တရား​သဖြင့်​ နိုင်တာကိုပဲ ကျ​နော်တို့​ ဂုဏ်ယူချင်ပါတယ်

ရန်ကုန်တိုင်း ​ ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နဲ့​ဖွံ့​ဖြိုး​ရေး​ ပါတီ ​အောင်နိုင်​ရေး​အဖွဲ့​ ​ခေါင်း​ဆောင် ဦး​အောင်သိန်း​လင်း​နှင့်​ ဆက်သွယ် ​မေး​မြန်း​ထား​ပါတယ်။



ရန်ကုန်တိုင်း ​ အတွင်း​မှာ ​ရွေး​ကောက်ပွဲကျင်း​ပဖို့​က ၁ ပတ် ၁၀ ရက်​လောက်ပဲ လို​တော့​တဲ့​ အချိန်မှာ အန်ကယ်တို့​ ဝင်ပြိုင်တဲ့​ ၆ ​နေရာ စလုံး​ပေါ့​။ ပြည်ခိုင်ဖြိုး​ပါတီက ဒီ ​ရွေး​ကောက်ပွဲ စည်း​ရုံး​ရေး​တွေ ဘယ်လို ​ဆောင်ရွက်တယ် ဆိုတာ​လေး​ အရင်ဆုံး​ သိပါရ​စေ။
“ကျ​နော်တို့​ ၂၀၁၀ တုန်း​ကလည်း​ ပြိုင်ခဲ့​တာပါပဲ​လေ။ ပြိုင်ခဲ့​တော့​ အဓိက လက်ကိုင် ထား​တာ က​တော့​ တရား​မျှတပြီး​တော့​မှ သန့်​သန့်​ရှင်း​ရှင်း​ ဖြစ်ဖို့​ အ​ရေး​ကြီး​တယ်။ ​နောက်တခုက ကိုယ် မဲဆွယ်တဲ့​ ကိစ္စ​တွေကလည်း​ သူများ​ကို အ​နှောင့်​အယှက် မဖြစ်​စေချင်ဘူး​။ ဒါ​ကြောင့်​မို့​လို့​ တတ်နိုင်သမျှ သူများ​ကို အ​နှောင့်​အယှက် မဖြစ်တဲ့​နည်း​နဲ့​ မဲဆွယ်တယ်။ အိမ်တိုင်ရာ​ရောက်သွား​တဲ့​ လှုပ်ရှား​မှု​တွေ ​ပေါ့​။ လိုက်ပြီး​တော့​မှ သတင်း​ပေး​တဲ့​ စနစ်​တွေပါ။ သတင်း​ပေး​တယ် ဆိုတာက​တော့​ ကိုယ့်​ ကိုယ်စား​လှယ်ရဲ့​ လက်ကမ်း​ စာ​စောင်​တွေ ​ဝေတဲ့​ စနစ်​တွေကို ကျ​နော်တို့​က ​ဆောင်ရွက်တာ ဖြစ်ပါတယ်။ အဓိက လက်ကိုင်ထား​ တာ က​တော့​ တရား​မျှတမှု ဖြစ်ဖို့​ အဓိကထား​တယ်။”
တခြား ​ ပါတီအများ​စုက​တော့​ အများ​အား​ဖြင့်​ အန်အယ်လ်ဒီ ပါတီ​ပေါ့​။ သူတို့​ပါတီက စည်း​ရုံး​ရေး​ ဆင်း​တဲ့​အခါမှာ သူတို့​ အများ​ကြီး​တွေ့​လို့​ ​ပြောတာ​တွေ ရှိပါတယ်။ မဲစာရင်း​ကွာတဲ့​ ကိစ္စ​တွေ။ အန်ကယ်တို့​ပါတီ အ​နေနဲ့​ရော အဲဒီကိစ္စ​တွေမှာ ​တွေ့​ရှိချက်​တွေကို တင်ပြထား​ခြင်း​ ရှိ၊​ မရှိ​ပေါ့​။ ဒါကို ကျွန်​တော်တို့​ သိချင်ပါတယ်။
“ကျ​နော်တို့​ ပြီး​ခဲ့​တဲ့​ ၂၀၁၀ အ​တွေ့​အကြုံတုန်း​က မဲ​ပေး​ခွင့်​ ရှိရဲ့​သား​နဲ့​ မ​ပေး​လိုက်ရတဲ့​သူ​တွေ ​တွေ့​ရပါတယ်။ ဒီ တပွဲမှာလည်း​ အဲဒီလို မဖြစ်​အောင်​တော့​ ကျ​နော်တို့​ တတ်နိုင်သမျှ မဲ​ပေး​မယ့်​လူ​တွေ၊​ ရပ်ကွက်ထဲမှာ ရှိတဲ့​လူ​တွေ မဲစာရင်း​ထဲမှာပါ၊​ မပါ လိုက်လံ စိစစ်ပြီး​တော့​မှ၊​ မပါ​သေး​တဲ့​လူ​တွေ ရှိရင်လည်း​ ​ကော်မရှင်ကို တင်ပြပါတယ်။ ​ကော်မရှင်က သတ်မှတ်ထား​တဲ့​ စည်မျဉ်း​စည်း​ကမ်း​နဲ့​ ကိုက်ညီလို့​ရှိရင် သူတို့​ လက်ခံပါတယ်။ အဲဒါ​လေး​တွေကို ၂၀၁၀ တုန်း​ကလည်း​ ကျ​နော်တို့​ လုပ်ပါတယ်။ ၂၀၁၂ မှာလည်း​ မဲ​ပေး​ခွင့်​ ရှိတဲ့​လူ​တွေ အာလုံး​ မဲ​ပေး​ခွင့်​ရ​အောင်လို့​ ဝိုင်း​ဝန်း​ပံ့​ပိုး​ ​ဆောင်ရွက်တဲ့​ သ​ဘောမျိုး​နဲ့​ ​ဆောင်ရွက်ပါတယ်။”
တခြား ​ဒီမိုက​ရေစီပါတီ​တွေကို ​မေး​ကြည့်​တော့​ အခုဆိုရင် ဥပမာ- မင်္ဂလာ​တောင်ညွန့်​မှာ ဆိုလို့​ရှိရင် ​တော်​တော်ကြီး​ မြိုင်မြိုင်ဆိုင်ဆိုင်။ ပါတီ​တွေက မဲဆွယ်စည်း​ရုံး​နေတာ ​တွေ့​ရတယ်လို့​ သိရပါတယ်။ မဲဆွယ် စည်း​ရုံး​တဲ့​ အခါမှာလည်း​ ၂၀၁၀ တုန်း​ကလို မဟုတ်ဘဲနဲ့​ တပါတီနဲ့​ တပါတီ ​ပြောဆိုနှုတ်ဆက် ချစ်ချစ်ခင်ခင် ရင်း​ရင်း​နှီး​နှီး​နဲ့​ အိုး​စည်ဗုံ​မောင်း​တွေတီး​၊​ ကား​တွေနဲ့​ လှည့်​ပြီး​တော့​ မဲဆွယ်စည်း​ရုံး​တယ်လို့​ ကြား​ရပါတယ်။ အန်ကယ်တို့​ရော မဲဆွယ်စည်း​ရုံး​တဲ့​ အ​နေအထား​မှာ ရန်ကုန်တိုင်း​မှာ ဘယ်လိုမျိုး​တွေများ​ ကြုံ​တွေ့​ရပါသလဲ။
“ကျ​နော်တို့​ လည်း​ သူတို့​တွေလို​ပေါ့​။ ၂၀၁၀ တုန်း​ကလည်း​ ဒီလိုပဲ ကား​တွေနဲ့​ ကိုယ်စား​လှယ်ရဲ့​ ဗွီနိုင်း​ကို ကပ်ပြီး​တော့​မှ ရပ်ကွက်​တွေမှာ လိုက်လံ မဲဆွယ်ပါတယ်။ ဒါ​ပေမယ့်​ ပြီး​ခဲ့​တဲ့​ အပတ် ၁၀ တန်း​စာ​မေး​ပွဲ ​ဖြေ​နေတဲ့​ ကာလမှာ​တော့​ ကျ​နော်တို့​ အဲဒါ​တွေ ခဏရပ်ထား​တယ်။ ဘာဖြစ်လို့​လဲဆို​တော့​ ၁၀ တန်း​စာ​မေး​ပွဲ ​ဖြေ​နေတဲ့​ က​လေး​တွေ အ​နှောင့်​အယှက်ဖြစ်မှာ စိုး​လို့​၊​ ၁၀ တန်း​စာ​မေး​ပွဲက မ​နေ့​က တချို့​တော့​ ပြီး​ပြီ။ ဒါ​ပေမယ့်​ ​သေချာ​တော့​ မပြီး​သေး​ဘူး​။ တချို့​ ဘာသာရပ်​တွေ ကျန်​သေး​တယ်။ ဒီအပတ်ကုန်မှပဲ ကျ​နော်တို့​က သူများ​တွေလိုပဲ ကား​နဲ့​ လှည့်​၊​ လှည့်​ပြီး​တော့​မှ လက်ကမ်း​စာ​စောင်​တွေလိုက်​ဝေ အဲဒါ​တွေ လုပ်ပါ့​မယ်။
ပြီး​တော့​ ဒီမှာ ထူး​ခြား​တာက ပြိုင်မှာက ၆ မြို့​နယ်ထဲဆို​တော့​ ကျန်တဲ့​ မပြိုင်တဲ့​ မြို့​နယ်​တွေက ပြိုင်မယ့်​ ၆ မြို့​နယ်ကို ဝိုင်း​ကူပြီး​တော့​ လုပ်တာ​ပေါ့​။ အား​ဖြည့်​ပြီး​တော့​ လုပ်တာ​တော့​ ရှိတာ​ပေါ့​။”
၂၀၁၀ တုန်း​က ကြံ့​ခိုင်​ရေး​ပါတီအ​နေနဲ့​ ​ငွေ​ချေး​ပြီး​တော့​ မဲဆွယ်တာတို့​၊​ လမ်း​ခင်း​ပြီး​တော့​ မဲဆွယ်တာတို့​ လုပ်ခဲ့​တယ်ဆိုတဲ့​ ​ဝေဖန်သံ​တွေ ကြား​ရပါတယ်။ အခု ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ​ရော အဲဒီလိုပုံစံမျိုး​နဲ့​ မဲဆွယ်တာမျိုး​ကို​ရော လုပ်​ဆောင်မှု​တွေ ရှိပါသလား​။
“ပြည်ခိုင်ဖြိုး ​ရဲ့​ မူဝါဒမှာ ​ကျေး​လက်​ဒေသ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ လုပ်ငန်း​စဉ်ကြီး​ ၅ ရပ် ရှိတယ်။ အဲဒါ ၅ ရပ်ကို ကျ​နော်တို့​က ထမ်း​ဆောင်တာပါ။ အဲဒီ ထမ်း​ဆောင်တဲ့​ ​နေရာမှာ ​ကျေး​လက်​နေ ပြည်သူလူထု​တွေ အတွက် လမ်း​တွေ ​ကောင်း​ရမယ်။ ​ကျေး​လက်ပြည်သူလူထု ​ရေရရှိ​ရေး​ ​ဆောင်ရွက်​ပေး​ရမယ်၊​ ​ကျေး​လက် ပြည်သူလူထုရဲ့​ ​ကျောင်း​တွေ ​ကောင်း​အောင် လုပ်​ပေး​ရမယ်၊​ ​ကျေး​လက်​တွေမှာ ​ဆေး​ခန်း​တွေရှိရင် အဲဒီ​ဆေး​ခန်း​တွေကို ဝိုင်း​ဝန်း​ပြီး​တော့​ ​စောင့်​ရှောက်ရမယ်၊​ ​နောက်တခါ ​ကျေး​လက်ပြည်သူလူထုရဲ့​ လူမှု စီပွား​ရေး​ဘဝကို ဝိုင်း​ဝန်း​ပြီး​တော့​မှ ပံ့​ပိုး​ရမယ်ဆိုတဲ့​ ​ကျေး​လက်​ဒေသ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ လုပ်ငန်း​စဉ်ကြီး​ ၅ ရပ်ဟာ ပါတီရဲ့​ လက်ကိုင်ထား​တဲ့​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ လုပ်ငန်း​စဉ် ၅ ရပ်ဖြစ်ပါတယ်။
ကျ​နော်တို့​ နိုင်ငံမှာ လိုအပ်​နေတာဟာ ဖွံ့​ဖြိုး​တိုး​တက်​ရေး​နဲ့​ တိုင်း​တပါး​ ဩဇာခံ မဖြစ်​ရေး​ ဒီ ၂ ချက်က။ အခုလည်း​ လိုအပ်သလို ​နောင်လည်း​ လိုအပ်မယ်လို့​ ထင်ပါတယ်။ ပါတီရဲ့​ မူဝါဒအတိုင်း​ ​ဆောင်ရွက်မြဲ ကိစ္စကို ကျ​နော်တို့​ ​ဆောင်ရွက်ခြင်း​သာ ဖြစ်ပါတယ်။”
ဒီကြား ​ဖြတ်​ရွေး​ကောက်ပွဲမှာ ထူး​ခြား​တာက အန်အယ်လ်ဒီပါတီ ဝင်​ရောက် ယှဉ်ပြိုင်လာပါတယ်။ ပြည်ခိုင်ဖြိုး​ပါတီလိုပဲ ၄၈ ​နေရာစလုံး​ ဝင်ပြိုင်တဲ့​ ပါတီပါ။ ကြား​ဖြတ်မှာ ဆိုရင် အဓိက ပြိုင်ဘက်ပါတီလို့​တောင် ​ပြောလို့​ပါတယ်။ အန်အယ်လ်ဒီပါတီ ဝင်လာပြီး​ သူ့​ကိုယ်စား​လှယ်​လောင်း​တွေ ဝင်ပြိုင်လာတဲ့​အတွက် အခု ကြား​ဖြတ် ​ရွေး​ကောက်ပွဲ ပြည်ခိုင်ဖြိုး​ပါတီနဲ့​ အပြိုင် မဲဆွယ်စည်း​ရုံး​ရာမှာ ဘယ်လိုမျိုး​တွေ ကြုံရဆုံရလဲ။ အန်ကယ်တို့​ဘက်လည်း​ ဘယ်လို ပြင်ဆင်ထား​ပါသလဲ။
“ကျ​နော်တို့​ ပါတီရဲ့​ မူဝါဒက​တော့​ အမျိုး​သား​ရေး​ကို ​စောင့်​ရှောက်မယ့်​၊​ တိုင်း​ပြည်အ​ပေါ်မှာ ဘယ်​တော့​မှ သစ္စာမ​ဖောက်မယ့်​ တရား​ဝင်ဖွဲ့​စည်း​တဲ့​ ပါတီအား​လုံး​ကို​တော့​ ကျ​နော်တို့​က မိတ်ဖက်လို သ​ဘောထား​ရမယ်လို့​ ကျ​နော်တို့​ပါတီရဲ့​ မူဝါဒလမ်း​စဉ်မှာ သတ်မှတ်ထား​ပါတယ်။ ကျ​နော်တို့​က အဲဒီမူဝါဒကိုပဲ လက်ကိုင်ထား​ပြီး​တော့​မှ ​ဆောင်ရွက်​နေတာ ဖြစ်ပါတယ်။”
ဧပြီ ၁ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ရန်ကုန်တိုင်း​က အန်ကယ်တို့​ ပါတီအ​နေနဲ့​ ၆ ​နေရာစလုံး​ နိုင်မယ်လို့​ ယုံကြည်ထား​ပါသလား​။ အန်ကယ် ဘယ်​လောက်အထိ ​မျှော်လင့်​ ထား​ပါသလဲ။
“​လော​လောဆယ်​ တော့​ ခန့်​မှန်း​ရ ခက်​သေး​တယ်။ ကျ​နော်တို့​လည်း​ အခု တတ်နိုင်သမျှ ကြိုး​စား​ပြီး​တော့​ ​ဆောင်ရွက်​နေတုန်း​ပါပဲ။ ​ရွေး​ကောက်ပွဲ တခုဆိုတာက​တော့​ ဘယ်​လောက် ​သေချာတယ်၊​ မ​သေချာဘူး​ ဆိုတာက​တော့​ ပွဲပြီး​မှပဲ အ​ဖြေသိတဲ့​ သ​ဘောပါပဲ။”
ဖြည့်​စွက်​ပြောလိုတာ ရှိရင် ​ပြောပြ​ပေး​ပါ။
“ကျ​နော်တို့​ က ဒီ​ရွေး​ကောက်ပွဲမှာ တရား​သဖြင့်​ ​အေး​အေး​ချမ်း​ချမ်း​နဲ့​ စည်း​ကမ်း​ရှိရှိ အနိုင်ရ​အောင်လို့​ ဥပ​ဒေ​ဘောင်ထဲကပဲ ကြိုး​စား​ပါမယ်။ ကျ​နော်တို့​ ကြိုး​စား​သလို တခြား​ပါတီ​တွေကိုလည်း​ အဲဒီလို ဖြစ်​စေချင်ပါတယ်။ တည်တည်ငြိမ်ငြိမ် ​အေး​အေး​ချမ်း​ချမ်း​နဲ့​ စည်း​ကမ်း​ရှိရှိ တန်ဖိုး​ရှိတဲ့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲ ဖြစ်​စေချင်ပါတယ်။ အဲဒီလို ဖြစ်​အောင်လည်း​ ကျ​နော်တို့​ အစွမ်း​ကုန် ကြိုး​စား​နေပါတယ်။ တရား​သဖြင့်​ နိုင်တာကိုပဲ ပြည်ခိုင်ဖြိုး​ပါတီက ဂုဏ်ယူမှာ ဖြစ်ပါတယ်။” 
ဒီဗွီဘီ
တရား​သဖြင့်​ နိုင်တာကိုပဲ ကျ​နော်တို့​ ဂုဏ်ယူချင်ပါတယ် တရား​သဖြင့်​ နိုင်တာကိုပဲ ကျ​နော်တို့​ ဂုဏ်ယူချင်ပါတယ် Reviewed by သစ်ထူးလွင် on 17:55 Rating: 5

75 comments:

Android Myanmar said...

ပါးစပ်ကသာ တရားသဖြင့်ပြောနေတာ၊ ရုပ်က မတရားတဲ့ ရုပ်ကြီးဗျာ... လေပါတယ်.... တကယ်ပါပဲ.....

MMT said...

အဲဒါဆို ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ အတွက် ရှက်ပြီး သေလိုက်ပါလား

ppm said...

ဇာဂနာထက်ရီရတယ် နော်ဦးအောင်သိန်းလင်း ဘာတွေရွှီးနေမှန်းမသိဘူး .. မရှက်တတ်ဘူးလား ပေါက်ကရတွေလျှောက်ပြောနေတာ ဘာတဲ့ တရားသဖြင့်နိုင်တာကိုပဲဂုဏ်ယူမှာ ဟုတ်လား အာဖျံကွီး လုပ်တော့လူကြီး လုပ်နေတာကသောက်တလွဲအလုပ်တွေ သောက်ပေါကြီး ...

taung pai gyi said...

ခုလဲတရုတ်ကြီးရဲ့သြဇာခံဖြစ်​နေပါပြီဗျာ ​ပြောမ​နေပါနဲ့​တော့

Aung said...

ကျွန်တော်တို့ ဒီတစ်ခါ မဲမခိုးတော့ပါဘူး ရိုးရိုးသားသား ပြိုင် မှာပါ

မဲစာရင်းလေး လိမ်တာ တစ်ခုတည်း လုပ်မှာ ပါ ဟဲ ဟဲ ဟဲ ဟဲ လို့ သာ ပြောလိုက် ပါတော့လား

taung pai gyi said...

ခုလဲတရုတ်ကြီးရဲ့သြဇာခံဖြစ်​နေပါပြီဗျာ ​ပြောမ​နေပါနဲ့​တော့

kmkomin3 said...

နွားကဖွတ်စကားပြောတယ်ဆိုတာ ဒါမျိုးပေါ့

nyinyi said...

မင်းဟာမင်းပြောချင်တာပြော ဒီပုတ်ထဲကဒီပဲဘဲ မယုံရေးချမယုံပါ...

သခင်မြန်မာ said...

တရားသဖြင့် ဟုတ်လား ..အဟတ် အဟတ်... ခွေးပါးစပ်က နတ်စကားထွက် ဆိုသလိုပါပဲလား...ကြည့်ရသေးတာပေါ့ကွာ ရုပ်ကိုက အောက်တန်းစားရုပ်

Newmoon said...

၂၀၁၀ တုန်းက လမ်းတွေခင်းပေးမယ်ဆိုပြီး အခုအထိ ပြီးအောင်မခင်းပေး သေးတဲ့ အတွက် တိုင်ကြားလိုပါတယ် ဘယ်ကိုတိုင်ကြားလိုရပါသလဲ သိသူများရှိရင်လမ်းညွန်ပေးစေချင်ပါတယ်။

နီယို said...

ဟားဟားခွေးပါးစပ်က နတ်စကား လာထွက်နေတယ် လမ်းတစ်ခြမ်းခင်းအောင်သိန်းလင်း ရယ်

Anonymous said...

Aung Thein Gyi Lane Mar lar be..

tha deed htar.....

ဇော်ရှင်း said...

ဥပဓိရုပ်ကြီးက သိပ်ဟန်မယ့်ပုံမပေါ်။ သူ့ပါတီကလည်း အဲဒီအတိုင်းပဲနေမှာပါ

ဂေါက်သီး said...

အင်းပေါ့လေ
ကိုယ့်မဲဆွယ်တာကြောင့် သူတပါး ဒုက္ခ မရောက် စေချင်လို့ အိမ်တိုင်ရာရောက်
လိုက်ပီး ဆွယ်တရား ဟောတယ် ထားပါတော့ဗျာ...
လုပ်ကြည့်လေ
အမေစုတို့လို လာမယ် ဟေ့လို့ သတင်းလေး လွှင့်ပီး လာကြည့်
ဘာမှ အတင်း အတင်းကျပ် မလာမနေရ မခေါ်ပဲ လုပ်ကြည့်လေ
အမြီး တနံ့နံ့နဲ့ သခင်အားရအောင် ဟောင်ပြ အူပြမယ့် ကောင်တွေက လွဲပီး
ဘယ်သူမှ မရှိဘူး
ဘယ်သူမှ မလာမှန်း သိလို့ အရှက်မရှိ အိမ်ပေါက်စေ့ လိုက်ပြောနေရတဲ့ သူတွေကများ
သူတပါးကို ဒုက္ခမပေးချင်လို့တဲ့
အပေါ်မှာ ပြောသွားတာတွေထဲက အပုံ ၂၀ ပုံ တပုံပဲ မှန်အောင် လုပ်ပါ...
ကြံဖွတ် ကောင်းပါတယ်လို့ ချီးမွမ်းပါ့မယ်..

Anonymous said...

ဘာ... ဆယ်တန်းစာမေးပွဲမပြီးသေးလို့ စည်းရုံးရေးမလုပ်ဘူး ဟုတ်လား
ပြောပြောချီးစားပြီးတော့ပြော မယုံဘူး ဟိုနေ့ ကအနီးစခန်းမှာ လာတာကကော ကြံ့ ဖွတ်တွေပဲ မိန်းလမ်းပေါ်သွားနေတဲ့ ဆိုင်ကယ်တွေကို
တောင်တားပြီး စည်ရုံးရေးကွင်းထဲကို ၀င်ခိုင်းတာကကောဘာပြောအုံးမှာလဲ

marga said...

တရားသဖြင့်ဆိုတာဘာလဲ ကြိုတင်မဲတွေကို ၀နိထမ်းတွေကို ကြိုထည့်ခိုင်းတာလား
မင်းတို့ကို မယုံတာတော့ ခွင့်လွတ် အောင်သိန်းလင်းရေ

ဝေလင်း said...

အိုး..မနှင်းဆီ..မင်းမြေလဲ.တို့မြေပဲ..မသွားပါနဲ့ တိုင်းတစ်ပါးသို့ ဒီသီချင်းကို
သူ့ ပွဲတွေတိုင်းကာလာအိုဆိုတဲ့ဗျ။သူအကြိုတ်ဆုံးသီချင်းလေ

yin win said...

ဦးအောင်သင်းလင်း...ခင်ဗျား..တောင်အုပ်ကလာမှာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ကြံ့ဖွံ့ကိုမဲထည့်ဖို့ခင်းပေးခဲ့တဲ့လမ်းတွေ..အခုထိ မပြီးသေးပါဘူး...ကြံ့ဖွံ့ကတော့နိုင်သွားပြီ...အခု ၂၀၁၂ ကျော်နေပြီလေ..ဘယ်လိုလုပ်ရမှာတုန်း... (အထပ်စာလုံးမရလို့အမှားရိုက်တာခွင့်လွတ်ပါ..)

တို့ခေတ် said...

အော့ အော့ ထွီး ပါးစပ် က ထွက်ရက်တယ်။ အရှက်မရှိ မင်းတို့ တဆွေလုံး တမျိုးလုံး ရှက်တယ် ဆိုတာ ဘာလဲ သိကြလားး

ဝေလင်း said...

ဒီမှာ ရိုစ်ဆီတိုင်းတစ်ပါးမသွားနဲ့ ..သီချင်းကို သူ့ပွဲတွေတိုင်းဒီလူကြီးဆိုတယ်ဗျ။သူအကြိုတ်ဆုံးသီချင်းလေ

a said...

မင်းတို့လုပ်နေတာနဲ့ပြောတဲ့စကားကတော့ကွာ၊ခွေးသူခိုးရုပ်နဲ့ကိုယ့်ကိုယ်ကိုဘာကောင်မှန်းမသိဘူးလား၊မင်းတို့မဲမလိမ်လို့ကတော့ဘယ်တော့မှမနိုင်ဘူး၊မင်းအိမ်ကခလေးတစ်ယောက်လောက်ကိုမေးကြည့်လိုက်ကျောင်းမှာ၊ပတ်ဝန်းကျင်ကလူတွေထဲမှာဘာတွေပြောနေလဲလို့။

Ko Htet said...

အော်-----ဟုတ်လား။
တယ်ဆိုတဲ့စာပါလား------
ဟားဟားဟား ဒီင်္လိုပြောလို့ယုံရမှာလားးးးးး။
မင်းတို့ကို မဲတော့မပေးဘူး၊ ခဲပေးမယ်။

shinekoko said...

ပါးစပ်တွေလဲဝဲပေါက်ပါဦးမယ်ကွယ် တော်ကြာမဟုတ်တာတွေလျှောက်လျှောက်ပြောပီး မိုးကြိုးပစ်ခံရဦးမယ်နော်သတိထားနော် ကြံဖွတ် ဟိဟိ

ko htoo said...

သမာဓိ မြို့တော်ဝန်ဟောင်းကြီးပါလား။ ဥပဓိကြီးကတော့ ယုံကြည်ချင်စရာ တယ်ကောင်းဗျို့။ ခင်ဗျားလက်ထက် ရန်ကုန်မြို့တော်စည်ပင်ရဲ့ ကောင်းသတင်းကလဲ တယ်မွှေးသကိုး။ ကျုပ်သာမဲပေးဘို့အခြေအနေပေးရင် ယုံယုံကြည်ကြည်နဲ့ မဲပေးလိုက်ချင်ပါဘိ ..... ကြံ့ဖွံ့ကလွဲရင် ဘယ်သူ့ကိုမဆို ။

Anonymous said...

Main problems. ---- Daw Aung San Suu Kyi can control over 95% of democracy alliances and president U Thein Sein can control 40% of military & rhino phoot group .

ညီမင်းဆန်း said...

ဒီလူတွေ ဒီလောက်ပြောတတ်တယ်ဗျာ... တရားတယ်ဆိုရင် ဘာဖြစ်လို့ ဗွီနိုင်ကိုဖျက်ရတာနဲ့ စည်းရုံးရေမှာ အနှောက်အရှက်ပြုရတာနဲ့.. ပုတ်ခတ်ရတာနဲ့... ကြိုတင်မဲတွေကောက်နေရတာနဲ့... ပါးစပ်နဲ့ မတန်ရာလိုက်တာဗျာ ဖတ်ပြီးတော့ ရယ်ချင်လိုက်တာဗျာ တစ်လုံးချင်ကိုပြန်ပြောလိုက်ချင်တာဗျာ..

ko thu said...

ဘယ်တုန်းကများကြိုပြီးကျက်ထားလဲမသိဘူး..ပြောလိုက်တာကတော့ ဟုတ်နေရော...ဟွန့်....ဘာတဲ့"ဘောင်အတွင်းက" နောက်ပီး " စည်းကမ်းရှိရှိတဲ့" အဲဒိစကားတွေ ခင်ဗျား ပါးစပ်ကထွက်ရဲသေးတယ်နော်....(မရှက်ဘူးလား)

ပြည်ချစ်သား said...

ပါးစပ်ကသာတရားသဖြင့်ရှင်ပြိုင်မယ်ပြောတာလုပ်နေတာတွေကစောက်တလွဲတွေဘဲနော်ဦးအောင်သိန်းလင်း...ကြည့်လည်းပြောပါဦးဗျာ....

thakhinmyo said...

"Give u three stars, it's a good joke"

Wai Lin Aung said...

တရားမျှတပြီး သန့် သန့် ရှင်းရှင်းဖြစ်ဖို့ ဆို

မင်းတို့ ပါးစပ် က ပြောထွက်တယ်နော်
ဘယ်တုံးက သန့်သန့် ရှင်းရှင်းနေခဲ့လို့လဲ
မရှက်တတ်ရင် ဆက်လိမ်အုံး ပေါ့

Anonymous said...

thief ''' thief''' thief'''

u kyaw moemoe said...

ငါတို.south okkalapa မြို.ရဲ.ကျက်သရေတုံး လူယုတ်မာ့ကြီး

Eagle Computer said...

အောင်သိန်းလင်းရေ စာအုပ်ထဲက ဟာတွေ မဖတ်ပြနဲ့ လက်တွေ့နဲ့ အကျင့်တွေကိုပဲ ပြောပြပေါ့ကွာ... စာအုပ်ဖတ်ပြချင်ရင် ဘုရားစာအုပ်ဖတ်ပြ ပေါ့ကွာ...ဒါဆို နားဝင်ချိုတယ်.... လောဘ ၊ မောဟ ကင်းတယ်.... မင်းတို့ဟာက ရှေ့က တစ်မျိုးပြော၊ နောက်က တစ်မျိုးလုပ်ပုံစံမျိုးတွေ ဖြစ်နေတယ်ကွာ.............. အင်တာဗျူးတဲ့လူတော့ မသိဘူး... ငါကတော့ နားခါးတယ်

g man said...

အပြောနဲ့အလုပ်ညီပါစေ

အမှန်တရားချစ်သူ said...

သေချာတာကတော့ မဲခိုးမှာပဲ

Anonymous said...

''ရွေး​ကောက်ပွဲမှာ တရား​သဖြင့်​ ​အေး​အေး​ချမ်း​ချမ်း​နဲ့​ စည်း​ကမ်း​ရှိရှိ အနိုင်ရ​အောင်လို့​ ဥပ​ဒေ​ဘောင်ထဲကပဲ ကြိုး​စား​ပါမယ်။ ကျ​နော်တို့​ ကြိုး​စား​သလို တခြား​ပါတီ​တွေကိုလည်း​ အဲဒီလို ဖြစ်​စေချင်ပါတယ်။'' ငါ...မဆဲလိုက်ချင်ဘူးနော်။ တခြားပါတီတွေက မင်းတို့လို အာဏာရှိတာကို... အဲဒိတော့ မဲလိမ်တာတို့ ဘာတို့လုပ်လိမ့်မယ်ပေါ့...ဟုတ်လား။ ငါ.......

ပုဂံစစ်သည် said...

အပြောတော့လေးစားတယ်ဗျာ၊ လက်တွေ့ကတော့ တခြားစီဖြစ်နေတယ်၊ ရွံမိပါတယ် ကြံ့ဖွတ်ရယ်။

ZAWAUNG said...

ရုပ်ကိုက လမ်းဘေးသေးပန်း ပလက်ဖေါင်းခေါင်းအုံး
မသာပုဆိုးယူဝတ် ၀က်စာခိုးစား
အရက်ခိုးသောက်အံဖတ်ဆို့သေမယ်ရုပ်မျိုး

aggawan said...

တောက် ... ဘယ်လိုမှကို အောင့်အီးပြီး ကြည့်လို့မရတဲ့ ရုပ် .. ဆိုးလိုက်တာမှ လွန်ရော ... လမ်းတစ်ခြမ်းခင်း အောင်သိန်းလင်း ဆိုပြီး နာမည်ထွက်နေပါတယ် ... အဲဒီကိစ္စကိုရော ဘယ်လိုရှင်းမလဲလို့ မေးကြည့်ပါလား ... ဖင်ပိတ်ငြင်းနေသေးရင် ရပ်ကွက်ထဲကို တရွတ်တိုက်ဆွဲပြီး သူခင်းတဲ့လမ်းတွေ လိုက်ပြလိုက် ...

Anonymous said...

ဒီပုတ်ထဲက ဒီပဲ

aung aung said...

ပြောလိုက်တာကတော့ လေကြီးမိုးကြီး နဲ့
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်ကြီး ၅ ရပ်တဲ့ ...
ဘယ်နားလေးမှာ ဖွံ့ဖြိုးတိုးတက်တာလဲတော့ မသိဘူး ...
ကျေးလက်ဒေသမှာတော့ ငတ်ပြတ်ပြီး သေကုန်တာတွေတင် မနဲတော့ဘူး သိလား ? ကျောင်းတွေက ကိုယ်ထူကိုယ်ထ လုပ်ရတယ် ...
ကျေးလက်ဒေသ တော်တော်များများမှာ ရေအိုး(မြေကိုဖုတ်ပြီး လုပ်ထားသောအိုး)(ရေ ၄ ဂါလံခန့်) များကို အသုံးပြုတာ များပါတယ်
အဲဒီရေအိုးလေးကို တစ်အိုးပြည့်အောင်လို့ အချိန်နာရီပေါင်း ၄နာရီ (သို့) ၅ နာရီခန့် ထိုင်စောင့်နေရတယ် ...နောက်မှာလည်း တန်းစီပြီးစောင့်နေတဲ့ အိုးများနဲ့ လူများက တစ်စီတစ်တန်းကြီးပါ
အဲဒါ ကျေးလက်ဒေသမှာ ရေရရှိအောင် ဆောင်ရွက်ပေးတာလား ?
ကျေးလက်ဒေသတွေမှာ ဆေးရုံ ဆေးပေးခန်းတွေ မရှိလို့ မသေသင့်ပဲ သေကုန်တဲ့ ပြည်သူတွေ ထုနဲ့ဒေး ပါ ဗျာ ...တစ်ချို့ဆိုရင် အချိန်မှီမှာလျက်နဲ့ ပိုက်ဆံ မတတ်နိုင်လို့ ရင်နာနာနဲ့ အသေခံရတဲ့ လူနာတွေတောင် ရှိသေးတယ် ဗျာ ..တကယ့်ကို ရင်နာစရာပါ ဗျာ...အဲဒါနဲ့များ လုပ်ငန်းစဉ်ကြီး ၅ ရပ်တဲ့ ...
နောက်တစ်ခုက ဘာတဲ့...တိုင်းတစ်ပါး သြဇာခံ မဖြစ်ရေးတဲ့ ...
စောက်ရှက်မရှိတဲ့ကောင်တွေပဲ ဒီစကားလုံးတွေကို ပြောရဲ သုံးရဲသေးတယ်နော်..
မင်းတို့ကောင်တွေလုပ်လို့ မြန်မာပြည်ကို သူတစ်ပါးလက်ထဲ တစ်ဝက်လောက်ရောက်နေပြီဆိုတာ တစ်ပြည်လုံးနီးပါးလောက်သိတယ်ကွ..
ဘယ်နေရာက စီးပွါးရေးလုပ်ငန်းကိုပဲ ကြည့်ကြည့် နိုင်ငံခြားသားတွေပိုင်တဲ့ ကုမ္မဏီကြီးတွေပဲ .....မင်းတို့လိုကောင်တွေကတော့ တစ်ကိုယ်ကောင်းစိတ်နဲ့ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုပြီး လုပ်နေကျတာ ..
မင်းတို့ပထွေး တရုတ်တွေက မင်းတို့လိုကောင်တွေ များများရှိလေ ကြိုက်လေပဲ သိလား ?
မျက်ဖြူစိုက်လေ ဆရာ ကြိုက်လေ ဆိုတဲ့ စကားပုံအတိုင်းပဲ ..
မင်းတို့ပထွေး တရုတ်တွေက ၁ ကျပ်လောက်ပေးပြီး ၁ သိန်းဖိုးလောက် ယူတဲ့ ကောင်တွေလေ ..
နိုင်ငံရော ပြည်သူလူထုရော ဖွတ်ဖွတ်ညက်ညက် ကြေနေပြီကွ သိရဲ့လား?
ခွေးသူတောင်းစားတွေ ..ခွေးပါးစပ်က နတ်စကားထွက်ရဲသေးတယ်ကွာ.
ပြောရင်းနဲ့တောင် ဒေါသ ထွက်နေပြီကွ..
သားရေပေါ်အိပ်ပြီး သားရေနားကို စားရုံတင် မဟုတ်ဘူး ...အပြီးပိုင်တောင် ရောင်းစားချင်တဲ့ကောင်မျိုးတွေပဲ ...
မင်းတို့ကောင်တွေ နဲနဲလောက်လေးပဲ ရှက်တတ်ကြစမ်းပါကွာ ...
ဘယ်လိုဟာမျိုးတွေက မွေးထားလဲ မသိပါဘူးကွာ ?

Myanmar said...

ဒီဘဲပေါ့ကွာ သတင်းစာ၇ှင်းလင်းပွဲမှာ သတင်းထောက်တွေကိုေ-ွးလှန်ပြတာ...။ ။ အင်းခေတ်ကိုက ဆုတ်ခေတ်ဆိုတော့ လူယုတ်တွေ ထွန်းကားတဲ့ခေတ်ကိုး..။ ဒုက္ခ...ဒုက္ခ...ဒုက္ခ ။ ။

win said...

ဒီနေရာမှာတော့ ပါးစပ်က တရားတရားနဲ့ လက်ကတော့ ကားယားကားယားပါဘဲ၊မနိုင်မှာစိုးလို့နည်းမျိုးစုံနဲ့နှောင့်ယှက်နေတာကို အားလုံးသိနေတာ၊(အကြံကုန်ဂဠုန်ဆားချက်တဲ့)စောင့်ကြည့်ရဦးမှာပေါ့၊ ရုပ်ကိုက ဗျောင်လိမ်ဗျောင်စား....

မောင်ကံကောင်း said...

ကျ​နော်တို့​ နိုင်ငံမှာ လိုအပ်​နေတာဟာ ဖွံ့​ဖြိုး​တိုး​တက်​ရေး​နဲ့​ တိုင်း​တပါး​ ဩဇာခံ မဖြစ်​ရေး​ ဒီ ၂ ချက်က။ အခုလည်း​ လိုအပ်သလို ​နောင်လည်း​ လိုအပ်မယ်လို့​ ထင်ပါတယ်။....အိုက်စာသားလေး တော့ ကြိုက်တယ်
...............

nwenwe said...

တိုင်းပြည်အပေါ်မှာ ဘယ်တော့မှသစ္စာမဖောက်မဲ့ တရားဝင်ဖွဲ့ စည်းတဲ့ပါတီအားလုံး တို့  တိုင်းတပါးသြဇာခံမဖြစ်ရေးတို့ ဆိုတဲ့ စကားလုံးတွေက အဲ့ဒီပြောတဲ့လူရဲ့ ပါးစပ်နဲ့ မတန်ပါဘူး ရိုင်းရိုင်းပြောရရင် ခွေးပါးစပ်က နတ်စကားထွက်နေသလိုဘဲ ............တကယ်ကြတော့ အဲ့ဒီဟာတွေကို သူတို့ ဘဲလက်ကိုင်ပြုပြီး ကိုယ့်ပြည်သူအချင်းချင်းကို သစ္စာဖောက်အောင်လုပ် .. တိုင်းတပါးကိုမကောင်းပြောပြီး ဗမာချင်းချင်းကိုကျွန်လုပ်နေတာ ..............သူတို့ လက်ထဲကမလွတ်သမျှကတော့ တည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းနဲ့ ဘ၀ကိုဘယ်တော့မှရမှာမဟုတ်ဘူး .............ရီချင်လိုက်တာ တရားသဖြင့်နိုင်တာကိုဘဲဂုဏ်ယူချင်ပါတယ်တဲ့ ...........အရှက်ကိုမရှိဘူး

စက်တင်ဘာ မိုး said...

ခွေးပါးစပ်က နတ်စကားထွက်ဆိုတာ ဒါမျိုးပေါ့ ..... ထွီ ...

saw 00 said...

ကြံ့ ဖွတ်မှာ မူ၂မျိုး ရှိတယ် ပထမ တမျိုး က လူရှေ့ ကို ထွက် စင်ပေါ် တက်ပြီး အများ ကြားကောင်းတဲ့ စကားတွေ အော်မယ် ၊နောက်တမျိုးက နောက်ကွယ်ကနောက်ကွယ် မှာ ယုတ်မာတဲ့ လူမိုက်တွေ ကိုမွေးပြီး ယုတ်မာကောက်ကျစ် တဲ့နည်းတွေကို လုပ်ခိုင်းမယ် ၊ ခုတွေ့နေတာတော့ အဲဒီလိုလုပ်နေတာဘဲ ။

san said...

ကျွန်တော်မမှန်မကင်္နလုပ်ခဲ့ပါကနောင်ဘ၀တွင် gay ဖြစ်ပါစေလို့ကျိန်ပေါ့ဗျာ။

Anonymous said...

NLD (၁)ပါတီ တည်း အင်အား အလွန်ကြီးနေတာကို သိပ်မကြိုက်ပါဘူး.... ပြိုင်ဘက်ပါတီ ရှိစေချင်တယ်....
ဒါပေမယ်.... ပြည်ခိုင်ဖြိုးက ပြိုင်ဘက်ပါတီ ဖြစ်ရလောက်အောင် ကိုတောင် အရေအချင်း မပြည့်မှီပါဘူး....
ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စိတ်ရှိနေတာကို ပြည်သူတွေက စွဲနေအောင်သိနေလို့ပါပဲ....

ktd said...

မတရားသဖြင့် ကျွန်တော်တို့ အနိုင်ယူခဲ့ပြီးပါပြီ။ ခုလုပ်လို့ မရတော့
အသံကောင်းဟစ်ပြီး၊ ပြောနေခြင်းပါ။ မြိုတော်ဝန်တစ်ဦးအနေဖြင့် စည်ပင်လုပ်ငန်းလုပ်သလိုလိုနဲ့ ရွေးကောက်ပွဲအတွက် ရင်းခဲ့တာတွေ များခဲ့ပါတယ်။ တစ်ဝက်တစ်ပျက်နဲ့ တိုးလို့တန်းလန်းနဲ့ ကျန်ခဲ့တာတွေလဲ များလှပေါ့၊ ပေးခဲ့တဲ့ ကတိတွေလဲ ပျက်ခဲ့ပေါ့၊ ဘာမှ လုပ်ပိုင်ခွင့် အပြည့်အစ
မရှိတဲ့ ကိုယ်စားလှယ်တစ်ယောက်အဖြစ်သာ အဖတ်တင်တယ်။ အောက်မှာလဲ
ဖတ်ဖတ်မောပြီးကျန်ခဲ့တဲ့ အောက်လက်ငယ်သားတွေလဲ မျက်နှာ မပြ၀ံ့၊
သက်တမ်း တစ်နှစ်ကျော်ကျော်မှာ ကိုယ့်ကိုကိုယ်တောင် ရပ်တည်ချက်မှုမြဲအောင် ကြိုးပမ်းနေရလို့၊ ကိုယ့်ဒေသအတွက် ဘယ်လောက်များ အကျိုးသယ်ပိုးနိုင်ခဲ့သလဲ။ လွှတ်တော်မှာရော တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်း ပြုမူမိသလဲ၊ နှမြောစရာ အချိန်တွေနဲ့ မင်းသားကြီးလည်းမဖြစ်၊ ပတ်မကြီးလည်း မဖေါက်နိုင်။ ။ ။

Unknown said...

မဲခိုးပြီး ...နိုင်လာတဲ့ ကောင်ကများ.. ရာရာစစ တရားသဖြင့် .နိုင်ချင် ပါတယ်တဲ့..စောင့်ရှက်ကို.. မရှိဘူး...မျောက်ပါးစပ်က နတ်စကား ထွက်တယ် ဆိုတာ ..အဲဒါပဲ...

lwannaymie said...

ကိုယ်လုပ်တာအားလုံး....တရားတယ်လို့ယူဆထားတာလား။....နောက်ကဖင်ပေါ်နေပြီမရှက်ဘူးလားဟ...ရှက်မဲ့$ခွက်တွေမှမဟုတ်ဘဲ။

KKK said...

Look at his face. He looks like a villain.

စေလိုရာ said...

တရားသဖြင့်ဂုဏ်ယူချင်တယ်ဘယ်လိုစကားလုံးတွေလဲပြည်သူတွေကဒီစကားလုံးတွေကိုနားမလည်ဘူးဖြစ်နေတယ်ပြည်သူတွေကညံ့တာလားဒါမှမဟုတ်မောင်အောင်သိန်းလင်းတို့များအဓိပ္ပယ်ကောက်တာလွဲနေသလားတော့မသိဘူးပါးစပ်ကထွက်နေတဲ့စကားလုံးနဲ့လုပ်ရပ်တွေကသောက်တလွဲဖြစ်နေလို့လေ

Minn Aung said...

ဟာ........... ဒီနွားရုပ်ပုံကြီးမတင်ပါနဲ့လား ကျက်သရေမရှိလို့ပါ

ko myo said...

I don't believe.Your face and your comment is not sutible.

Shan Lay said...

တရား​သဖြင့်​ နိုင်တာကိုပဲ ကျ​နော်တို့​ ဂုဏ်ယူချင်ပါတယ်
ဒါပေမဲ့ မတရားသဖြင့် နိုင်ထားတော့ ကျ​နော်တို့​ ဂုဏ်မယူနိုင်ဘူးဖြစ်နေတယ်။
ဘယ်တော့မှလည်း ကျ​နော်တို့​ ဂုဏ်ယူလို့မရတော့ပါဘူး။
မတရားလုပ်ထားလို့ပါ။
လမ်းတစ်ဝက်ခင်း အောင်သိန်းလင်း

san said...

ကိုယ်စိတ်နဲ့နှိုင်းရင်ရိုင်ပါတယ်ဗျာ။

Shan Lay said...

တရား​သဖြင့်​ နိုင်တာကိုပဲ ကျ​နော်တို့​ ဂုဏ်ယူချင်ပါတယ်
ဒါပေမဲ့ မတရားသဖြင့် နိုင်ထားတော့ ကျ​နော်တို့​ ဂုဏ်မယူနိုင်ဘူးဖြစ်နေတယ်။
ဘယ်တော့မှလည်း ကျ​နော်တို့​ ဂုဏ်ယူလို့မရတော့ပါဘူး။
မတရားလုပ်ထားလို့ပါ။
လမ်းတစ်ဝက်ခင်း အောင်သိန်းလင်း

nationalism said...

i don't believe even you eat stool and said like this

စေလိုရာ said...

တရားသဖြင့်ဆိုတာဘာကိုပြောတာလဲယခုဖြစ်ပေါ်နေတဲ့လုပ်ရပ်တွေကရောတရားသဖြင့်ပဲလားသိချင်ပါတယ်မောင်အောင်သိန်းလင်း

mglanem said...

Alibaba Aung Thein Lin

မျိုးချစ်လူငယ် said...

အင်းပေါ့လေ
ကိုယ့်မဲဆွယ်တာကြောင့် သူတပါး ဒုက္ခ မရောက် စေချင်လို့ အိမ်တိုင်ရာရောက်
လိုက်ပီး ဆွယ်တရား ဟောတယ် ထားပါတော့ဗျာ...
လုပ်ကြည့်လေ
အမေစုတို့လို လာမယ် ဟေ့လို့ သတင်းလေး လွှင့်ပီး လာကြည့်
ဘာမှ အတင်း အတင်းကျပ် မလာမနေရ မခေါ်ပဲ လုပ်ကြည့်လေ
အမြီး တနံ့နံ့နဲ့ သခင်အားရအောင် ဟောင်ပြ အူပြမယ့် ကောင်တွေက လွဲပီး
ဘယ်သူမှ မရှိဘူး
ဘယ်သူမှ မလာမှန်း သိလို့ အရှက်မရှိ အိမ်ပေါက်စေ့ လိုက်ပြောနေရတဲ့ သူတွေကများ
သူတပါးကို ဒုက္ခမပေးချင်လို့တဲ့။ ထွီး ရွံ့လိုက်တာ။

အမြင်သစ် said...

ရုပ် ကို ကဗျာ ..တကယ်ပါ ခွေးဘီလူးရုပ်နဲ့။ အင်္ဂါရုပ် ဖတ်တတ်တဲ့
လူတော့ မဟုတ်ပါဘူး။ ဒီသူတောင်းစား ရုပ်ကြည့်ရတာ ဘယ်လို
မှ စိတ်ကောင်းရှိမဲ့ရုပ်မဟုတ်ဘူး။ ပြောတဲ့စကားတွေက ကြီးကြီး
ကျယ်ကျယ်တွေနဲ့ ဘယ်လိုမှ ကို မရှက်တတ်တဲ့ ခွေးတွေဘဲဗျာ။
ပြည်သူပ အသံတွေ မကြားကြတာလား။ နားမထောင်ကြတာလား
ရှက်တတ်ရင် လဲသေဖို့ကောင်းနေပီ။ အင်းပြောဝာာပြောရတာပါ
ရှက်တယ်ဆိုတာ ဘာမှန်းတောင်မသိတော့တဲ့ ခွေးတွေဖြစ်နေပီဘဲ

ယုယ said...

အောင်သိန်းလင်း
သည် ရန်ကုန်မြို့တော်စည်ပင်မှ ငွေများ မြေများ ကို အလွဲသုံးစားလုပ်သော သူခိုး၊ ဓမြ အကြီးစားတစ်ယောက်ဖြစ်ပါသည်....
ပြည်သူများ သူခိုး ဓားရိုးမကမ်းမိဖို့ အသိပေးလိုပါသည်...
ပြည်သူများ ကျောမချခင်က ဓားပြမှန်းသိဖို့ အသိပေးလိုပါသည်...
ပြည်သူများ တက်ညီလက်ညီ အောင်သိန်းလင်းအား ကန့်ကွက် ကြပါ (တနည်းအားဖြင့် သံပုံတီးပြီး တောချောက်ထုတ်ကြပါ)

Anonymous said...

That's why your guy is holding a corn in his hand behind you ???
Will you compete in clean way ???

FUNNY !!!!!!!!!!!!!!!! :)P

tapaungthi said...

အပေါ်က ကော်မက်တွေအားလုံးကြိုက်တယ်ဗျို့
အားလုံးကို tapaungthi လည်းပြောတယ်လို့သဘောထားပေးစေချင်ပါတယ်
စာတွေများလို့ မဆန့်မှာစိုးလို့ပါ
အဓိကစာကြောင်းတစ်ခုကတော့ ဖွတ် ဆို No ပဲ

သက္ကရာဇ် said...

အပြောလေးကတော့ သောတပန်ပဲ.....အကျင့်နဲ့ရုပ်ကတော့ တာတေကိုလန်နေတာပဲ....သောက်ရှက်လည်းမရှိဘူး....စိတ်လေတယ်...

vimpire said...

ဝေါ့....ထွီ!!!! .....
ဒီနှစ်အတွက် လူရွှင်တော် ဂန်ဖလားပြိုင်ပွဲမျာ သားသားလေး လူပျက်အောင်သိန်းလင်းက (((တရား​သဖြင့်​ နိုင်တာကိုပဲ ပြည်ခိုင်ဖြိုး​ပါတီက ဂုဏ်ယူမှာ ဖြစ်ပါတယ်။” ))) ဆိုတဲ့ ပျက်လုံးနဲ့ ချီးအပြည့်ဂန်ဖလား ရရှိသွားပါတယ်ခင်ဗျား....
ဆုရရှိတဲ့အချက်တွေကတော့
၁။ ခွေးပါးစပ်က နတ်စကားထွက်ခြင်း။
၂။ စောက်ရှက်မရှိခြင်း
၃။ စောက်ခွက်ပြောင်ခြင်း
၎။ သူခိုးကြီးဟု နာမည်ကြီးခြင်း
၅။ လူမုန်းများခြင်း
စတဲ့အချက်များနဲ့ ရရှိဆွတ်ခူးသွားခြင်းဖြစ်ပါတယ်...

ဟုတ်ကဲ..အခုလို ကြေငြာခွင့်ရတာ ရွံပါတယ်ခင်ဗျား....

aungthapyayhtun said...

တော်တော်ရီရတဲ့ ပျက်လုံးတွေပဲ ရှက်တတ်ရင်သေလိုရတယ် ငဖွတ်ရေ

Anonymous said...

Aung Thein Lin =Byaung Lane Butt..Korea min thar

soeminhtunn said...

ကျွန်တော်မေးချင်ပါတယ် ဦးအောင်သိန်းလင်း ခင်ဗျားတို့ကြံ့ဖွတ်ပါတီအနိုင်ရတယ်ဆိုတာ တရားသဖြင့်နဲ့အနိုင်ရတယ်ဆိုတာဟုတ်ပါ့မလား ခင်ဗျားရှက်တတ်ရင်ပေါ့ အမှန်ဖြေပေးပါ နောက်ပြီး ခင်ဗျားတို့လုပ်တဲ့ကျေးလက်ဖံွ့ဖြိုးရေးလုပ်ငန်းစဉ်ကြီး(၅)ရပ်ကိုလုပ်ကိုင်ဆောင်ရွက်တော့ ဘယ်ကရတဲ့ငွေကြေးတွေနဲ့လဲ ကိုကျိုးရှာစေတနာလုပ်ရပ်တွေမလား ပြည်သူ့ဘဏ္ဍာငွေကြေးတွေကို တဘက်လှည့်နည်းလမ်းနဲ့ အလွှဲသုံးစားလုပ်ကြတာဘဲမဟုတ်လား? ဟန်ပြအိပ်ထဲ့နည်းလေ။လေးစားပါတယ်ခင်ဗျားဒီလိုမျက်နှာပြောင်တိုက်တာ

Min Min said...

အောင်သိန်းလင်း၊ ခင်ဗျားရဲ့ စကားကို အတည် ပြောတယ်ဆိုရင် လောက်လေးခွနဲ့ ပစ်တဲ့လူ၊ အုတ်နီခဲနဲ့ ပစ်တဲလူ၊ NLD ဆိုင်းဘုတ်တွေကိုဖျက်တဲ့လူ၊ ဒေါ်အောင်ဆန်းစုကြည် ကိုပုတ်ခတ်သော စာ နှင့် CD ရေးသား ဝေငှထုတ်ဝေသူ၊ ဟောပြောပွဲလုပ် မဲ့ ကွင်း၊နေရာ မရ အောင်/မပေးသော တာဝန်ရှိသူ၊ ဟောပြောပွဲ သွားလို့ မရအောင် ကား/ရေယဉ်မငှား ရန်ပြောသော သူ တွေကို ဖော်ထုတ်ပြီး အပြစ်ပေးခြင်းဖြင့် လူယုံကြည်ပါစေ။

Min Min said...

နောက်ပြီး ဆန္ဒမဲပေးနိုင်သူ စာရင်းပြုစုထုတ်ပြန်သူ၊ တခြားပါတီဆိုင်းဘုတ်ထောင်လို့ မီးမပေးသူကိုပါ ဖော်ထုတ် အရေးယူရင် ယုံဖို့ စဉ်းစားမည်။

komyo said...

ပါးစပ်က ပြောနေတာတွေက မာရာတွေ လုပ်နေတာတွေက ကျိမ်စာတွေ
ဖွဲ့ ထားတဲ့အဖွဲ့ စည်းက ငတတ်ပျားအဖွဲ့  အဖွဲ့ စည်းနာမည်က ကြံဖွတ်ကျား
ဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ
မင်းတို့ ပါးစပ်တွေ ဟ မင်းတို့ လုပ်ရပ်တွေအတွက်ပြည်သူသန်း၆၀က ဂုဏ်ပြု
ပါမယ် ချားစီးပြီးစည်းရုံးရေးဆင်းလိုက်ပါကွယ်။

Powered by Blogger.