ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် နှင့် ယှဉ်ပြိုင်မည့် Dr စိုးမင်း နှင့် တွေ့ ဆုံခြင်း

ဒေါက်တာစိုးမင်း နှင့် တွေ့ ဆုံခြင်း
မေး။ ။ DASSK ပြိုင်တဲ့ ကော့မှူးမဲဆန္ဒနယ်မှာ ဘာလို့ ပြိုင်ရတာလဲ။
ဖြေ။ ။ မြောက်ဥက္ကလာပမြို့ နယ်မှာ စည်းရုံးရေးလုပ်ငန်းတွေလုပ်နေတဲ့အချိန်မှာ
ကော့မှူးမြို့ နယ်မှာ ဒေါ်အောင်ဆန်းစုကြည်ပြိုင်တယ်လို့ သတင်းတွေကြားနေရတဲ့အချိန်မှာ ကော့မှူးမှာပြိုင်ဖို့ အတွက် ပါတီကို လူကြီးတွေက လျာထားတယ်။ သူတို့ လျာထားတာ ဒေသခံလည်းဖြစ်ရမယ်၊ ဆရာဝန်လည်းဖြစ်ရမယ်ဆိုတဲ့ အချက်နှစ်ချက်ကို ရွေးထုတ်လိုက်
တဲ့အခါ ကျွန်တော့်ကို ကော့မှူးမြို့ နယ်မှာ ပြိုင်ရတဲ့သူဖြစ်လာတယ်။

မေး။ ။ ကော့မှူးမှာ DASSK နဲ့ ယှဉ်ပြိုင်ရမှာဆိုတော့ အနိုင်အရှုံးရလဒ်ကို ဘယ်လို
မျော်လင့်ထားသလဲ။
ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ ဖြူစင်တဲ့စိတ်ဓာတ်၊
ရိုးသားတဲ့စိတ်ဓာတ်နဲ့ နယ်ချဲ့ ကို ရရာနည်းနဲ့ အခက်အခဲတွေ အတိုက်အခံတွေကြားထဲက
ရင်ဆိုင်ဖောက်ထွက်ရင်း ပြည်သူတို့ ကို တိုတိုနဲ့ ရှင်းရှင်းပြောပြီး တိုင်းပြည်နဲ့ လူမျိုး
အတွက် အသက်စွန့် ခဲ့တဲ့ အာဇာနည်ပုဂ္ဂိုလ်ကြီးရဲ့ သမီးဖြစ်ပါတယ်။ ကျွန်တော်တို့ 
လူမျိုးတွေဟာ မိဘကိုချစ်တတ်သလို သားသမီးကိုလည်း ချစ်တတ်တဲ့ဓလေ့ထုံးစံရှိတဲ့
ပြည်သူတွေပါ။ ဖြူစင်တဲ့ပြည်သူတွေကို စည်းရုံးတဲ့သူတွေဟာလည်း ဖြူစင်စွာဘဲ
ပြည်သူတွေကို မလိမ်ဘဲ ပြောကြားစည်းရုံးကြရမှာ။ နှစ်ခါကျွန်ဖြစ်မခံကြမယ့် ပြည်သူ
တွေကို ဘယ်သူ့ မှ မလိမ်ရဲပါဘူး။ အနိုင်အရှုံးကို ပြည်သူက သတ်မှတ်ပေးမှာပါ။

မေး။ ။ DASSK အပေါ် ဒေါက်တာ ဘယ်လိုမြင်သလဲ။
ဖြေ။ ။ နယ်ချဲ့ ကိုတော်လှန်ပြီး တိုင်းပြည်ကို ကျွန်ဘ၀က လွတ်မြောက်အောင်
ခေါင်းဆောင်မှုပေး ကြိုးစားခဲ့တဲ့ လေးစားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးပါ။
ခေါင်းဆောင်ကောင်းလို့ စံပြုထားတဲ့ ပုဂ္ဂိုလ်ရဲ့ သမီးဆိုတော့ ကျွန်တော်တို့ အစ်မပေါ့။

မေး။ ။ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် (၄၈)နေရာမှာ အများပြည်သူစိတ်ဝင်စား
တာက ဒေါက်တာပြိုင်တဲ့ မဲဆန္ဒနယ်ပါ။ ကမ္ဘာကလည်း စိတ်ဝင်စားတယ်။ တကယ်လို့ 
ဒေါက်တာအနိုင်ရခဲ့ရင် ကတိက၀တ်တွေကို ဘယ်လိုဆောင်ရွက်ပေးမလဲ။
ဖြေ။ ။ စီနီယာအထက်လူကြီးတွေက တာဝန်တွေပေးတယ်။ ထုံးတမ်းအစဉ်အလာအရ
ပေးအပ်တဲ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရပါတယ်။ အမိန့် နာခံရမယ်။

မေး။ ။ ဒေါက်တာ့အနေနဲ့ ဒီကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ DASSK နဲ့ တွေ့ ဖို့ ရှိသေးလား။
ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ ခြင်း မတွေ့ ခြင်းက ကျွန်တော် ဆုံးဖြတ်ချက်ချလို့ 
မရပါဘူး။ ပါတီက တာဝန်ပေးရမယ့်ကိစ္စပါ။ ပါဆင်နယ်ကိစ္စ မဟုတ်ပါဘူး။

Messenger ဂျာနယ်
ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် နှင့် ယှဉ်ပြိုင်မည့် Dr စိုးမင်း နှင့် တွေ့ ဆုံခြင်း ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် နှင့် ယှဉ်ပြိုင်မည့် Dr စိုးမင်း နှင့် တွေ့ ဆုံခြင်း Reviewed by သစ်ထူးလွင် on 08:20 Rating: 5

40 comments:

myozaw said...

စောက်ရူး မင်းကိုယ်ပိုင်ဘာဆိုဘာမှ မသိပဲ အထက်ကခိုင်းတာလုပ်မယ် တာဝန်ကျေမယ်ဆိုရင် ဘာလို့ လွတ်တော်ကိုယ်စာလှယ်လုပ်မလဲ တပ်ထဲဝင်ပေါ့ ကိုယ်ပိုင်ခံယူချက်ယုံကြည်ချက်မရှိတဲ့သူကို ဘယ်လိုမဲထည့်မယ်ဆိုတာတော့ စဉ်းစားမရဘူး အေးထည့်လိမ့်မယ် ဘယ်လိုလူတွေလည်းသိလား ...စဉ်းစားပေါ့

SN said...

ကြိုးနီတွေနဲ့ တုပ်နှောင်ခံထားရတဲ့ ဒေါက်တာစိုးမင်းရဲ့ စိတ်ဓါတ်ကိုတော့ ကြိုက်သွားပြီဗျာ

Show said...

စကားတွေကိုဝေ့လည်ကြောင်ပတ်လျှောက်ပြောနေတယ်
သူတို့ရဲ့စိတ်ဓါတ်ကိုကစစ်အစိုးရသွင်းပေးထားတဲ့စိတ်ဓါတ်ပဲ..သိသာတယ်
နိုင်ငံ့ခေါင်းဆောင်ဆိုလဲပြီးတာပဲဟာ
ကော့မှူးကလူတွေကိုဘာတွေပေးပြီးမဲဆွယ်နေပြီလဲ
အမေစုကိုပဲနိုင်စေချင်ပါတယ်ဗျာ
တန်ဖိုးရှိတာချင်းကတခြားစီပါ
ဒါကိုလူတိုင်းသိတာပဲဟာ..လိမ်လို့မမရတာပဲ
ဟုတ်တယ်လေ
စစ်အစိုးရလက်ထက်တုန်းကလဲကျွန်ဖြစ်ခဲ့တာပဲ
ပါတီဝတ်စုံကိုက..ဆရာ.ဆရာမလိုလိုနဲ့
မယှဉ်ပါနဲ့ ဘာမှမဆိုင်ပါဘူး

ပေါက်ပေါက်ဆုပ် said...

ဘာလို့ ဒေါက်တာဖြစ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ပါတာလဲမသိဘူး ..ဆရာဝန်ဆိုတာနဲ့ ပြည်သူတွေက သဘောထားပြောင်းသွားမယ်ထင်လို့လား..ပြီးတော့ သူပြောသွားတဲ့စကားထဲမှာ အထက်ကခိုင်းလို့ လုပ်ရတာ အမိန့်နာခံရပါမယ်တို့ဆိုတဲ့ စကားက အာဏာရှင်စနစ်အငွေ့အသက်ရနေသလိုပဲ...ဒီလိုအင်တာဗျူးဖြေတာတောင် တော်တော်လေး ဂရုစိုက်ပြီးဖြေနေရသလိုပဲ...

SKy said...

ဖြေ။ ။ စီနီယာအထက်လူကြီးတွေက တာဝန်တွေပေးတယ်။ ထုံးတမ်းအစဉ်အလာအရ
ပေးအပ်တဲ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရပါတယ်။ အမိန့် နာခံရမယ်။
( ဒါပြည်သူတွေရဲ့  ဆန္ဒကို ဦးစားပေးမဲ့ ဒီမိုကရေစီလားးးး စစ်တပ်ပုံစံလားးးးး )
( Hope ppl from Kawhmu will aware about that. )

Anonymous said...

နိုင်ငံရေးခံယူချက်မရှိဘဲ ပါတီခေါင်းဆောင်တွေရဲ့အမိန့်ဘဲ ဆိုတော့ ပြည်ခိုင်ဖြိုးရဲ့ ကိုယ်စားလှယ်အမတ်လောင်းတွေ၊ လွှတ်တော်မှာ ပြောမယ့်ဆိုမယ့် ပြည်သူ့ကိုယ်စားလှယ်လောင်းတွေရဲ့ ရည်ရွယ်ချက်ကတော့ တော်တော့ကို ကြီးမားပါပေတယ်။ ပြည်သူတွေအတွက် ဘာမှအာမခံချက်မရှိ၊ တာဝန်မယူရဲ့ တဲ့ ကိုယ်စားလှယ်တော်ကြီးများကို ချီးကျူးပါတယ်။ (စကားချပ်....အန်တီစုယှဉ်ပြိုင်ရမှာဆိုတော့ လျှော့ပြောထားတာလား မသိ)။

Sayang said...

What kind of doctor are you Mr Soe Min? Pay money to get doctor or make money doctor. Please, answer yourself first.

demon said...

ကြောင်တောင်တောင်ကွန်ဆာဗေးတစ်တစ်ယောက်ပဲ

ရာရာ said...

ဒေါက်တာစိုးမင်းဖြေကြားသွားတာကိုဖတ်ပြီး ဒေါ်အောင်ဆန်းစုကြည့်ဟာ လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချူပ်အောင်ဆန်း ရဲ့အရှိန်အ၀ါနဲ့ပြည်သူ့ထောက်ခံမှုရနေတာဖြစ်တယ်လို့ အဓိပါယ်ထွက်တဲ့စကားကိုဆိုခဲ့တယ်လို့သဘောပေါက်မိတယ်...ဗိုလ်ချုပ်ကိုကြည်ညိုတာဟုတ်ပါတယ်...ဗိုလ်ချုပ်ကိုကြည်ညိုလို့သူ့သမီးကိုထောက်ခံတာမဟုတ်ပါဘူးခင်ဗျား...ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ကျိုးစွန့်အနစ်နာခံတဲ့စိတ်၊ ထက်မြက်တဲ့ခေါင်းဆောင်နိုင်မှု၊ နိုင်ငံတော်နဲ့ပြည်သူတွေကိုချစ်တဲ့စိတ်၊..ဒီအချက်တွေနဲ့ ပြည်သူတွေရဲ့ယုံကြည်မှု၊ ပြည်သူတွေရဲ့မေတ္တာ၊ ပြည်သူတွေရဲ့ ထောက်ခံမှုကိုရရှိခဲ့တာပါခင်ဗျား။...ခုချိန်မှာဗိုလ်ချူပ်ရဲ့သားဖြစ်တဲ့ ဦးအောင်ဆန်းဦးကိုယ်တိုင် ပါဝင်အရွေးခံရင်လည်း ဒေါ်အောင်ဆန်းစုကြည်လို တခဲနက်ထောက်ခံမှုကိုမရရှိနိုင်ဘူးဆိုတာ သတိပြုစေလိုပါတယ်..။
နောက်ပြီး ဒေါက်တာသတိပြုစရာတစ်ချက်က ပြည်သူတွေဟာ ထက်မြက်တဲ့၊ ရဲရင့်တဲ့ဆုံးဖြတ်ချက်ချနိုင်တဲ့၊ အမှန်ကိုပိုင်းခြားသုံးသတ်ဆုံးဖြတ်ရဲတဲ့ ခေါင်းဆောင်တစ်ယောက်ကိုလိုအပ်နေကြတာပါ...(စီနီယာအထက်လူကြီးတွေက တာဝန်တွေပေးတယ်။ ထုံးတမ်းအစဉ်အလာအရ
ပေးအပ်တဲ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရပါတယ်။ အမိန့် နာခံရမယ်။) ဆိုတဲ့ ကြိုးနီစနစ်ဗျူရိုကရက်ခေါင်းဆောင်တစ်ယောက်ကိုအလိုမရှိကြပါဘူး။ အဲ့ဒီအာဏာရှင်စနစ်ဆိုတာကလည်း ကမ္တာ့နိုင်ငံတွေမှာ တစ်နိုင်ငံပြီးတစ်နိုင်ငံ ချုပ်ငြိမ်းနေပြီ ဆိုတာလည်း သတိထားမိစေချင်ပါတယ်...။ နောက်ပြီး ဒေါက်တာတို့ကြံ့ဖွတ်အသင်းရဲ့ပြောနေကြ စကား ကျွန်ဖြစ်တယ်..ကျွန်ဖြစ်တယ်...ဆိုတာကြီးဟာအသုံးမတည့်တော့ဘူးဆိုတာလည်း သဘောပေါက်စေချင်ပါတယ်..အခုလို ဂလိုဘယ်လိုက်ဇ် လုပ်နေတဲ့အချိန်မှာ အဲ့ဒီအသုံးအနှုံးကြီးဟာ မှိုနံ့တထောင်းထောင်းထနေတဲ့ ဓါတ်ပြားပေါက်ကြီးတစ်ခုလို့ ပြည်သူတွေသိနေပါပြီ။ ဟုတ်ကဲ့...ကံကောင်းနိုင်ပါစေ ဒေါက်တာ...

မျိုးစင်ဆွေဆက် said...

သွားမေးတဲ့သူကလဲ မေးဖြစ်အောင်ကိုမေးတတ်တယ် ...ကြိုသိနေတဲ့ဟာကို ...ဖြေတဲ့သူကလဲဖြေပါတယ်..အကုန်လုံးအထက်အမိန့် ချည်းပဲ...အစဉ်လာမပျက် ..ဟုတ်ကဲ့ အဘပေါ့........အရင်စစ်အစိုးရရယ် ဒီလူနဲ့ သူ့  ကြံ့ဖွတ်ပါတီ ကတော့လားကွာ...ဟိုးအရင်ကတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်သမျှ အားလုံးမီးမှောင်ချထားခဲ့ပြီး ...အခုကြမှ ဖြူစင်တဲ့ ရိုးသားတဲ့ အာဇာနည်ပုဂ္ဂိုလ်ကြီးတဲ့....အခုမှ ဟိုဟာပါးစပ်က မတန်မရာ နတ်စကားထွက်လာလေရဲ့ ....အပိုတွေ ပြောမနေ နဲ့  ကြံ့ဖွတ်ပါတီဆိုတာ နိုင်ငံရေးလုပ်တာမဟုတ်ဘူးဆိုတဲ့ စည်းရုံးနည်းပေါင်းမျိုးစုံနဲ့  ဖွဲ့ စည်းခဲ့တဲ့အသင်းအဖွဲ့ ပါ...ကြိုတင်စီမံထားတဲ့အတိုင်း ၂၀၁၀ ရွေးကောက်ပွဲ လုပ်မယ်ဆိုရော ပါတီထဖြစ်...နိုင်ငံတကာလုံးဝမရှိတဲ့ မဲပေးစံနစ်(ကြိုတင်ထောက်ခံမဲလုပ်ထားခြင်း) ရွေးကောက်ပွဲစံနစ်ပုံစံနဲ့  တဘက်သတ်အနိုင်ရ ....ဟော..စစ်အာဏာရှင်တွေ ဘောင်ဘီးတွေ ချက်ချင်းချွတ် ပုဆိုးတွေ ချက်ချင်းပြောင်းဝတ် ဥုံဖွ ..သမ္မတ ဥုံဖွ ၀န်ကြီးချုပ်တွေ ၀န်ကြီးတွေ သူ့ နေရာနဲ့ သူ ကွက်တိ...ပြည်သူ တကယ်သိပြီး ထောက်ခံ တာလားမေးကြည့် ....အစစ်အမှန်စိတ်ရင်းအတိုင်းသာ အဲ့ဒီအချိန်တုံးက ပြည်သူတွေ လုပ်ပိုင်ခွင့်သာရှိခဲ့ကြည့်......အခုလဲ စောင့်ကြည့်မယ် တရားမျှတမှု သာရှိပါစေ...အမေစုနဲ့ ပြိုင်ဖို့  ကြံ့ဖွတ်က ဆရာဝန်ထက်မြင့်တဲ့ အာဏာရှင်ဟောင်း ကြိုက်တဲ့ ဘယ်အဘတွေ ပဲ လာယှဉ်ပြိုင်ပါစေ ....မတရားခဲ့တာတွေကို သိထားခဲ့တဲ့ပြည်သူပြည်သားတွေ ကတော့ တရားသော မဲ ကို တရားတဲ့ ဘက်ကို ပဲ ပေးကြမှာပါ ......( မတရားသဖြင့် လိမ်ညာ အနိုင်ရခြင်း သည် တဘ၀တာ အမဲစက်ပင် လူသက်တမ်းနှင့်ဆိုလျှင် တခဏတာလေးသာ....တဘ၀စံ အတွက်သာ စဉ်းစားပြီး ဦးဆောင်လုပ်သူ နှင့် နောက်လိုက်များပါ ...အာဏာရှင်တို့ နှင့်မနီးစပ်ခဲ့ မပတ်သက်ခဲ့ ပံ့ပိုးထောက်ပံ့မှု မရခဲ့ မတရားဖိနှိပ်ခံခဲ့ရသော.. အကြာက်တရားတို့ ဖြင့် ဘ၀ကိုရှင်သန်လာခဲ့ရသော.. ပေါ်ပင်ဥပဒေမျိုးစုံဖြင့် အပြစ်ဒဏ် ကျခံခဲ့ရပြီး နောက်ကွယ်မှစောင့်ကြည့်၍လွတ်လပ်စွာနေထိုင်ခွင့်မရှိသော...အပေါ်ယံ ရေပေါ်ဆီဝေ့များ စိတ်ထင်တိုင်းသုံးဖြုံးနေချိန် နိုင်ငံသားတန်းတူ အခွင့်အရေး မရရှိပဲ ပင်ပန်းဆင်းရဲစွာလုပ်ကိုင်နေရင်း အိုးအိမ် လယ် ယာ မြေ အသိမ်းခံရသော ...အာဏာရှင်တို့ ၏သားသမီးဆွေမျိုးများ နိုင်ငံခြားကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်သော အလုပ်ရုံ စက်ရုံ ကုမ္ပဏီများတွင် မလောက်မငှ လစာလေးဖြင့် စားစရိတ်မကာမိ အိမ်လခမကာမိ ကျန်းမာရေးစားရိတ်မရှိ လူမသေယုံ လူရိုသေယုံ ထမင်းစားကျွန်ခံလုပ်နေရသော ....အမျိုးမျိုးအစုံစုံသော နိုင်ငံသားစစ်စစ် ရိုးသားဆင်းရဲသောပြည်သူ များအပေါ် ထပ်မံ လိမ်ညာရက်အုံးမည်ဆိုပါက ....သံသရာတွင်ပင်မက ယခုလက်ရှိဘ၀မှာပင် တူသောအကျိုးခံစားကြရလိမ့်မည်...) ကိုယ့်ကိုကို လူကောင်းလူတော်ဖြစ်ရမယ်လို့  ခံယူချက်ထားရှိတဲ့ စစ်မှန်သော လူပီသစိတ်များရှိကြပါက နားလည်သဘောပေါက်ကြပါလိမ့်မည်.......( ဗိုလ်ချုပ်သည် တိုင်းတပါးနယ်ချဲ့ နှင့်ဖက်စစ်အာဏာရှင်ကိုတော်လှန်ခဲ့သည် ..ဗိုလ်ချုပ်၏ သမီးဖြစ်သူသည် ပြည်တွင်းနယ်ချဲ့ နှင့် ဖက်စစ်စံစံ စစ်အာဏာရှင်များကို ငြိမ်းချမ်းစွာတိုက်ပွဲဝင် သည်......အဲ့ဒီတုံးက.. ခင်ဗျားတို့ အခုမှထုတ်ပြောလာတဲ့ ရိုးသားဖြူစင်တဲ့ ဗိုလ်ချုပ် ကို မနာလို တဲ့သူ ယှဉ်ပြိုင်ချင်တဲ့ သူတွေ ရှိခဲ့ကြတယ်...အခုလဲ ဗိုလ်ချုပ်သမီး ကိုမနာလို၍ ယှဉ်ပြိုင်ချင်သူများ ရှိလာကြတယ်... ...ဒေါက်ချာကတော့ အဲ့ဒီထဲက ကံစမ်းမဲပေါက်..ဘုမသိ ဘမသိနဲ့  အထက်ကခိုင်းလို့  ယှဉ်ပြိုင်ရပြီပေါ့...ကောင်းပါတယ် ဒေါက်ချာ ခိုင်းလို့ လုပ်ရတာပဲ ရှုံးသွားရင်တောင် အထက်ကဒေါက်ချာကို ဘာမှအရေးမယူလောက်ပါဘူး သတိတော့ထားသူတို့ မှာ ပေါ်ပင် ဥပဒေတွေ ရှိတယ်...စိုးရိမ်စရာမလိုပါဘူး ဒေါက်ချာကကိုယ့်ပညာနဲ့ ကိုလုပ်စားလို ့ရတာပဲ.......တဘ၀စာလေးအတွက် လိမ်ညာကောက်ကျစ်ခြင်း ဖြင့် ဘ၀အမဲစက်များမထင်ကြစေပါနှင့်....လိမ်ညာခြင်းနှင့်သတ်ဖြတ်ချင်း.. စိတ်မှာကောက်ကျစ် လက်မှာသွေးစွန်းနေသောအမဲစက်ရှိပြီးသူများ သေသည်အထိ.. ဖျောက်ဖျက် ၍ မရနိုင်တော့ပါ...

WELCOME TO SUNSET INN IN KOHSAMUI said...

ခင်များ စစ်တပ်လေသံနှင့် အမိန့်တွေ စီနီယာတွေ ဂျူနီယာတွေ လုပ်မနေနှင့် ခင်များတို့ အမိန့်နာခံလွန်းလို့ တိုင်းပြည်ပျက်ခဲ့ရတာ သိလား။

ktd said...

ဟိုဟာဖြစ်ဖို့၊ ဒီဟာဖြစ်ဖို့ထက်၊ လူလိုသိဖို့ဘဲလိုတယ်။ ပြည်သူလုထုခေါင်းဆောင်တစ်ဦးအနေနဲ့ ပြည်သူရဲ့ဘ၀၊ ဒေသခံတွေရဲ့ဘ၀၊ လိုအပ်ချက်တွေကို သိတတ်နားလည် ဆောင်ရွက်တတ် ဦးဆောင်တတ်ဖို့ဘဲလိုတယ်။ အထက်ကခိုင်းလို့၊ အောက်ကပြောလို့ဆိုပြီး၊ ထမင်းရည်ပူလျှာလွဲလုပ်လို့ မရဘူး။ အရင်အစိုးရသုံးနှုန်းထားတဲ့ ဘာမှန်းမသိ ကျွန်တို့၊ ကျွတ်တို့ ဆိုတဲ့ စကားလုံးတွေက ကျန်ခဲ့ပါပြီဆိုတာ ဒေါက်ချာ သိစေချင်တယ်။ ဒီစကားလုံးတွေက ခေတ်မမီတော့ဘူးနော်၊ အနာဂတ်နိုင်ငံတော်ကို ဦးဆောင်မဲ့ဦးရွက်ပြုမဲ့သူက၊ အထက်ကခိုင်းလို့ပါ၊ မယားက၊ သားက ခိုင်းလို့ဆိုတဲ့ စကားလုံးတွေက သူရဲဘောကြောင် သလိုဘဲ။ အထက်က ခိုင်းတိုင်းလုပ်မှာလား။ အိမ်သူက စိန်နားကပ်၊ တိုက်နဲ့ကား၊ စည်းစိမ်တွေ တောင်းဆိုရင်ကော။ ။ ။ ဒီလိုအတွေးအခေါ်၊ ပြုမူမှုတွေနဲ့ အရမ်းကာရော အမျိုးမတော်ချင်ပါနဲ့၊ ကြားမကောင်းပါ။

sharkalan said...

"စီနီယာအထက်လူကြီးတွေက တာဝန်တွေပေးတယ်" ဆိုတော့ သူ့ရဲ့ အဲ့ဒိ ဒေသအပေါ်စိတ်ထားက သူများခိုင်းလို့လုပ်တာပေါ့။
"ထုံးတမ်းအစဉ်အလာအရပေးအပ်တဲ့တာဝန်ကို
ကျေပွန်စွာထမ်းဆောင်ရပါတယ်။"တဲ့ "အမိန့် နာခံရမယ်။"တဲ့
ကော့မှူးနယ်ကပြည်သူတွေ သတိထားကြနော်…ပြည်သူတွေအကျိုးစီးပွားအတွက်ဆိုတာ တစ်ခုမှမပါဘူး။ သူ့ကိုသူ့အထက်က ခိုင်းတာပဲသူလုပ်မှာ…လက်ညှိုးထောင်၊ ခေါင်းညိတ် ဒါပဲ။
ပုံစံခွက်ထဲကလူတွေ…
"အမိန့် နာခံရမယ်။"တဲ့…. အဲ့ဒါတော့အကြောက်ဆုံးပဲဗျ…သူ့အထက်ကလူတွေပေးတဲ့အမိန့်က အဲ့ဒီဒေသက ပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ဆန့်ကျင်နေရင်ကော… အဲ့ဒီဒေသက ပြည်သူတွေရဲ့ လွတ်လပ်မှုကိုထိခိုက်ပျက်ပြားနေမယ်ဆိုရင်ကော…အဲ့ဒိအမိန့်တွေကိုသူကလိုက်နာမှာပဲပေါ့…တခြားတွေးစရာတွေအများကြီးပဲဗျာ…
ဒီလူ့ အင်တာဗျူးတစ်ခုလုံး “ပါတီ ပါတီ ပါတီ ပါတီ”နဲ့ သူ့အမေလင်တွေရဲ့ အကျိုးအတွက်ပဲ လုပ်မယ့်လူဆိုတာ ဟန်မဆောင်နိုင်အောင်ကို ပေါ်လွင်နေတယ်ဗျာ…
ကျုပ်သိပ်မဆဲချင်ဘူးဗျာ…

ပန်းသတင်း said...

ိဒေါက်တာဂျီး...အန်တီစုအကြောင်းကို သိထားဒါတွေ သိသင့်ဒါတွေက နဲနေသေးတယ်လေ..ဒီလောက်တော့မဟုတ်လောက်ဘူးထင်တယ်.နော့...သတင်းမီဒိယာလေး..ရာဒီယိုလေးဘာလေးနားမထောင်ဖြစ်ဘူးလား..ဒီလောက်အသိလေးနဲ့တော့အမတ်မဖြစ်လောက်သေးဘူးထင်ပါတယ်..လေ့လာမူးအားလေးဘာလေးစိုက်ပေါ့..ဟိုကရောက်ဒီမရောက်လူတွေနဲ့ပေါင်းပြီးတလွဲစိတ်ကူးတွေတော့တွေးမသွားနဲ့ထမင်းကျွေးတဲ့ပြည်သူတွေဘက်ကိုတော့ကြည့်သင့်ပါတယ်..

သစ်ထူးလွင် said...

ကိုသစ်ထူးလွင်

ကော့မှူးမှာ ၀င်ပြိုင်မည့် ဒေါက်တာစိုးမင်း အင်တာဗျူးကို ဖတ်ပြီး
တော်တော်စိတ်ပျက်မိသဖြင့် ဒီစာကိုရေး
လိုက်ရ့ပါတယ်။
အမိန့်ကိုနာခံရပါသည် ဟု ဒေါက်တာစိုးမင်းကဆိုပါသည်။ တိုက်ပွဲမဟုတ်ပါ၊
ကိုယ်ပိုင်ဆုံးဖြတ်တတ်သဖြင့်
ဆရာဝန်ဖြစ်ခဲ့သည်ဟု ယူဆသဖြင့် မိမိဆုံးဖြတ်ချက်ဖြင့်သာ လုပ်ကိုင်
ဆောင်ရွက်စေလိုပါသည်။
သမိုင်းတရားခံမဖြစ်စေရန် အကြံပြုအပ်ပါသည်။
လေးစားစွာဖြင့်
ဆရာဝန်တစ်ဦး

မာဃလုလင် said...

ခမျာ သနားရှာပါတယ် ။အထက်က အမိန့်ကိုနာခံရတာပါတဲ့ ။
စိတ်မပါပဲနဲ့ ပြိုင်ရပုံပဲ . . . သူ့လူကြီးတွေကလည်းသိတယ်လေ
ုမြန်မာလူမျိုးတွေက ဆရာဝန်ဆိုအထင်ကြီးကြတဲ့ ဓလေ့ကို
ဒီတော့လည်း ဆရာဝန်ဖြစ်ရမယ်ဆိုတဲ့ပညတ်ပါပြီပေါ့ ။ အကြံကြီး
ကြပါပေတယ်ကွယ်

ဂေါလီမောင် said...

ဘာလဲဟ ပြည်သူတွေကိုမကြည့်ပဲ သူ့အတွက်ပဲကြည့်နေပါလား အမိန့်ဆိုတာစစ်တပ်မှာပဲရှိတယ်

Anonymous said...

သူများခိုင်းမှလုပ်တတ်တဲသူ..
ကိုယ့်ကိုယ်ပိုင်ဆုံးဖြတ်ချက်ဘာတစ်ခုမှမရှိ.
ဒီလိုငကြောင်.မျိုးဘယ်လိုလုပ်ခေါင်းဆောင်တင်မှာလဲ.
ဆရာဝန်ဆိုတာကရော.နေဝင်းသမီးလိုမျိုးခိုးချပီးအောင်လို့.
ဆရာဝန်ဖြစ်လာသလားမသိ.
ကိုယ့်ကိုကိုယ်မှမရှက်..ဘာတစ်ခုမှရေရေရာရာ.မဆုံးဖြတ်နိုင်တဲ့.
ကောင်က.အမတ်ဝင်ပြိုင်ဦးမတဲ့.ဒီအတိုင်းဆက်လုပ်ရင်တော့.
နောက်ဆိုဘိန်းဒေါဆရာဝန်တောင်လုပ်မရလို
့ထမင်းငတ်သေတယ်ကြားရမယ်..

Bravo said...

Dr. Soe Min နဲ့ကျနော် အင်တာဗျူးလုပ်ဖြစ်ရင် မေးချင်တဲ့မေးခွန်းနဲ့ Dr. ဖြေမဲ့ အဖြေဖြစ်လိမ္မယ်ထင်ပါတယ်။
ကျနော်။ ။ဆရာဝန်လိုင်းဘာလို့ရွေးဘာလဲ။
Dr.။ ။ကျနော်ရွေးပိုင်ခွင့်မရှိပါဘူး၊ မိဘတွေကယူခိုင်းလို့ပါ။
တောက်ပတဲ့ဦးနှောက်ကို ချည်နှောင်ထားတဲ့ကြိုးတွေကိုမြင်နေရသလိုပဲ။
လက်ရှိ အရာရှိများရဲ့ ပုံရိပ်ကို Dr. ရဲ့အဖြေမှာ ကွက်ကွက်ကွင်းကွင်းမြင်ရမှာပါ။ ခိုးစား၊ဗျောင်စား၊လုစား၊လိမ်စားတတ်တာကလွဲလို့ ဘာမှကိုယ်ပိုင်ဆုံးဖြတ်ခွင့်မရှိတဲ့ သူတို့ရဲ့ဘဝကလည်း သနားစရာကောင်းနေသလားပဲ။

ဂေါလီမောင် said...

ပြန်စဉ်းစားရင်ဒေါသထွက်လာလို့ထက်ပြီးCOMMENTပေးရတာပါ။ဘယ့်နှယ့်ဗျာကိုယ်ပိုင်ဦးနှောက်မရှိတဲ့လူက အမေစုနဲ့ယှဉ်မယ်၊အမေစုနဲ့ယှဉ်မယ်တဲ့လား၊ ၊မေးပါရစေဗျာဒေါက်တာကြီးကပြည်သူတွေအတွက်ဘယ်လောက်အနစ်နာခံဘူးလဲ၊ကိုယ်ကျိုးတွေစွန့်ဘူးလဲလို့သိပါရစေ၊လူနာဘယ်နှစ်ယောက်ကိုကိုယ်ကျိုး မကြည့်ကုပေးဘူးလဲ ကိုယ်ဘာသာပြန်မေးပြီးမှနိုင်ငံရေးကိုလုပ်ပါဗျာ၊အမေစုနဲ့ယှဉ်မယ်ဆိုရင်လည်းကိုယ်ကျိုးစွန့်မယ့်စိတ်ကလေးက အမေစုရဲ့ထမီအနားစလောက်တော့ရှိသင့်ပါတယ်နော်

gawleee said...

ခိုင်းလို့...လုပ်တယ်ဆိုတာ...ကျွန်နဲ့ တိရိစ္ဆာန်ဘဲရှိပါတယ်..ဒီတော့သူကဘာလည်း...????

Moe Moe said...

အမိန့် နာခံတတ်လွန်လို့ အမိန့် နာခံတဲဒေါက်တာဘွဲ့ ရတာလားဟင့် ဒေါက်တာဆိုတဲဘွဲ့ လေးကိုနှမျော့်လိုက်တာ စောက်ရှုးဘာဒေါက်တာလဲ လူစက်သတ်မဲဒေါက်တာလား?.....နင်လဲမြေခွေးပဲဖြစမှာပါ မြေခွေးအမတ်ပဲလုပ်

U Pai Soe Oo said...

အြင်မတန်အားကိုးလောက်မယ်.ကျန်ဖွတ်ကျား ငပေါကောင် အမတ်အလောင်း
ကြီးပါလား။

ပုဂံစစ်သည် said...

ပြောင်လေးစိုးဝင်း(ဒေါက်တာမတပ်တာ ခွင့်လွှတ်နော်၊ မတန်ဘူးထင်လို့) မင်းကပြောလိုက်ရင် ဗိုလ်ချုပ်သမီးလို့ပဲ မြင်ပါတယ်ဆိုတော့ ဒေါ်စုရတဲ့ဆုတံဆိပ်တွေ ပြည်သူတွေဘယ်လောက်ချစ်တယ် ဆိုတာတွေ မမြင်ဘူးလား မကြားဘူးလား မတွေ့ဘူးလား၊ ကြည့်ရတာ ခြင်္သေ့အဖွဲ့ထဲ စွံ့အနားမကြား တစ်ယောက်တော့ အမတ်ခန့်လိုက်ပုံပေါ်တယ်၊ ပြောင်လေးစိုးဝင်းရာ မင်းငယ်ပါသေးတယ်၊ (ဒေါက်တာ)တစ်ယောက်ဖြစ်ပြီးတော့ ပြောလိုက်ရင် အထက်က တာဝန်ပေး သလိုဆိုတော့ မင်းစည်းရုံးရေးက မဲထည့်ချင်စရာကြီးပါ့လား။ အေးပါမင်းဒေါ်စုလိုဆုတစ်ခုခုလောက်ရရင်ကိုပဲ မင်းကိုသနားသောအားဖြင့် မဲထည့်လိုက်ပါ့မယ်။ သတင်းထောက်များခင်ဗျာ ခြင်္သေ့တွေကို သွားဗျူးတော့မယ်ဆိုရင် မဗျူးခင်တစ်ပါတ်လောက်ကြိုတင် အကြောင်းကြားစေချင်ပါတယ်၊ ဒီလူတွေက နည်းနည်းထိုင်းတော့ ဘယ်လိုလုပ်တန်းဖြေနိုင်ပါ့မလဲ၊ ကြိုတင်ပြင်ဆင်မှု့ရှိအောင် ကြိုပြီးတော့ အသိပေးစေချင်ပါတယ်ခင်ဗျာ။

လူဆိုး said...

ကော့ မူးက အမျိုးတွေေ၇ သတိတော့  ထားဟ။ဒီဒေါက်ချာက အထက်က ခိုင်းမှ လုပ် မှာ ။သူ့ မှာ သူ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်  မှ မ၇ှိတာ ။အထက် က ခိုင်းလို့ သာ ကော့ မူးမှာ အမတ်လောင်းဝင်အရွေးခံမှာ ။တကယ် တိုးတက်စေချင်လို့  မှ မဟုတ် တာ။ကိုယ်ပိုင်မဲတပြားကို အလဟတ်သတ်အဆုံးမခံကြ ပါ နဲ့  ။

လူဆိုး said...

အော် ထက်ပြော၇ အုံးမယ် အမျိုးတွေေ၇ ။နေမကောင်းလို့  များသူ့ စိသွားမပြကြ နဲ့  ။တော်ကြာ အထက် က အမိတ်မပေးလို့  မကု ဘူးဆို ၇င် အပ်နဲ့  ထွင်းရမှာ ကို ပုစိန်နဲ့  ထွင်းနေရမယ်နော်

တို့ခေတ် said...

အင်း ရှေ့က တော်တော် များများ အားပေးသွားကြတော့ သိပ်တော့ ခင်ဗျားကို အားမပေးလိုတော့ပါဘူး။ ကို စိုးမင်း။ ခင်ဗျားကို ဆရာဝန် ဒါမှမဟုတ် ဒေါက်တာ လို့ ခေါ်ရမှာ ကျန်တဲ့ဆရာဝန်တွေကို အားနာလိုဗျာ။ ခင်ဗျားရဲ့ နိုင်ငံရေး အမြင် ဘယ်လောက် ကျယ်ပြန့်သလဲတော့ မသိဘူးဗျာ။ အင်တာဗျူး တခုကိုတောင် ဘယ် လို အမြီးအမောက် တည့်အောင် ဖြေရမယ်ဆိုတာ ခင်ဗျား နားမလည်ဘူး။ ခင်ဗျားကို ရှင်းရှင်းပဲ ဝေဖန်လိုက်မယ်ဗျာ။ ခင်ဗျား အများကြီးလိုပါသေးတယ်။ စာများများဖတ်ဗျာ။ အတွေးအခေါ်ကောင်းတဲ့သူတွေ စကားပြောကောင်းတဲ့သူတွေနဲ့ မကြာခဏ စကားပြော သူတို့ တွေရဲ့ ပြောပုံဆိုပုံ တဖက်သားကို ဖဲ့ ပုံ တိုက်ခိုက်ပုံတွေ ကို လေ့လာ။ ခင်ဗျား ဆ မ လက်မှတ်ကလေးရပြီး ဆေးထိုးအပ်ကိုင်ရုံနဲ့ ဟုတ်လှပြီ ထင်မနေနဲ့။ ခင်ဗျားဟာ တော်တော် သနားစရာကောင်းတဲ့လူဗျာ။ သူငယ်ချင်းတို့ရေ သူ့ကိုတော့ ၀ိုင်းမဆဲကြပါနဲ့။ သူက ဆယ်ပြား လိုလိုက် ဆယ်ပြား ပိုလိုက်ဖြစ်နေတာ။ မမှန်ဘူးဗျ။

YuYa said...

အရူးကြီးရေ..ဟေ့ အရူးကြီးရေ..
မရှက်ဘူးလားဟေ့ ...

YuYa said...

စိုးမင်းရေ ဝေ
အရူးလား ၀ါး....

မျိုးစင်ဆွေဆက် said...

ဖတ်ကြည့်လိုက်တော့...နှစ်ခါကျွန်ဖြစ်မခံဆိုတာ သွားတွေ့ ရတယ်...ဆရာဝန်တယောက်ဖြစ်ပြီး မြန်မာ့သမိုင်းတောင်မှ သေချာမသိတဲ့ ငတုံးပါလားလို့ မှတ်ချက်ချမိတယ် နယ်ချဲ့ ကျွန် ၊ဂျပန်ဖက်ဆစ်ကျွန်၊ဦးနေ၀င်းလက်ထက် စစ်အာဏာရှင်/ မဆလ ကျွန်၊ ၈၈ နောက်ပိုင်း ဖက်ဆစ်စစ်အာဏာရှင်ကျွန် ကြံ့ဖွတ်ကျွန် ဆိုပြီး ...သာမန်ပြည်သူတယောက်အနေနဲ့  ဒီလိုခံစား မြင်မိတယ်... နှစ်ခါပြန်မဟုတ်ဘူး ဒေါက်ချာရေ သာမန်ပြည်သူတွေကတော့ မြန်မာပြည် လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်းအာဏာရှင်တွေရဲ့ ပြည်တွင်းကျွန်ဖြစ်နေတုံးပါပဲ...

maymyothar said...

Hello !ဒေါက်တာစိုးမင်း ကျုပ်ကတော့ တောင်ပေါ်သားဗျ
ပြောစရာရှိရင် ဒဲ့ဘဲပြောတတ်တယ် ခင်ဗျားမှာ ကိုယ်ပိုင်ဆုံးဖြတ်
ချက်လည်းမရှိဘူး ကို့ကိုယ်ကိုယုံကြည်မှု့လည်းမရှိဘူး ခေါင်းဆောင်
နိုင်မှု့ကတော့ဝေးသေး အခုကထဲက... သူများခိုင်းတာလုပ်၊ ဖြစ်လာရင်
ကျွန်တော်မသိဘူး အထက်ကခိုင်းတာ အခုကတည်းက ခေါင်းရှောင်
တတ်တဲ့လူဆိုတာ ခင်ဗျားရဲ့စကားအသွားအလာကိုကြည့်တာနဲ့ကျုပ်
ခန့်မှန်းလို့ရတယ် အဲဒီတော့ ခင်ဗျားကို့ကိုယ်ကိုပြန်သုံးသတ်
ခင်ဗျားမှာဘာအရေအချင်းရှိလဲဆိုတာ... ကျုပ်ခင်ဗျားကိုအကောင်းဆုံး
အကြံပေးမယ်(KKKS)ကိုယ့်ကြိုးကိုယ်ဆွဲနေတာအကောင်းဆုံးဘဲ

Thazin said...

ကိုယ်ပိုင်ခံယူချက် ဘာလို့များ မရှိရတာလဲ ...........

sai said...

သနားစရာ လူ့ငနွားလေးပါလား....

zayzay said...

ဒိုင်လုပ်တဲ့ကောင်ကလဲ ဒီကောင်တွေပဲ ထိုးသားကလဲ ဒီကောင်ပဲ
ကြားညပ်မှာမြင်ယောင်သေးတယ်...ဒေါ်စုရယ်

Unknown said...

ဒေါ်အောင်ဆန်းစုကြည် အတွက် တော်တော် ရင်နာဖို့ကောင်းတယ်...ဒီလို သူများခိုင်းတာပဲ လုပ်တတ်တဲ့ ဒေါက်တိုင်စိုးမင်း နဲ့မှ ပြိုင်ရမှာမို့ပါ...သူတို့အထဲက ခပ်ညံညံ လူတွေထဲက အတော်ဆုံးရွေးထားတာလားမှ မသိတာ......

ကလေးမြို့သား said...

သူ့ကိုချည်းပဲ ဇွတ်အပြစ်မတင်ကြပါနဲ့ ..။ ကိုယ်ချင်းစာကြစေချင်ပါတယ်။ သူ့နေရာမှာ ကိုယ်ဆို ဘယ်လိုလုပ်မလဲ တွေးကြည့်ကြရအောင်။ သူ့အဖြေကို ကြည့်ချင်းအားဖြင့် နီးရာဓားကြောက်နေရသည်ဟု မြင်သည်။ သူက မပြိုင်ချင်သော်ငြားလည်း သူ့အသက်အိုးအိမ်လေးအတွက် ပြိုင်ဆိုပြိုင်ပါ့မယ်ဆိုတဲ့ သဘောမှာရှိပါတယ်။ အမေစုမှာ ဘယ်လိုအရည်အချင်းရှိတယ်ဆိုတာ သူမသိမဟုတ် သိကို သိပါလိမ့်မယ်။ သို့သော် ယခုမှ ဒီမိုကရေစီကို အကောင်အထည်ဖော်နေသောကာလ (၀ါ) စစ်အာဏာရှင် အရိပ်အငွေ့မကင်းသေးသော ကာလမှာ သူ့လို ဓါးစာခံတွေကို ကျွန်တော်တို့ ဘယ်လိုစာနာနားလည်မှုပေးမလဲဆိုတာက ကျွန်တော်တို့ပြည်သူတွေရဲ့ စိတ်ဓာတ်ခံယူချက်ကို ကမ္ဘာကမြင်အောင်ကြည့်နေပါလိမ့်မယ်။ အမေစုကို ချစ်သောဇောဖြင့် ကျွန်တော်တို့ ယခု ဒေါက်တာလေးကို ပျက်ပျက်နှစ်နှစ် မမုန်းမိကြစေချင်ပါ။ သူ့နေရာမှာ ကိုယ်သာဆိုရင် (ခုခေတ်အခြေအနေအရ) ဘယ်လို ရင်ဆိုင်မလဲဆိုတာ စဉ်းစားစရာပါ။ အသက်အသေခံမလားဆိုပြန်တော့ ကိုယ်ချင်းစာကြည့်ဖို့လိုမယ်ထင်ပါတယ်။ သူ့အတွက် အခြားအဖြေလေးများရှိရင် သူ့အတွက် ဖြေပေးကြစေချင်ပါတယ်။ ယခုအင်တာဗျူးကို သူအတော်ကြိုးစားပြီး ဖြေလိုက်ရမည်ထင်ပါသည်။ (နီးရာ ဓါးကြောက်နေရသေးသည်ကိုး)။ ကျွန်တော်ကြံဖွံ့ပါတီက ထွက်ပါတယ်ဆိုရင် သူအခြေအနေ ဘယ်လိုနေမလဲ။ ဒီတာဝန်ကြီးဟာ သူ့အတွက်ကြီးလေးပါတယ်လို့ သူက ပါတီတွင်းမှာ သွားပြောရင် သူ့ကို ပါတီက ဘယ်လိုတုံ့ပြန်မလဲ။ အကယ်လို့များ သူက မျိုးချစ်စိတ်အပြည့်ဖြင့်သော်လည်းကောင်း၊ သူ့ထက် အမေစုကသာ ပို၍သင့်တော်ပါသည်ဟု တွေးမိပြီး နောက်ဆုတ်ပေးပါသည်ဟု ပြောလိုက်လျှင်သော်လည်းကောင်း၊ သူအဲလောက် မမိုက်ပါဘူးဟု ပြည်သူ့မျက်နှာကိုကြည့်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မိမိ အားပေးပါသည်ဟု ပြောလိုက်မိလျှင်သော်လည်းကောင်း .... သူ့အနေဖြင့် (သူ့ရပ်တည်နေရသောအခြေအနေအရ) မိုက်မဲရာကျပေလိမ့်မည်။ ကျွန်တော်တို့ သူ့ကို ဘယ်လို စာနာပေးကြမလဲ။ ကျွန်တော်တို့ သူ့ကိုယ်စား အင်တာဗျူးမှာ အဆင်ပြေအောင် ဘယ်လိုဖြေကြမလဲ။ ကျွန်တော်တို့ ယခုမှ အစပျိုးနေသော ဒီမိုကရေစီအပြောင်းအလဲကာလမှာ (၀ါ) စစ်အာဏာရှင် အရိပ်မကင်းသေးသော ကာလမှာ ကိုယ်သာ ကြံ့ဖွံ့ပါတီမှ လုံးဝထွက်ပါသည်ဟု မည်သို့ပြောမလဲ။ မည်သူ့ကို အားကိုးရမလဲ။ အားကိုးမိသူက ကိုယ်တကယ်အားကိုးထိုက်သော၊ အားကိုးလောက်သောသူရော ဖြစ်ပါ့မလား။ ဒီမိုကရေစီကို သွားနေပါသည်ဟု ပြောနေသောအချိန်တွင် တိုက်ခိုက်သံတွေက ကြားနေရဆဲပင်။ လယ်မြေတွေ သိမ်းပါသည်ဟု ပြောနေကြသော တောင်သူလယ်သမားတို့၏အသံကလဲ ခုထိပင် ရှိနေဆဲပင်။ လာဘ်ပေးလာဘ်ယူမှုများရှိနေကြောင်း ယခုထက် သိနေကြဆဲပင်။ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေကြဆဲပင်။ ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ နယ်ကလူတွေအတွက် (၀ါ) ကျေးလက်က လယ်သမားတွေအတွက် ခင်ဗျားဘယ်လို စဉ်းစားထားလဲ။ အပေါင်းအသင်းများခင်ဗျာ ... ခင်ဗျားတွေးမိသမျှ အကောင်းဆုံးကို မျှော်လင့်နေပါသည်။

မျိုးစင်ဆွေဆက် said...

..... သဘောရိုးနဲ့ ပြောကြည့်မိတယ် ....အားကိုးမိသူဘာလုပ်ပေးနိုင်မလဲဆိုတာကို လူတိုင်းသဘောပေါက်နိုင်အောင်ပါ...အရင်စစ်အာဏာရှင်လက်ထက်ထဲက ပြည်သူဘ၀ မလုံခြုံ မပြည့်စုံခဲ့ဘူး...ဘောင်းဘီချွတ်ပြီး ပုဆိုးဝတ် ကြံ့ဖွတ်ဆိုပြီးနိုင်ငံကို လုပ်ကြံအုပ်ချုပ်နေတဲ့အခုအချိန်ကာလမှာလဲအရင်အတိုင်းပဲ ဆိုတာပြည်သူလူထုတိုင်းသိတယ် ...ဒီမိုကရေစီလမ်းကြောင်းကိုသွားနေသည့်တိုင် လက်ရှိအုပ်ချုပ်နေတာ အရေခွံလဲ တွေပါ... အရင်ထဲကရှိခဲ့တဲ့စရိုက်စိုးတွေရှိနေပါသေးတယ်... အခုရွေးကောက်ပွဲကကြားဖြတ်ရွေးကောက်ပွဲပါ ...၄၈ နေရာအတွက်ဝင်ပြိုင် ရတာပါ...ဒီမိုကရေစီအင်အားစုတွေအနိုင်ရခဲ့ပြီဆိုရင်တောင် ဒီမိုကရေစီနိုင်ငံဖြစ်ပြီလို့ ပြောလို့  မရသေးပါဘူး...အာဏာရှင်အရေခွံလဲတွေနဲ့ လွှတ်တော်ထဲမှာ အတိုက်အခံ လုပ်နိုင်ရုံ အတိုက်အခံအင်အားစု အဖြစ်နဲ့ သာရှိနေမှာပါ ...ပြည်သူလူထုထောက်ခံမှုကိုယူပြီးလွှတ်တော်ထဲမှာလဲ ဒီမိုကရေစီအရေးအတွက်ဆက်လက်ပြီးတိုက်ပွဲဝင်ရအုံးမှာပါ... နေရာဖယ်လိုစိတ်လုံးဝမရှိတဲ့ အာဏာရှင်အရေခွံလဲတွေရဲ့  ယုတ်မာမှုတွေကိုလဲကြံ့ကြံ့ခံရင်ဆိုင်ရအုံးမှာ အဲဒီအချိန်မှာပြောတတ်လာမယ့် ဒီမိုကရေစီအင်အားစုတွေကဘာမှလဲလုပ်မပေးနိုင်ပါလားဆိုပြီး အမြင်လွဲတာတွေမဖြစ်စေချင်ပါဘူး ဒီမိုကရေစီအင်အားစုတွေရမှာက အမတ်နေရာပါ သမ္မတရာထူး အမြင့်ဆုံးအုပ်ချုပ်သူနေရာရတာမဟုတ်ပါဘူး.. တကယ်ဖြစ်စေခြင်ရင် ကျနော်ကိုယ်တိုင်လဲဖြစ်စေချင်တာ က...အုပ်ချုပ်တဲ့နေရာကို အရယူထားတဲ့  သူတွေ ကိုယ်တိုင်ရဲ့ စိတ်ရင်းမှာကိုက အာဏာသည်ပြည်သူထံတွင်ရှိရမည်ဆိုတဲ့  ဒီမိုကရေစီအခြေခံစိတ်ဓါတ်မရှိဘူး မထားနိုင်ဘူးဆိုရင်တော့ ...စိတ်ကအာဏာရှင် ပါးစပ်ပြောဒီမိုကရေစီ ပဲဖြစ်နေမှာပါ ...လက်ရှိ လတ်တလောအခြေအနေတွေ နေ့ စဉ်ပြည်သူ့ ဘ၀ခံစားနေရတာတွေ ကို ကျနော်ပြောတဲ့အချက်တွေနဲ့ ယှဉ်စဉ်းစားကြည့်လိုက်ပါ ...လူတိုင်းသဘောပေါက်နိုင်ပါတယ်... စကားချပ်။ ။အုပ်ချုပ်တဲ့သူတွေနေရာမှာ ဒီမိုကရေစီအတွက် သက်ဝင်ယုံကြည် တိုက်ပွဲဝင်ရဲသူတွေ အဖိနှိပ်ခံ အနှပ်ကွပ်ခံ ဒီမိုကရေစီ ကို စိတ်ရင်းအသွေးအသားထဲကကို လက်ခံယုံကြည်မြတ်နိုးတန်ဖိုးထားတဲ့ စိတ်ရှိသူတွေသာဖြစ်လာပါမှတကယ့်စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံဖြစ်လာမှာပါ ...ခုလောလောဆယ်ကတော့ အာဏာရှင်အရေခွံလဲတွေရဲ့ ..အရောင်ပြ ဥုံဖွ ဒီမိုကရေစီလေးသာ....

pk said...

ကိုယ်ပိုင်အတွေးအခေါ်လည်းမရှိ ယုံကြည်ချက်လည်းမရှိ အထက်ကခိုင်းတဲ့အတိုင်းလုပ်ရတယ်ဆိုတော့ တော်တော်လေးစားဖို့ကောင်းနေပါလားနော် ခိုင်းမှလုပ်တယ်ဆိုရင်တော့လူမဟုတ်တော့ဘူး-------------------------

David Henry said...

သြော်...လောက်တာရယ်ဖြစ်မှဖြစ်ရပလေတယ်...
အခုတော့ လူအများ တံတွေးခွက်မှာ ပက်လက်မျောလိုက် ..
မှောက်ခုံမျောလိုက်.. ဖြစ်နေရပါပကောလား...
အေးပေါ့လေ.. ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတော့ နဲနဲသက်သာတာပေါ့
ဒီလိုအင်တာဗျူးမျိုးဖြေရင် -
ဖွတ်လည်းလျှောက်စေ...ကော့မှူးပြည်သူတွေလည်းစွဲစေ...
ဖြေမှပေါ့။
( ရင်ထဲကပါပါ မပါပါ )
အခုတော့ စောက်ရူးဖြစ်ပြီပေါ့
သခင်အလို လိုက်ရတဲ့ေ-ွး လိုပေါ့လေ။ ခိုင်းမှလုပ်တတ်မှာပေါ့။
ကြိုးနီစနစ် ပပျောက်ပါစေ ...
စစ်အာဏာရှင်စနစ် ကျရှုံးပါစေ ...
ပြည်သူ့ဆန္ဒပြည့်ဝပါစေ ...

aungkokowin said...

ဒါနဲ့ များ...အမေစုနဲ့ ပြိုင်ချင်သေးတယ.်...ဘာလုပ်လုပ်ကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိဘူး...သူများက မင်းခေါင်းဖြတ်ပေးဆိုရင်တောင် ဘာမှ မစဉ်းစားပဲပေးမဲ့ လူ....အနည်းဆုံးအရှက်တရားတော့ ရှိပေါ့နော်....အကုန်လိုက်ပြောရရင်မကောင်းဘူး....ကိုယ့်အကြောင်းကိုယ်သိ...

Powered by Blogger.