ရတနာပုံ Web Portal ဝန်ထမ်းများအား အထက်လူကြီး၏ လူမဆန် လုပ်ဆောင်ခဲ့မှုများ

၂၄.၂.၂၀၁၂ သောကြာနေ့ ညနေ ငါးနာရီ ပုံမှန်ရုံးဆင်းချိန်တွင် ရတနာပုံ တယ်လီပို့ ကုမ္ပဏီ အမျိုးသားအဆင့် ရတနာပုံ ဝဘ်ပေါ်တယ်ဌာနသို့ ရတနာပုံဌာနကြီးမှူးဖြစ်သော ဦးမျိုးညွန့်အောင် (ဆိုလာစက်ရုံမှူး) ရောက်ရှိလာပါသည်။ ရောက်လာပြီးနောက် ရတနာပုံဝဘ်ပေါ်တယ်ရှိ ဝန်ထမ်းအားလုံးအား ရုံးဆင်းချိန်ရောက်ရှိနေသော်လည်း သူ မပြန်သရွေ့ မပြန်ခိုင်းပါ။ ညနေ ခြောက်နာရီ၌ ရတနာပုံဝဘ်ပေါ်တယ်ရှိ admin department မှ ကျန် department များသို့ ဆိုလာစက်ရုံတွင်တာဝန်ထမ်းဆောင်ရန် ရွှေ့ပြောင်းခြင်းခံရသော ဝန်ထမ်းအမည်များ ထုတ်ပြန်လာပါသည်။
တကယ်တမ်းတွင် ထိုသို့ ပြောင်းရွှေ့မည်ဆိုသော အကြောင်းကို ကြိုတင် အသိပေးခြင်း မရှိဘဲ ၂၄.၂.၂၀၁၂ သောကြာနေ့ ညနေ ငါးနာရီမှ ခြောက်နာရီ (၁နာရီအချိန်အတွင်း) တွင်သာ ဆုံးဖြတ်ရွေးချယ် ခေါ်ယူသွားခြင်းဖြစ်သည်။ ဆုံးဖြတ်ချက်မှာလည်း သူ့တစ်ယောက်ထည်း၏ ဆန္ဒနှင့် အာဏာကိုသာ သုံး၍ ရွေးချယ်သွားပါသည်။ ရွေးချယ်သွားသော ဝန်ထမ်းစာရင်းမှာ ပထမဦးစားပေး၊ ဒုတိယ ဦးစားပေးဆိုပြီး ခေါ်ချင်သူ နာမည်စာရင်းများကို ရုံးတက်ရုံးဆင်း လက်မှတ်ထိုးစာရွက်ကိုကြည့်၍ အမှတ်အသား ပြုလုပ်သွားပါသည်။ ထို ပထမဦးစားပေး လူစာရင်းရှိ ဝန်ထမ်းများကို ၂၅.၂.၂၀၁၂ စနေနေ့မနက် ၈ နာရီအရောက် ဆိုလာစက်ရုံသို့ သတင်းပို့ရုံးတက်ရမည်ဟု ပြောကြားသွားပါသည်။ ပထမဦးစားပေး လူစာရင်းရှိ ဝန်းထမ်းအားလုံးမှာ မိမိတို့ ပြောင်းရွှေ့လိုသော သဘောဆန္ဒ မပါပဲ ၂၅.၂.၂၀၁၂ စနေနေ့မနက် ၈ နာရီတွင် သွားရောက် သတင်းပို့ခဲ့ကြပါသည်။ ထိုသို့ သတင်းပို့ရာတွင် ရတနာပုံဌာနကြီးမှူးဖြစ်သော ဦးမျိုးညွန့်အောင် ရောက်ရှိမလာသေးသောအချိန်အတွင်း ပထမဦးစားပေးရွေးချယ်ခံရသော ရတနာပုံဝဘ်ပေါ်တယ်မှ ဝန်ထမ်းများအား ဗိုလ်ကြီးဦးဇော်လွင်ဦး မှ
 "မကောင်းရင် ကင်းအောင်နေ၊ မကင်းရင် ကောင်းအောင်နေ   လုပ်နိုင်ရင်လုပ် မလုပ်နိုင်ရင်ထွက်   တတ်ဖို့် မလိုဘူး၊ နပ်ဖို့လိုတယ်
  တော်ဖို့ မလိုဘူး၊ မချော်ဖို့ လိုတယ်   ရှိဖို့ မလိုဘူး၊ သိဖို့လိုတယ်  ၁၀ တန်းအောင်ဖို့ မလိုဘူး၊ အလိုက်သိဖို့လိုတယ်"
ဆိုသော ခြိမ်းခြောက်အရိပ်ပြစကားများ ပြောကြားခဲ့ပြီးနောက် ဆိုလာစက်ရုံရှိ လက်ရှိလုပ်ငန်းစဉ်များအား အပိုင်းနှစ်ပိုင်း ရှိကြောင်း ပြောပါသည်။ ထိုနှစ်ပိုင်းမှာ Installation and Production ပိုင်း ဖြစ်ပါသည်။ Installation ပိုင်းမှာ GSM Tour တိုင်များကို solar plate များလိုက်လံတပ်ဆင်ခြင်းဖြစ်ပြီး Production ပိုင်းမှာ ဖုန်း solar circuit များကို ခဲတို့ခြင်းဖြစ်ကြောင်း ပြောကြားပါသည်။ ပြောင်းရွှေ့ခံရသော ရတနာပုံဝဘ်ပေါ်တယ် ဝန်ထမ်းများမှ ယောကျာ်းလေးများကို "မင်းကားမောင်းတတ်သလား" ဟူသော မိမိပညာအရည်အချင်းနှင့် သက်ဆိုင်ခြင်း မရှိသော မေးခွန်းကို မေးခဲ့ပါသည်။ဝဘ်ပေါ်တယ်ရှိ ဝန်ထမ်းများ၏ ပညာအရည်အချင်းမှာ BE(IT) နှင့် B.C.Sc (Hons:) များသာ ဖြစ်ပါသည်။ မနက် ၁၀ နာရီအချိန်တွင် ရတနာပုံဌာနကြီးမှူး ဦးမျိုးညွှန့်အောင် (ဆိုလာစက်ရုံမှူး) ၏ ရုံးခန်းတွင် တွေ့ဆုံစကားပြောခဲ့ပါသည်။ ထိုသို့ ပြောကြားသော စကားများတွင် သူ၏ အုပ်ချုပ်မှုအာဏာသည် မည်မျှကြီးမားကြောင်းပြောကြားပြီး
 "နင်တို့ ကြပ်ကြပ် သတိထား၊  လူပါးမဝနဲ့   င့ါလက်ညိုးကွေးလိုက်ရင် ဘာဖြစ်မလဲသိလား  လက်ဝါးနဲ့ မျက်နှာ ဘယ်ဟာပိုကြီးလည်း ဘယ်သူစမ်းချင်လည်း"
 
ဆိုသော ခြိမ်းခြောက်စကားများ ပြောကြားခဲ့ပါသည်။ ထို့နောက် ဝန်ထမ်းများမှ မိမိတို့ မူရင်းဌာနတွင် ထမ်းဆောင်သော တာဝန်များကို ပြောကြားရာ
"အဲဒါတွေ င့ါကို လာမပြောနဲ့ ငါနားမလည်ဘူး င့ါကို စကားလုံးကြီးကြီးတွေ လာမပြောနဲ့" ဟု ပြောပြီး ဝန်ထမ်းများ၏ ပညာအရည်အချင်းကို မေးပါသည်။ ထိုသို့မေးကြားပြီး
"နင့်ဘွဲ့က ဘယ်နိုင်ငံက ရခဲ့တဲ့ ဘွဲ့မို့လို့လည်း အင်္ဂလန်ကလား အမေရိကန်ကလား ဒီနိုင်ငံက ဒီဘွဲ့စုတ်လောက်နဲ့ င့ါကိုေ-ာက်ဖင်ခေါင်း လာမကျယ်နဲ့
မြန်မာနိုင်ငံက ရတဲ့ဘွဲ့ ဘာလုပ်ရမှာလဲ နင်တို့ ဘယ်လောက်အရည်အချင်းရှိလည်းရှိရင် ဒီရှေ့မှာ ထိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် ပါးရိုက်ကြေးဆွေးနွေးမယ်လို့"
ခြိမ်းခြောက်ပြောဆိုပါသည်။

ထို့နောက် ဝက်ဘ်ပေါ်တယ် ဝန်ထမ်းများမှ မိမိတို့ လုပ်ကိုင်ရမည့် အလုပ်များကို မေးမြန်းရာ
"ငါခိုင်းတာလုပ် ဘာမှ ပြန်မမေးနဲ့" ဆိုပြီး ဟိန်းဟောက်ပြောဆိုပါသည်။
ထို့နောက် စောင့်ဆိုင်းခိုင်းထားသော အခန်းသို့ ပြန်လည်ပို့လွှတ်ပြီး  ဗိုလ်ကြီးဦးဇော်လွင်ဦးမှ
"နင်တို့ ခုနက ငါမသွားခင် သေချာမှာပြီး ပြောခဲ့တဲ့စကားလေးခွန်းကို မှတ်မိသေးလား" ဟု ပြန်လည်မေးမြန်းပါသည်။ ထိုစကားလေးခွန်းမှာ
 "တတ်ဖို့် မလိုဘူး၊ နပ်ဖို့လိုတယ်   တော်ဖို့ မလိုဘူး၊ မချော်ဖို့ လိုတယ်   ရှိဖို့ မလိုဘူး၊ သိဖို့လိုတယ်  ၁၀ တန်းအောင်ဖို့ မလိုဘူး၊ အလိုက်သိဖို့လိုတယ်" ဆိုတဲ့ စကားဖြစ်ပါသည်။
ထို့နောက် ရတနာပုံဌာနကြီးမှူး ဦးမျိုးညွန့်အောင် (ဆိုလာစက်ရုံမှူး) နှင့် တွေ့ဆုံချိန်က ဦးမျိုးညွှန့်အောင် မေးမြန်းသော လက်ဝါးနှင့် မျက်နှာ ဘယ်ဟာကြီးလဲဟု မေးမြန်းချက်ကို  မျက်နှာကြီးပါသည်ဟု  ပြန်လည်ပြန်လည်ဖြေဆိုမှုမှာ မှားယွင်းကြောင်း ပြောဆိုပြီး  ဖြေဆိုသင့်သည်မှာ
"ဟုတ်ကဲ့ ဗိုလ်မှူး ဟုတ်ကဲ့ လက်ဝါးကြီးပါတယ်" လို့ ခေါင်းငုံ့ဖြေဆိုသင့်ကြောင်း ပြောပါသည်။ ထို့နောက် ဝန်ထမ်းများမှ မူရင်းဌာနသို့ ပြန်လည်မေးမြန်းမည်ကို ပြောကြားရာတွင်
"မလိုဘူး။ မင်းတို့က အခု ရတနာပုံဝဘ်ပေါ်တယ်နှင့် လုံးဝမသက်ဆိုင်တော့ဘူး မင်းတို့အားလုံး ဆိုလာလက်အောက် ရောက်နေပြီ လူညီရင် ဤ ကျွဲဖတ်ကြပေါ့ စနေနေ့ ရုံးဖွင့်တယ်ရုံးမတက်ရင် မင်းတို့အားလုံး ပျက်ကွက်လုပ်ပစ်မည်" ဟု ပြောပါသည်။
ထို့နောက် ဝန်ထမ်းများမှာ မူရင်းဌာနသို့ ပြန်လည်ရောက်ရှိ သတင်းပို့ပြီးချိန်တွင်  ရတနာပုံ ဝဘ်ပေါ်တယ်ဌာနသို့ ရတနာပုံဌာနကြီးမှူး ဦးမျိုးညွန့်အောင် (ဆိုလာစက်ရုံမှူး) ရောက်ရှိလာပြီး ပြောင်းရွှေ့ခံ ဝန်ထမ်းများကို ရုံးရှေ့သို့ ခေါ်ယူပြီး လာမည့် ၂၇.၂.၂၀၁၂ (တနင်္လာနေ့) တွင် ဆိုလာစက်ရုံသို့ အလုပ်ဆင်းရမည်ဖြစ်ကြောင်း အကယ်၍ လာမဆင်းနိုင်သူများ အလုပ်ထွက်ရမည်ဆိုသော ခြိမ်းခြောက်စကားပြောဆိုပြီး အလုပ်ထွက်ကြောင်း လက်မှတ်ထိုးခိုင်းပါသည်။
 ပြောင်းရွှေ့ခံဝန်ထမ်းများမှာ မိမိပညာအရည်အချင်းနှင့် မကိုက်ညီသော အလုပ်ဖြစ်ရသည်ကတစ်ကြောင်း၊ မိမိသဘောဆန္ဒမပါ ကြိုတင်အသိပေးခြင်းမရှိဘဲ အတင်းအဓမ္မ ပြောင်းရွှေ့ခံရခြင်းကတစ်ကြောင်း၊ လူလူချင်း ရိုင်းပြကြမ်းတမ်းစွာ အာဏာသုံး ပြောဆို ဆက်ဆံခံရခြင်းကြောင့်တစ်ကြောင်း ယခုကဲ့သို့ အများပြည်သူ သိစေရန် လေးစားစွာဖြင့် အသိပေးအပ်ပါသည်။
 by Min Ye Kyaw Swar

အဆိုပါသတင်းနှင့် ပါတ်သတ်၍ တခြား ရတနာပုံ Web Portal ဝန်ထမ်းများ ကလည်း Myanmar News Now ကို အတည်ပြုပြောဆိုကြပါတယ်။ 
ရတနာပုံ Web Portal ဝန်ထမ်းများအား အထက်လူကြီး၏ လူမဆန် လုပ်ဆောင်ခဲ့မှုများ ရတနာပုံ Web Portal ဝန်ထမ်းများအား အထက်လူကြီး၏ လူမဆန် လုပ်ဆောင်ခဲ့မှုများ Reviewed by သစ်ထူးလွင် on 14:58 Rating: 5

48 comments:

Double T said...

အော်...အော်.... အာဏာရူး ရူးနေပါလား

kyaw said...

ရတနာပုံမှာ ဝက်ပေါ်တယ်ဆိုတာ ဒါကိုပြောတာကို...ဘယ်ဈေးနဲ့ ပေါ်လဲမသိဘူးနော်..။

Toe Gyi said...

စစ်တပ်ကကောင် အုပ်ချုပ်မှတော့ ဒီအတိုင်းဖြစ်မှာပေါ့ ပညာရဲ့ တန်ဘိုးဘယ်သိမလဲ ပညာဆိုတာ အတန်းတက်ခြင်းလို့သာ နားလည်ထားတော့ ဒီလူရဲ့ လက်အောက်မှာ လုပ်မဲ့အစား ထွက်တာကမှကောင်းမှာပါ၊ မြန်မာပညာ ရေးကိုစော်ကာတဲ့ သူကိုတိုင်က ပညာဆိုတာကို နားလည်ခဲ့တာမှ မဟုတ်တာ သူ့ရဲ့ လာရာကိုကြည့်လိုက်လေ စစ်တပ်က လာတာဆိုကတဲက အတွေး အခေါ်က ဘေးချော်ပြီးသာ ဖြစ်နေပြီ၊ ပညာရဲရင့် ပွဲလယ် တင့်ပါတယ်ကွာ ကိုယ့် ပညာကိုယ့် အရည်အချင်း တွေကို ဘာမဟုတ်တဲ့ ကောင်းတွေ လက်အောက်မှာနေပြီး အဆွေး မခံ စမ်းပါနဲ့ကွာ...

paukpauk said...

အဲဒီလို လူမိုက်စကားပြော ပညာတတ်တွေရဲ့ အရည်အချင်းကို အသိအမှတ် မပြုပဲ စော်ကားတတ်တာ ဘယ်သူတွေလဲ သိကြတယ်မဟုတ်လား။

thethnin said...

တက်ဖို့ မလိုဘူး နပ်ဖို့လိုတယ်....

အင်း

ခွေးဖြစ်မယ့် စိတ်ထားပါလား..

tertee said...

အင်း...ခံယူချက်တွေ ကတော့ တယ်ကောင်းဘဲ...
ဒင်းတို.တွေ ကြောင်.မှ တိုင်းပြည်မပျက် ခံနိုင်ရိုးလား....

Naing Lin said...

အဲဒါလူကြီးလားကွ အကောင်ကြီးလို့လူကြီးခေါ်တာနေမှာပေါ့...ဒီလိုလုပ်ငန်းရှင်က အောင်မြင်နေသေးတယ်...လုပ်ထားပေါ့ကွာ အရင်စစ်အစိုးရလက်ထပ်က မင်းပြောတဲ့စကား
တွေနဲ့ကိုက်ညီအောင်လုပ်ခဲ့လို့ဒီလိုနေရာ ရနေတာကိုး သတိထားပါ မင်းတို့ကျဆုံးဖို့အချိန်ရောက်လာပါပြီ...ကိုယ်သူငယ်ချင်းကျောင်းဆင်းများလဲ ကိုယ့်ကိုကိုယ်ဘာမှအားငယ်စရာမလိုဘူး ကိုယ်ပညာကိုတန်ဖိုးထားပါ။ဒို့အတွက်အခွင့်အလမ်းတွေကလက်တစ်လှမ်းမှာပဲရှိတယ်..ဒီကောင်းတွေကျဆုံးတော့မှာ အားတင်းထား...သူဒီလောက်ထိအောင်မြင်တာ ၀န်ထမ်းတွေရဲ့ အရည်အချင်းကြောင့်ဆိုတာမသိလို့နေမှာပါကွာ ..တစ်နေ့တော့သိမှာပါ

kyitharoo said...

မြန်မာနိုင်ငံက ပေးတဲ့ ဘွဲ့ဘဲရတာပါ။ အရည်အချင်း သိချင်လို့တစ်ယောက်တစ်ချက် ပါးရိုက်ကြေး ပြောချင်တဲ့ လူကြီး။ မြန်မာလို မပြောဘဲ အင်္ဂလိပ်လိုဘဲပြောကြည့်ရအောင်။ မပြောနိုင်ရင်ပါးကို လက်ဝါးနဲ့မရိုက်ဘူး။ စီးလာတဲ့ ဖိနပ်နဲ့ကြည့် ဖြတ်ရိုက်မယ်။ ဘယ်လောက်တော်နေလို့ ပညာတတ်မဆန်တဲ့စကားပြောတာလဲ။

kyaw thu said...

စစ်တပ်ထဲမှာ အုပ်ချုပ်တဲ့ အတိုင်း အကျင့်ပါနေပြီ.. အပြင်က ပညာတတ် တွေကို အဲဒီလို အုပ်ချုပ်လို့ ရမှာတဲ့လား...
ဝန်ကြီးရဲ့မျက်နှာပေးမှု ကို ရနေလို့. အာဏာတွေ စွတ်ပြနေတာလား...
ခေတ်နောက်ပြန်ဆွဲတဲ့ အဲဒီလို အချိုးတွေ လာမပြနဲ့...

ရတနာပုံ Web Portal မှ သူငယ်ချင်းများ.. မင်းတို့ငြိမ်ခံနေမယ်ဆိုရင်.. နောင် မှာ အဲဒီ ငနဲကြီး အတင့်ရဲလာလိမ့်မယ်.. နောင်ကြဉ်သွားအောင်.. လုပ်လိုက်... သွေးအေးမှ မလုပ်ပါနဲ့.. အားလုံး စည်းစည်းလုံးလုံးနဲ့ ပြန်ပြီး တွယ်သာ တွယ်ကွာ..

မြှောက်ပေးတာမဟုတ်ဘူး...
ဒီမိုကနေစီ ဆိုတဲ့ လမ်းကြောင်းပေါ်မှာ စတင်လျှောက်လှမ်းနေတဲ့ ငါတို့ နိုင်ငံမှာ.. အဲဒါမျိုးဖိနှိပ်ချုပ်ချယ်တဲ့ အော်လံဖားတွေ ပျောက်သင့်ပြီထင်လို့ ပြောတာ...

yethwin said...

အဲဒီလိုပါပဲဗျာ....အဲဒီ န.ရ.ဖလက်ထွက်တွေက လူလိုမှမသိတာ..အာဏာရှင်စနစ်ကိုပြန်ပြီအသက်သွင်းချင်တာလေ..

gwantaylay said...

အဆင့်မရှိတဲ့ စကားလုံးတွေသုံးနေတဲ့သူဆိုတော့ အဲကောင်ဝန်ထမ်းလောက်တောင်..သောက်ဆင့်မရှိလို့နေမှာပေါ့..။ အဲလိုကောင်မျိုး ဒီနိုင်ငံမှာမရှိသင့်တော့ဘူး အဲလိုကောင်တွေရှိနေသရွေ့တော့ တိုးတက်မှာကိုမဟုတ်ဘူး..ဒါမျိုးကို အမှန်အကန် အလုပ်ထုတ်ပြစ်ရမှာ .မျိုးညွန့်အောင်ဆိုတဲ့ငနဲ..မင်းထွက်တော့..။မင်းအဆင့်နဲ့ အမှိုက်ကောက်ပြီး လုပ်စားဖို့ပဲကောင်းတယ်..ဆောတီး တောင်းစားမှတော်ရာကျမယ်..။ မင်းလစ်တော့..။

su said...

အဲသည်ကောင်ကို ဘယ်သူက အရေးယူမှာလဲ။ ဒါ အရေးကြီးတယ်လေ။ သက်ဆိုင်ရာကို တိုင်ပါ့လား၊ အများပြည်သူက သိရုံနဲ့ ပြီးမှ မပြီးတာပဲ

Anonymous said...

ခွီးတဲ့မှပဲ။ ဖတ်လာတာ တော်တော်မိုက်ရိုင်းတဲ့ လူကြီးတွေ မျိုးညွှန့်အောင် နဲ့ ဇော်လွင်ဦး ဟုတ်လား။ တောက် လုပ်ရက်လေခြင်း..ရိုင်းရက်လေခြင်း ကြည့်စမ်း ၀န်ထမ်းတွေအပေါ် .. ဖတ်လာတာ ဖတ်လာတာ ဆက်ဖတ်လာတာ မဆင်းနိုင်ရင်အလုပ်ထွက်လို့ခြိမ်းခြောက်တဲ့အနားရောက်လာတော့ ဟ..ဟုတ်ပကွ ဒင်းခံဖို့သာပြင်တော့လို့ အားရပါးရတွက်မိပြီးဆက်ဖတ်တာ ငါတို့ ၀န်ထမ်းတွေခမျာ ဘာမှမလုပ် ဘာမှမပြော လူ့ငနွားတွေဖြစ်ပါရောလား။

တောက်..ထမင်းလေးတစ်နပ်အတွက် ဒီလူအောက်တန်းစားအောက်ကျို့ရတဲ့ သတ္တိနဲ့စိတ်ဓာတ်ကိုတော့ လေးစားတယ်။ တိုင်ရီက အလုပ်သမားတွေ နဲ့ တစ်ခြားစီ။

မှတ်ထားဗျ..ကျွန်ဖြစ်ခံနေရတယ်ဆိုတာ ခင်ဗျားတို့ ကိုယ့်ဘာကိုယ်လည်းပြန်မေးကြည့် တန်လို့ခံနေရတာလား၊ မတန်ပဲခံနေရတာလား။

ဒီသတင်းဖတ်ပြီးတော့ ခံရတာတောင်နည်းသေးလို့ လှကျော်နေက မှတ်ချက်ဝင်ပေးသွားတယ်။ ဒါပဲ။

Myat said...

အင်း... ကြားရတာ တော်တော်လေး ရင်နာစရာကောင်းပါတယ်။ စစ်တပ်က လူကြီးဆိုတဲ့လူတွေက ဒီလိုပါဘဲ။ လူလူချင်း ရိုင်းပြကြမ်းတမ်းစွာ အာဏာသုံး ပြောဆိုဆက်ဆံတယ်ဆိုတာ သူတို့စစ်တပ်ရဲ့အကျင့်ပါ။ သူတို့ထက်ကြီးတဲ့ သူတွေကလည်း သူတို့ကို ဒီလိုဘဲဆက်ဆံပါလိမ့်မယ်။ ရာထူးကြီးလေရိုင်းလေလို့ပြောရမလားဘဲ ။ အခုခေတ်မှာ အရာရှိကြီးဆိုတဲ့ အပွင့်တွေအများကြီးနဲ့လူတွေ၊ အပွင့်ကြီးကြီးတွေ တပ်ထားတဲ့သူတွေလည်း အဆဲခံနေရတာပါဘဲ။ သူတို့ရဲ့ ဟိုးအထက်ကလူကြီးတွေကတောင် အရာရှိကြီးတွေကို ဆဲရေးတိုင်းထွာနေကြတာ လက်အောက်က အောက်ခြေ၀န်ထမ်းတွေဆိုတာ ပြောစရာတောင်မလိုတော့ ပါဘူး။ လူလို့တောင်မြင်မှာမဟုတ်ဘူး။ လုပ်နိုင်ရင်လုပ် မလုပ်နိုင်ရင်ထွက် ဆိုတာ သူတို့စစ်တပ်ထဲမှာ ပြောနေကျစကားဖြစ်ပါတယ်။ တကယ်တမ်းကျတော့ မခံမရပ်နိုင်တော့လို့ ထွက်စာတင်တဲ့သူတွေကိုကျတော့ ပေးမထွက်ပါဘူး။ ထွက်တဲ့သူများလာရင် သက်ဆိုင်ရာတိုင်းမှူးတွေ အဆူအဆဲခံရမှာကြောင့် ဖြစ်ပါတယ်။ အရပ်ဘက်ဝန်ထမ်းတွေ ကုမဏီဝန်ထမ်းတွေကမှ မခံနိုင်ရင် ထွက်လို့ရပါတယ်။ တပ်က အောက်ခြေအဆင့် အလုပ်လုပ်နေရတဲ့သူတွေ - ရဲဘော်တွေ၊ အရာရှိအရာခံတွေ ဘယ်သူမှထွက်လို့မရပါဘူး။ ကြုံလို့ပြောပြလိုက်ချင်ပါတယ်.. စစ်တပ်မှာ စည်းရုံးရေးကော်မတီဆိုတာရှိတယ်။ အတို စည်းကော် လို့ခေါ်တယ်။ တလတခါ စည်းကော်အစည်းအဝေးခေါ်တဲ့အခါ အစည်းအဝေးတက်ရတဲ့သူ တိုင်းက စိတ်ဆင်းရဲရပါတယ်။ ကော်ဆဲနေလို့ ဆဲကော်လို့တောင်ပြောလို့ရတယ်။ လူကြီးဇနီးတွေ ဥကဌလုပ်တဲ့ မိသားစု စည်းကော်လည်းရှိတယ်။ မိန်းမအချင်းချင်း အမိန့်ပေးအုပ်ချုပ်နေကြတာ မြင်လို့ကြားလို့တောင် မကောင်းပါဘူး။ သူတို့မိန်းမတွေကိုယ်တိုင်က သူတို့ပခုံးပေါ်မှာ အပွင့်တင်ထားတယ်လို့ ထင်နေကြပြီးတော့ အောက်က အရာရှိတွေ ရဲဘော်တွေရဲ့ မိန်းမတွေကို သူတို့ပြောသမျှလုပ်ရမယ့် အမိန့်ပေးသမျှနာခံရမယ့်သူတွေလို့ဘဲသဘောထားပါတယ်။ ယောက်ျားတွေက သူတို့လည်းအဆူအဆဲခံရ မိန်းမဖြစ်သူကို ဆူဆဲမှာ စိတ်ပူရနဲ့ တပူပေါ်တပူဆင့်လို့ ရုန်းထွက်ဖို့ကြိုးစားလို့လဲမရဖြစ်နေကြတယ်ဆိုတာ သက်ဆိုင်သူ အကြီးအကဲများသိစေချင် ပြင်စေချင်တဲ့စေတနာနဲ့ ရေးသားလိုက်ပါတယ်။

aung said...

စစ်သားဆိုတော့ ဘယ်လိုလူစိတ်ရှိမှာလည်း ပြောတဲ့သူကိုယ်တိုင်း
ကမှဆယ်တန်းမအောင်းလိုဖြစ်မှာပေါ့။

phayoung2009@gmail.com said...

ဘာကြီးလဲ ဟ ! အဲ့ဒါ တကယ်အဖြစ်အပျက်ဆို.. ရွံစရာကြီး...
ထွီ! မိုက်ရိုင်းလိုက်တာ... ဘာကောင်တွေမို့လို့လဲ... အဲ့ဒါကို အဲ့လိုခံနေတဲ့ ၀န်ထမ်းတွေ ရှိရင် ပိုဆိုးလာမှာပဲ!

Anonymous said...

ပညာနဲ့  လုပ်ရတဲ့ အလုပ်တွေကို စစ်တပ်က စာမတတ်တဲ့ကောင်တွေက လုပ်နေတော့ သူ့ နေရာနဲ့ သူဂွင်ကျအောင် မထားတတ်တာ မဆန်းပါဘူး . . . သူတို့ တတ်တဲ့ပညာက အကြမ်းပတမ်းပညာဆိုတော့ လူရော စိတ်ရော စကားလုံးတွေပါ ကြမ်းတမ်းနေတာကလည်း သူတို့ လိုလူတန်းစားတွေအတွက် ထမင်းစား ရေသောက်ဖြစ်နေပါပြီ . . .ကောသလအိပ်မက် ၁၆ ချက်ထဲက ရွှေခွက်ကို သေးပန်းတဲ့ ခွေးအိပ်မက်က သူတို့ ကို နံမိတ်ပြတဲ့ ဟာပဲ. . .မကောင်းသူခံ ကောင်းသူစံ သူဟာနဲ့ သူ နိဂုန်းချုပ်သွားပါလိမ့်မယ် ဒီအဆင့်မရှိတဲ့ကောင်တွေ သွားတော့မှာပါ . . .

Myanmar said...

ကြိုက်တယ်။ မြန်မာနိုင်ငံသားဆိုတာ ဒါဘဲ။ မတ၇ားတာကို ခေါင်းငုံ့မခံဘူး။ ဒါပေမယ့် မင်းတို့လုပ်၇မှာ၇ှိသေးတယ်။ ဒီလောက်နဲ့ ၇ပ်နေလို့မ၇ဘူး။ တို့နိုင်ငံမှာ ဥပဒေ၇ှိတယ်။ လုပ်ထုံးလုပ်နည်းတွေ၇ှိတယ်။ ဒီကောင်တွေ ဒီလိုအချိုးချိုးတာသည် သူတို့ေ-ာက်လုပ် မဟုတ်လို့ အနိုင်ကျင့်ခြင်းသာဖြစ်တယ်။ ဥပဒေ၇ှိတယ် ပြည်သူကိုချစ်တဲ့ သမ္မတကြီး၇ှိတယ်။ ၇ိုးသားတဲ့ လွှတ်တော် ဥက္ကဌကြီး၇ှိတယ်။ စည်းကမ်းပျက်တွေကို တိုင်တန်း၇န် ဌာနတွေ၇ှိတယ်။ အသေး အချက်လက်စုဆောင်းပီး ၀န်ထမ်းများ ပညာတတ်ပီပီ ပညာသားပါပါ ဆက်လက် အေ၇းယူဆောင်၇ွက်ကြပါ။ မင်းတို့သည် ပြည်သူများ၇ဲ့ေ၇ှ့ဆောင်ဖြစ်ကြပါတယ်။ ။

pannavamsa said...

စစ်သားတွေ ဘာတတ်လို့လဲ စစ်တိုက်ဘဲတတ်တာကို ဟိုနေရာကို အုပ်ချုပ်ခိုင်း ဒီနေရာကိုအုပ်ချုပ်ခိုင်း အထက်လူကြီးလဲသောက်သုံးမကျဘူး အောက်ကလူလဲ ဖားတယ် စစ်တပ်ကတွေအုပ်ချုပ်နေသ၍ တိုင်းပြည်မတိုတက်ဘူးမှတ်လိုက်ပါ

Lps said...

နည်းပညာတွေတိုးတက်

ယဉ်ကျေးမှုတွေ ပေါင်းစပ်...

အရှေ့နဲ့..အနောက်

အနောက်နဲ့...အရှေ့

တောင်.... နဲ့မြောက်...

မြောက်...နဲ့တောင်....

ကွားခြားမှုတွေများပြားနေတဲ့

ငါတို့ကမ္ဘာ.....

အရင်ကနဲ့မတူတော့ပါလား....

မေတ္တာတရားခေါင်းပါး

ကိုယ်ချင်းစာတရားကင်းမဲ့တဲ့

ငါတို့နိုင်ငံ....

အော်....စဉ်းစားရင်းတွေးကြည့်

တစ်နေ့တစ်ခြား

မေတ္တာငတ်မွတ်နေတဲ့

လူဦးရေတွေတိုးတိုးလာတယ်

သြော်...အရင်ကနဲ့

မတူတော့ပါလား............

လောကကြီးမှာ လူသားချင်းအတူတူ လောဘ၊ မောဟ၊ ဒေါသတွေကြားမှ

ကင်းလွတ်ဝေးကွာနိုင်ကြပါစေဗျာ..။

လွမ်းပိုင်ရှင်

Myanmar said...

ဗိုလ်ကြီးဦးဇော်လွင်ဦး (မြန်မာ စစ်တပ် အ၇ာ၇ှိ၇ဲ့ မြင့်မြတ်လှတဲ့ မိန့်ခွန်း)
"မကောင်းရင် ကင်းအောင်နေ၊ မကင်းရင် ကောင်းအောင်နေ လုပ်နိုင်ရင်လုပ် မလုပ်နိုင်ရင်ထွက် တတ်ဖို့် မလိုဘူး၊ နပ်ဖို့လိုတယ်
တော်ဖို့ မလိုဘူး၊ မချော်ဖို့ လိုတယ် ရှိဖို့ မလိုဘူး၊ သိဖို့လိုတယ် ၁၀ တန်းအောင်ဖို့ မလိုဘူး၊ အလိုက်သိဖို့လိုတယ်"

007 jambom said...

head office have myanmar country no improve

KOSAICOS said...

အော် မိုက်ရိုင်းလိုက်လေးခြင်း ဘယ်ကများလာသလဲမေးချင်တယ် စက်ရုံရဲ့အုပ်ချုပ်သူတဲ့ ကွာ ဘာမှတော့ မပြောလိုပါဘူး သူ့လုပ်ပိုင်ခွင့်ဆိုတော့လဲ လုပ်ပေါ့

maxdiego said...

အော်သူပြုတဲ့ သူ့ ကံ ပဲပေါ့ ...
စောင့်ကြည့်လိုက်ပါ...ဘယ်လောက်ကြာရှည်ခံမလဲလို့ ...

Aung Soe Oo said...

ဟာဘာကောင်တွေလဲ ဒီကောင်တွေရဲ့ပညာအရည်အချင်းကရောဘယ်လောက်တတ်ကျွမ်းပြီးအရည်အချင်းရှိနေလို့လဲ DSA မှာဒါမျိုးတွေသင်လို့လားမေးကြည့်စမ်းပါ ခွေးသူတောင်းစားတွေပညာရှင်တွေကိုစော်ကားနေတာ...ဒီပုံစံမျိုးနဲ့တို့နိုင်ငံဘယ်တော့မှမတိုးတက်ဘူး ပညာတန်ဖိုးနားမလည်တဲ့ကောင်တွေ....

Chit Pe said...

သောက် ရူး ကြီး။

လရောင်ဝါ said...

စစ်တပ်ကကောင်တွေမိုက်ရိုင်းတာတော့ပြောမနေနဲ့ အခွန်ဌာနမှာလဲဒီအတိုင်းပဲ ကိုသစ်ထူးလွင်ရေ ရေးပြီးပို့ လိုက်မယ် Good Government Clean Government တဲ့ ရယ်ချင်သေးတယ်

Wayphyo said...

လူကြီးဆိုတာ နာယက ဂုဏ်(၆)ပါး(ဆေး၊ကွမ်း၊အရက်၊ဖဲ၊ဖာ၊ငွေ)နဲ့ပြည့်စုံ ရတယ်တဲ့

phomesatpaing said...

ဦးတို့ကတော့ ရိုးနေပြီ၊ဒါမျိုးတွေကြုံရပေါင်းများလို့ပျင်းတောင်ပျင်းသေးတယ်၊
အဲဒီလိုဟိန်းဟောက်သံတွေထဲမှာအဖြေပါနေတယ်ကွယ်၊သူတို့အဲဒီပညာတွေ
မတတ်တော့၊သူတို့ကိုအထင်သေးမှာဆိုးလို့ပညာရှင်တွေကို ကြောက်သွားအောင်၊နောင်ထပ်ပြီးအလုပ်နဲ့ပတ်သက်ပြီးမပြောအောင်၊ပြောရင်သူဘာမှထပ်ပြီးမရှင်းနိုင်တော့မပြောရဲအောင်ဟောက်တာပေါ့ကွာ၊အကြောက်တရားနဲ့
အုပ်ချုပ်တဲ့နည်းပေါ့၊နောက်မင်းတို့လုံးဝမမျှော်လင့်ထားတဲ့၊ယဉ်ကျေးတဲ့အ
သိုင်းအ၀ိုင်းမှာမသုံးတဲ့၊မိန်းကလေးဝန်ထမ်းတွေခေါင်းမဖေါ်ဝံ့အောင်အော်ဟစ်
တာတွေလာအုန်းမယ်၊အဲဒါမြန်မာပြည်မှာရှိတဲ့၊ဌာနအားလုံးမှာဖြစ်နေတာ၊
အထက်ကိုတိုင်ရင်လည်းညီလေး/အကိုကြီးနဲ့ပြီသွားတာပဲ၊ဦးတို့ဝန်ထမ်းသက်တမ်းတော့ခံခဲ့ပြီးပြီ၊မင်းတို့တွေကံကောင်းပါစေလို့ဆုတောင်းပါတယ်။

Susan said...

လက်နက်အားကိုး ပုဆိန်ရိုးတွေပါ ဆိုနေမှ.....

JP said...

ဦးမျိုးညွှန့်အောင်ဟုတ်လား သြော်နာမည်လိုက်အောင် တော်တော်ညွန့်တဲ့လူပဲဗျာ ခင်ဗျားက လူကြီးပြီး တော်တော်လေးကို အချိန်မစီးတဲ့လူပဲ ဒီပညာတွေ ဒီဘွဲ့တွေဆိုတာလည်း မြန်မာနိုင်ငံတော် က ပေးတဲ့ဘွဲ့ပဲလေဗျာ ဘာလဲ ခင်ဗျားက စောက်ဂရုမစိုက်တဲ့သဘောလား ဒါဆိုခင်ဗျားကို နိုင်ငံတော်က ပေးထားတဲ့ ရာထူးကလဲ စောက်ဂရုစိုက်စရာမလိုဘူးလို့ပြောလိုက်တာနဲ့အတူတူပဲပေါ့ ဒါဆို ခင်ဗျားဘာသာလက်ပဲကွေးကွေး အပျင်းပဲဆန့်ဆန့်ဂရုစိုက်စရာမလိုဘူးပေါ့ ဟုတ်ပြီးလား ခင်ဗျားပြောတဲ့စကားထဲမှာ အဖြေပါပြီးသားပါ ခင်ဗျာအခုလိုပြောတဲ့စကားတွေက နိုင်ငံတော်ကိုစော်ကားတာ ပေါ့နော် ခင်ဗျားဒီလိုစကားတွေပြောလိုက်ကတဲက ခင်ဗျား ဘယ်အတန်းအစားကလာတာဆိုတာ လူတွေကို ကိုယ်ဟာကိုဖော်ပြလိုက်တာပဲ ကိုယ်ကလူပီသအောင်နေရင် ဘယ်သူကိုမှခြိမ်းခြောက်စရာလည်းမလိုဘူး ဟုတ်ပြီးလား

Leo... said...

ဒီကောင်ကြီးတွေ.........အခုအချိန်အထိေ*ာက်ဖင်ခေါင်းက ကျယ်ချင်နေကြတုန်း......... ဘာမှ မတတ်ဘဲ ဟောက်စားလုပ်ပြီး အာဏာပြချင်နေတုန်း...
အဲဒါတွေကို ပြည်သူတွေက ခေါင်းငုံ့ခံနေရတုန်းပဲရှိသေးတယ်...... သူတို့ကိုပြန်ပြောလိုက်ချင်တယ် သတ္တိရှိရင် လက်နက်တွေ အာဏာတွေထားခဲ့လိုက်လို့...... ကျန်တာ ကြိုက်တာယှဉ်လို့ရတယ်..... ဘာမှ မတတ်တဲ့ ငတုံး ငအ အာဏာရူးတွေ........

Ko Phyo said...

"နင့်ဘွဲ့က ဘယ်နိုင်ငံက ရခဲ့တဲ့ ဘွဲ့မို့လို့လည်း အင်္ဂလန်ကလား အမေရိကန်ကလား ဒီနိုင်ငံက ဒီဘွဲ့စုတ်လောက်နဲ့ င့ါကိုေ-ာက်ဖင်ခေါင်း လာမကျယ်နဲ့
မြန်မာနိုင်ငံက ရတဲ့ဘွဲ့ ဘာလုပ်ရမှာလဲ နင်တို့ ဘယ်လောက်အရည်အချင်းရှိလည်းရှိရင် ဒီရှေ့မှာ ထိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် ပါးရိုက်ကြေးဆွေးနွေးမယ်လို့"
------လာခဲ့စမ်းပါ yangon info-tech ထဲကို ပါးရိုက် ဖိုမလိုဘူး နှဖူးတောက် ရင်တောင် ဦးနှောက်ထွက်မဲ့ စစ်တပ်ကအရာရှိတွေ မင်းတို့ DSA မှာဖတ်ထိပ်ပဲလုပ်တတ်တဲ့ကောင်တွေ နှဖူးထိပ် လေ့ကျင့်ခန်းဆင်းပေးမယ်။

အညတရ said...

ဒါကြောင့်ပြောခဲ့ဘူးပါတယ် ရတနာပုံ ခောတ်မဟုတ်တော့ဘူးလို့ အခု ဂျပန်ခေတ်ဖြစ်နေပြီဒါကြောင့် ရတနာပုံတယ်လိပို့ လို့ခေါ်မယ်အစား ဂျပန်တယ်လိပို့လို့ခေါ်သင့်နေပြီ ရက်စက်မှုတွေ အနိုင်ကျင့်မှုတွေ စီမံအုပ်ချုပ်မှုတွေ ဂျပန်ခေတ်ရောက်နေသလိုပါပဲ ...အားလုံးကိုလေးစားလျှက်

twantaythar said...

တပ်မတော် အရာရှိ ၂ ဦး ..မျိုးညွန့်အောင်နဲ့ ဇော်လွင်ဦး ....မင်းတို့ကို တိုတိုပဲပြောမယ် .. ခုတော့ ရတနာပုံတယ်လီပို့ပေါ့ ... အရင်က မြန်မာတယ်လီပို့ ...အဲဒီမှာ အရင်က တပ်မတော် ထောက်လှမ်းရေးက လူတွေ အုပ်ချုပ်ခဲ့ဘူးတယ် ... အခု အဲဒီလူတွေ ....ဘယ်လိုနေရာမှာ ဘာလိုခံစားနေရလဲ ဆိုတာ နဲနဲလောက် တရားရစမ်းပါ ...

Kingdavid said...

ဒိသတင်းအမှန်အကန်ဆိုတာအဲဒီဌာနက၀န်ထမ်းတွေကိုယ်တိုင်ဖုန်းနဲ.ဆက်ပြီး
ပြောပြပါသည်။လုံးဝ(လုံးဝ)အမှန်ပါ ဒီလိုအမှန်တွေကို ဘယ်သူကမှဘာမှမပြောဘူးလား ခေါ်ပြိးသတိပေးတာတွေ အလုပ်ထုတ်တာတွေရော်မလုပ်ဘူးလား ဘာမှမလုပ်ဘူးဆိုရင်အဖြေတခုဘဲရှီတယ် သူ.ကိုခေါ်ပြီးသတိပေးတာတွေ အလုပ်ထုတ်တာတွေမလုပ်နိုင်အောင်ကအဲလိုခေါ်ပြိးပြောမဲ.သူကသူ.အပြစ်ထက်ကိုယ်.အပြစ်ကပိုကြိးတာတွေလုပ်ထားတော. မပြောနိုင်မဆိုနိုင်ဖြစ်နေပြီလေ အဖြေကရှင်းပါတယ် လူ.အခွင်.အရေးကော်မရှင်ဆီပါလက်မှတ်တွေထိုးပြိးတိုင်ရမှာ အခုအချိန်ထိနိုင်ငံတော်ကမူဝါဒတွေပြောင်းနေတာတောင်ဒီလိုကောင်တွေကရှိနေသေးတယ် ဒီလိုကောင်တွေကြောင်.မို.လို.လဲတိုင်းပြည်မတိုးတက်တာ...ရှင်းသင်.တယ်အမှိုက်တွေကိုတာဝန်ရှိသူတွေက ဘယ်လိုသတင်းတွေမှာပါပါဒီလိုလူတွေက အရှက်တရားအကြောက်တရားမရှိတော.ဘူးဗျ

ခင်လေးငယ် said...

စိတ်ပျက်စရာကြီးပါ။ အဲလူကြီးက စစ်တပ်မှာကတည်းက ချဉ်ဖတ်ကြီးပါ။ စကားပြောလိုက်ရင် ပါးရိုက်လိုက်ရမလား ဆိုတာနဲ့ စတာပဲ။ စစ်သားတွေကိုဆို ဆဲဆိုလိုက်တာဆိုတာ ရစရာမရှိ။ ကကဆက်မှာကတည်းက ဗိုလ်ချုပ်ရဲ့ ပီအက်စ်အိုဆိုပီး နည်းနည်းရှိ ဗိုလ်ချုပ်တိုင်လိုက်ရမလား။ အခုပြုတ်သွားချင်လား၊ ပါးရိုက်လိုက်ရင် သွား ၃၂ ချောင်းကျွတ်သွားမယ်ဆိုပြီး အမြဲတမ်းပြောနေတာ။ အရပ်ဘက်ကလူတွေနဲ့စကားပြောလဲ အချိုးမပြေဘူး။ နည်းနည်းများစကားများများပြောမိရင် ပြောတဲ့သူကိုငါ့ အကြောင်းမသိသေးဘူးထင်တယ်။ မသိသေးရင်စုံစမ်းလိုက်အုံး။ ပြီးမှလာခဲ့။ ငါ့လက်ဝါးနဲ့တွေ့သွားမယ်တို့ဘာတို့ပြောတာ။ ကိုယ်တွေ့ပါ။ အရင်က ဘယ်သူ့ကိုတိုင်လို့ ဘာပြောရမှန်း မသိခဲ့ဘူး။ ငြိမ်ခံနေခဲ့ရတာ။ ရုပ်နဲ့တောင်မလိုက်ဘူး။ အလွန်တရာမိုက်ရိုင်းတဲ့ လူဖြစ်ပါတယ်။ အောက်တန်းကျတာ တရားလွန်တယ်။ အရင်ခေတ်ကသာ သည်းခံ နေကြရတာပါ။ အခုခေတ်မှာသည်းခံစရာ အကြောင်းကိုမရှိဘူး။ မည်သူမှ သည်းမခံကြပါနဲ့။

Mg Khwe said...

ကို သစ်ထူးလွင် ခင်ဗျား
ကောမဲန့်တွေက ဖတ်လို့ကောင်းပါတယ်။ ဒါပေမဲ့ တစ်ချို့သော အရေး အသားတွေဟာ အမျိုးသမီးတွေ၊ လူငယ်တွေ အတွက် အတုယူမှားစရာ ဖြစ်လာနိုင်တာကြောင့် အဲဒစ်(edit) လုပ်ပြီး တင်ပေးစေချင်ပါတယ်။ တန်ဖိုး ရှိတဲ့ ဒီ ဆိုဒ်ကို နံမယ် မပျက်စေချင်လို့ပါ။

ဖေကြီး said...

တက်ညီလက်ညီ အလုပ်ထွက်စာတင်လိုက်ကြပါ။ Operation ၇ပ်သွားအောင်။ ဒီလိုဆို သူတို့ဘာဆက်လုပ်မှာလဲ။

cnc said...

တယ်လီပို့က ဝန်ထမ်းတွေအချင်းချင်း ကုမ္ပဏီက ကိစ္စတွေကိုဘာဖြစ်လို့ လိုင်းပေါ်မှာဖွနေကြတာလဲမသိဘူးနော်။ မင်းတို့လူကြီးတွေမျက်နှာမထောက်ကြတော့ဘူးလား။ အဖွဲ့အစည်းတိုင်းမှာ အဆင့်လိုက်အဆင့်လိုက်တာဝန်ခံမှု ဆိုတာရှိရမယ်။ လူကြီးတွေကိုတင်ပြပြီး ပြေလည်အောင် ညှိနှိုင်းယူလိုက်ရင် အားလုံးအဆင်ပြေသွားမှာပါ။

shein said...

တကယ်ဒီလိုပြောခဲ့တာအမှန်ပဲဆိုရင်တော့ တော်တော့်ကို ဆိုးဝါးလွန်းပါတယ်။
အဲဒီက ၀န်ထမ်းတွေက ဒီလောက်ပြောခံရတာတောင် ဘာလို့ချက်ခြင်းမထွက် ကြရတာလဲ။
ဒီလိုပဲ အမြဲပြောခံနေရလို့လား၊ ခံနေရတာ အကျင့်ပါနေလို့လား။
ဆနွပြပြီး အကုန်ထွက်သွားကြပါလား။ သူတို့ယန္တယားရပ်သွားမှာပေါ့။
အကြောင်းအမျိုးမျိုးကြောင့် မထွက်နိုင်ရင်တောင် အထက်ကို တိုင်ကြားပြီး အရေးယူခိုင်းသင့်ပါတယ်။
နိုင်ငံသား အခွင့်အရေးတွေကို ရယူကြပါ။

cnc said...

လမင်းကိုခွေးဟောင်လို့ ရွှေလရောင်ပြောင်မပျက်တယ်လင်းလျှက်ပင်သာ

phyothiha said...

စိုးလိုက်တဲ့ ကောင်ကွာ
သူမွေးထားတာတွေ များထင်နေလားမသိဘူး
ပြောကြစမ်းပါ
လုပ်ကြစမ်းပါ
မခံကြစမ်းပါနဲ့ အရပ်ကတို့ ရေ.....................

TheReader said...

http://www.thithtoolwin.com/2012/02/web-protal.html
အရင်တချိန်က..ညဘက်ဂေါက်ရိုက်တဲ့လူကြီးအတွက် မီးအိမ်ပြပေးခဲ့ရ
တာတွေပြောပြချင်လိုက်တာဗျာ။

Nwe Yin Win said...

ပြည်သူဟာသူတို့နဲ့တန်တဲ့ အစိုးရကိုဘဲရပါတယ်၊
ပြည်သူတိုင်းဟာ ညီညွတ်ဖို့ လိုပါတယ်၊
ကျမတို့ ရဲ့ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တာရှိတယ် "လူမှာ အရေးကြီးဆုံး နှစ်ခုပဲရှိတယ်၊ အဲဒါကတော့ ကိုယ်ကျင့်တရားရယ်၊ အမှန်တရားကို မြတ်နိုးမှုရယ်၊ ဒါပဲဖြစ်တယ်။ ဘယ်နေရာမဆို အမှန်တရားအတိုင်း ပြောရဲရမယ်၊ ပြောရဲတဲ့ သတ္တိလည်းရှိရမယ်။" ဆိုတာပါ။ ကျမတို့ သတ္တိရှိဘို့လိုတယ်၊ ပြိုင်တူတွန်းရင် ရွေ့နိုင်ပါတယ်

ahnyatha said...

မျိုးညွှန့်အောင် (ဆိုလာစက်ရုံမှူး) ရဲ့ စိန်ခေါ်ချက်ကို လက်ခံလိုပါသည်။
အချိန် နေရာ ရွေးပါ။
လူသိရှင်ကြား လုပ်ချင်ပါသည်။ ကျေညာပါ။
ကျုပ်ရှုံးလျှင် ပါးရိုက်ခံရဲသည်။
မင်းရှုံးလျှင် (ရာဇပလ္လင်ပေါ်တက်တဲ့ခွေးလို)
မတန်မရာရယူထားတဲ့ရာထူးကနေ ထွက်ပါ။

ပေါက်ပေါက်ဆုပ် said...

ခွေးကို လူစကားပြောလို့မရပါဘူး ...ဒါကြောင့်မို့ ဒီအာဏာရူးတွေနဲ့ ပတ်သက်လို့ကတော့မပြောချင်ပါဘူး...ရှေ့က ညီအစ်ကိုတွေ ပြော သွားတာလည်း အားရစရာတွေချည်းဆိုတော့... ၀န်ထမ်းတွေနဲ့ ပတ်သက်ပြီးလို့ကတော့ စိတ်ထဲမှာ ဘ၀င်မကျဘူးဖြစ်နေတယ်..
ပညာဆိုတာ ကျောင်းကပေးလိုက်တဲ့ ဘွဲ့လက်မှတ်က အသုံးကျတာမဟုတ်ဘူး ... ကိုယ်တိုင်ဆုံးဖြတ်တတ်မှ အမှန်ကို အမှန် အတိုင်း မြင်တတ်မှ ပညာလို့ခေါ်တာပါ ...ဒီလောက်လူမဆန်အောင် ပြောနေဆိုနေတာတောင်မှ ဖက်တွယ်လုပ်နေရသလားဗျာ ... ခင်ဗျားတို့ ရထားတဲ့ ဘွဲ့နဲ့ ခင်ဗျားတို့သင်ခဲ့ရတဲ့ ပညာနဲ့ ခဲတို့ ရတဲ့အလုပ်လောက်ပဲလုပ်နိုင်တယ်လို့ ကိုယ့်ကိုယ်ကိုထင်နေသလား ... ကိုယ့်ပညာကိုတန်ဖိုးထားမှ သူများက တန်ဖိုးထားမှာပေါ့ဗျာ... ခြိမ်းခြောက်နေရင်ထွက်ပစ်လိုက်စမ်းပါ .. ခေါင်းဆောင်ဆိုတာ နောက်လိုက်ရှိမှဖြစ်တာပါ...အလုပ်ရှင်ဆိုတာ အလုပ်သမားရှိမှ ဖြစ်မှာပါ... ခင်ဗျားတို့ မထွက်နိုင်လောက်တဲ့ အကြောင်းပြချက်တွေ ရှိကောင်းရှိနိုင်မှာပါ ..ဒါပေမယ့် ခင်ဗျားတို့သင်ခဲ့တဲ့ပညာတွေကိုတော့ ကျွန်တော် တကယ်နှမြောတယ်..

kyaw zin tun said...

အဲဒီလူ ဘယ်ဘ၀ ရောက်မလဲဆိုတာ စောင့်ကြည့်ပါ ။ ခေတ်ပြောင်းနေပါပြီ ။ ထင်ရာစိုင်း၍ ရသော ၊ ခေါင်းငုံ့ခံနေရသော ခေတ်မဟုတ်တော့ပါ ။ မိမိ ပြုသော မကောင်းမှုတို့ကို လက်ရှိဘ၀တွင်ပင် လတ်လတ်ဆတ်ဆတ် ပြန်လည်ပေးဆပ်ရသော ခေတ်ကြီးရောက်ရှိနေပါပြီ ။

Powered by Blogger.