ပြိုင်တူ တွန်းလျင် ရွေ့နိုင်ပါတယ် (ဘီးလင်းတွင် ခဏတာပြောခဲ့တဲ့ မိန့်ခွန်း)

ပြည်သူတွေရဲ့ကြိုဆိုမှု ပြည်သူတွေရဲ့ထောက်ခံအားပေးမှုကြောင့် ကျွန်မတို့ အားတွေက ဘယ်တော့မှ မလျော့သွားပါဘူး အခုရှေ့မှာ ရေးထားသလိုမျိုးပေါ့ ပြိုင်တူတွန်းလို့ရှိရင် ရွေ့နိုင်ပါတယ်လို့... ကျွန်မတို့နိုင် ငံကို ရွှေ့ကြစို့ လို့ ကျွန်မပြောချင်ပါတယ် ကျွန်မတို့ နိုင်ငံကို ရွှေ့ဖို့ ဟာ ဆက်ပြီးတော့လုပ်သွားရမဲ့ လုပ်ငန်းပေါ့နော် အခု အခုချက်ခြင်းလက်ငင်းလုပ်ရမှာကတော့ ကျွန်မတို့မော်လမြိုင်ဘက်ရွှေ့ရပါမယ်လို့ ပြောချင်ပါတယ် ဘီးလင်းမြို့သူမြို့ သားအားလုံး ကျန်းမာချမ်းသာကြပါစေ

ဘီးလင်းမြို့မှ တာဝန်ရှိသူများလမ်းရှင်းပေးနေစဉ်
YPI
ပြိုင်တူ တွန်းလျင် ရွေ့နိုင်ပါတယ် (ဘီးလင်းတွင် ခဏတာပြောခဲ့တဲ့ မိန့်ခွန်း) ပြိုင်တူ တွန်းလျင် ရွေ့နိုင်ပါတယ် (ဘီးလင်းတွင် ခဏတာပြောခဲ့တဲ့ မိန့်ခွန်း) Reviewed by သစ်ထူးလွင် on 07:56 Rating: 5

7 comments:

Ebonie said...

ကျွန်တော်တို့ လူငယ်တွေအနေနဲ့ပြင်ဆင်ဖို့လိုအပ်နေပါပြီး အမေ အသက်ကြီးပါပြီး..... အမေ အတွက်အလုပ်လုပ်ဖို့ ၂၃ နှစ်တာ ပြတ်ခဲ့ရသောလူငယ် မျိုးဆက်များကို ကျွန်တော်တို့အသက်သွင်းဖို့လိုပါသည်။ ခေါင်းဆောင်းတွေအများကြီး နောက်တစ်ချိန်လိုအပ်လာပါမည်။

လူငယ်များအနေဖြင့် အသင့်ရှိရန်လိုအပ်လာပါသည်။ အမေသည် ဘယ်တော့မှ သားသမီးတွေကို ဘာလုပ်ပါလို့ခိုင်းမှာမဟုတ်ပါ။ နိုင်ငံချစ်စိတ်နဲ့ ငါတို့ပါဝင်ဖို့လိုပါသည်။ လူငယ်များ

mg myint said...

အောက်ကဓာတ်ပုံလေးမြင်ရတာနဲနဲတော.စိတ်ချမ်းသာသွားတယ်
အဲ.လိုအမြဲကူညီနိုင်ကြပါစေဗျာ

tapaungthi said...

ဟုတ်ပါတယ် လူငယ်တွေ အများကြီး အမေစုနဲ့လက်တွဲဖို့ တာဝန်တွေထမ်းဆောင်နိုင်ရပါမယ်
အမေစုရဲ့ မေတ္တာကိုမှီပြီးကြိုးစားစေချင်ပါတယ်
ခရီးစဉ် စ/ဆုံး အန္တရာယ်ကင်းရှင်းစွာနှင့်အောင်မြင်မှုတွေရရှိပါစေ

ကျော်ထိုက် said...

ဟုတ်ပါတယ်..ကျွန်တော် တို့ လူငယ်တွေ အမေစု နောက် ကို လိုက်ဖို့ ခုက တည်း က အရည်အချင်းရှိဖို့...တတ်နိုင်သည့် ဘက်က ကိုယ် စွမ်းဆောင် နိုင်သမျှ စွမ်းဆောင် နိုင်ဖို့....တိုင်း ပြည်တိုးတက် အောင် လုပ်ကိုင် နိုင်စွမ်း ရှိသလောက် လုပ်ဖို့ ကို ခုကတည်း က ကျွန်တော် တို့ လူငယ်များ လုပ်ဆောင် ကြပါစို့.....အပျော်အပါးများ..တခြား မလိုအပ်ပဲ ပျော်ရွှင်မှုများ..အသောက် အစားများ ကို လျော့ပြီး....လုပ်ကြပါစို့လို့...ဒါမှ သာ ကျွန်တော် တို့ အမေစု နောက်ကို ကပ်လျက် လိုက်နိုင်မှာပါ..ရှေ့က သွား ပြီး နောက် က မပါ လျှင် လည်း တိုးတက် မှုဆိုတာ မရှိပါဘူး...လို့ ကျွန်တော့် အမြင် ကို တင်ပြလိုက်ပါတယ်.....

ပုဂံစစ်သည် said...

ရဲသားတွေကိုပြောချင်တယ် မင်းတို့အခုလိုဒေါ်စုကို ကူညီပေးတာဟာလဲ နိုင်ငံ့တာဝန်ထမ်းဆောင်တာပဲ။ ဆက်လက်ပြီး နိင်ငံ့တာဝန်ထမ်းဆောင်နိုင်ကြပါစေဗျာ......

ဦးဦးမှော်ဆရာ said...

ဟုတ်ပါ့...ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါ၏။
State+ Market+ Civil Society (မြင်းသုံးကောင်"က" ရင်လှပြီပေါ့....)
ပြီးတော့- စတုထမဏ္ဍိုင်ဖြစ်တဲ့ Media လည်းအားကောင်းဖို့လိုပါသေးတယ်..။
ပါတီစွဲ၊ ပုဂိုလ်စွဲကင်းကင်းနဲ့....Street Politic မှ Table Politic သို့ကူးပြောင်း
နိုင်တဲ့ နိုင်ငံရေးရင့်ကျက်သော ပြည်သူလူထုလည်းလိုအပ်ပါသေးတယ်...။
ထစ်ခနဲရှိလမ်းပေါ်ထွက်တဲ့ (Activities) တွေထက်.... စားပွဲဝိုင်းထိုင်နိုင်တဲ့၊
တနည်းအားဖြင့် လွှတ်တော်မှာစကားပြောနိုင်မယ့် politicians တွေများများလို
အပ်ပါတယ်ဗျာ....။ ဒေါ်စုပါဝါနဲ့တွန်းကူပေးလို့ နိုင်ငံတော်ကြီး ပန်းတိုင်ရောက်ပါစေ...။

myan pyae thu said...

Yeah, Team work,The best leader= A May Su + supporters+ good followers then we shall get our goal.
Do not give up...they might give you $1 to get vote from you but do not forget that you can get thousand of dollars plus many things after we reach our goal.

Powered by Blogger.