စစ်ကိုင်းတိုင်းကို စည်းရုံးရေးခရီးလာဖို့ ဒေါ်အောင်ဆန်းစုကြည် ကို ဖိတ်ကြားထား


မြိုင်မြို့ နယ်မှလူမှုရေးလုပ်ငန်းများကို သွားရောက်လေ့လာခဲ့စဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်ကို စစ်ကိုင်းတိုင်းဒေသကြီး အတွင်းက မြို့နယ်တချို့နဲ့မကွေးတိုင်းဒေသကြီးအတွင်းက မြို့နယ်တချို့ကို လာရောက်ဟောပြောမဲဆွယ်စည်းရုံးဖို့ ဖိတ်ကြားထားတယ်လို့ မုံရွာခရိုင်အောင်နိုင်ရေးတာဝန်ခံ ဦးအောင်ရှင်က ပြောပါတယ်။
´´အခုဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ထားတာက မဲဆွယ်စည်းရုံးဖို့ဖိတ်ထားတာပါ။ ပြည်သူလူထုတွေရဲ့ဆန္ဒအရ ဖိတ်တာပါ´´လို့ မုံရွာခရိုင်အောင်နိုင်ရေး တာဝန်ခံ ဦးအောင်ရှင်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အဓိက သွားမယ့်မြို့တွေက ပုလဲမြို့၊ မင်းကင်းမြို့၊ ရေစကြိုမြို့နှင့် မြိုင်မြို့တို့ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ ခရိုင်အောင်နိုင်ရေး ဆပ်ကော်မတီကို ဇန်န၀ါရီလ ၃၁ ရက်နေ့က စတင်ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
ခေမဏီ (မော်ဒန် သတင်းဂျာနယ်)
စစ်ကိုင်းတိုင်းကို စည်းရုံးရေးခရီးလာဖို့ ဒေါ်အောင်ဆန်းစုကြည် ကို ဖိတ်ကြားထား စစ်ကိုင်းတိုင်းကို စည်းရုံးရေးခရီးလာဖို့ ဒေါ်အောင်ဆန်းစုကြည် ကို ဖိတ်ကြားထား Reviewed by သစ်ထူးလွင် on 10:39 Rating: 5

2 comments:

David Henry said...

အမေစု ရဲ့လုံခြုံရေးကို ဂရုစိုက်ကြပါခင်ဗျာ ...
ရန်သူလား ... မိတ်ဆွေလား သာမန်မျက်စေ့ဖြင့်
ခွဲခြားမသိနိုင်ပါ။
ယခုအချိန်တွင် တစုံတစ်ခု အမှားအယွင်း ဖြစ်လို့မဖြစ်ပါ။
ပြည်သူများရဲ့ရှေ့တွင်မားမားမတ်မတ်ရပ်တည်ပေးမည့်သူသည်
အမေစု တစ်ဦးတည်းသာရှိပါသည်။ အားကိုးစရာ မှာ
ပြည်သူ့အချစ်တော် အမေစု တစ်ဦးတည်းသာရှိပါသည်။

Wai Lar Ko Ko said...

ကျွန်တော်တို့ကတော့မဲဆွယ်စည်းရုံးလည်းအမေစုပဲ
မစည်းရုံးလည်းအမေစုပဲ100%နဲ့နိုင်ပါစေဗျာ

Powered by Blogger.