အမျိုးသား စစ်မှုထမ်းဥပဒေကို ကျင့်သုံးရန် မလိုအပ်ကြောင်း ကာကွယ်ရေး ၀န်ကြီး ပြောကြား


7191
ပြည်ထောင်စု လွှတ်တော်တွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး လှမင်း
ရှင်းလင်းပြောကြားနေစဉ်
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ စစ်သားအင်အား လူဦးရေတစ်သန်း မပြည့်သော်လည်း လက်ရှိအခြေအနေအရ အမျိုးသားစစ်မှုထမ်း ဥပဒေကို ကျင့်သုံးရန်မလိုအပ်ကြောင်း ဖေဖော်ဝါရီလ ၃ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် တတိယ ပုံမှန်အစည်းအဝေး စတုတ္ထနေ့ အစီအစဉ်တွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်းက ပြောကြားခဲ့ပါသည်။
တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် နှင့်အညီ နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်နိုင်ရန်အတွက် အင်အားတောင့်တင်းရန်၊ စွမ်းရည် ထက်မြက်ရန်၊ ခေတ်မီရန်နှင့် မျိုးချစ် စိတ်ဓာတ်ရှိရန် လိုအပ်ပြီး အင်အား တောင့်တင်းရေးအတွက် လူနှင့်လက်နက်အင်အား တောင့်တင်းရန် လိုအပ်ကြောင်း သိရသည်။ ကမ္ဘာ့အခြေအနေများ ပြောင်းလဲ၍ လိုအပ်မည်ဆိုပါက ပြဋ္ဌာန်းပြီးဖြစ်သည့် အမျိုးသား စစ်မှုထမ်းဥပဒေကို ကျင့်သုံးနိုင်ပြီး လက်ရှိအခြေအနေနှင့် ကျင့်သုံးရန် မလိုအပ်ကြောင်း၊ ပြင်ပမီဒီယာများ နှင့် ပြည်ပနိုင်ငံများ စွပ်စွဲနေသည့် ကလေးစစ်သား အသုံးပြုရန် လိုအပ်ခြင်းမရှိ၍ တပ်မတော်သည် ပြဋ္ဌာန်းထားသည့် စစ်မှုထမ်းဥပဒေနှင့်အညီ အသက် ၁၈ နှစ်ပြည့်ပြီး ၂၅ နှစ် ထက်မကြီးသူများ၊ ကိုယ်တိုင်ဆန္ဒပြုသူများကိုသာ စစ်မှုထမ်းအဖြစ် လက်ခံလျက်ရှိပြီး နည်းလမ်းမမှန် စုဆောင်းသူများကို တည်ဆဲတပ်မတော် ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်နေကြောင်း ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်း၏ ပြောကြားချက်အရ သိရသည်။

ကလေးစစ်သား အသုံးပြုရန် လိုအပ်ခြင်းမရှိ၍ တပ်မတော်သည် ပြဋ္ဌာန်းထားသည့် စစ်မှုထမ်းဥပဒေနှင့်အညီ အသက် ၁၈ နှစ်ပြည့်ပြီး ၂၅ နှစ်ထက်မကြီးသူများ၊ ကိုယ်တိုင် ဆန္ဒပြုသူများကိုသာ စစ်မှုထမ်း အဖြစ် လက်ခံလျက်ရှိပြီး နည်းလမ်းမမှန် စုဆောင်းသူများကို တည်ဆဲ တပ်မတော်ဥပဒေများနှင့် အညီ အရေးယူဆောင်ရွက်နေကြောင်း . .
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး လှမင်းက “နိုင်ငံတော် ကာကွယ်ရေး နဲ့ပတ်သက်လို့ လွတ်လပ်ရေးကြိုးပမ်းစဉ် ကာလကတည်းက အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းက မြန်မာနိုင်ငံ ကာကွယ်ရေး အတွက် ပြောခဲ့တဲ့စကားရှိပါတယ်။ လွတ်လပ်တဲ့ဗမာပြည်တွင် တိုင်းပြည် ကာကွယ်ရေးဟာ အစိုးရရဲ့တာဝန်၊ အင်္ဂလိပ်အုပ်ချုပ်တုန်းက အင်္ဂလိပ်ရဲ့ တာဝန်ဖြစ်တယ်။ လွတ်လပ်ရေး ရပြီးရင် ကျုပ်တို့ရဲ့တာဝန်ဖြစ်တယ်။ ကျွန်တော်တို့တိုင်းပြည်ဟာ တကယ့် တကယ်တော့ စစ်တိုက်တဲ့အချိန်မျိုးမှာ လူတစ်သန်း စစ်တိုက်အင်အား ရှိရမယ်၊ ရှိမှကောင်းမယ်ဟု ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် မြို့တော်ခန်းမ၌ ကျင်းပသည့် ပြည်သူ့ အစည်းအဝေးကြီးတွင် ပြောကြားခဲ့တယ်”ဟု ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးလှမင်းက “ကျွန်တော်တို့ နိုင်ငံရဲ့မြောက်ဘက်နှင့် အရှေ့မြောက်မှာ ကာကွယ်ရေးအင်အား ၂ ဒသမ ၄ သန်းခန့်ရှိတဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဟာ ၂၀၁၁ ခုနှစ်အတွက် အမေရိကန်ဒေါ်လာ ၉၀ဒသမ ၇ ဘီလျံ၊ အရှေ့ဘက်မှာ ကာကွယ်ရေးအင်အား ၃၇၅၀၀ ရှိတဲ့ လာအိုနိုင်ငံက ၂၀၁၁ ခုနှစ်မှာ အမေရိကန် ဒေါ်လာ သန်း ၇၀၊ ကမ္ဘာ့ စစ်အင်အား အဆင့်အတန်း ၂၈ ရှိတဲ့ ထိုင်း နိုင်ငံက ၂၀၁၁ ခုနှစ်အတွင်းမှာ ကာကွယ်ရေးအသုံးစရိတ် အမေရိကန် ဒေါ်လာ ၅ ဒသမ ၄ ဘီလျံ၊ ကာကွယ်ရေးအင်အား ၁ ဒသမ ၆ သိန်းရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၂၀၁၁ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလျံ၊ ကမ္ဘာ့စစ်အင်အား အဆင့်အတန်း ၄ ရှိတဲ့ အိန္ဒိယ နိုင်ငံဟာ ကာကွယ်ရေးအင်အား ၁ ဒသမ ၂ သန်းခန့်ရှိပြီး ၂၀၁၁ ခုနှစ် အတွင်းတွင် အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၀၃ ဘီလျံသုံးစွဲခဲ့ပါတယ်။ ယခုတင်ပြသည့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၁၁ ဘီလျံအပါအ၀င် ကျပ်ငွေ ၁၈၇၇ ဒသမ ၇၁၃ ဘီလျံ ဟာ နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ အသက်အိုးအိမ်စည်းစိမ်များ ကာကွယ်ရန်အတွက် အနည်းဆုံးလိုအပ်သော အသုံးစရိတ် ပင်ဖြစ်ပြီး လွတ်လပ်ရေးကြိုးပမ်းစဉ်က ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းခဲ့သည့် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးအတွက် လုံလောက်သော ကာကွယ်မှုပေးနိုင်မည့် တပ်မတော်တစ်ရပ် တည်ဆောက်ရန်အတွက် အနည်းဆုံးလိုအပ်သည့် အသုံးစရိတ်ပမာဏပင် ဖြစ်တယ်”ဟု ပြောကြားခဲ့သည်။
EMG
အမျိုးသား စစ်မှုထမ်းဥပဒေကို ကျင့်သုံးရန် မလိုအပ်ကြောင်း ကာကွယ်ရေး ၀န်ကြီး ပြောကြား အမျိုးသား စစ်မှုထမ်းဥပဒေကို ကျင့်သုံးရန် မလိုအပ်ကြောင်း ကာကွယ်ရေး ၀န်ကြီး ပြောကြား Reviewed by သစ်ထူးလွင် on 10:30 Rating: 5

9 comments:

Anonymous said...

စင်ကာပူတိုင်းဆို

AUSTIN said...

ပြည်သူပြည်သားတိုင်းစစ်ပညာတတ်မြောက်သွားခဲ့မယ်ဆိုရင်..အချိန်မရွေးပြန်
ခုခံနှိင်တယ်လေ..အဲ့ဒါတွေတွေးနေပြီ...ရိုးပါပေ့နဲ့..

Maung said...

စစ်မှု့ထမ်းဥပဒေ မလိုအပ်ဘူးဆိုတာ ခင်ဗျားကအခုမှသိတာလား။. အော် သနားစရာပါလား။

thu said...

ဒီလိုဆို ပညာရေးနဲ.ကျန်းမာရေးလည်း သူတို.နိုင်ငံနည်းတူသုံးပါလား.............

တပေူကလဲ said...

အမှန်တယ်ဗိုလ်ချုပ်အောင်ဆန်းဆိုလိုသည့်စစ်တိုက်အင်အားတစ်သန်းဆို
သည်မှာထိုစဉ်ကမြန်မာနိုင်ငံလူဦးရေ ၁၂သန်းအနက်တစ်သန်းစစ်တိုက်နိုင်
ရမည်ဟုဆိုလိုပေသည်။ယခုလှူုဦးရေအရသော် ၅သန်း သို့မဟုတ်၆သန်း
စစ်တိုက်နိုင်ရပါမည်။စစ်သားရှိရမည်ဟုဆိုလိုခြင်းမဟုတ်သည်ကိုသဘော
ပေါက်စေချင်ပါသည်။
တနှစ်ဒေါ်လာသန်း၁၂၀၀မှာပြည်သူများဆင်းရဲသည့်မြန်မာနိုင်ငံအနေနှင့်
လွန်စွာများပြားသညိ့ပမာဏဖြစ်ပါသည်။
၎င်းငွေများကိုပြည်သူများအလုပ်အကိုင်၊စီးပွားရေးတိုးတက်စေမည့်နေ၇ာ
မျိုးတွင်သုံးစွဲစေသင့်ပါသည်။ကျပ်ငွေ၁၈၇၇ ဘီလီယံမှာ ကန်ဒေါ်လာ
သန်း၂၀၀၀ကျော်ပြီးဖြစ်သည့်အတွက်နည်းသည်ဟုမဆိုသာချေ။စု
စုဟုပေါင်း ဒေါ်လာသန်း၃၂၀၀ကျော်စစ်အသုံးစရိတ်သူံးစွဲသောနိုင်ငံရှိ
ဆင်းရဲသောပြည်သူများမျက်နှာထောက်ထားသင့်ပါကြောင်း။

kyaw soe ko ko said...

လူတိုင်း သေနတ်ပစ်တတ်သွားမှာ စိုးရိမ်လို့ .....

တပေူကလဲ said...

ပြည်သူများဆင်းရဲချိန်တွင်နိုင်ငံတော်စစ်အသူံးစရိတ်အားဒေါ်လာသန်း
စုစုပေါင်း၃၂၀၀ကျော်သူံးစွဲခြင်းမှာမသင့်လျော်ပါ။
ပြည်သူများချမ်းသာချိန်၌ဒေါ်လာသန်း၁၀၀၀၀ကျော်သူံးစွဲသော်ပြဿနာ
မရှိပါ။
ပြည်သူများ၏လက်ရှိအခြေအနေကိုထောက်ထားသင့်ပါသည်။
နှိုင်းယှဉ်ရသော်အိမ်ထောင်စုတခုတွင်မိသားစုဝင်များဆင်းရဲစွာ၀၀လင်လင်
ကောင်းစွာမစားနိုင်၊ဆေးမကုနိုင်၊ပညာကောင်းစွာမသင်နိုင်ချိန်၌အကိုကြီး
ဖြစ်သူကလူမိုက်ရန်ကာကွယ်ရန်အကြောင်းပြ၍အိမ်တိုင်ချွတ်ရောင်း၊မိသားစုဝင်တို့၏ချွေတာစုဆောင်းထားသောငွေဖြင့်အရက်သောက်မူးယစ်
နေသောအရက်သမားနှင့်တူလေ၏။

John Paul said...

ဘာမှ မဟုတ်ဘူး၊ လူတိုင်း သေနတ်ပစ်တတ်ကုန်ရင် သူတို့ကို ပြန်ပစ်မှာဆိုတာ သိနေတယ်လေ။ ဒီတော့ မလိုအပ်ဘူး ဘာညာနဲ့ ဖောရှောရိုက်နေတာ။

ktd said...

လက်ရှိစစ်တပ်နဲ့ အရင်ကစစ်တပ်ပုံစံမျိုးတွေကြောင့် တိုင်းပြည်မှာ စစ်သည်အင်အား စုဆောင်းရတာ အခက်အခဲဖြစ်နိုင်ပါတယ်။ စစ်တပ်ကို စစ်အင်အားကို မဟုတ်တဲ့နေရာ ။ အာဏာတည်မြဲမှုနေရာတွေမှာ မျက်မှန်စိမ်းတပ်ခံလိုက်ရတော့၊ ရွံမုန်းကြတာအမှန်ဘဲ။ ခုချိန်မှာ စစ်သားစုဆောင်းလို့ မရလို့ ရာထူးနဲ့မျှားပြီး ခေါ်မှသာ စစ်ထဲရောက်ကုန်ကျလို့ စစ်သည်အင်အားဖြစ်နေတာ။ တကယ်တော့ လက်ရှိဗိုလ်ဆိုတာ တပ်သားအဆင့်လိုပါဘဲ။ ကျန်းမာသန်စွမ်းသူတိုင်း အသက်အရွယ်ကောင်းဖြစ်တဲ့ အချိန်မှာ စစ်မှုမထမ်းမနေရ ဥပဒေက ချမ်းသာပါတယ်ဆိုတဲ့ နိုင်ငံတွေမှာတောင် ရှိနေတာ၊ မြန်မာပြည်မှာလဲ ရှိသင့်ပါတယ်။ တစ်ချိန်မှာ ငါလည်းစစ်သားဖြစ်ခဲ့ပါတယ်။ မင်းတို့မှာ ထူးထူးဆန်းဆန်း သေနတ်ကိုင်ဖူး၊ စစ်သင်တန်းတက်ဖူးတာ မဟုတ်ပါဘူး။ ဘ၀င်မကိုင်ပါနဲ့၊ တိုင်းပြည်ကို ပိုချစ်တယ် မလုပ်ပါနဲ့၊ အားလုံးကိုယ့်တိုင်းပြည်ကို ကိုချစ်ကြတာချည်းဘဲလေ၊ ဂွတ်ဂါးဗားမင့်၊ ကလင်းဂါးဗားမင်း ဖြစ်တဲ့ခေတ်ကျမှ စစ်ထဲမှာ စစ်မှုထမ်းမယ်။ မင်းတို့လို ပြည်သူတွေကို ရန်သူလိုလိုမြင်နေတဲ့ စစ်တပ်၊ ထစ်ကနဲဆို အာဏာသိမ်းဖို့ ချောင်းနေတဲ့ အဖွဲ့အစည်းကိုတော့ အမြစ်ဖြုတ်ချင်တယ်။ ။ ။

Powered by Blogger.