ရှားပင်လှကျေးရွာ မီးဘေးဒုက္ခသည်များကို ကူညီလှူဒါန်းမှုမပြုနိုင်အောင် မကွေးမြို့ နယ် အာဏာပိုင်များကတားမြစ်ထား
၁၃.မတ်လ ၂၀၁၂ Myanmar News Now
မကွေးမြို့  ယင်းတိုက်နယ် ရှားပင်လှကျေးရွာတွင် ၁၃.မတ်လ.၂၀၁၂ မနက် ၅
နာရီခန့်အချိန်တွင် မီးလောင်ကျွမ်းမူဖြစ်ပွားခဲ့ရာ အိမ်ခြေ ၂၆လုံးမီးဘေးသင့်ခဲ့ပြီး 
အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါသည်။
 ထို့ကြောင့်မကွေးမြို့မှ ပါရမီသွေး လူငယ် များဦးဆောင်ပြီး စေတနာရှင်များစုပေါင်းကာ
 လှူဒါန်းသော ဆန်အိတ် ၅၀ နှင့် အစားအသောက် အ၀တ်အစားများကို
 သွားရောက် ကူညီ လှူဒါန်းရာတွင် မီးဘေးသင့်ပြည်သူများ သို့လှူဒါန်းခွင့်မရခဲ့ပါ။ 
အဆိုပါ မီးလောင်မှု ဖြစ်ပွါးရာ ကျေးရွာသို့ ရောက်ရှိနေသောမြို့နယ်အုပ်ချုပ်ရေးမှူး 
ဦးလှရှောင် မှ တိုက်ရိုက်လှူဒါန်းခွင့်မပေးပဲ ခဏစောင့်ခိုင်းပြီး အစည်းအဝေး ၂ နာရီ ခန့်လုပ်ပြီးမှ
လှူဒါန်းသောပစ္စည်းများအား သူတို့အဖွဲ့ ထံတွင်သာ အပ်နှံထားခဲ့ရန်ပြောကြားခဲ့ပါသည်။
ထို့ အပြင်
ခွင့်ပြုချက်မရှိပဲလှူဒါန်းလျှင် အရေးယူမည်ဟုလည်း ခြိမ်းခြောက်ထားပါသည်။
 ထိုကိစ္စကို ရွာသူရွာသားများမှ မကျေနပ်သဖြင့် ရွာသားတစ်ဦးအိမ်တွင် အပ်နှံခဲ့ရာ 
မီးသတ်တပ်ဖွဲ့ဝင်များနှင့်ကြံ့ခိုင်ရေးဝတ်စုံဝတ်ထားသူများမှ ဦးလှရှောင် ထံသို့
လှူဒါန်းထားတဲ့ပစ္စည်းများကို သယ်ဆောင်သွားပါသည်
ထိုကိစ္စကို လူငယ်များမှ ချက်ချင်းမီးဘေးသင့်ရွာသူရွာသားများသို့
လွဲပြောင်းပေးအပ်ရန် ပြေကြားရာတွင် ဦးလှရှောင်မှ နောက်နေ့တွင်မှ ပေးမည်
မကျေနပ်ပါက အင်တာနက်မကလို့ ကြိုက်ရာတိုင်ဂရုမစိုက်ဘူး လို့ပြောပါသည်။
ထို့ကြောင့်အလှူရှင်များမှ ပစ္စည်းများကို ပြန်သယ်ခြဲ့ပီး ကိုယ်တိုင်ကိုယ်ကျ
 ပြန်လည်လှူဒါန်းနိုင်ရန် ကြိုးစားနေပါသည်။ ထိုနေရာတွင်ကြံ့ခိုင်ရေးဝတ်စုံဝတ်
 ထားသူများအား တာဝန်ရှိသူတစ်ဦးမှ နေ့တွက် ၃၀၀၀ စီဝေပေးပြီး မနက်ဖြန် 
၅၀၀၀ ကျပ် ရအောင်တောင်းပေးမည်  ပြောသံကြားခဲ့ရပါသည်
ထိုငွေများကို ဘယ်သူကစိုက်ပေး နေသည်မသိပါကြောင်း မီးဘေးဒုက္ခသည်များ 
သွားရောက်ကူညီဖို့ ကြိုးစားရင်း တားမြစ်ခံထားရတဲ့ မကွေးမြို့ ပါရမီသွေးလူငယ်
များအဖွဲ့ က Myanmar News Now ကိုပြောကြားထားပါသည်။
မီးလောင်မှုဖြစ်ပွါးပြီးတွေ့ ရတဲ့ ရှားပင်လှကျေးရွာရဲ့ မြင်ကွင်းပဲဖြစ်ပါတယ် (ဓါတ်ပုံ-Myanmar News Now)
ရှားပင်လှကျေးရွာ မီးဘေးဒုက္ခသည်များကို ကူညီလှူဒါန်းမှုမပြုနိုင်အောင် မကွေးမြို့ နယ် အာဏာပိုင်များကတားမြစ်ထား ရှားပင်လှကျေးရွာ မီးဘေးဒုက္ခသည်များကို ကူညီလှူဒါန်းမှုမပြုနိုင်အောင် မကွေးမြို့ နယ် အာဏာပိုင်များကတားမြစ်ထား Reviewed by သစ်ထူးလွင် on 07:32 Rating: 5
9 comments:
Ar Ga said...
ဒုက်ခေ၇ာက်သူတွေကို လှုတန်းနေတာတွေကို ပိတ်ပင်နေတာ နောင်ဘ၀ ပြိတာ ဖြစ်မယ့် သူတောင်းစားတွေ ..
Anonymous said...
အော်ဒုက္ခ..ဒုက္ခ
ဘယ်လိုအယုတ်တမာကောင်တွေပါလိမ့်.
Anonymous said...
မီရှို့ တာလဲသူတို့ ပဲနေမှာ...ဒါနဲ့ မဲရဖို့ အကြပ်ကိုင်တော့မယ်...စိတ်ဓာတ်တွေကတော့အောက်တန်းကျပြီးရင်းကျပဲ....
ဇော်ရှင်း said...
လူငယ်တွေက သွားပြီး အကူအညီပေးနေတာ၊လှူနေတာပါ။ မဲသွားဆွယ်နေတာမဟုတ်ပါဘူး။ဘာကိုတွေးကြောက်နေတာလဲ။စိုးရိမ်နေတာလဲ။ဘယ်လိုလူတွေလဲမသိဘူး။
datha said...
ဟေ့ကောင်
လှရှောင်
မီဒီယာခေတ်ရောက်နေပြီဆိုတာနားမလည်တော့
ခံပေါ့ကွာ
ပြည်သူတွေလက်ထဲမှာ INTERNET, Handphone, MP3,MP4
Mp5 တွေရှိနေပြီဆိုတာ သဘောပေါက်တော့
ပြည်သူတွေက လူဗြိန်းတွေမဟုတ်ဘူး မင်းတို့ထက်တတ်နေပြီ
မူကြိုကျောင်းသွားပြီး စာသင်လိုက်ပါအုံးကွာ.........
မင်းတို့ရဲ့နေ၀င်ချိန်ရောက်နေပြီလေ.......
မင်းကို မြုပ်မဲ့ 6ပေ 3ပေ ကျင်းတောင် အလကားမရတော့ဘူးမှတ်ပါ
datha said...
ဟေ့ကောင်
လှရှောင်
မီဒီယာခေတ်ရောက်နေပြီဆိုတာနားမလည်တော့
ခံပေါ့ကွာ
ပြည်သူတွေလက်ထဲမှာ INTERNET, Handphone, MP3,MP4
Mp5 တွေရှိနေပြီဆိုတာ သဘောပေါက်တော့
ပြည်သူတွေက လူဗြိန်းတွေမဟုတ်ဘူး မင်းတို့ထက်တတ်နေပြီ
မူကြိုကျောင်းသွားပြီး စာသင်လိုက်ပါအုံးကွာ.........
မင်းတို့ရဲ့နေ၀င်ချိန်ရောက်နေပြီလေ.......
မင်းကို မြုပ်မဲ့ 6ပေ 3ပေ ကျင်းတောင် အလကားမရတော့ဘူးမှတ်ပါ
Naing Lin said...
အင်းပေါ့လေ ဒီကောင်တွေက အင်တာနက်ဆိုတာကိုမကြောက်ဘူးပေါ့
ဘယ်ကြောက်ပါ့မလဲ သုံးမှမသုံးတတ်တာ..ဒီကိစ္စမျိုးက သူကတောင်
ဦးဆောင်ပြီးအလှုခံပေးရမှာ အဲလိုမလုပ်ပဲနဲ့ လှရှောင် ဆိုတဲ့ကောင် နာမည်
နဲ့လိုက်အောင်လုပ်နေပြန်ပြီ...ဒါကြောင်မင်းနဲ့ဒီရာထုနဲ့မလိုက်ပါဘူးကွာ
ဒါကြောင့် အာဏာရပါတီက ဒီကောင်တွေကိုနေရာလဲပေးဖို့တောင်ဆိုပါတယ်
ဒီလိုကောင်တွေ ရှိနေရင် အထပ်ပိုင်းပါ နေရာပျောက်မယ်နော် သတိထား
pyaponthu said...
မြန်မာပြည် ကဆင်းရဲတော့ မီးလောင်ရင် အကုန် ကုန်တော့တာဘဲ။အဲ့ဒါကို ကြည့်ပြီးအစိုးရကို အရမ်းစိတ်ဆိုးတယ်။ကိုယ်ဘို့ဘဲကြည့်တယ်။ပြည်သူကိုမကြည့်ဘူး။မြန်မာြုပုည်လောက်သံယဇာတ ပေါတာ မရှိဘူး။ဘာသံယဇာတ မှမရှိတဲ့ စကာင်္ပူက အချမ်းသာဆုံးနိုင်ငံတွေထဲမှာ ပါသွားပြီး။အဲ့ဒါခေါင်းဆောင်ကောင်းလို့ဘဲ။ဦးဏှောာက်ရှိတဲ့သူအုပ်စိုးတာနဲ့ ကွာတယ်ဆိုတာ ကမ္ဘာကို ကြေညာစရာမလိုဘူး။ကိုယ်ခြင်းစာစိတ်လုံးဝမရှိတဲ ဟာတွေ
mightkhae said...
မိုက်ခဲလေး
ဟေ့ကောင်တွေ မင်းတို့တွေဘာသိလို့လည်း လှရှောင်ဆိုတဲ့ကောင်က ပစ္စည်းတွေ သူဆီမှာထားခိုင်းတာ အကြောင်းရှိတယ်ကွ အဲ့ဟာတွေကို ဒုက္ခသည်တွေမပေးပဲ သူအိမ်မှာယူမလို့နမှာပေါ့ကွ ဒါလား အုပ်ချုပ်ရေးမှူး ဟားးးးးးးးးဟးးးးးးးးးးးးး ရာထူးနဲ့မလိုက်ပါဘူးကွာ ဆင်းပေးလိုက်စမ်းပါ
Powered by Blogger.