နှစ်သိန်းတန် GSM ဖုန်းများ မတ်လပထမပတ်အတွင်း အတိအကျ ချထားပေးမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပြည်တွင်းကုမ္ပဏီ (၂၃)ခုမှ ပူးပေါင်း၍ တန်ဖိုးနည်း ဂျီအက်စ်အမ်ဖုန်း သန်း ၄၀ စီမံကိန်းမှ ပထမအရစ်ဖုန်းအလုံးပါ တစ်သန်းခွဲကို မတ်လ ပထမပတ်အတွင်း ချထားပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ “မတ်လအတွင်းတော့ ဖြစ်အောင်ချထားပေးမှာပါ။ တန်ဖိုးကတော့ ကျပ်နှစ်သိန်းဖြစ်မှာပါ။ ရန်ကုန်မြို့အတွက် ဖုန်းအလုံးပါ တစ်သိန်းခွဲ သတ်မှတ်ထားပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာအတွက် တစ်သန်းခွဲလောက် သတ်မှတ်ထားပါတယ်ခင်ဗျာ” ဟု မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်များအရ သိရသည်။ “တန်ဖိုးနည်း ဖုန်းတွေက နောက်လပထမပတ်အတွင်းမှာ ထွက်မယ်လို့ ကြားထားပါတယ်။ ရက်အတိအကျတော့ ကျွန်တော်တို့ဆိုင်တွေကို ဘာသတင်းမှ ရောက်မလာသေးဘူး။ တန်ဖိုးဘာညာကိုလည်း အတိအကျ မသိရသေးပါဘူး။ အကယ်၍ တန်ဖိုးနည်းဖုန်းထွက်လာရင် ကျွန်တော်တို့ဆိုင်တွေက အရစ်ကျရောင်းပေးမယ့် အစီအစဉ်ကို စီစဉ်ထားပါတယ်။ ဒီတစ်ခေါက်တော့ဘဏ်နဲ့ မချိတ်တော့ဘူး။ အရစ်ကျ ဝယ်ချင်တဲ့သူတွေကို ဆိုင်ကပဲ စီစဉ်ပေးမှာပါ” ဟု ရွှေဂုံတိုင် Mr.Fone ဆိုင်မှ မန်နေဂျာကိုမင်းမင်းက ပြောကြားခဲ့သည်။ “မတ် ၂၇ ရက်လို့ ကြားတယ်။ ဖုန်းတန်ဖိုးကတော့ အမျိုးမျိုးကြားနေတာပဲ။ ငါးထောင်တန်ဖုန်းမရတော့ အခုလာမယ့် တန်ဖိုးနည်းဂျီဖုန်းပဲ စောင့်ရတော့မယ်ပေါ့” ဟု ရွှေဂုံတိုင်တွင် နေထိုင်သူတစ်ဦးက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ 
နှစ်သိန်းတန် GSM ဖုန်းများ မတ်လပထမပတ်အတွင်း အတိအကျ ချထားပေးမည် နှစ်သိန်းတန် GSM ဖုန်းများ မတ်လပထမပတ်အတွင်း အတိအကျ ချထားပေးမည် Reviewed by သစ်ထူးလွင် on 12:36 Rating: 5

86 comments:

Anonymous said...

ဆင်းကဒ်တစ်ကဒ်ကို နှစ်သိန်း ဒေါ်လာ ၂၀၀ ကျော်ကို တန်ဖိုးနည်းဖုန်းတဲ့လား။
ဆင်းကဒ်တစ်ကဒ်ကို နှစ်သိန်း ဒေါ်လာ ၂၀၀ ကျော်ကို တန်ဖိုးနည်းဖုန်းတဲ့လား။
ဆင်းကဒ်တစ်ကဒ်ကို နှစ်သိန်း ဒေါ်လာ ၂၀၀ ကျော်ကို တန်ဖိုးနည်းဖုန်းတဲ့လား။
ဆင်းကဒ်တစ်ကဒ်ကို နှစ်သိန်း ဒေါ်လာ ၂၀၀ ကျော်ကို တန်ဖိုးနည်းဖုန်းတဲ့လား။

ပြောတဲ့ပါးစပ်တွေ ရွှေချထား။

npt said...

နေပြည်တော် က ဘယ်နေ့ချပေးမယ်လို့ သိရရင် တင်ပေးကြပါ။ နေပြည်တော် ကမှ ဆက်သွယ်ရေး သွားလာရေး အစစ ခက်ခဲပါတယ်။ အစစ အရာရာ ပို လိုအပ်ချက်တွေ များပါတယ်။

SN said...

တန်ဖိုးနည်း နှစ်သိန်း.........ခွိခွိ...ဆသရက ၀ံကြီးဆိုတဲ့ သိန်းထွန်းကစပြီး တာဝန်ရှိသူဆိုတဲ့ ကြီး/ငယ်/လတ်တွေ မျက်နှာက တော်တော် ပြောင်တာဘဲ........

NLD Generation said...

“မတ်လအတွင်းတော့ ဖြစ်အောင်ချထားပေးမှာပါ။ တန်ဖိုးကတော့ ကျပ်နှစ်သိန်းဖြစ်မှာပါ။ "
ဟား ဟားေ--ာက်ရူးလား ဘယ်သူက ၀ယ်မယ်ပြောလို့ မတ်လအတွင်းတော့ ဖြစ်အောင် ချပေးမယ် ပြောနေတာလဲ ဖြစ်အောင် ပဲ ချ ချ မဖြစ်အောင် ပဲ ချချ ပြည်သူတော်တော်များများ မ၀ယ်ဘူးစိတ်ချ အဆိပ်ကို အဆိပ်မှန်းသိရဲ့သားနဲ့တော့ ဘယ်သူမှ သောက်မယ် မထင်ပါဘူး မသကာ ၀ယ်လဲ အဆိပ်ကြိုက်တဲ့သူတွေလောက်ပါပဲ ...

မီးငယ် said...

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှသတင်းကလည်းနော်
နိုဝင်ဘာရောက်ရင် ဒီဇင်ဘာမှချပေးမယ်ဖြစ်လိုက်၊
ဒီဇင်ဘာရောက်ရင် ဇန်န၀ါရီဖြစ်လိုက်၊
ဇန်န၀ါရီရောက်ရင် ဖေဖော်ဝါရီဖြစ်လိုက်၊
ဖေဖော်ဝါရီရောက်ရင် မတ်ဖြစ်လိုက် (သိပ်တော့မယုံသေးဘူး) နဲ့
Information နဲ့ Situation ကစိန်ပြေးတမ်းကစားနေသလိုပဲ...
ပြီးတော့လည်းတန်ဖိုးနည်းဖုန်းဆိုပြီး
ပေါ်တင်ချည်းကိုလာလာလိမ်နေတော့တာပဲ...
ပြည်သူများမပေါ်စေတနာကြီးမားလိုက်လေခြင်း...

Unknown said...

တန်ဖိုးနည်း ဆိုတဲ့အသုံးအနှုံး မသုံးထိုက်ပါဘူး။ ဂုတ်သွေးစုပ်ဖုန်း ဆိုရင်တော့ပိုဆီလျော်ပါတယ်။

NLD Generation said...

“မတ်လအတွင်းတော့ ဖြစ်အောင်ချထားပေးမှာပါ။ တန်ဖိုးကတော့ ကျပ်နှစ်သိန်းဖြစ်မှာပါ။ "
ဟား ဟား ဟား ဟား .. ဟားတိုက်လို့သာ ရယ်လိုက်ချင်တယ် ဘယ်သူက ၀ယ်မယ်ပြောလို့ ဖြစ်အောင်ချပေးပါ့မယ် ပြောနေတာလဲ ဖြစ် အောင်ပဲ ချပေးပေး မဖြစ်အောင်ပဲ ချပေးပေး အဆိပ်မှန်းသိရဲ့သားနဲ့ ဘယ်ပြည်သူမှ ၀ယ်မယ်မထင်ဘူး တို့ကတော့ မ၀ယ်ဘူး .. အယ် အဆိပ်ကြိုက်တဲ့သူတော့ ၀ယ်မှာပေါ့...

မြန်မာပြည်သား said...

ဟားဟားဟား..လိုတောင်မရီနိုင်တော့ပါဘူဗျာ...ခင်ဗျာတိုထိုင်နိုင်င့လောက်တော့ရောက်ဖူးစေချင်တယ်.....သူများနိုင်ငံတွေဆင်းကဒ်တစ်ကဒ်ကို...S$10 / 16 ဆိုရနေပီ..မြန်မာငွေနဲ့ ဆို...၆၅၀၀ / ၁၀,၀၀၀ကျပ် ဆိုရနေပီ....သေးချာစဉ်စာပီမှလည်ပြောကျပါဗျာ...ကြည်လည်လုပ်ကျပါအုန်ဗျာ..ခေတ်မှီဖွင့်ဖြိုတိုးတက်သောနိုင်ငံတော်သစ်စီသို့ ဆိုတဲ့စာတန်လေးမေနေမှာဆိုလို့ ပါ........မြန်မာဆက်သွယ်ရေးကသန်ကြီခင်ဗျာ....

tharzaw said...

မ၀ယ်ဘူးကွာ။ မ၀ယ်ကြနဲ့ဗျာ။ လုပ်စားနေကြတာ။

Quote For Life said...

5000 တန် အခုထွက်ရင်တောင် ပိုက်ဆံမရှိပါဘူးဗျာ မဝယ်နိုင်ပါဘူး ဟူးးးးးးးးးးး

SM said...

ဘာလို့ အဲ့ဒီဈေးနဲ့ေ၇ာင်း၇တာလည်း
အမြတ်ကျန်အောင်လို့လား နိုင်ငံတကာ ပြောခဘဲကုန်တာ လူတိုင်းသိတယ် ဒီနိုင်ငံမှာ ဘာလို့အဲ့လောက်ဈေးကြီးနေ၇တာလည်း
အမြတ်များများကျန်အောင်လား ပြည်သူတွေကို ကြည့်တယ်ဆိုပါတော့

koko heav said...

ပြည်သူတွေကိုစေတနာသန့်သန့်နဲ့ကူညီကြပါတော့ဗျာ ဂုတ်သွေးစုပ်လို့ မ၀သေးဘူးလား ပြောတော့ တိုးတက်အောင်လုပ်မယ် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်အောင်လုပ်မယ်ဆို ပြည်သူတွေကိုဖိနှိပ်နေတုံးဘဲလား

TTMY said...

ယုံချင်ယုံ... မယုံချင်နေ... ဆက်သွယ်ရေးကတယ်လီဖုန်းဈေး

tharzaw said...

တစ်လုံး ဒေါ်လာ ၂၄၀×၁၅၀၀၀၀၀=၃၆၀,၀၀၀,၀၀၀$
ဒေါ်လာသန်း သုံးရာခြောက်ဆယ်။ သြော် တန်ဖိုးနည်းဖုန်း။

သက်မောင် said...

သက်သက်ညှစ်စား ကုမ္မဏီများကောင်းစားဖို့ရာ
၂ သိန်းတန်ဖုန်း ၀ယ်မသုံးပါ...
အလွန်ဆုံးညစ် နောက်တစ်နှစ်ပါ...
တစ်သန်းခွဲလုံးမရောင်းရတဲ့အခါ..
လျှော့ပေါ့ပေး ကျပ် ၅၀၀၀ ကိုသာ...
ထိုသို့မဟုတ်က..
နောက်လူအများ ၀င်ရောက်လာမှာ
ဖျက်လိုက်တော့ မင်းတို့ကုမ္မဏီကိုသာ..

Unknown said...

ဆင်းကဒ်တစ်ကဒ်ကို နှစ်သိန်း ဒေါ်လာ ၂၀၀ ကျော်ကို တန်ဖိုးနည်းဖုန်းတဲ့လား။
ဆင်းကဒ်တစ်ကဒ်ကို နှစ်သိန်း ဒေါ်လာ ၂၀၀ ကျော်ကို တန်ဖိုးနည်းဖုန်းတဲ့လား။
ဆင်းကဒ်တစ်ကဒ်ကို နှစ်သိန်း ဒေါ်လာ ၂၀၀ ကျော်ကို တန်ဖိုးနည်းဖုန်းတဲ့လား။
ဆင်းကဒ်တစ်ကဒ်ကို နှစ်သိန်း ဒေါ်လာ ၂၀၀ ကျော်ကို တန်ဖိုးနည်းဖုန်းတဲ့လား။
ahahha! damn funny!!!

Than Htike Aung said...

အားနည်းတတ်သူကိုမင်းထပ်မနှိပ်စက်နဲ့တော့

micromyo said...

it is not a cheap one.it is very expensive for low salary country(only 50 usd par month.)it is equal to four month of salary.

fridaytea said...

အားလုံးမ၀ယ်ကြလေ ကောင်းလေပဲဗျို့ ..........အားပေးတယ် ဘယ်သူမှမ၀ယ်ကြပါနဲ့

Min Chit said...

အော်.....သူတို့အတွက် ကတော့တန်ဖိုးနည်းတာပေါ့
ကျွန်တော်တို့အတွက် ကတော့မလွယ်ဘူးဗျ...................

philosophermgmyathar said...

မလေးရှားမှာ ဖုန်းဆင်းကဒ် တခုကို မလေးငွေ ၁၅ ရင်းဂစ်ပါ..အဲဒီအထဲက
မှ talk time ..အတွက် ၅ရင်းဂစ်အပါအ၀င် ၁၅ရင်းဂစ်ပါ..လက်ရှိ မှာ
မလေးငွေနဲ့မြန်မာကျပ်ငွေပေါက်ဈေးနဲ့တွက်ရင်မြန်မာကျပ် ၃၇၅၀ ပဲဖြစ်ပါတယ်
အဲဒီထဲမှာက talktime.free က မလေးရင်းဂစ်.၅ ရင်းဂစ်ပါဝင်ပါတယ်
မလေးရင်းဂစ် ၅ ရင်းဂစ်က မြန်မာလို.၁၂၅၀ ကျ ပါတယ်..အဲဒီတော့ခ်တိုင်းဖရီးက ၀ယ်ဝယ်ခြင်းတန်းပြီးပြောနိုင်အောင်ထည့်
ပေးထားတာပါ၊အဲဒီ ဖရီးတော့ခ်တိုင်းအတွက် မြန်မာလို၁၂၅၀ကိုနှုတ်လိုက်
ရင် ဆင်းကဒ်တန်ဖိုးက မြန်မာကျပ်ငွေ.၂၅၀၀ပဲရှိပါတယ်.အဲဒီဆင်းကဒ်ကို
ရပ်ကွက်ထဲက အိမ်ဆိုင်တွေတောင်မှာတောင်လွယ်လင့်တကူဝယ်ယူနိုင်ပါ
တယ်...တခါ အဲဒီဖုန်းလိုင်းကုမ္မဏီတွေက နယူးရီးယားလို.တရုတ်နှစ်ကူး
လို..ခရစ်စမ္မတ် လို ခါကြီးရက်ကြီးတွေမှာ.oversea .local .အစရှိ
သဖြင့် ဖရီးကော အလကားပေးပါကြောင်းမြန်မာပြည်မှာ ဆသရ.ငတုံးကြီး
များနှင့် ..ထုံထိုင်းမိုက်မဲသော အစိုးရ၀န်ကြီးများနှင့် ကုမ္မဏီမှ ဆိုသူများ
ခရိုနီသူဌေးကြီးများသိနိုင်အောင်တင်ပြလိုက်ရပေတော့သတည်း..

Myo Thant said...

ကချင်ပြည်နယ်ဖားကန့်မြို့နယ်တွင်တန်ဖိုးနည်း(GSM)ဖုန်းသုံးလို့ရမရသိချင်ပါတယ်ကျေးဇူးပြုရွေ့ဖြေကြားပေးပါဦးခင်ဗျား.......

ဦးမာဃ said...

တရုတ်မှာဆင်းကဒ်ကိုအလကားပေးတဲ့အပြင်စကားပြောခပါအပိုထည့်ထားပေးလိုက်သေးတယ်ဗျ။ ၀ယ်ပြီးနာရီဝက်လောက်ဆိုလိုင်းပွင့်သွားပြီ။ ဆင်းကဒ်ရောင်းနေကြတာတွေ
ကလဲ လမ်းဘေးတွေမှာပေါမှပေါဗျ။ မြန်မာပြည်မှာကွမ်းယာဆိုင်ပေါသလိုပဲ။ မြန်မာပြည်မှာ ဖုန်းလေးသုံးရဖို့လူကြီးနဲ့တွေ့ရ ၀န်ခံကတိလက်မှတ်တွေထိုးရ၊ ဟာသတစ်ခုလိုပဲ။

soecyclone said...

ဗျာ!နှစ်သိန်းတန်ဖုန်း...ဗျာ!ငါးထောင်တန်ဖုန်း...ဗျာ!...သုံးသိန်းတန်ဖုံး.
ဟာ..ပျော်လိုက်တာ...ဘယ်တော့ချပေးမှာတဲ့လဲ?
>>>>>>>>>>>> နောင်ဘ၀ <<<<<<<<<<<<<<<

စိုးလွင်ဥိး said...

မ၀ယ်ကြလေကောင်းလေပါပဲ။ ၂သိန်းလည်းမ၀ယ်နဲ့ ။ ၁သိန်းလည်းမ၀ယ်နဲ့ ။ဝယ်လိုအားမရှိရင်သူတို့ ကုမ္ပဏီလည်းကြာကြာတောင့် မခံနိုင်ပါဘူး။အချိန်ကြာတာနဲ့ သူတို့ ရဲ့ အရှုံးကိုစောင့် ကြည့် ရအောင်။ရွှေပြည်တံခွန်ဆိုရင်တော့  ၅၀၀၀ မဟုတ်လို့  ၅၀၀၀၀ ဆိုလည်းရှိတာလေးနဲ့ အားပေးကြရအောင်။ပြည်သူ့ ဂုတ်သွေးကိုစုပ်လို့ လည်းမ၀ကြသေးဘူးလား။ပြည်တွင်းပြည်ပမှအတတ်ပညာနဲ့ အရင်းအနှီးများဖိတ်ခေါ်..စီးပွားရေးဖွံ့ ဖြိုးတိုးတက်အောင်တည်ဆောက်ရေးဆို....

Anonymous said...

တန်ဖိုးနဲဖုန်းတဲ့...
မျက်နှာပြောင်တိုက်.လုပ်စားတာလား.
ပြည်ပအိမ်နီးနားချင်းနိုင်ငံတွေ.မရာက်ဘူးတာလား.
အတော်အရှက်မဲ့တဲ့ကောင်တွေ..

Myanmar said...

ဆင်းကဒ်ေ၇ာ ဟန်းဆက်ေ၇ာမှ စလုံးငွေ ၃၀ ဘဲ။ ဒါတောင် နိုင်ငံလိုခေါ်လို့၇၇ုံ ပိစိလေးဈေးကွက်က ကျဉ်းကျဉ်းလေး။ မြန်မာနိုင်ငံလို လူဦးေ၇ သန်း၆၀ နီးပါးဆိုတာ နဲနဲနောနော ဈေးကွက်ကြီးမဟုတ်ပါဘူး။ သြော်.. တော်တော်လဲ မိုက်တွင်းနက်ကြတဲ့ ဆက်သွယ်ေ၇းဝန်ကြီးနဲ့ ၀န်ထမ်းတွေပါလား။ ။

Myeik Group (Korea) said...

ဖုန်းချပေးမယ်ပဲ့ပြောသေးတာ..ပြောလို့ရမရဆိုတာမသိရသေးပါ..

Anonymous said...

ပြည်သူလူထုထက် ခင်ဗျားတို့ဟာပိုပြီး ဆင်းရဲမွဲတေနေတာပဲဖြစ်မယ်။ အထူးသဖြင့် စိတ်စေတနာသတ္တိနေရာမှာပေါ့။

ရှက်တတ်ရင် ကမ္ဘောဒီးယားမှာ မိုဘိုင်းဖုန်းနဲ့ ခင်ဗျားတို့ ဘုရားစင်ပေါ်တင်ပြီး စီးပွားရေးသောင်းကြမ်းနေတဲ့ ဆင်းကဒ်ဆိုတာတွေကို ဘယ်လိုရောင်းနေသလဲဆိုတာ အောက်က ကျုပ်ပေးတဲ့ လင့်ခ်ကနေသွားကြည့်။ မယုံသေးဘူးဆိုရင် Google မှာကိုယ့်ပါကိုယ်ရှာကြည့်ကြ။

http://ki-media.blogspot.com/2011/06/cambodias-booming-mobile-phone-market.html

http://blog.travelpod.com/travel-photo/surapong/cambodia-2007/1196842440/real-convinient-store-x.jpg/tpod.html

Anonymous said...

http://www.cellularabroad.com/packages-cambodia.html

အဲ့ဒီလင့်ကနေ ကမ္ဘောဒီးယားမှာ ဖုန်းဟန်းဆက်+ဆင်းကဒ် တစ်ပေါင်းတည်း ရောင်းတဲ့ဈေးကို တစ်ချက်ကြည့်လိုက်ကြ။

ပြီးရင် ကိုယ့်ကိုကိုယ် သတ်သေလိုက်ကြ။ အဲ့ဒီနိုင်ငံဟာ ပြီးခဲ့တဲ့လအနည်းငယ်တုန်းကနိုင်ငံတော်က တရားသူကြီးနဲ့တရားရေးဝန်ထမ်းတွေကိုလစာမပေးနိုင်တော့လို့ အကူအညီတောင်းထားရတဲ့နိုင်ငံပဲ။

ခင်ဗျားတို့ရဲ့ အာဆီယံဒေသတွင်းနိုင်ငံပေါ့ .. ထပ်ပြောမယ် ကမ္ဘောဒီးယားတဲ့ဗျ။

Anonymous said...

5000 KS SIMCARD IS BLOCK BY FORCE AND 200000 KS PHONE WILL BE SOLD FOR WHOM ???? IT IS ARMOUR DEMOCRACY>>>>>>>><<<<<<<<<

အမြင်သစ် said...

အင်းလေ အရင်တုန်းက ၂၅သိန်း သိန်းသုံးဆယ်ထက်စာရင်တော့ တန်ဖိုးနည်းသွားတာပေါ့။
တရစ်ချင်းတောရအောင်စားသဗျ။

Unknown said...

ဟိ....မွေးထဲံက ရှက်ကြိုးနဲ့ ချက်ကြိုးမှားဖြတ်မိထားလို့ ...
အရှက် လုံးဝ မရှိပါဘူးရှင်...အဲလေ.....။ဗျာ....

Ko said...

နောင်ပွင့်လတ္တံသော... အရိမေဒယ ဘုရားရှင်လက်ထက်တွင် လူအများသည်.... ကြီးမားသော နားရွက်ကြီးများကို ထမ်း၍ ' ဟဲလို..ဟဲလို နှင့် ကြားလား...ကြားလား ' ဟူတည်းသော စကားနှစ်လုံးကို သာရေရွတ်နိုင်၍ ဆင်းရဲဒုက္ခကြီးမားစွာခံစားနေရသော "ဆသရ" ဟု အမည်တွင်သော ပြိတ္တာများကို တွေ့ မြင်သောအခါ မြတ်စွာဘုရားရှင်သည်....
ငါးထောင်တန် sim card နှင့် GSM repeater တရားတော်ကို ဟောကြားတော် မူလေသတည်း။

kyaw said...

လုပ်စားနေကြတဲ့သူတွေကို(အခုအချိန်ထိ)
အားမပေးဘူးဗျာ..အခုဈေးကျလာတာသာကြည့်...
မ၀ယ်ရင်ဘာတတ်နိုင်မလဲ..
လျှော့ကိုလျှော့လာရမယ်ဗျ.....

ဖိုးတောက် said...

ကဲ ကိုလွင်နိုင်ဦးရေ... နောက်တစ်နှစ် ဆက်မျှော်ဦးမယ်နော်...

gwantaylay said...

တော်ကြပါတော့ဗျာ..ဒီဆက်သွယ်ရေးကကောင်တွေဘယ်တုန်းက အကောင်းပြောဖူးလို့လဲ...ခုတမျိုးတော်ကြာတမျိုး..နဲ့..အလုပ်လုပ်တာဘယ်လိုမှတိတိကျကျမရှိဘူး..ထွက်လာရင်လဲ တောင်ထိပ်ပေါ်တက်ပြောမှ..ကော်နက်ရှင် တတုံးလောက်မိမယ့်ဖုန်းကိုများ..2သိန်းတဲ့..။

Unknown said...

ဆက်သွယ်ရေးဝန်ကြီး
၅၀၀၀ တန် ဖုန်းမထွက်ခင် အမြန်ရောင်းမှ။

ဘကြီးမောင် said...

ဟုတ်တယ်..၂၀၀၀၀၀၀ ဆိုတာ တန်ဖိုးနည်းတဲ့လား... နိုင်ငံတကာ မှ သန့်ရှင်းရေးဝန်ထမ်းတောင်ဖုန်းပြောနိုင်တယ်(မယုံရင် ဟောင်ကောင်-ကောင်းလုံပတ်ဆိုတဲ့ပန်းခြံမှာ တံမြက်စည်းလှည်းတဲ့ အဖွားကြီးတွေကိုသွားကြည့်)၀န်ကြီးဆိုတဲ့ကောင်..သောက်သုံးကို မကျဘူး...ဒါနဲ့များတန်ဖိုးနည်း ဖုန်းတဲ့.. စည်ပင်အမှိုက်သိမ်းဝန်ထမ်း တွေကိုင်နိုင်တဲ့ အချိန်ကျတော့မှ ဒီစကားကိုပြော...(စည်ပင်ဝန်ထမ်းများကို စော်ကားခြင်းမဟုတ်ပါ) ကျုပ်တို့ က သိသိ ကြီးနဲ့ အလိမ်ညာခံနေရတာကို ရင်နာလွန်းလို့ပါ....

said...

အေးဗျာ သူတို့မိုလို့ မရှက်တယ်၊ မသကာ ရွှေပြည်တံခွန်ကို မင်းလောက်တော့ ငါတို့မရောင်းနိုင်ဘူး၊ ငါတို့က ၇၀၀၀-လောက်တော့ ရောင်းပါရစေနော်လို့ ပြောပြီးရောင်းရင်တော်သေး၊ သူများနိုင်ငံတွေနဲ့တော့ မယှဉ်နိုင်လောက်ပါဘူး၊ ခု ဆက်သွယ်ရေးဝန်ကြီးလဲ အောက်လက်အောက်ခံကုမ္ပဏီ(၂၃)ခု ရဲ့စကားတွေကိုလဲ မလွန်ဆန်နိုင်ဘူးထင်ပါတယ်၊ ကျုပ်တို့ အဓိက လုပ်ရမှာက အဒီကုမ္ပဏီ(၂၃)ခု အမည်တွေလိုက်ရှာပြီး နာမည်တွေကိုသိတဲ့သူက တင်ပေးဖို့ပါဘဲ၊ ပြီးရင်သူတို့နဲ့ သက်ဆိုင်တဲ့ ကုန်ပစ္စည်းတွေကို မ၀ယ်ဖို့ ၀ိုင်းတိုက်တွန်းပြဖို့ပါဘဲ၊ သူတို့ကမှ ပြည့်သူတွေ မျက်နှာကို မကြည့်ရင် ပြည့်သူတွေကလဲ.....

aung naing said...

အစိုးရနဲ့လုပ်ငန်းရှင်တွေပေါင်းပြိးပြည်သူကိုဂုတ်သွေးစုတ်တာတွေ၇ပ်တန့်ကြပါတော့။မရပ်ရင်မြန်မာနွေဦးလာတော့မယ်ဆိုတာကိုသတိပေးထားတာပါ။

Nay La said...

ဘော်ဒါတို.
နိုင်ငံတကာနှင့်ယှဉ်ပြီးပြောကြေးဆိုရင်ဒီနိုင်ငံအနေအထားနဲ.ဒီလောက်လုပ်ပေးတာ
ကျေးဇူးတင်သင့်ပါတယ်၊သူတို.ဘက်မှာလည်းအခက်အခဲတွေရှိနေနိုင်ပါတယ်။
အခြေအနေကိုအဖက်ဖက်ကသုံးသပ်ပြီးအကောင်းဘက်ကလည်းကြည်.သင့်ပါတယ်။
တော်ကြာနေ အမြင်ကပ်ပြီးပြန်ရုပ်သိမ်းသွားပါအုံးမယ်၊

Anonymous said...

ငါတို့ မြန်မာနိုင်ငံက ၀န်ထမ်းကိုလစာမပေးနိုင်တဲ့ ကမ္ဘောဒီးယားနိုင်ငံထက်တော့ ချမ်းသာတယ်ကွ။ ရေမြေအနေအထား ပထ၀ီအရပါ အချက်အချာကျလွန်းတယ်ကွ။ နိုင်ငံတကာနဲ့ယှဉ်နေတာမဟုတ်ဘူး အဲ့ဒီလို အာဆီယံဒေသတွင်းက ဆင်းရဲပါတယ်ဆိုတဲ့နိုင်ငံနဲ့ပဲ ယှဉ်ပေးနေတာ။

စာကိုသေချာဖတ်ကွာ။

Anonymous said...

မင်းတို့လိုလူတွေရှိလို့ ဒီဂန်းမသားတွေ သက်ဆိုးရှည်နေတာမမေ့နဲ့ မောင်နေလ။

d moe said...

...စောင့်မျှော်နေသူငါ.. စိတ်ကူးယဉ်နေသူပါ... မင်းလေးပေးမယ့်ဖုန်းတွေ... သိမ်းမထားနဲ့ တော့... အဖြူရောင် စိတ်တွေ လိုတာလား... အချိန်တွေတိုင်း အော်နေနိုင်မလား... မပြောင်းသေး မင်းတို့ အကျင့်တွေ... ပြောင်းပစ်ပါတော့... လူကြီးတွေ.... ဒန် ဒန် ဒန်...

d moe said...

စောင့်မျှော်နေသူငါ... စိတ်ကူးယဉ်နေသူပါ... မင်းလေးပေးမယ့်ဖုန်းတွေ... သိမ်းမထားနဲ့ တော့... အဖြူရောင်စိတ်တွေလိုတာလား... အချိန်တွေတိုင်း ငါမအော်နိုင်ပါ... မင်းတို့ ပေးမယ့်ဖုန်းတွေ... ဈေးလျှော့ ပါဦး... လူကြီးရယ်... ဒန် ဒန် ဒန်...

d moe said...

စောင့်မျှော်နေသူငါ... စိတ်ကူးယဉ်နေသူပါ... မင်းတို့ 
ပေးမယ့်ဖုန်းတွေ... သိမ်းမထားနဲ့ တော့... အဖြူရောင်စိတ်တွေလိုတာလား... အချိန်တွေတိုင်း ငါမမျှော်နိုင်ပါ... မင်းတို့ ပေးမယ့်ဖုန်းတွေ ... ဈေးလျှော့ပါဦး... လူကြီးရယ်...

mg kyant said...

အလကားပေးရင်တောင် မယူဘူးဗျာ....ကဲ
(ဘယ်သူမှလဲ ဘယ်တော့မှပေးမှာမဟုတ်ဘူးလေ)

Rogerpru said...

Sim card in Thailand is just 20bt-49bt included free call for at least 15bt.. Burmese Government (Burmese Tele-com Ministry) should learn from our neighboring countries development.. What a shame..!

paukpauk said...

Cellular phone တွေ ပေါ်ကာစက ဟောင်ကောင် company တစ်ခုက ဈေးပေါပေါနဲ့ရောင်းဘို့ လုပ်ခဲ့တာ ၁၉၉၃-၄ လောက်ကပေါ့။ ဒီကဆရာကြီးတွေက ပေါပေါနဲ့ မရောင်းစေချင်လို့ ပျက်ခဲ့တာ ယနေ့ထိပါပဲ။ ကဘာမှာ ဈေးအကြီးဆုံးဖုန်းဖြစ်ခဲ့တာပေါ့။ ဖုန်းတစ်လုံး သိန်း ၅၀ လောက်ပေါ့။ (အဲဒီတုန်းက ကားတစ်စီး ၅သိန်း = ကား ၁၀ စီးစာလောက်ရှိပေါ့။) နောက် ၄၈ သိန်း -၃၀။ ၂၅ သိန်းလောက်ကိမှ မရှိမဖြစ် လိုလာလို့ ၀ယ်လိုက်ရတယ်။ နောက် ၁၈ သိန်း ပြီးတော့ ဒေါ်လာ ၁၅၀၀ တန်တဲ့။ နောက်တစ်ခါ Qualcom က CDMA ဟန်းဆက်ပါတွေကို ဖြုတ်ခိုင်းပြီး ၇ သိန်းတဲ့။ ပေါပေါ လုံလောက်အောင် မထုတ်ပေးပြန်တော့ သိန်း ၃၀ လောက်ထိကို လုပ်စားကြပြန်တယ်။ နောက် ၅သိန်းတန် ထုတ်တယ်။ အ၀ယ်နဲနဲကျဲလာတော့ ၃ သိန်းတန် (So called တန်ဘိုးနည်းဖုန်းတဲ့)
တန်ဘိုးနည်းအိမ်ရာပဲ ကြားဖူးပါတယ်။
ပြည်သူဆီက ရှိစုမဲ့စုတွေကို မရရအောင် ဖြစ်ညှစ်ယူနေသလိုပါပဲ။
အင်း... ၀ယ်သူမရှိတော့မှပဲ ရော့.အင့် private မင်းတို့ဘာသာ ၅၀၀၀ ကျပ်နဲ့ ရောင်းရောင်း အလားပေးပေးပေါ့။
အဲဒီလိုလုပ်မှာ မဟုတ်လား?

Web Walker said...

အော်၊တော်တော်တရားကျစရာကောင်းပါလား၊နာမည်က ဦးဣဒ္ဓိလှ(ဦးဆောင်
ညွှန်ကြားရေးမှူး)ဦးသိန်းဝင်း(မိုဘိုင်းအင်ဂျင်နီယာချုပ်)၊ဦးဇော်မင်းဦး(အင်
ဂျင်နီယာချုပ်၊သတင်းအချက်အလက်ဌာန)မင်းတို့လူတွေလား၊သူများခိုင်းတာ
ပဲလုပ်တတ်တဲ့၊ ဥာဏ်ပညာမဲ့ပုဂ္ဂိုလ်တွေလား၊သွေးစုပ်ဖုတ်ကောင်တွေလား၊
ဦးလွင်နိုင်ဦးက Sim card တခုကို ၅၀၀၀ိ/နဲ့ရောင်းမယ်ဆိုတော့၊
plan တောင်းတဲ့သူကတောင်း၊အဝေးဆက်ကြောင်းတည်ဆောက်ရခက်တယ်
လို့ပြောတဲ့သူကပြော၊ဂြိုလ်တုသုံးရင်ဈေးမပေါနိုင်ဘူးHigh Cost တွေဖြစ်
တယ်လို့ပြောကြပြန်၊နောက်ဆုံးသူတို့ရဲ့အကျင့်အတိုင်း မရရင်ဆက်သွယ်ရေး
ဥပဒေနဲ့ကိုင်ပေါက်ပြန်၊ ၅၀၀၀ိ/နဲ့ရောင်းတော့ High cost၊ ၂သိန်းနဲ့ရောင်း
တော့ Low Costတဲ့လား၊ ပြည်သူတွေချောင်ချိမှာကို၊မနာလိုတဲ့လူတွေ
(ကဒ်ပျောက်လို့ပြန်လျှောက်တာနဲ့ မင်းတို့က ကွန်ပျူတာမှာ တချက်ကလေး
ကလစ်လိုက်တာနဲ့ တရားဝင် ၅၀၀၀၀ိ/တောင်းလို့ရတဲ့လိုင်စင်ပျောက်သွား
မှာကြောက်လို့မဟုတ်လား) မင်းတို့တောင်းတာ ကဒ် ၁၀ ကဒ်ဝယ်လို့ရတာ
သတိပြုပါ။မင်းတို့ကိုပြည်သူတွေမသိပါဘူး၊ဒီတော့ပြည်သူတွေကြားထဲဆင်းပြီး
မြန်မာ့ဆက်သွယ်ရေးကို ပြည်သူတွေကြိုက်/မကြိုက်ကို၊ကိုယ်တိုင်လိုက်ပြီး
Interview လုပ်ကြည့်ကြပါလားဟလို..ငါပြောတာကြားလား၊ဟင်အင်း
ထစ်နေတယ်.. ဟာ.. ယောင်လို့ မင်းတို့ဖုန်းနဲ့ပြောနေတာအကျင့်ပါနေလို့
မင်းတို့ဆရာတွေခိုင်းသမျှရှောက်လုပ်မနေနဲ့။ ၀န်ကြီး ဦးဇော်မင်း(မြစ်ဆုံ)
ကိုနမူနာယူပါ။ Second Mobile Operator သာဖြစ်သွားလို့ကတော့
အခုဖုန်း လူမသုံးတော့ဘူး၊ဒါဆိုဘယ်သူသုံးမှာလဲ၊ဟဲ ဟဲ ---တွေသုံးမှာ
ပေါ့ကွာ။

tar yarlin said...

RM ၈ကျပ်ဆို၇င်ဒိမှာပါး၇ိုက်ဝယ်လို.၇တယ်ခများးးး၂သိန်းတဲ.ဟားဟားးးးးးးးးးးးးး၇ယ်၇တယ်

phomesatpaing said...

ခောတ်ပြောင်းနေသော်လည်း၊ဆက်သွယ်ရေးကတော့ရုပ်နဲ့စိတ်ကမပြောင်းနိုင် သေးလို့ပါ၊သူတို့စိတ်ထဲမှာဖုန်းတွေဈေးကျသွားရင် သူတို့အချစ်ဆုံးသားသမီးတွေ
သေတာထက်တောင် ပူဆွေးသောကရောက်သလိုခံစားနေရလို့ပါ
၅၀၀၀ိ/တန်ဖုန်းပေးနိုင်သူကိုလုပ်ခွင့်ပြုလိုက်ပါ၊အရည်အသွေးကို ပြည်သူတွေကဆုံးဖြတ်ပါစေ၊ပြည်သူတွေအတွက်လုပ်ပေးနိုင်သူကို အားပေးပါ
အနှစ်(၂၀)ကျော်စားပြီးပြီ၊တော်လောက်ပြီ။

အလင်း said...

မြန်မာပြည်သူတွေလည်း အစိုးရနဲ့ အစိုးရအပေါင်းပါတို့ရဲ့လိမ်လည်လှဲ့စားခံရတဲ့ဘေးမှအမြန်ဆုံးလွတ်မြောက်
ကြပါစေ။ အစိုးရနဲ့ အစိုးရအပေါင်းပါတို့လည်းမြန်မြန်ရှက်တတ်ကြပါစေ။

Unknown said...

5000 တန်ကဒ်လာတော့မယ်ဗျိုးးးးးးးးးးးးး...အားမပေးနဲ့ဦးဗျိုးးးးးးးးးးးးးးးးသည်းခံကြပါဗျိုးးးးးးးးးးးးဆွေးနွေးနေတယ်

KMO said...

ဆက်သွယ်ရေး ကောင်းမှ တိုင်းပြည် တိုးတက်မည်။ ဟားဟား

ဆက်သွယ်ရေး မကောင်းမှ စီးပွားတိုးတက်မည်။ တစ်မတ်ကို တစ်ကျပ်ပေး
ဝယ်ရမယ်တစ်မတ်ကို တစ်ကျပ်။။ ၀ယ်မှာလား။ တစ်မတ်ကို တစ်ကျပ်။တစ်မတ်ကို တစ်ကျပ်။

ManU Lover said...

နှစ်သိန်းတောင် ပြည်သူတွေ ဒီလောက်ကြိုဆိုနေကြတာ 5000 ဆိုရင် တစ်တိုင်းပြည်လုံး ပြည်သူတွေ ဘယ်လောက်တောင် ၀မ်းမြောက်ဝမ်းသာ ဖြစ်မယ်ဆိုတာ တွေးကြည်.ပြီး တာဝန်ရှိသူတွေက 5000 sim card ကို ထုတ်ပေးဖို. ခွင်.ပြုသင်.တယ် မဟုတ်လား။

မြတ်နိုး said...

ကမ္ဘာ့sim cardဈေးအကြီးဆုံးနိုင်ငံအဖြစ်မြန်မာနိုငှ်ုံမှပြိုင်ဘက်မရှိဂင်းနစ်စံချိန်တင်ထားပါတယ်။
ဒီတချက်ကတော့အမေရိကန်တို့၊အင်္ဂလန်တို့
မြန်မာနိုင်ငံကိုအကြီးအကျယ်ရှုံးသွားပြီဟိဟိ
မြနါမာနိုင်ငံမှာလည်းအမေရိကန်ထက်သာတာတွေရှိနေပါသေးတယ်။

Ko Phyo said...

company ၂၃ ခုကလူကြီးမင်း gentleman style နဲ့  business လုပ်နေကြသူတွေ ကိုရတဲ့ပိုက်ဆံကကိုယ့်အတွက်,ကို့  family အတွက် သန့် ရှင်းမယ်ထင်လို့ လားဗျာ...Technician ဆိုတဲ. လူတွေ Technician ပီသရင် Resign တင်ဖိုကောင်းနေပီ...

minhtutsoe said...

GSM ဖုန်းတွေထပ်ချပေးတော့မယ်ဟေ့၊အသံမ၀င်အောင်ဆေးဆောင်ထားကြဦး။အခုGSM 15သိန်းနဲ့5သိန်းဖုန်းတွေတောင်အိမ်ထဲကိုဝင်လို့မရတာ နောက်ဖုန်းထပ်ထွက်ရင် ပိုတောင်ဆိုးဦးမယ်။
လိုင်းကောင်းအောင်လုပ်ဖို့မစဉ်းစားဘူး ပိုက်ဆံရဖို့ဘဲစဉ်းစားနေတယ် ။ ဖုန်းကိုကြည့်လိုက်ရင် sim card ထည့်ထားလည်း No Service ဆိုတာကြီးဘဲ။
ကိုယ့်ဖုန်းကိုယ်လည်းကြည့်ကြည့်ပါဦးလား

heavy said...

ဒါဖတ်ပြီးမှ ငါးထောင်တန်ဖုန်း အိမ်မက် ဆက်မက်ပါ
(၅၀၀၀တန်ဖုန်းအိမ်မက်မက်ရင်းအိမ်မက်ထဲကနေဆက်သွယ်ရေးဝန်ကြီးဌာနနဲ့သက်ဆိုင်ရာတာဝန်ရှိသူတွေကို မေတ္တာပို့နေတဲ့ ပြည်သူတွေအတွက် ကိုစစ်အောင်ရဲ့ ဆောင်းပါးကိုဖေါ်ပြလိုက်ပါတယ် )
"၅၀၀၀ထောင်တန်အိမ်မက်"
နိုင်ငံရေး အကျဉ်းသားတွေ လွှတ်လိုက်တာ အပြီး နောက်ထပ် လူပြော သူပြော အများဆုံးက ငါးထောင်တန်း ဆင်းကဒ်ဆိုတဲ့ အကြောင်းပဲ။ ဖုန်းတစ်လုံး ငါးသိန်းဆိုလို့ စိတ်ပျက်သူ များနေတဲ့ မြန်မာ နိုင်ငံမှာ ငါးထောင် ဆိုတာနဲ့ အုန်းအုန်း ထသွားလိုက်တာ ဆက်သွယ်ရေးက ရှင်းပြတာတောင်မရတော့ဘဲCampaignလုပ်မယ်ဆိုတဲ့ဘ၀တောင် ရောက်ပါလေရော။ ထုံးစံအတိုင်း လူကြမ်း မင်းသားကတော့ ဆက်သွယ်ရေးပေါ့။
ကျွန်တော်ကတော့ ငါးထောင်ဖုန်း ကိုင်ရမယ် ဆိုတော့ ပျော်တယ်။ ဒါပေမယ့် ရွှေပြည်တံခွန် ကုမ္ပဏီရဲ့ ရှင်းလင်းချက်မှာ လုပ်ခွင့်ရပြီ ဆိုတာနဲ့ အစု ရှယ်ယာတွေ ထုတ်ရောင်းမယ် ဆိုတဲ့ စကား ပါလာတော့ နားရွက် ထောင်သွားတယ်။ အဖေတို့က အရင်းမဆုံး ငါးထောင်ဆိုတဲ့ ထီကိစ္စ၊ ပင်လုံထိပ်ထား အတိုးတို့နဲ့ ရေတိမ် နစ်ခဲ့ဘူးတော့ စတော့ ဈေးကွက် မရှိတဲ့ နိုင်ငံမှာ ရှယ်ယာဆိုရင် သွေးလန့် နေတာကိုး။ ဒါနဲ့ သတိ ထားကြဦးနော် ဆိုပြီး Comment ရေးတော့လည်း ထောက်ခံမယ့်လူ မရှိဘူး။ ဒါ့ကြောင့် ပို့စ်ရေးတင်ဖို့ အတွက် ခိုင်ခိုင်မာမာ အချက်တွေ ရှာပြီး ရေးပြလိုက်တာပါ။ အားလုံး စဉ်းစားနိုင်ဖို့ပေါ့၊ မင်း ဂျာနယ် သွားရေး ပါလားလို့တော့ မပြောနဲ့ဦး။ ဒင်းတို့ကပါ ငါးထောင် အိမ်မက် မက်နေတော့ အယ်ဒီတာမင်းများက စကားတောင် အစမခံဘူးဗျာ။ ဒါ့ကြောင့် ကိုယ်ပိုင်တဲ့ အဖေ့ဘုတ်မှာပဲ ၀င်အုပ်ရတာ။

heavy said...

စီးပွားရေး အဆိုပြုချက် တစ်ခုကို ကြားပြီဆိုရင် ပထမဆုံး စဉ်းစားသင့်တာက ဘယ်သူ လုပ်မှာလဲ ဆိုတာပဲ။ အင်္ဂလိပ် စကားမှာ Ponzi scheme ဆိုတာ ရှိတယ်။ ၁၉၂၀ ခုနှစ်မှာ Charle Ponzi ဆိုတဲ့လူက အမေရိကန် နိုင်ငံ ဘော့စတွန်မြို့မှာ လုပ်စားခဲ့တာ။ သူက သူ့ကုမ္ပဏီမှာ ရင်းနှီး မြှပ်နှံသူတွေကို ၄၅ ရက်အတွင်း အမြတ် ၅၀% ပေးမယ် ဆိုပြီး လုပ်စား သွားတယ်။ တကယ်တော့ သူက အဲဒီအချိန်မှာ ချက်လက်မှတ် အတုထိုးမှုနဲ့ ထောင်က ထွက်လာပြီး ဘိုင်ကျနေတဲ့လူ၊ သူ့ကို မကြားဘူးတဲ့ ဘော့စတွန်မြို့မှာ လာပြီး လိမ်သွားတာ။ အဲဒီကစပြီး လူတွေကို မက်လုံးပေး၊ ငွေယူ၊ နောက်လူပေးတဲ့ ငွေနဲ့ အရင် အပ်တဲ့လူကို အတိုးပေး၊ များလာတော့ လစ်ပြေး ဆိုတဲ့ လိမ်နည်း မှန်သမျှကို Ponzi scheme လို့ ခေါ်တော့ တာပဲ။
အခု ငါးထောင်တန် ဆင်းကဒ်ကို လုပ်မယ့် ရွှေပြည်တံခွန် ဆိုတာ တခါမှ မကြားဖူးဘူး။ (ကျွန်တော့် အတွက်) ပိုင်ရှင်ဆိုတဲ့ လူကလည်း မြန်မာပြည်ရဲ့ ခေတ်ပျက် သူဌေးခေါ်ခေါ် ဘီလျံနာ ခေါ်ခေါ် အဲဒီ လူတွေထဲမှာ မပါဘူး။ ဒါနဲ့ ဘယ်ကတုံးလို့ စုံစမ်း လိုက်တော့ အခုလို တွေ့သဗျာ၊ ဘယ်လို နည်းများ သုံးသလဲလို့ အထင်ကြီး မသွားနဲ့၊ ကုမ္ပဏီများ မှတ်ပုံတင်ရုံးမှာ သွားမေးရင် ရတယ်။ ဘယ်သူမှ မေးဖို့ စိတ်မကူးလို့ ရှာပြီး တင်ပြလိုက်တာ။

heavy said...

ရွှေပြည်တံခွန် ကုမ္ပဏီကို ၂၀၁၁ သြဂုတ်လ ၂၅ မှာ ဖွဲ့တယ်။ ၂၀၁၂ ဇန်န၀ါရီလ ၁၆ ရက်နေ့မှာ စီမံ/ စီးပွားက မှတ်ပုံတင် ခွင့်ပြုတယ်။ ဒီတော့ ၅၀၀၀ တန် ဆင်းကဒ် အကြောင်း ပြောတဲ့ အချိန်မှာ မှတ်ပုံတင်တောင် မကျသေးဘူး။


ဒါရိုက်တာ အဖွဲ့မှာ ဦးလွင်နိုင်ဦးက အုပ်ချုပ်မှု ဒါရိုက်တာ၊ ဒေါ်စုစုလွင် (သူ့ဇနီး) က ဒါရိုက်တာ၊ ဒေါ်ဝင်းဝင်းကြည် (သူ့အမေ) က ဒါရိုက်တာ သုံးဦးနဲ့ ဖွဲ့ထားတယ်။ ဖြစ်ပုံများ။



ရုံးခန်းက အောက်ကြည့်မြင်တိုင်လမ်း၊ ရွှေဂုံသူ ကွန်ဒိုမှာ Media-Tech ဆိုတဲ့ တစ်ခြား ကုမ္ပဏီတစ်ခုနဲ့ တွဲဖွင့်ထားတယ်။ကျွန်တော်တို့ရဲ့ ကုမ္ပဏီ သူဌေး ဦးလွင်နိုင်ဦးက အမှတ် ၃၇/အေ လှိုင်မြစ်လမ်း၊ ၁ ရပ်ကွက်၊ လှိုင်မြို့နယ်မှာ အခန်းငှား နေတယ်။ ဘေးနားမှာ စုံစမ်းကြည့်တော့ ဇာတိက ပျဉ်းမနား၊ အဖေက စက်မှု လယ်ယာက စက်ကြီးမောင်း ခေါင်းဆောင် တဲ့။ စီးတဲ့ကား စူပါကက်စတန်က ငှားထားတာ။



ကဲ ဒါလောက်ဆိုရင် ရွှေပြည်တံခွန်ရဲ့ ခိုင်မာမှုကို ခင်ဗျားတို့ မှန်းလို့ရပြီ။ မီဒီယာတွေနဲ့ တွေ့တုံးကတော့ ရွှေပြည်တံခွန် ကနေ အာရှတံခွန် ဖြစ်အောင် လုပ်မယ်လို့ ပြောတယ်။ ကဲ စဉ်းစားကြည့်ဗျာ၊ အစု ရှယ်ယာ တစ်ခုကို တစ်သိန်းနဲ့ ရှယ်ယာ တစ်သောင်း ရောင်းရင်လည်း ကုန်မှာပဲ၊ ဘာဖြစ်လို့လည်း ဆိုတော့ ငါးထောင်နဲ့ ဆိုရင် အနည်းဆုံး ဖုန်းတစ်သန်းတော့ ရောင်းရမှာပဲ၊ မြတ်မှာကွ ဆိုပြီး ၀င်ဝယ်မယ့် လူတွေချည်းပဲ။ နောက်ပြီး ဆင်းကဒ်ဖိုး ကြိုသွင်း ရမယ် ဆိုရင်လည်း ငါးထောင်နဲ့ သွင်းမယ့် လူတွေ မနည်းမနော ဖြစ်လာမှာ သေချာတယ်။ လျှောက်လွှာ တစ်စောင်ကို ငါးရာနဲ့ ရောင်း၊ ငွေငါးထောင် ကြိုသွင်း၊ အင်း ဒါပေမယ့် တစ်လလောက် အရောင်းဖွင့်ပြီးလို့ လစ်သွားမယ် ဆိုရင် နောက်ထပ် Ponzi တစ်ယောက်နဲ့ ခင်ဗျားတို့ တွေ့မှာ သေချာတယ်။ ဟိုတစ်လောက နံမည်ကြီး မြန်မာဆေး လုပ်ငန်းက သမီးက စက်ရုံ တိုးချဲ့မယ်၊ အရင်း ထည့်ကြ၊ တစ်လကို ငါးကျပ်တိုး ဆိုပြီး သုတ်သွားတာ ထက်တောင် ငွေများ သွားနိုင်တယ်။

heavy said...

လူကို ကြည့်ပြီးတော့ နည်းပညာကို လေ့လာရအောင်။ အင်တာနက်မှာ ၀င်ရှာတော့ သူပြောတဲ့ UMTS စနစ်ဆိုတာ Universal Mobile Telecommunications System (UMTS) ဖြစ်ပါတယ်။ အဲဒါက ဘာလဲ ဆိုတော့ နည်းပညာ ကျွမ်းကျင်သူ မဟုတ်တဲ့ အတွက် ၀ီကီမှာ ရေးထားတဲ့ အချက် တစ်ချို့ကိုပဲ ကူးတင် ပေးလိုပါတယ်။



Universal Mobile Telecommunications System (UMTS) is a third generation mobile cellular technology for networks based on the GSM standard.

Unlike EDGE (IMT Single-Carrier, based on GSM) and CDMA2000 (IMT Multi-Carrier), UMTS requires new base stations and new frequency allocations.

Structure of UMTS Network



အဲဒီတော့ လူပြိန်း အတွေးနဲ့ ပြောရရင် အခု ဆက်သွယ်ရေးက လုပ်နေတဲ့ စနစ်ကို မသုံးဘူးဆိုရင် သူ့ဘာသာသူ ထပ်ဆင့်လွှင့်တဲ့ စက်ရုံတွေ ဆောက်ရမယ်၊ Exchange ရုံတွေ လုပ်ရမယ်။ အဲဒါကို သုံးလနဲ့ ခြောက်လအတွင်း ပြီးအောင် လုပ်မယ် ဆိုတာတော့ အတော် ယုံရခက်တဲ့ ကိစ္စပဲ၊ ရွှေပြည်တံခွန် ကုမ္ပဏီ ရှင်းပြတဲ့ အထဲမှာ အရင်းအနှီး ဘယ်က လာမယ် ဆိုတာ ရေရေရာရာ ပြောထားတာ မရှိဘူး။ အခန်းတောင် ငှားနေရတဲ့ လူတစ်ယောက်က အဲဒီလောက် ကြီးမားတဲ့ စီမံကိန်းကြီးကို လုပ်ဖို့ ငွေကြေး၊ နိုင်ငံတကာ အဆက်အသွယ် ရှိနိုင်သလား ဆိုတာ ပထမဆုံး မေးရမယ့် မေးခွန်းပဲ။ ဒီစနစ်အတွက် သုံးရမယ့် လွှင့်စက်ဆိုတာ GSM Repeator လို ခေါင်မိုးပေါ် လွယ်လွယ်နဲ့ တက်တပ်လို့ ရမယ်မထင်ဘူး။ ဖုန်းအလုံးပေါင်း သိန်း၊ သောင်း ချီသုံးမယ့် ကွန်ယက် တစ်ခုအတွက် တိုင်တွေ ထောင်တာ၊ အဲဒီအတွက် လိုအပ်တဲ့ Power Supply တွေ၊ ကိုင်တွယ်မယ့် ၀န်ထမ်းတွေ စသည်ဖြင့် စဉ်းစားစရာ အများကြီး ရှိသေးတယ်။ အဲဒါကို အိမ်မှာ Wi Fi ထောင်သလို လွယ်လွယ်လေး ပြောနေတာကတော့ လိုက်မမီပေါင်ဗျာလို့ ပြောရမှာပဲ။

heavy said...

ချုပ်ပြောလိုက်ရင်တော့ ဆက်သွယ်ရေးက ဖုန်းဈေးတွေ များလွန်းတာလည်း အမှန်ပဲ။ ဒါနဲ့ ပတ်သက်လို့ ဆန်းစစ်ရမှာက တစ်ပိုင်း၊ အခုလည်း လွှတ်တော်မှာ ပြောဆို နေတာတွေ ရှိတယ်။ နောက်ပြီး နိုင်ငံခြား ကုမ္ပဏီတွေ လာရင်းနှီး မြှပ်နှံရင် ရတဲ့ ဆင်းကဒ်ခကတော့ သက်သာမယ်၊ ဒါပေမယ့် ဖုန်းပြောခတွေကို ဒေါ်လာနဲ့ ပြန်ထုတ် ပေးရမယ့် ကိစ္စလည်း ရှိသေးတယ်၊ အခု အချိန်မှာ ဖုန်းပြောခတွေကို တစ်နှစ် ဒေါ်လာ သန်းနှစ်ရာ၊ သုံးရာ ဒေါ်လာနဲ့ လဲပြီး အစိုးရက အမြတ် ခွဲပေးဖို့ရော လုပ်နိုင်ပြီလား ဆိုတာလည်း စဉ်းစားရမယ်။ နောက်ပြီး အခု စနစ်သစ်အရ အစိုးရ စီးပွားရေး လုပ်ငန်းတွေက ကိုယ့်ငွေ ကိုယ်ရှာ၊ ကိုယ်သုံး လုပ်ရမယ် ဆိုတာလည်း ရှိရဲ့။ ဒါတွေ အားလုံးကို စဉ်းစားလိုက်ရင် လက်ရှိ အခြေအနေအရ ဘယ်လောက် ဖြစ်သင့်တယ် ဆိုတော့ အမတ်မင်းများက ဆွေးနွေး ပေးကြဖို့ လိုပါတယ်။



သို့သော် ဆက်သွယ်ရေး ဈေးများ နေတာကြောင့် ကျွန်တော်တို့ တစ်တွေ Ponzi လိမ်ကွက်တွေထဲ ကျမသွားဖို့ လိုတယ်။ ဒါ့ကြောင့် တတ်ကျွမ်းသူများ ငါးထောင် ကိစ္စကို ကုမ္ပဏီရဲ့ ခိုင်မာမှု၊ နည်းပညာအရ လိုအပ်မှု၊ အရင်းအနှီး ရနိုင်မှု စသည်ဖြင့် ထောင့်ပေါင်းစုံက စဉ်းစားပြီး ရေးပြရင် ကောင်းမယ်။ ဂျာနယ်တွေလည်း ပွဲဆူတယ်၊ ဂျာနယ် အရောင်း တက်တယ် ဆိုပြီး ရွှေပြည်တံခွန်ကို စင်တင် ပေးနေကြတာ၊ တော်ကြာ ရွှေပြည်တံခွန်နဲ့ အမှုတွဲ ဖြစ်သွားမယ့် အရေးကိုလည်း ဂရုစိုက်ကြပါဦး။

ကျွန်တော်တော့ ငါးထောင်ဖုန်းထက် သုံးသိန်းဖုန်း အိမ်မက်ဘဲ မက်လိုက်ဦးမယ်။



(စစ်အောင်)

--
Mobile : +959 519 9903

sm said...

အခု မတ်လမှာေ၇ာင်းမဲ့ 20000 တန်ဖိုးကို အားမပေးကြပါနဲ့
ပြည်သူအပေါင်းတို့ေ၇
အခု မတ်လမှာေ၇ာင်းမဲ့ 20000 တန်ဖိုးကို အားမပေးကြပါနဲ့
ပြည်သူအပေါင်းတို့ေ၇
အခု မတ်လမှာေ၇ာင်းမဲ့ 20000 တန်ဖိုးကို အားမပေးကြပါနဲ့
ပြည်သူအပေါင်းတို့ေ၇
အခု မတ်လမှာေ၇ာင်းမဲ့ 20000 တန်ဖိုးကို အားမပေးကြပါနဲ့
ပြည်သူအပေါင်းတို့ေ၇
အခု မတ်လမှာေ၇ာင်းမဲ့ 20000 တန်ဖိုးကို အားမပေးကြပါနဲ့
ပြည်သူအပေါင်းတို့ေ၇

aungthant said...

အမှန်ကသပိတ်မှောက်သင့်ပါတယ်ဒါမှမှတ်သွားမှာနောက်ဆိုမှတ်မှာမဟုတ်တော့ဘူးရသလောက်ယူနေအုံးမှာ

Anonymous said...

UN ko tai kya mel ''''

wine said...

လုပ်ခွင့်ရတုန်းတော့ လုပ်ချင်တာလုပ်ထားကြပေါ့
တန်ဖိုးနည်းGSMတဲ့-------

သားငယ်လေး said...

ရွှေပြည်တံခွန်ရေ... ဘာပဲပြောပြော ကျေးဇူးတင်ပါတယ်။ ၃ သိန်းကနေ ၂ သိန်း ။ တစ်သိန်းကြီးများတောင် လျော့သွားပြီ။ ၂ သိန်းမကလို့ ဆသရ က အလကားပဲ ပေးပေး ရွှေပြည်တံခွန်က ငါးထောင်တန်ဖုန်းထွက်ရင် မှတ်ပုံတင်ပြပြီး လာဝယ်ပါ့မယ်လို့ ကတိပေးပါတယ်ဗျာ။

ရာရာ said...

ကိုဟဲဗီးကြီးပြောလို့ ရွှေပြည်တန်ခွန် ဘာလဲ ဘယ်လဲ ကိုသိလိုက်ရတယ်ပဲထားပါတော့။ ရွှေပြည်တံခွန်က လူလိမ်ကြီးပဲထားပါတော့။ ဒါပေမယ့် ဘယ်လိုမှဖုန်းလို့ဖိလို့မရတဲ့ ပေါ်တင်လိမ်ဆင်ကြီးတစ်ကွက်ရှိတယ်ဗျ..အဲ့ဒါက အိမ်နီးချင်းဆင်းရဲတဲ့နိုင်ငံမှာပဲ မိုဘိုင်းဖုန်းဆိုတာစပြီးဖြန့်ဝေကတည်းက ဈေးက မြန်မာပြည်မှာ စပြီးပေးတဲ့နှုန်းထားထက် အဆပေါင်းမြောက်များစွာ သက်သာနေတာပါပဲ။ ရွှေပြည်တံခွန်က ခုမှ လိမ်ဖို့ကြံနေတယ်လို့ဆိုရင် ဒီမြန်မာ့ဆက်သွယ်ရေးက လိမ်စားနေတာတော်တော်ကြီးကိုကြာနေပြီလို့ ဆိုရတော့မယ် ကိုဟဲဗီးရေ...ကျွန်တော်တော့ သူများနိုင်ငံတွေသုံးတဲ့နှုန်းထားအတိုင်းသုံးဖို့ အိမ်မက်လေးပဲဆက်မက်လိုက်ဦးမယ်ဗျို့...ဘာလို့တုန်းဆိုတော့ ပထမဦးဆုံးအလိမ်ခံရရင် လိမ်တဲ့သူအပြစ်၊ ဒုတိယတစ်ခါထပ်လိမ်ခံရရင်တော့...အင်း...အလိမ်ခံရသူရဲ့အပြစ်ပဲလို့လက်ခံထားလို့ဗျို့.....ဒါကြောင့်..ဒုတိယအကြိမ်တော့ အလိမ်မခံတော့ဘူးကိုဟဲဗီးရေ...

zarmani said...

ရှေ့က အကိုတွေ အမ တွေရေ မြန်မာပြည်ကြီး ကြွေးတင်နေလို့ ပြည်သူတွေပိုက်ဆံနဲ့ဆပ် မလို့ ...(I think) ..သူတို့အကြွေးတွေရော ပေါ့

koko said...

ရူးတယ်လို့တော့မထင်ကြပါနဲ့နော် ခေတ်ကြီးမကောင်းလို့ပါ ပြည်သူတွေကိုနှိပ်စက်နေကြလိုက်တာဟိုကတစ်မျိုးဒီကတစ်မျိုးနဲ့
ဗိုလ်ချုပ်ပြောဖာနိုင်ငံဖြစ်တော့မယ်

wt said...

အော်..... သိပ်လည်းထူးခြားမလာသေးပါလား။ ခေတ်မှီဖွံ့ ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့ ဘယ်တော့များမှ ရောက်တော့မှာလဲ။ ဝင်ငွေများတဲ့ လူတစ်စု အတွက်တော့ တန်ဖိုးနည်းဖုန်းပေါ့။ သူတို့ ကလေးလေးတွေတောင် (၅)သိန်းတန်မပေါ်ခင်ကတည်းကကိုင်နေတာ သူတို့ရဲ့ အသေးသုံးတောင်(၂)သိန်းမကတာ။ အခြား လူတန်းစား အများစုကတော့ ဘယ်တတ်နိုင်မလဲ။ တစ်ချို့ဆို တစ်လလုံး အလုပ်လုပ်မှ လေး-ငါး-ခြောက်သောင်းရတဲ့ လူတန်းစားတွေ ရှိသေးတယ်ဆိုတာ နိုင်ငံတော် သမ္မတကြီးသိသင့်ပါတယ်။

အာကာထက် said...

သူငယ်ချင်းတို့ ရေးဈေးကမားလှချေကလားကွာ ဒေါ်လာ ၂၀၀ ကျော်နေပြီနော
မြန်မာ့ဆက်သွယ်ရေးကလဲ ကြည့်လုပ်အုံး တက္ကသိုလ်ဆရာမတယောက်တောင်တလကို ဒေါ်လာ ၁၀၀ မ၇ပါဘူး အမေရိကားမှာနောက်ဆုံးပေါ်ဖုန်းတောင် ဆိုင်မှာလိုင်းဖွင့်ရင် ဒေါ်လာ ၅၀ ပဲကုန်ပါတယ်ကွာ ဆင်းကဒ်က အလကားပေးတယ် ဆင်းရဲတဲ့ တိုင်းပြည်မှာ ဈေးကြီးတဲ့ဖုန်းကိုရောင်းတာ ဆင်းရဲမွဲတေမှုတိုက်ဖျက်တာလား ပိုပြီးဆင်းရဲအောင်လုပ်နေတာ လား မြန်မာ့ဆက်သွယ်ရေးစဉ်းစားပါ အဲဒီဌာနဆိုတာ မရှိသင့်တော့ပါဘူး ပုဂ်ဂလိကကိုပေးလိုက်ပါလား အပြိုင်အဆိုင်ဆိုရင် ပြည်သူက ကြိုက်တာရွေးပါလိမ့်မယ်ကိုယ့်လူတို့ရေ့

kaw khin said...

ဆသရ က အဲလို မဟုတ်တာတွေလုပ်လို့ အဲလိုလိမ်မည့်ကောင်တွေပေါ်လာတာ သိလား ကိုစစ်အောင်

kaw khin said...

ဆသရ က ဒီလို မတရာလုပ်စားနေလို့ ဒီလိုလိမ်မည့်ကောင်တွေပေါ်နေတာပေါ့ ကိုစစ်အောင်ရေ
သေချာစဉ်းစားပါ။ကိုစစ်အောင်ကိုကျေးဇူးတင်ပါတယ်။

tharzaw said...

အိမ်နီးချင်းဆင်းရဲတဲ့နိုင်ငံမှာပဲ မိုဘိုင်းဖုန်းဆိုတာစပြီးဖြန့်ဝေကတည်းက ဈေးက မြန်မာပြည်မှာ စပြီးပေးတဲ့နှုန်းထားထက် အဆပေါင်းမြောက်များစွာ သက်သာနေတာပါပဲ။ ရွှေပြည်တံခွန်က ခုမှ လိမ်ဖို့ကြံနေတယ်လို့ဆိုရင် ဒီမြန်မာ့ဆက်သွယ်ရေးက လိမ်စားနေတာတော်တော်ကြီးကိုကြာနေပြီလို့ ဆိုရတော့မယ် ကိုဟဲဗီးရေ...ကျွန်တော်တော့ သူများနိုင်ငံတွေသုံးတဲ့နှုန်းထားအတိုင်းသုံးဖို့ အိမ်မက်လေးပဲဆက်မက်လိုက်ဦးမယ်ဗျို့...ဘာလို့တုန်းဆိုတော့ ပထမဦးဆုံးအလိမ်ခံရရင် လိမ်တဲ့သူအပြစ်၊ ဒုတိယတစ်ခါထပ်လိမ်ခံရရင်တော့...အင်း...အလိမ်ခံရသူရဲ့အပြစ်ပဲလို့လက်ခံထားလို့ဗျို့.....ဒါကြောင့်..ဒုတိယအကြိမ်တော့ အလိမ်မခံတော့ဘူးကိုဟဲဗီးရေ...

ကိုရာရာ ပြောတာသဘောကျသဗျ။

ရှယ်ယာထည့်တာတော့ အားမပေးပါဘူးဗျာ။ ဒါပေမယ့်
၅၀၀၀ တန် SIM Card ထွက်လာရင်တော့ ၀ယ်ရမှာပေါ့။
ဘာဖြစ်လို့လဲဆိုတော့ ၅၀၀၀ ပဲကိုးဗျ။
ဘာပြောပြော သူ့ကြောင့်လည်း ၃ သိန်းကနေ ၂ သိန်းခွဲ၊
၂ သိန်းခွဲကနေ ၂ သိန်း၊ ၂ သိန်းကနေ ၁ သိန်းခွဲ အထိတောင်
ရောက်လာပြီလေ .... ငါတို့ သိပ်လိမ်လို့ မရတော့ဘူး၊
စားခွက်ပျောက်တော့မယ်လို့ MPT တစတစ သိသိလာပြီ။
မနေ့ကလည်း ဖွတ်ကြီးက ထောင်ကျော်တန်ဖုန်းကိစ္စ လွှတ်တော်မှာ တင်မယ်ဆိုပဲ ....

252525 said...

အိုင်ဖုန်းအလိုက်ပေးမှဘဲအလကားယူတော့မယ်..ဘယ်တော့မှပိုက်ဆံပေးပြီမ၀ယ်ဘူးကွ...ခုကိုင်နေတဲ့အိုင်ဖုန်း4 ကလဲလိုင်းယူလို့ဖရီးရထားတာကွ.

potential said...

ကျွန်တော်အတွက်တော့မ၀ယ်နိုင်သေးပါဘူးဗျာ..ဘာလို့ လဲဆိုတော့ ကျွန်တော်တို့ တစ်လလစာက 80000 လောက်ဘဲရတာဗျ..သူများတွေ
လို့  တစ်လ 200000..300000 လောက်ဝင်တဲ့သူတွေဆိုရင်တော့
ဖြစ်ညစ်ဝယ်ကျတာပေါ့ဗျာ...ကျွန်တော်တို့ ကတော့ဟုတ်ဟုတ်မဟုတ်ဟုတ်
စောင့်ရတော့မှာပေါ့လေ....၅၀၀၀ တန်ကို....

Ar Ga said...

ko Heavyေ၇ ... ဆသ၇ နဲ့ အပေါင်းပါ ၂၃ ခုသော company ကလားဗျာ .. သူက ဘယ်လိုလိမ်မှာလဲ ။ 5000 ကျပ် ပေးထားပြီး ၆ လ နေမှ Sim Card ပေးမယ်လို့ ပြောတာ မဟုတ်ဘူးလေဗျာ ။ ခွင့်ပြု မိန့်ကျပြီး ၆ လ အတွင်းမှာ Sim Card တွေကို ၅၀၀၀ ကျပ် နဲ့ စတင်ေ၇ာင်းပေးနိုင်တယ်လို့ ပြောတာလေဗျာ ။။ မဖြစ်နိုင်ဘူးလို့ ပြောနေတဲ့ သူတွေ ပေးလုပ်ကြည့်လိုက်လေဗျာ ။ ဘယ်သူက ဆက်သွယ်လို့ မ၇တဲ့ Sim Card ကြီးကို ၅၀၀၀ ပေး ၀ယ်မှာလဲ ။ ၇၇င် သူ့ကို ဆသ၇ ၀န်ကြီးတောင် ခန့်ပစ်လိုက်၇မှာဗျ ။ ပြည်သူလူထုကို လှည့်ဖျားဖို့ မကြိုးစား ကြပါနဲ့လားဗျာ.. တော်သင့်ပါပြီ ....

ko pwa said...

ဘာပဲဖြစ်ဖြစ်ဗျာ...၁၅ သိန်းကနေ ၂သိန်းဖြစ်လာပြီ မဆိုးတော့ပါဘူး.... ပိုက်ဆံစုလိုက်ဦးမယ်ဗျာ...ငွေပြည့်ရင် အမေ့ကို ၀ယ်ပေးလို့ရအောင်လို့...၅သိန်းကနေ ၂သိန်းတောင် တော်တော်ကြာတာ... ၅၀၀၀ တော့ စောင့်မနေတော့ဘူးဗျာ...ကျုပ်တို့ကတော့ ၀ယ်ပြီဗျို့

ko pwa said...

ကိုယ့်ပြည်တွင်းမှာလဲ လခကောင်းကောင်းရတဲ့သူတွေရှိပါတယ်ဗျာ။ တကယ်အရည်အချင်းရှိရင် ရပါတယ်။ လစာနဲတာကတော့ ကိုယ့်အရည်အချင်းနဲ့ပဲ ဆိုင်ပါလိမ့်မယ်.

နေမင်းထွန်း said...

ပြည်သူတွေအားလုံး ညီညွှတ်ရင် 5000 တန်လိုင်းကပ်ထွက်လာမှာပါ။ ပြည်သူတွေဘက်ကသာ မရှိတဲ့မြန်ဆင်းရဲသားတွေအတွက် တောင်းဆိုပေးကြပါ။ တဖြည်းဖြည်းနီးလာပါပြီ။

kyawthiha said...

Mg Heavy..ရေ ရွှေသံလွင် လိုကုပဏီကြီးတောင် မှဆိပ်ကမ်းသာလမ်းက အခန်းကျဉ်းလေး မှာငှားပြီးစခဲ့တာဘဲ..... ဘေးထိုင် ဘုပြောမနေပါနဲ့ ....နှစ်သိန်း..မပြောနဲ့ အလကားပေးရင်တောင် စဉ်းစားရအုံးမယ်...အလကားလူကြီးမင်းနဲ့ တွေ့တွေ့နေရလို့ပါ Heavy ရေ.....

ဘကြီးမောင် said...

ပြောရအုံးမယ်ကိုပေါရေ...
ပြည်တွင်းမှာလစာကောင်းသူတွေရှိတယ်ဟုတ်စ..မငြင်းပါဘူးရှိပါတယ်.အရည်အချင်းနဲ့ဆိုင်တယ်ဆိုတာကိုတော့ ပြောကြည့်ရအုံးမယ်..အရည်အချင်းဆိုတာဘာလဲ...လူကြီးနဲ့ သိမှ အမျိုးတော်မှာ အကပ်ကောင်းမှ ဆိုတဲ့ အရည်အချင်းလား..ခင်ဗျားလည်း အဲ့ဒိလို အရည်အချင်မျိုးနဲ့လစာကောင်းနေခဲ့တာလား... တကယ်တတ်သိ နားလည်သူတွေချည်းပဲ INGO တွေ၊Company တွေမှာ ခန့်ထားတာလားလို့မေးချင်ပါတယ်...ဖုန်းအကြောင်းနဲတော့ မဆိုင်ဘူးပေါ့....ဒီလိုသာလူမှန်နေရာမှန်ချည်းပဲဆို မြန်မာပြည်မှ ဘယ်သူမှ နိုင်ငံခြားမှထွက် အလုပ်မလုပ်တော့ဘူးဗျို့...စာလေးဘာလေးဖတ်အုံး...ပတ်ဝန်းကျင်လေ့လာမှုအားနည်းနေသလိုပဲ......

Powered by Blogger.