ်တင်ပြပေးခဲ့ပါတယ်။


ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ မသမာမှုများနှင့် နိုင်ငံရေးပါတီများ၏ စည်းရုံးရေးလုပ်ငန်း
သတင်းများကိုလည်း Myanmar News Now မှ ပုံမှန်တင်ပြပေးနေတာဖြစ်ပါတယ်။ 

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းအလိုမှာ  အများပြည်သူ ကြည့်ရှုနေတဲ့ 
အင်တာနက်စာမျက်နှာကို ပိတ်ဆို့ လိုက်မှုနှင့်ပါတ်သတ်၍ ပြည်တွင်းမှ ပြည်သူပြည်သားများ၊
သတင်းမီဒီယာများ၊ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်ဆိုင် အဖွဲ့ အစည်းများနှင့် ပူးပေါင်း
ဆောင်ရွက်ပြီး မြန်မာအစိုးရမှ www.thithtoolwin.com Myanmar News Now ကို 
ပြည်တွင်းမှာ ပြန်လည်ကြည့်ရှုနိုင်အောင်ဖွင့်လှစ်ပေးဖို့  ကြိုးစားလုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ပိတ်ဆို့ ထားမှုကို ပြန်လည်ဖွင့်လှစ်ပေးဖို့  မြန်မာအစိုးရထံ တိုက်ရိုက်တောင်းဆိုသွားမှာဖြစ်ပါတယ်။
Myanmar News Now ကို မြန်မာပြည်သူလူထု နေ့ စဉ် လူဦးရေ (၃၀၀၀၀)သုံးသောင်ကျော်
ဝင်ရောက်ကြည့်ရှုပြီး၊ သတင်းစာမျက်နှာပေါင်း တစ်သိန်းကျော် ၀င်ရောက်ဖတ်ရှုနေတာ
ဖြစ်ပါတယ်။

Myanmar News Now
သစ်ထူးလွင် ၀က်ဆိုဒ်အား မြန်မာအစိုးရမှပိတ်ဆို့ လိုက်ပြီ သစ်ထူးလွင် ၀က်ဆိုဒ်အား မြန်မာအစိုးရမှပိတ်ဆို့ လိုက်ပြီ Reviewed by သစ်ထူးလွင် on 15:25 Rating: 5

98 comments:

ရန်ကုန်သူ said...

အဲဒါ သူတို့ ဒီမိုကရေစီ တကယ် မပေးချင်ဘူး ဆိုတာ ပေါ်တာပဲ

Unknown said...

Is that Myanmar's newly established media freedom?
No worries Ko Thit , we are with you and all people of Myanmar recognize your dare effort to expose the news for the interest of myanamar people.Long live Thit htoo Lwin.

ကြယ်ပြာ said...

သူတို့အပုပ်တွေပေါ်မှာကျတော့ကြောက်တတ်လိုက်ကြတာ။ ခုထက်ထဲ ဟိုပိတ် ဒီဆို့က မပြီးနိုင်သေးပါဘူး ... မသေခင်ကတည်းက ပိတ်တာ ဖြစ်နေဘီ။ သတောင်းစားတွေ ....

pyaponthu said...

ဒီမိုကရေစီ အစိုးရ ဆို။ဘာလို့မီဒီယာတွေကို ပိတ်တာလဲ။ဒီလောက်ကောင်းတဲ့ဆိုဒ် ပြည်သူတို့ ရဲ့ အမှန်ခံစားနေရတဲ့ ဒုက္ခကို တင်ပြလို့ရတဲ့ဆိုဒ်ကို ပိတ်တယ် ဆို တာ နဲနဲတော့ လွန်ဘီထင်တယ်။ဦးရွှေမန်းပြောတော့ ရဲရဲဝံ့ဝံ့ ပြောဆို။ခုတော့ ပြောတဲ့ဆိုဒ်ကို ပိတ်တယ်။တကမ္ဘာလုံးကိုတော့လိုက်ပိတ်လို့မရပါဘူး။ပြည်သူတွေရဲ့စစ်မှန်တဲ့အစိုးရဆို သစ်ထူးလွင်ဆိုဒ်ကို ပြန်ဖွင့်ပါ။

pyaponthu said...

ဗမာတွေ ကိုမျက်စိ နားကန်းကောင် လုပ်နေတာလား။ငရဲတော့ ပိတ်တဲ့သူတွေအတွက် ဖွင့်ထားတယ်။

Aye Aye Latt said...

If thithttolwin close , we won't know anything.

U Thein Sein will help for Myanmar people .

All will blind .

san said...

ပြည်သူတွေရဲ့ မျက်စိတွေ နားတွေကို ကန်းအောင်လုပ်နေတာ...

Aye Aye Latt said...

If thithtoolwin close , we won't know anything .

Please U Thein Sein takes care for Myanmar

people . All will blind .

Shan Lay said...

19-3-2012 1545နာရီ
ခုတော့ဖတ်လို့ရနေပါလား
ISP က MPT မို့ထင်တယ်

မျှော်ရဇ် said...

ပိတ္တာ ဖြစ်မဲ့ သူယုတ်မာတွေ သူတစ်ဖက်သား ပညာဒါနပြုနေတာကို လိုက်ပိတ်တဲ့ သူယုတ်မာတွေ။ ကိုသစ်ထူးလွင် ကို အမြဲအားပေနေပါတယ်။ မြန်မာပြည်သူတွေ ပြန်ကြည့်လိုရအောင် ကျိုးစားပေပါလို အသူအညီတောင်ပါတယ်။

ှဲKaung said...

ွှအမှန်တရားကြောက်တဲ့ ဗိုလ်ချုပ်ကြီးများ လက်ချက်ထင်ပါ့

ဧနဒီ said...

အားမငယ်ပါနဲ့ဗျာ။ အမြဲအားပေးနေတဲ့သူတွေ အများကြီးပါ။

tommy said...

ကိုသစ်ထူးလွင်ရေ ...

ပြည်တွင်းမှာဆိုဒ်အပိတ်ခံရလို.စိတ်မပူပါနဲခင်ဗျား ...
ကျွန်တော်တို.ပြည်ပရောက်မြန်မာတွေ အားလုံးဖေ့စ်ဘွတ် ဂရုဒ်တွေမှာ ကိုသစ်ထူးလွင်ရဲ့သတင်းတွေကိုလင့်အနေနဲ.ရော စာသားပါပုံမှန်ရှဲပေးသွားပါမယ် ....

Hein said...

နအဖတွေက သူတို့ရဲ့မကောင်းတဲ့ အကျင့်စာရိတ္တကို ဘယ်လောက်ပဲ ဖုံးကွယ်အောင် ကြိုးစားပေမဲ့ ကမ္ဘာကတော့ ပစ်တိုင်းထောင် မဟုတ်ပါဘူး

Yanchin said...

ကိုသစ်ထူးလွင်ခင်ဗျား
တစ်ခုခုတော့လွဲနေပြီထင်ပါတယ်။ ကျွန်တော်တော့ ဒီနေ့ (မတ်၁၉) တစ်နေ့လုံး ၀င်လို့ရနေပါတယ်။ Red Link နဲ့ဝင်တာပါ။

ဘုတလင်သားလေး said...

မြန်မာအစိုးရဟာ မပြောင်းလဲသေးတဲ့ဗျူဟာတွေနဲ့ ညစ်ပတ်ကောက်ကျစ်ရမဲ့နေရာမှာတော့ ကမ္ဘာ့ထိပ်ဆုံးကပဲ မဟုတ်တာလုပ်ထားတာတွေပြည်သူတွေသိမှာကြောက်နေပြီလား ဖွတ်ဝန်ကြီးတွေ.....အရှက်မရှိ ခိုးထားတာတွေတော့ လူသိမှာကြောက်တယ်ပေါ့ .....ဟားဟား...

သားသား said...

ဒီကောင်တွေ..အမှန်တရားကိုမုန်းတာအရင်ကတည်းကပါ..မြန်၂ပြန်ကြည့်လို့
ရအောင်..လုပ်ပေးကြပါ

purewhite said...

ဟုတ်တာတင်တော့ ဖြစ်မှာပေါ့ ကိုသစ်ထူးလွင်ရယ် Website အားလုံးသာ ကိုသစ်ထူးလွင်လိုပဲဆိုရင် တိုင်းပြည်တိုးတက်တာကြာနေပြီ။ ဒါလားဟ ဒီမိုကရေစီ တိုင်းပြည်

marga said...

ဘာဖြစ်လို့လဲ ဆိုတာကတော့ သူတို့တွေရဲ့ အမှားတွေ အပြစ်တွေကို
ပြည်သူတွေမသိအောင်လုပ်ချင်နေတုန်းမို့ဖြစ်မှာပေါ့။
ဒါဟာ မရိုးသားမှုပါပဲ။ဒီမိုကရေစီကို သွားနေတယ်ဆိုရင် သတင်းတွေကို
ပြည်သူတွေသိအောင်ချပြရဲရမှာပေါ့။နောက်ကိုပြန်ဆုတ်ချင်နေပြီလားမသိဘူးနော်။

time said...

made one page on google+

myayeethway said...

မိုက်ရိုင်းလိုက်တာ

tkm said...

သွားပြီအဲလိုဆိုရင်...
ယုတ်မာတဲ့လူတွေပါလား

pyaponthu said...

ဘာမီဒီယာ လွတ်လပ်ခွင့်လဲ...အလေးအနက် ကန့်ကွက်ပါတယ်။ပြည်သူတွေအားထားတဲ့ဆိုဒ်ကို လုပ်တာ ဘယ်လိုစိတ်ဓာတ်လဲဆိုတာ ထင်ရှားတယ်။

စက်တင်ဘာ မိုး said...

ဟားးးးးးးဟားးးးးးးးးးးဟားးးးးးးးးး
အတော်လေး တရားကျဘို့ ကောင်းတယ်နော် ... ခုချိန်ထိ လူစိတ်ကို မွေးဘို့ စိတ်ကူးမရှိကြသေးဘူးနဲ့တူတယ် ........

kokhent said...

သတင်းသစ်
``သေနတ် ၊ အမြှောက်
မီးကျည်ပေါက်ကြောင့်
မှင်တံ ပဲ့ကျိုး
မှင်အိုးတို့ကွဲ
ပေချပ်လောင်မီး
ဟုန်းဟုန်းတီးလည်း
စိတ်မှင်နဲ့တွေး
စိတ်နဲ့ ရေးလို့ 
ရင်မှာပေချပ်
ဆင့်ဆင့်ထပ်ကာ
မပျောက်ခဲ့ပါ.. MEDIA``
သစ်ထူးလွင် ကိုပိတ်ယင် နောက်ထပ် အသင်းအသစ်တွေတင်ဖို့ မီဒီယာသမားတွေမှာ
ခွန်အားအပြည့်ရှိတယ်လို့ ယုံကည်ပါတယ်။

saw 00 said...

အမှန်တရားကို ကြောက် တဲ့ ကောင်တွေ အကျင့် ယုတ်ပြီ၊ ကြာကြာ ဟန်မဆောင်နိုင်ပါဘူး ၊ အယောင်ဆောင်ထားတဲ့ မင်းသားခေါင်း က ကွာကျလာပြီ၊ ကိုယ် ကောင်း ရင်ခေါင်းဘယ်မှမရွေ့ဘူး ၊မကောင်း တဲ့ ကောင်တွေကတော့ လိပ်ပြာ လုံမှာမဟုတ်ဘူး ။

tharzaw said...

ကိုသစ်ရေ ....
ဒီလိုသောက်ကျင့်ယုတ်မယ်ဆိုတာ ကျုပ်သိတော့သိနေသားပဲ။
ဟိုကောင် ဂျပုလက်ချက်ပဲနေမှာ။
သတင်းလွတ်လပ်ခွင့်ရပြီလည်းဆိုသေး။ ခွီးတဲ့မှပဲ။

Phoethar said...

အို...ဘာခက်တာလိုက်လို့ ပိတ်ပါစေ...သူပိတ်နေရင်...ဒီဝက်ဆိုက်တစ်ခုပေါ့..။ တို့တွေက အားတဲ့အချိန်လေး သူတင်လိုက်တဲ့ပို့စ်ကို ဖေ့ဘုတ်ကနေ တဆင့်ပြန်ဖြန့်မှာပေါ့။ သနားပါတယ်ကွယ်...ကြောက်လိုက်တာလည်းတုန်လို့...။ မီဒီယာ လွတ်လပ်ခွင့်ဆိုတာ ဘာကြိး ညာကြိးနဲ့ ပြိးတော့လည်း ဟုတ်တာလည်းမဟုတ်ဘူး ကလေးတွေ နိုင်ငံရေးလုပ်တန်းကစားနေသလိုပဲ။ ဘယ်တော့များမှ...အင်း...ရွှေပြည်တော် မျှော်လေတိုင်းဝေးပါပဲလားနော်။

Prince Nanda said...

ဒီ လို ထိရောက် တဲ့သတင်းေ တွ ကိုတင် တဲ့ဆိုဒ်ကို မှ ရွေး ပိတ် တယ် ဆို ကတည်း က မဟုတ် တာ လုပ် ဖို. အစပြု တာဘဲ. ဒီ ဆိုဒ်ကို ပိတ်တဲ့ လူ ကလဲ တော်တော် နွား ကျတဲ့ကောင်ဘဲ၊ မိုးကောင်းတုန်း တော့ ရွာ ထား ဦး ပေါ့ တနေ. ကျရင် မင်း တို. Yatanapon cyber တခု လုံး ကို ဖျက် ဆီး မဲ့ သူ ပေါ် လာ ဦး မှာပါ ။

thihathuya said...

ဆင်သေကိုဆိတ်သရေနဲ့ဖုံးလို့မရပါဘူး...ဘယ်လိုပဲပိတ်ပိတ်
တစ်နည်းမဟုတ်တစ်နည်းနဲ့တော့ပြည်သူကြားမှာပေါ်လာမှာပဲ. ...စောင့်ရလည်းခဏပေါ့နော့..အောင်မြင်ပါစေဗျာ..(ThitHtooLwin)

Prince Nanda said...

ရန် ကုန် က လူတွေ ဖတ် လို. ရအောင် FB ကနေ သတင်းေ တွ share ပေး ရင် အဆင်ပြေမယ်ထင် ပါ တယ်။

Fighting Peacock said...

Mr President,

We would appreciate if you can look into this matter and instruct a necessary action.

This fully blocking action to the public in Myanmar do not align with a country who is REALLY INTEND TO MARCHING TO DEMOCRACY and it would be a question of MEDIA FREEDOM and FAIRNESS OF INCOMING ELECTION.

We can accept of filtering some irrelevant comments and vulgar words but not such a way of fully blocking. This is a different handling method between democracy and non-democracy countries.

phyo1980 said...

ဟဟ ပိတ်ရင်ကျော်ကြည့်မှာပေါ့ဒါလေးများ အင်တာနက်စသုံးရင်ဝက်ဆိုက်တွေကျော်ပြီးကြည့်လာတာ ရိုးနေပြီ....

thethnin said...

ကိုသစ်ရေ သွားပြောတဲ့အခါ အရမ်း မပြောခဲ့နဲ့နော်
သူတို့က ကြောက်တက်တယ်
နာမည်တောင် ကြောက်ဖွတ်လို့ ပြောင်းတော့မှာ
တင်ပြတဲ့အခါ ကျနော် သစ်ထူးလွင် ဆိုဒ်မှာ မမှန်မကန် လုပ်ကြံတင်တာရှိ ကျနော့ ပရိတ်သတ်က ပါးအရိုက်ခံပါမယ် လို့ပြောခဲ့ဗျာ
အဲလိုပြောပီးရင်တော့ ဝန်ကြီးဌာနတွေကို စစ်ရလိမ့်မယ်

saw 00 said...

ကောက် ကျစ် ယုတ်မာ ဘို့ နည်းလမ်းတွေ ရှာကြံ တွေးပြီး ။ တစိမ့်စိမ့် ကောက်ကျစ်နေတာ ၊ သူတို့ ဦးနှောက်ထဲ မှာ ရှိတာကောက်ကျစ်ဘို့ဘဲ ၊ ဒီလိုကောင်တွေ တိုင်းပြည်ထဲမှာကို မရှိသင့်တော့ဘူး ။

genius said...

ယနေ.၁၉-၀၃-၂၀၁၂ နေ.မှာ သမတကြီးကတော. သူ.ရဲ.လှပပြီး ရွှေရောင်တ၀င်းဝင်း လက်နေတဲ.မင်းသားခေါင်းစွပ်ကြီးကို ခွာချလိုက်ပါပြီ ။

popeye said...

Can you notify to our emails if you change the blog or how we can break the blockage

one student said...

facebook မှာတင်ပါလား ဒါမှမဟုတ်ဘလော့ခ်အသစ်ဖွင့်ရင်ရောကောင်းဘူးလား ... ထိုင်ဆဲနေတာထက်စာရင် သတင်းဖတ်လို့ရတဲ့နိုင်ငံတွေကနေမြန်မာပြည်ကို ဘလော့တခုခု သို့ အကြောင်းအရာကို တနေရာရာကနေပြနိုင်အောင်ကြိုးစားကြည့်ရအောင် ..........

လင်းလတ်ကြယ် said...

ရန်သူငါးပါးထဲမှာ မင်းဆိုတဲ့တစ်ပါးရန်သူပါ
မင်းဆိုးမင်းညစ် ထိုမင်းဟာ သိပ်ဆိုးတာ
သိပ်ဆိုးတဲ့မင်းတွေကို ၀ိုင်းဝန်းသတ်ကြပါ

မေနှင်း said...

face Book ကနေ ရှယ်လို့ရအောင် Right clip လေးပေးစေချင်ပါတယ်

Myanmar said...

ဖေ့ဘွတ်ကနေ သစ်ထူးလွင်သတင်းတွေကို ၇ှယ်ကြမယ်ဗျာ။ ဘယ်လို အပေါင်းသင်းတို့ေ၇...။ ။

saw 00 said...

ပြည်သူတွေ လွတ်လွတ် လပ်လပ် တွေးတာ ရေးတာ ကို မရှု့စိမ် နိုင် ဆုံး ဖြစ်နေတာ စစ်အစိုးရ ( လက်ရှိအစိုးရ )ဘဲ ပြည်သူ ကို သူတို့ထားရာနေ စေရာသွား ကျွန် လိုထားခြင်တာ၊ဒီလိုကောင်တွေကို တိုင်းပြည်ခေါင်းဆောင် နေရာ မဟုတ်ဘူး တိုင်းပြည်ထဲမှာကို မရှိ စေခြင်တော့တာ ။

ထွန်းထွန်း မြန်မာပြည်သား said...

ကိုသစ်ရေ ဘာမှ မဖြစ်ပါနဲ နော် ..ကိုသစ်ရဲ့  ဆိုက်ကို ရောက်အောင် နည်းပညာတွေ ရှိနေတာပဲ ကျော်ကြည့် မယ် ခွကြည့်မယ် အားပေးနေတယ်ဗျာ ကိုသစ်ကို....အောင်မြင်တော့မယ် ကိုသစ်ရေ ...ကြိုးစားရမယ်နော်....အားပေးတယ် လိုအပ်ရင် အကူအညီ ပါပေးအုံးမယ် ...ktnkotun9@gmail.com....malaysia

gemuk said...

ကိုသစ်ေ၇ စိတ်ဓာတ်မကျပါနဲ့ ပြည်တွင်းကသူငယ်ချင်းတွေကိုပြည်ပကအပေါင်းအသင်းတွေက share ပေးပါ့မယ်။ဒီကောင်တွေ ခွေးလောက်တောင်အဆင့် အတန်းမရှိဘူး

myozaw said...

ပြန်ရအောင်အမြန်လုပ်ကြပါဗျို့....ကျွန်တော်ကနောက်လဆိုရန်ကုန်ပြန်တော့မှာ....ကျွန်တော်နေ့တိုင်းအားပေးနေပါတယ်.....

myozaw said...

အမြန်လုပ်ကြပါဗျို့.....ကျွန်တော်ကနေ့တိုင်းအားပေးနေတဲ့သူပါ.....

sean said...

တယောက် ကတော့ ရသေးတယ်ပြောတယ် သေချာရဲ့လား .. ဝင်နည်းလေးကိုရှယ်အပါ

seazinyaw said...

wetsite ပိတ်တာနောက်ကြောင်းပြန်ခြင်းအစ လား၊ဒါမှမဟုတ် အောင်သောင်းနဲ. မောင်အေး စနက် လားစောင်.ကြည်.ကြပါ၊

tuntun said...

we are still in dark night , thit htoo lwin was moon for us ' go on ''' go on for our people ' for our morning ...... a lot of morning was broken for us ..... but tomorrow ...... i believe

Anonymous said...

ပိတ်ခံရတာကို ပြန်ရအောင်လုပ်လို့ရမှာပါ
မြင့်လာရင် ဒီလိုပဲ ကိုသစ်ထူးလွင်ရေ
လေတိုက်တာတော့ ခံရမှာပေါ့
ဘာတဲ့..လမင်းကိုခွေးဟောင်...
အဲ့ဒီကဗျာ သိတဲ့သူ ဆက်ရေးပေးပါဗျာ

ပင့်ကူ said...

ပိတ်ထားတယ် ဆိုတော့ ကျော်ကြည့်လိုရရင် ကျော်ကြည့် လို့ရအောင်ပါ...
http://vtunnel.com ဒီ proxy ကနေ ကျော်ကြည့် ကြည့်ကြပါ..
ရရင်တော့ အမြတ်ပေါ့ဗျာ.....

The Nature Myanmar said...

ဒီအင်တာနက် စာမျက်နှာ (www.thithtoolwin.com)ဟာ အခုမြန်မာနိုင်ငံသွားနေတဲ့ ဒီမိုကရေစီ ပန်းတိုင်ရောက်ဖို့ ကောင်းမွန်သော အစိုးရ၊ သန့်ရှင်းသော အစိုးရ ပေါ်ပေါက်လာစေရေး အတွက်၊ သဘွတ်အူလိုလိုက်နေတဲ့ နိုင်ငံရဲ့ အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်း ဖွင့်ချပြပေးနေတဲ့ စာမျက်နှာဖြစ်တယ်...
နိုင်ငံတော်သမ္မတ နှင့် လွှတ်တော်က္ကဋ္ဌကြီးများ အခြားသောနိုင်ငံရေးပါတီများ၊ တိုင်းရင်းသားခေါင်းဆောင်များ အတွက် နားနဲ့ မျက်စေ့ဘဲ...အဲဒီအရှုပ်ထုပ် ပြဿနာတွေက အခုအချိန်မှာမှ တာဝန်သိသိနဲ့ မပြောကြရင်၊ မဆွေးနွေးကြရင်၊ သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ လက်မခံနိုင်ကြရင်တော့ ကျနော်တို့နိုင်ငံရှေ့ဆက်ဖို့ မျှော်လင့်ချက် တော်တော်နည်းသွားပြီ...ကျနော်တို့အားလုံး ကျောချင်းကပ်ရမယ့် အချိန်လို့ ပြောပါရစေ...

welcome said...

ကိုသစ်ရေ
ကျွန်တော်တို့ fb မှာ အစအဆုံးရှယ်ပေးပါ့မယ်။ တက်ညီလက်ညီလုပ်ရင်
ပိတ်ဆို့မှုကို အတိုင်းအတာတစ်ခုအထိ ကျော်လွှားနိုင်မှာပါ။

တန့်ဆည်သား said...

ကျွန်တော်တို့တန့်ဆည်ကအမတ်ကြီးတွေရဲ့ယုတ်မာကောက်ကျစ်မှုလေးတွေတင်မလို့ရှိသေးပိတ်ခံလိုက်ရတာတော့နာတယ်ကွာ။ ကိုသစ်ရေပြန်ဖွင့်လို့ရအောင်ကြိုးစားပေးပါအုံးဗျာကို
သစ်မှမရှိရင်ဘယ်တိုင်လို့တိုင်ရမှန်းမသိဘူးတိုင်ရင်လဲလာပီးဟိုလက်မှတ်ထိုးခိုင်းဒီလက်မှတ်ထိုးခိုင်းနဲ့မတိုင်ရဲအောင်လုပ်ထားသေးတယ်။သူတို့မကောင်းတာလုပ်တာလေးတော့မတိုင်ရ ရင်တောင်ပြည်သူတွေသိအောင်ဖော်ထုတ်ပေးနို်င်တဲ့ကိုသစ်
ထူးလွင်တို့လိုဝက်ဆိုက်လေးကိုအားကိုးပါတယ်ဗျာ

Anonymous said...

အခုတော့ဖတ်လို့ရနေသားဘဲ။ Red Link ဝယ်မလို့။ ဒီလိုဆိုရင်ဝယ်ဖို့စဉ်း
စားရမလိုဖြစ်နေပြီ။ မီဒီယာလွတ်လပ်ခွင့်ဆို...................?

လညလေး said...

ဖေ့စ်ဘွတ်မှာအမြဲတမ်းရှယ်နေတယ်မြန်မာနိုင်ငံသူနိုင်ငံသားတွေလည်းဖေ့စ်ဘွတ်ကိုများများသုံးကြပါလို့အားလုံးသတိနဲ့နေကြပါအစစ်အမှန်မဟုတ်သေးလို့ပါခဏလောက်တော့သည်းခံကြရဦးမှာပါ

ko htoo said...

ကိုသစ်ရေ၊ ကျွန်တော်စိတ်မကောင်ဘူးဗျာ။ ကိုသစ်ရဲ့ကြိုးစားအားထုတ်မှုအတိုင်းအတာကို နားလည်တဲ့အတွက် ပိုလို့ခံစားရပါတယ်။ ကျွန်တော်တို့ ပြည်ပရောက်နေသူတွေက ဒီအချိန်မှာ သိတ်အရေးမပါပါဘူး။ တကယ်အရေးကြီးတာက ပြည်တွင်းက ဒီမိုကရေစီလိုလားသူတွေ၊ မဲပေးတော့မဲ့ ပြည်သူပြည်သားတွေပါ။ ဒါပေမဲ့ တစ်ခုဖြေသာတာက ပြည်တွင်းမှာက ပိတ်ဆို့ရေးကာလတုံးက proxy ခံသုံးတဲ့ အလေ့အကျင့်ရပြီးသားဆိုတော့ အခုလဲ proxy နဲ့ ဆက်ပြီးကြည့်နိုင်ကြမှာပါ။ facebook link ကနေလဲ မြင်ရမယ်ထင်ပါတယ်။ ပြန်မဖွင့်မီကာလမှာ တစ်ခုတစ်ခုတော့ ကြည့်လို့ရမဲ့နည်း ရှာပါကြံပါဦးဗျာ။ ကိုသစ်စိုက်ထုတ်နေတဲ့ အချိန်တွေ၊ ကြိုးစားမှုတွေအတွက် ကျေးဇူးပါလို့ ပြောပါရစေ။

ယောမြေမှကိုရီးယား said...

ပြောတော့ သတင်းမီဒီယာ သမားတွေ လွတ်လပ်ခွင့်ရပြီတဲ့ ဒါလား လွတ်လပ်ခွင့် သူတို့ပြောတဲ့ ဒီမိုကရေစီဆိုတာ လွတ်လပ်ချင်းမဟုတ်လောက်ဘူး မိုက်ရိုင်းချင်း လတ်စားချင်း ပြတ်သူတွေချစ်တဲ့သူကို ဖမ်းဆီးပိတ်ပင်ချင်း ဒါဘဲလေ ဒီကောင်တွေ ဒီမိုကရေစီ အရသာကို မခံစားနိုင်ပါဘူး အခုဘဲ ကြည့် ဒီဘလောက်ကိုကြည့်နေတဲ့သူတွေ ကြည့်နေတဲ့သူမှ တဆင့်သိရသူတွေ အသိကင်းမဲ့ချင်း မျက်လုံးတစ်ဘက် ကမ်းသလို ဖြစ်သွားတယ် မဲခိုးပြီးရင်တော့ ပြန်ကြည့်ခွင့်ပေးမယ်ထင်ပါတယ် ရတယ်ဟေး ကြည့်ချင်တဲ့သူတွေဆီ ယောမြေ မှ ပြန်ဖြန့်ဝေပေးမယ် အကိုရေ facebook နဲ့ ဖြန့်ဝေလို့ရပါသေးတယ်

ုkyaw said...

အဓိပ္ပါလ်မရှိတာပဲ ဘာဆိုင်လဲ ဒီလိုလုပ်နေလို့တိုင်းပြည်ကြီးကကောင်းလာမှာမဟုတ်တော့ဘူး နောက်ထပ်မျိုးဆက်တွေအတွက်နည်းနည်းလေးစဉ်းစားကြပါအုံး ။

Unknown said...

March 19,2012- 10:49PM အခုချိန်ထိ Skynet မှာတော့ ပိတ်ထားဆဲပါ.
ပြည်တွင်းဂျာနယ်တွေမှာ ဒီသီတင်းပါလာအောင် စွမ်းဆောင်ပေးကြပါ.
အခု Comment ကိုတောင် proxy သုံးပြီး ကျော်ရေးရပါတယ်.

win said...

ဒါတွေကသူတို့အမြဲလုပ်နေကျသောက်ကျင့်တွေ၊ဒီကောင်တွေသေပြီးတာတောင်ဒီသောက်ကျင့်ပျောက်မှာမဟုတ်ဘူး၊

Anonymous said...

"မြန်မာပြည်တွင်း မီဒီယာ ဖွံ့ဖြိုးရေးနဲ့ ပြုပြင်ပြောင်းလဲရေးမှာ ပြည်ပ မီဒီယာတွေရဲ့ အခန်း ကဏ္ဍဟာလည်း အစိတ်အပိုင်း တခု အဖြစ် ပါဝင်နေတယ်လို့ ပြန်ကြားရေး ၀န်ကြီး ဌာနက ပြောကြား".....အကုန်လုံးလူလိမ်

ju black said...

ဟုတ်တယ်အခုမှပဲဖတ်လို့ရတော့တယ် ကိုသစ်ကိုမဖတ်ရရင်ဘါလိုနေမှန်းမသိဘူး

Naung Taw Lay said...

အကို ညီပြည်တွင်းကပါ ။ အကိုဆိုဒ်ထဲကို ရအောင်ဝင်မယ့် လူတွေလည်း ရှိမှာပါ။ အကို တင်သာတင်။ ရှဲဖို့ ညီတို့တာဝန်ထား။ အစိုးရမျိုးပြုတ်မယ်။ ဒါလားကွ ဒီမိုကရေစီ။ ပြောတော့မိုး လိုးတော့မြေကြီးဆိုတာ ဒါမျိါ်ကိုပြောတာ။

ju black said...

can't open with ADSL and red link,but can open GSM phone.If can't open how we read.please let we know.

007747 said...

ဘာအခုမှေ ကြာက်ပါပြီလဲ။ စားတုန်းဝါးတုန်းက‌တြော့မိန်‌ရေရှက်‌ရေနဲ့။ မစားနိုင်တဲ့ကိုယ့်ဝန်ထမ်းအချင်းချင်း လူရာမသွင်းခြင်တဲ့‌ကောင်‌တွေ။ ခံစရာရှိရင်လည်းအြံကိတ်ပြီးခံလိုက်‌ပေါ့ကွာ။ ဟိုပိတ်ဒီပိတ်လုပ်လည်း မရပါဘူး။ ‌ဖေ့စ်ဘွတ်မှာ ရှယ်‌ပေးကြပါ။

ဖိုးတောက် said...

ကိုသစ်ရေ..
ကိုသစ်ဖျက်မှပဲ ကြည့်မရမှာ... .. ကျနော်တို့ အကျော်အခွတွေ တော်တော်ရနေပြီ... ဟဟ တင်သာတင်.. ဖတ်လို့ရတဲ့နည်းတွေ အများကြီး......

tdi NLD said...

ကိုသစ်ထူးလွင် ကျွန်တော် ကြည့်ရတယ် ဘာမှကျော်စရာခွစရာမလိုဘူး..
သိလား ... ကျွန်တော် မရတဲ့သူတွေကို gmail က နေ အချိန်နဲ့အမျှ share ပေးနေတယ် မပူနဲ့... ကျွန်တော့် ဆီတော့ ကြည့်ရတယ်ဗျာ...
ဘာကွာလဲမသိဘူး ... ကျွန်တော် လည်း မြန်မာနိုင်ငံ ကပဲ ဟာကို...
ဆိုးပ....

ဥုံဖွ said...

အားပေးကြတယ်နော် တို.ကတော.အေးဆေးပဲ
MPT ADSL user ပါ ခုထိဝင်ကြည့်လို.ရနေသေးတယ်

coolster said...

သူတို့ပိတ်တော့ယော ဘာလုပ်ရမှာလဲ ကျော်မယ် ခွမယ်... ဟိုကျော်ဒီကျော် ဟိုခွ ဒီခွ .. နဲ့ ရတနာပုံနဲ့ ပုဂံ နက်အကြောင်းကောင်းကောင်းသိနေလို့ အဲဒါလေးတွေကို လေ့လာထားတယ် ....... နေ့တိုင်းအကို သတင်းတွေကို ဖတ်နေပါတယ် ....

lin lin said...

ပါးစပ်ကဘုရားဘုရား၊
လက်က ကားယားကားယား၊
ဆိုတာဒါမျိုးကိုပြောတာ။

jj said...

www.polysolve.com လို့ အရင် ရိုတ်ထည့်လိုက်ပါ ပြီးရင် ကျလာတဲ့ box လေးမှာ www.thithtoolwin.com လို့ ရိုတ်ပြီး enter နှိပ်လိုက်ရင် ကြည့်လို့ ရပါပြီ ခင်ဗျာ ....

jj said...

adsl နဲ့ ဆိုရင် တော့ ဒီအတိုင်းကြည့်လို့ ရပါတယ်....

မင်းမဟာ said...

ကိုသစ်ရေ စိတ်မကောင်းပေမယ့် အားပေးနေမှာပါဗျာ....ဆက်သာဆော်ဗျာ
ကျွန်တော်တို့ အမြဲအားပေးနေတဲ့ဆိုက်ကို ပိတ်လိုက်လို့လည်းအားရှိအောင်
ကျွန်တော်ဆိုက်တွေကနေ ပြန်ရှယ်ပေးပါမယ်ဗျာ.....ဒီခွေးတွေက လူလိုမဟုတ်တာပါ......

အိတုတ် said...

19.3.2012 ည 7.00 ကျော်ကျော်လောက်ကနေ ၀င်ကြည့်လို့မရဘူးဖြစ်သွားတယ် ဒါပေမဲ့ အခု 20.3.2012 နေ့လည် 12း45 ကြတော့ ၀င်လို့ရတယ် တောင်ပေါ်ကပရိတ်သတ် တဦးပါ အမြဲအားပေးနေတယ် ဒီဆိုဒ် လေးကိုဖတ်ပြီးမျက်စိပွင့် နားပွင့်နေရတာပါ ကျေးဇူးလည်းတင်တယ် ကိုသစ်ရေ

အေးမြသီတာ said...

တိုင်းသူပြည်သားတွေအပေါ်မရိုးသားတဲ့သူတွေကဒီလိုပါပဲ

arerakee said...

စကိုင်း နက် နဲ့ ဆိုရင် အကို့် ဆိုဒ် ကို ၀င် ဖတ် လို့ မ ရ ပါ ဘူး...
MPT နဲ့ ဆို အ ခု ၀င် ဖတ် လို့ ရ နေ တယ်.. ဘာ ဖြစ် လို့ လဲ ဆို တော့
စ ကိုင် နက် လဲ ကြံ့ ဖွတ် ပဲ ထင် တယ်..

ရွှေမြန်မာ ရန်ကုန် said...

သူတို့က ပိတ်ချင်တယ် ဖတ်ချင်တဲ့သူက ကျော်ဖတ်တယ်....
မိုက်တယ် စိန်ပြေးတန်းလိုက်နေတဲ့အတိုင်းပဲ
အခု အချိန်မှာ လူတိုင်းနီးပါး ကျော်ကြည့်တတ်နေတာကို သွားပိတ်နေသေးတယ် ကလေးလေး ကျော်ဆန်း ကို စိတ်ကောက်အောင်လုပ်လိုက်တာ သူက စိတ်ကောက်ပြီး ပိတ်လိုက်ပြီ။
သူက အသက်ကြီးလို့ လူကြီးဖြစ်နေတာ ဂုဏ်သတင်းကြောင့် လူကြီးဖြစ်နေတာမဟုတ်တော့လဲ ကလေး စိတ်ပဲရှိမှာပေါ့။

itboy said...

ကျနော်က MPT User ပါ ကိုသစ်ထူးလွင်ကို ကြည့်လို.ရပါတယ်ခင်ဗျာ..
ဒီမိုကရေစီ ခေတ်ကြီးဘဲဗျာ။ ပိတ်ဆို.တာတွေတော့ မရှိသင့်တော့ပါဘူး။

zawlinaung said...

MPT မှာတော့ကြည့်လို့ရပါသေးတယ်။facebook မှာရှယ်ပေးမယ်ဗျာ။ကျွန်တော်လည်း နေ့စဉ်ကြည့်နေတဲ့ ဆိုဒ်တခုပါ။သိပ်ကြိုက်ပါတယ်။လူယုတ်မာတွေမြန်မြန်ကျဆုံးပါစေ။

George said...

They show their own disguised face and their real attitude. It is good for us that we can know their true color or true nature.

ဘုန်းဘုန်း said...

သစ်ထူးလွင်မှာ တင်ထားတဲ့ သတင်းတွေအပေါ်မှာ အစိုးရအနေနဲ့ မမှန်မကန် တင်ပြထားတယ် လို့ ယူဆရင် အစိုးရလက်ထဲမှာ မီဒီယာတွေ ရှိနေတာဘဲ။ ပြန်လည်ဖြေရှင်းလို့ ရနိုင်ပါတယ်။ ဒီလို ဖြေရှင်းလို့ ရပါလျက်နဲ့ ပြည်တွင်းက သူတွေ ၀င်ရိုးဝင်စဉ်အတိုင်း ၀င်လို့ မရအောင် ပိတ်ပင်တာကတော့ လုံးဝကို မလုပ်ထိုက်ပါဘူး။
သစ်ထူးလွင်က သတင်းတွေ စုံလို့ ကြည့်ရတာ အဆင်ပြေတယ်။ ဘုန်းဘုန်းကတော့ Proxy နဲ့ ကျော်ခွပြီး ၀င်ကြည့်ပါတယ်။ Proxy နဲ့ ၀င်တာက Comment Box မပေါ်တဲ့အတွက် မှတ်ချက်ရေးလို့ မရပါဘူး။ ဒီတော့ add-ons လေး သုံးပြီး အခု မှတ်ချက်ကို ရေးလိုက်ပါတယ်။

ဘုန်းဘုန်း said...
This comment has been removed by the author.
zarni said...

မှန်တာပြောတာ မကြိုက်ရင်
မှန်တာလုပ်တာ မကြိုက်ရင်
အမှန်တရားဆိုတဲ့အရာတွေ......လက်မခံနိုင်ရင်
ဘယ်တော့မှ အမှန်မရပါဘူး
ဒါဆိုရင်.......

attack88 said...

ကျော်ဆန်းက....ကျော်စမ်း ဆိုတော့လည်း....ကျော်ရတာပေါ့...
သစ်ထူးလွင်ကို....မလစ်ဘူး...ထင်ထားတာ.....
အခုတော့...အဟင့်...........

chochin said...

ပိတ်စမ်းပါစေ။သူတို့ လဲဖင်ပိတ်ပြေးရတော့မှာပါ။

မြတ်နိုး said...

သီတင်းအမှောင်ချတာအကျင့်ပါနေလို့နေမှာပေါ့

Anonymous said...

နာမည်ကိုက ကြံ့ဖွတ်တဲ့ တိရိစာန်နှစ်ကောင်းပေါင်းထားတာ ကျက်သရေမရှိဘူး သူများကို လိုက်လံပုတ်ခက်ဘူးမနာလိုနေတာ

မောင်ငွေ said...

ဒါဟာ.. စတုတ္ထမဏ္ဍိုင် ဆိုတဲ့သတင်းမီဒီ.ယာကို ကြောက်လို့ဘဲဗျ။ ဒီမဏ္ဍိုင်အားကောင်းလာမှာကို သူတို့အလန့်ဆုံးဘဲဆိုတာ သက်သေပြတာဘဲပေါ့။

Khin said...

yesterday cann't not open today is OK(21/3/2012)

ngathae said...

ပြစ်မရှိ ပြစ်ရှာ။
လမင်းကိုခွေးဟောင်လို့
ရွှေလရောင် ပြောင်မပျက်တယ်
ထွန်းလျှက်ပင်သာ။
မြရွှေဂူ ပတ္တမြားကိုလ
ဝက်များက ငြူစူစွာ
ညွန့်လူးကာတိုက်နှဲ။
ပွတ်လေလေ
ဂူရွှေမှာ အရောင်ထွက်တယ်
ရှေးကထက်ကဲ။

Win Naing Eagle said...

ပြန်ပွင့်နေပါပြီ

micromyo said...

this is kleen garberment.

Sit ko Naing said...

တာဝန်သိမြန်မာပြည်သူ့ အပေါင်းတို့ ခင်ဗျာ။ ဦးအောင်သောင်းရဲ့ လဂ်စားမူ့ ၊၀န်ကြီးများ၏ လဂ်စားမူ့ များအား ပူးပေါင်းဖော်ထုတ်ပြီး ထိုက်သင့်သော အပြစ်ဒဏ်ကျခံရစေရန် ကြိုးပမ်းသွားကြဖို့ ဝိုင်းဝန်ကူညီခြင်းဖြင့်နိုင်ငံတော်ကိုတဖက်တလမ်းက ကာကွယ်သွားကြဖို့ နိုးဆော်ပါသည် ခင်ဗျာ။

irrawaddy said...

လက်စားတဲ့ ဝန်ကြီးများကို အရေးယူပေးပါ သမ္မတကြီးခင်ဗျာ
သို့မဟုတ်ပါဘူး အလိုတူဖြစ်နေမည် ဆိုးပါသည်

Casino Prince said...

အော်..အဲ့လိုလဲရတာပဲလားဟ...

မြတ်သုခ said...

ကြောင် ကြာကြာ ရေမငုပ်နိုင်ပါဘူး။

tayokegyi00@gmail.com said...

မသာတွေ အဲဒီဟာမပိတ်ရဘူး ...
နင်တို့ဟာတွေပိတ်ရမှာ ... သူတောင်းစားတွေ
အဆမတန်သွတ်ထားတဲ့ နင်တို့အပေါက်တွေကိုပိတ်ရမှာ ခွေးသူတောင်းစားတွေရဲ့
ကိုသစ် အဲဒီမသာတွေကို ပိတ်အောင်လုပ်ပေးလိုက်ပါ ....

Powered by Blogger.