ဒေါ်အောင်ဆန်းစုကြည် ကို သွားကြိုတဲ့ ကြံ့ဖွံ့ အုပ်ချုပ်ရေးမှူး သတိပေးခံရ
ဒေါ်အောင်ဆန်းစုကြည် တံတားဦးလေဆိပ်မှ အောင်ပင်လယ်သို့ အလာတွေ့ ရစဉ်
( မတ်လ ၃ -၂၀၁၂ ) နေ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မန္တလေးစည်းရုံးရေးခရီးစဉ်
အတွင်း အမရပူရမြို့နယ် ၊ စာတော်ရွာအုပ်ချုပ်ရေးမှူးမှ  တံတာဦးလေဆိပ်မှာ သွားရောက်ကြိုဆို 
ခဲ့ပါသည်။ အခုလို ကြိုဆိုတဲ့ အတွက်ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ မှခေါ်ယူ သတိပေးခံရပါသည်။
အုပ်ချုပ်ရေးမှူးတစ်ယောက်ဖြစ်ေ
နပြီး ဒေါ်အောင်ဆန်းစုကြည်ကို သွားကြိုတယ်ဆိုတာ
အုပ်ချုပ်ရေးမှူးကို သတိပေးခဲ့တာဖြစ်ပါသည်။ 
 အမရပူရမြို့နယ် စာတော်ရွာ အုပ်ချုပ်ရေးမှူး က ဒေါ်အောင်ဆန်းစုကြည် ကို ကြည်ညို
 လေးစားလွန်းလို့ သွားကြိုမိတာကို အတိုင်ခံရပြီး ခေါ်ယူသတိပေးခြင်းခံရတဲ့
အထိ ဖြစ်သွားတဲ့ အတွက် အလွန်စိတ်မကောင်းဖြစ်ရတယ်လို့ စာတော်ရွာသား တဦးက
Myanmar News Now ကိုပြောပါသည်။  
တာဝန်ထမ်းဆောင်နေတာ ( ၁၁ ) ဦး ရှိကြောင်းလည်းသိရပါသည်။
Myanmar News Now
ဒေါ်အောင်ဆန်းစုကြည် ကို သွားကြိုတဲ့ ကြံ့ဖွံ့ အုပ်ချုပ်ရေးမှူး သတိပေးခံရ ဒေါ်အောင်ဆန်းစုကြည် ကို သွားကြိုတဲ့ ကြံ့ဖွံ့ အုပ်ချုပ်ရေးမှူး သတိပေးခံရ Reviewed by သစ်ထူးလွင် on 07:45 Rating: 5
9 comments:
သုခ said...
ထွက်လိုက်ပါတော့ဗျာ
Doctor said...
သတ္တိရှိရှိထွက်ပြီး ... သတ္တိရှိရှိ NLD ထဲဝင်လိုက်ပါ။
Tri Asian Taste said...
အဲဒါကျဉ်းမြောင်းတဲ့ အဖွဲ့အစည်းဖြစ်သွားမှာပေါ့။ အေးလေ အစကတဲက ဘာအမြင်မှ မရှိတာ ဆက်မမြောတော့ပါဘူး
tharzaw said...
နှုတ်ထွက်လိုက်လို့လည်း ဘာမှမဖြစ်ပါဘူးဗျာ။ ကျုပ်တို့ဆီမှာတော့
နှုတ်ထွက်ချင်လို့ ထွက်စာတင်တာတောင် မထွက်ခိုင်းတာရှိတယ်။
Anonymous said...
ခလေးတွေကျနေတာပဲ။
ဆိုင်းဘုတ်ဖျက်တဲ့သူ၊ လေးခွနဲ့ချောင်းပစ်တဲ့သူ၊ ကိုယ့်အချင်းချင်းခြိမ်းခြောက်သူ ..။
ကျပ်မပြည့်တဲ့လူတွေပဲ။
ကျော်ထိုက် said...
စိတ်ထားတွေ မြင့်မြတ် တာကို ပြသတာပဲ....အဆင့် မရှိတဲ့ သူတွေ ရှိနေတဲ့ ဒီပါတီ ကို ဘယ်သူ့ မှ မထောက်ခံ တာ မထူးဆန်းပါဘူး....
Anonymous said...
down witH RHINO PHOOT .
sky light said...
ဟေ ....ဘယ်လိုဖြစ်ကြတာလဲ..ကြံ့ဖွတ်ပါတီကို ထောက်ခံမည့်ပြည်သူမရှိကြတော့ပါလား...
soemyintthu said...
ခေါင်းစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို သွားကြိုတဲ့ အမရပူရ မြို့နယ် စာတော်ရွာ အုပ်ချုပ်ရေးမှူး သတိပေးခံရ လိုပြင်ပေးပါခင်ဗျာ။
အခုလို ကြိုဆိုတဲ့ အတွက်ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ မှခေါ်ယူ သတိပေးခံရပါသည်။ ဆိုတဲ့ အကြောင်းကို
အခုလို ကြိုဆိုတဲ့အတွက် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တိုင်ကြားခြင်းကို အမရပူရမြို့နယ် အုပ်ချုပ်ရေးမှူးမှ ခေါ်ယူသတိပေးခံရပါသည် လို့ ပြင်ပေးပါ ခင်ဗျာ။
မှတ်ချက် ။ အမရပူရမြို့နယ် စာတော်ရွာ အုပ်ချုပ်ရေးမှူးဟာ ကြံ့ဖွတ် မဟုတ်ပါ ။
မှားတဲ့ နေရာများ ပြင်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Powered by Blogger.