တိုင်ရီဖိနပ်စက်ရုံသုံးရက်မြောက် ဆန္ဒပြပွဲ (ရုပ်/သံ)


ဖေဖော်ဝါရီလ (၆) ရက်နေ့က စတင်ပြီး ဆန္ဒပြခဲ့ကြတဲ့ တိုင်ရီဖိနပ်စက်ရုံက အလုပ်သမား ၂၅၀၀ ကျော်ဟာ
ဒီကနေ့ သုံးရက်မြောက်နေ့မှာ သူတို့ရဲ့ ဆန္ဒပြတောင်းဆိုမှုကို အရှိန်မြှင့်တောင်းဆိုခဲ့ကြပါတယ်။
လှိုင်သာယာ စက်မှုဇုံ (၃) မှာ ရှိတဲ့ တိုင်ရီဖိနပ် စက်ရုံအလုပ်သမားတွေက ဇန်န၀ါရီလအတွက် ပေးရမယ့်
လုပ်ခလစာတွေ ဖြတ်တောက်ခံရတာကြောင့် မကျေမနပ်ဖြစ်ကာ အလုပ်ခွင်မဝင်ဘဲ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
မနေ့ကတော့ တစ်နေ့တာကြေး၊ ရက်မှန်ကြေးနဲ့ အချိန်ပိုကြေးတွေကို တိုးမြှင့်ပေးဖို့ စတဲ့ အချက် (၁၇) ချက် ပါတဲ့ တောင်းဆိုချက်တွေကို တောင်းဆိုခဲ့ကြပါတယ်။
အစိုးရကိုယ်စားလှယ်တွေ၊ အလုပ်သမားတွေက ရွေးပေးတဲ့ ကိုယ်စားလှယ်တွေနဲ့ အလုပ်ရှင်ကိုယ်စားလှယ်တွေ သုံးပွင့်ဆိုင် ဆွေးနွေးညှိနှိုင်းခဲ့ကြပေမဲ့ အဆင်မပြေခဲ့ပါဘူး။
ဒီကနေ့ ဖေဖော်ရီလ (၈) ရက်နေမှာတော့ အလုပ်သမားတွေက အချိန်ပိုကြေးနဲ့ တစ်နေ့တာကြေးတွေကို တိုးပေးဖို့အတွက် အဓိကထား တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။
ဒီနေ့မှာ အလုပ်ရှင်သူဌေးလဲ ရောက်ရှိလာခဲ့ပေမဲ့ အလုပ်သမားတွေဖက်ကတော့ အလုပ်ရှင်အစစ်မဟုတ်ပဲ အမည်ခံသဌေးဆိုတဲ့ စွပ်စွဲချက်တွေ ရှိနေပါတယ်။
လူအခွင့်အရေး လှုပ်ရှားတက်ကြွသူ မစုစုနွေးကလည်း အလုပ်သမားတွေကို လာရောက် ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။
ဒီကနေ့အချိန်အထိ အလုပ်ရှင်ဖက်က အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို ထိထိရောက် ရောက် မလိုက်လျောသေးတဲ့အတွက် အခုလို ဆန္ဒပြ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
ဘားမားဗီဂျေ
တိုင်ရီဖိနပ်စက်ရုံသုံးရက်မြောက် ဆန္ဒပြပွဲ (ရုပ်/သံ) တိုင်ရီဖိနပ်စက်ရုံသုံးရက်မြောက် ဆန္ဒပြပွဲ (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 06:58 Rating: 5

No comments:

Powered by Blogger.