အရွယ်စုံပျော်နေတဲ့ ချစ်သူများနေ့

ရန်ကုန်မြို့၏ ၂၀၁၂ ဖေဖော်ဝါရီ ၁၄မနက်ခင်းသည် ပုံမှန်ရက်များထက် ထူးခြားနေသည်။
    ရန်ကုန်မြို့၏ နေရာတိုင်းလိုလို တွင် အင်္ကျီဆင်တူ၊ ဘောင်း ဘီဆင်တူ ဆယ်ကျော်သက်ယောက်ျားလေးနှင့် မိန်းကလေးများကိုတွေ့မြင်ရသည်။
    မနက်စောစောပိုင်းတွင် ရွှေတိဂုံ စေတီရင်ပြင်ပေါ်တွင် သက်ကြီးရွယ် အိုများထက် ဆယ်ကျော်သက်အရွယ် စုံတွဲများနှင့် သက်လတ်ပိုင်းစုံတွဲများကိုသာပိုမိုတွေ့မြင်ရသည်။
    မြို့တွင်း ပြေးဆွဲနေသည့် အငှား ယာဉ်မောင်းများမှာ ချစ်သူများနေ့ကြောင့် ပုံမှန်ထက်ပိုပြီး အလုပ်ကောင်းနေကြသည်။
    ဆယ်ကျော်သက်စုံတွဲများတွင် အချို့မှာ ကြီးမားလှသည့်ဝက်ဝံရုပ် ကြီးများကို မနိုင့်တနိုင် မချီကာ ပြုံး
ပျော်နေကြသည့်စုံတွဲများရှိသလို၊ အချို့မှာလည်း လှလှပပ၀တ်စားဆင် ယင်ထားကြပြီး ၄င်းတို့လက်ထဲတွင် ပန်းစည်းများ၊ အသည်းပုံသဏ္ဍာန်ပစ္စည်းများကို ကိုင်ဆောင်ထားကြ သည်။
    ပန်းခြံများတွင်လည်း ယခင် ရုံးဖွင့်ရက်များကထက် ပိုစည်ကား နေသည်။  ရန်ကုန်မြို့လယ်ခေါင်ရုပ် ရှင်ရုံ များတွင်လည်း အင်္ဂါနေ့ ကြားရက်ဖြစ် သော်လည်း စုံတွဲများကြောင့် ရုံပြည့်ရုံ လျှံဖြစ်ခဲ့သည်။  စူပါမားကက်များ၊ ဈေးဝယ်စင် တာများတွင် ဖေဖော်ဝါရီ ၁၃ ရက်က
တည်းကပင် ဆယ်ကျော်သက်ဈေး ၀ယ်သူများနေခဲ့သည်။   ဈေးဝယ်စင်တာများတွင် ဗယ် လင်တိုင်းဒေးနှင့်ပတ်သက်ပြီး အများ ဆုံးရောင်းရသည့် ပစ္စည်းများမှာ အသည်းပုံ စုံတွဲခေါင်းအုံး၊ ကျပ်တစ်သောင်းကျော်တန် မွှေးပွ ၀က်ဝံရုပ် ကြီးများ၊ ပန်းစည်းများ၊ ဆင်တူစုံတွဲ အင်္ကျီများ၊ စုံတွဲအရုပ်များဖြစ်သည်။ လမ်းမခွဲကြေး ကတိစာချုပ်ဟုအမည်ရသည့် ဗယ်လင်တိုင်းဒေး အမှတ် တရပစ္စည်းတစ်မျိုးသည် ယခုနှစ်ချစ် သူများနေ့တွင် အရောင်းရဆုံးပစ္စည်း တစ်မျိုးဖြစ်နေသည်။
    မျက်နှာဖုံးနှင့် ကျောဖုံးအပါအ ၀င် စာမျက်နှာလေးမျက်နှာပါရှိသည့် အဆိုပါ အမှတ်တရလက်ဆောင် ကတ်ပြား၏  မျက်နှာချင်းဆိုင် အလယ်စာမျက်နှာနှစ်ဖက်တွင် ကတိစာချုပ်များအတိုင်း ယောက်ျားလေး နှင့် မိန်းကလေးတို့၏ ကတိများကို စာသားများဖြင့်ရေးသားထားကာ အပြန်အလှန် လက်မှတ်ရေးထိုးရပြီး၊ ၀ယ်သူအများစုမှာ မိန်းကလေးများ ဖြစ်သည်။
    ယခုနှစ်ချစ်သူများနေ့ကာလ တွင်ကတ်ပေါင်း ၁၂၀ ကျော် ရောင်းထားရပြီးရောင်းအား အကောင်း ဆုံးဖြစ်ခဲ့သည့် အဆိုပါ လမ်းမခွဲ ကြေး  ကတိစာချုပ်သည်ရောင်းဈေး ကျပ်ငါးရာဖြစ်ကြောင်း တော်ဝင်စင် တာရှိ Tab Book စင်တာမှ တာဝန် ရှိသူကပြောသည်။
    ''၁၃ ရက်နေ့ကတည်းက ရောင်းနေရတာ။ အခုဆို ချစ်သူများနေ့ ပစ္စည်းတွေက အကုန်လုံးလိုလို ရောင်း
အားပြတ်ကုန်ပြီ။ ပုံမှန်လတွေမှာဆို ကြားကာလဖြစ်တဲ့အတွက် အရောင်းအ၀ယ်ပါးတယ်။ အခုတော့ တော်တော် လေးကို အရောင်းအ၀ယ်ဖြစ်တယ်'' ဟု စိန်ဂေဟာ(ပါရမီ) ဈေးဝယ်စင်
တာမှ တာဝန်ရှိသူတစ်ဦးကလည်း ဗယ်လင်တိုင်းဒေးဈေးကွက်အနေ အထားနှင့် ပတ်သက်ပြီးဆိုလာသည်။
    ဈေးဝယ်စင်တာအများစုတွင် ဗယ်လင်တိုင်းဒေးအမှတ် တရရှိုးပွဲ များ၊ စုံတွဲသီချင်းဆိုပြိုင်ပွဲများ၊ ချစ်
ရေးဆိုပြိုင်ပွဲများ အစရှိသည့် ဖေဖော်ဝါရီ ၁၄ နှင့် သက်ဆိုင်သည့် ပွဲများကို လည်း ကျင်းပပြုလုပ်ကြသည်။
    ပြည်တွင်းရုပ်မြင်သံကြားလိုင်း အချို့နှင့် အက်ဖ်အမ်ရေဒီယိုလိုင်း များတွင်လည်း ဖေဖော်ဝါရီ ၁၄ နှင့်ပတ်သက်သည့် တေးသီချင်းများ ထုတ်လွှင့်မှုကဏ္ဍများကို သီးသန့် ထုတ်လွှင့်ပေးခြင်းများကို ပြုလုပ် ပေးကြသည်။
    ဗယ်လင်တိုင်းဒေးကို အလုပ် ကောင်းခဲ့ကြသည့် စီးပွားရေးလုပ်ငန်း များတွင် ရန်ကုန်၊ မန္တလေးမြို့နှင့် မြို့ကြီးများပေါ်ရှိအအေးခန်းတည်း ခိုရိပ်သာများပင်ဖြစ်သည်။
    ပုံမှန်ရက်များထက် ယနေ့တွင် အထက်ပါမြို့ကြီးများ၏ အအေး ခန်းတည်းခိုရိပ်သာများအားလုံးနီး ပါးတွင် လာရောက်တည်းခိုသူ စုံတွဲ
များက ယခင်ရက်များထက်ပိုမိုများ ပြားနေကြောင်း ဟိုတယ်၊ တည်းခိုခန်း များမှ တာဝန်ရှိသူများကပြောသည်။
    ထိုအထဲတွင် ဆယ်ကျော်သက် နှင့် အသက်နှစ်ဆယ်ကျော် လူငယ်စုံ
တွဲများ၏ တည်းခိုမှုများက အများဆုံး ဖြစ်နေသည်။
    ပုံမှန်ထက်အလုပ် ဖြစ်နေကြ သည့် အထက်ပါ တည်းခိုခန်းဖွင့် လှစ်ကြသည့် စီးပွားရေးလုပ်ငန်းများ တွင် အချို့မှာ နေ့လယ်ပိုင်းအချိန် မရောက်မီတွင်ပင် အခန်းများပြည့် သွားသည်အထိ ဖြစ်ခဲ့သည်။
    တည်းခိုခန်းအချို့မှာမူ  တစ် ဖက်မှ ဖုန်းဆက်လာသည်နှင့် အခန်းပြည့်သွားပါပြီဆိုသည့် အဖြေများကို သာ ပြန်လည်ဖြေဆိုနေကြသည်။
    မြို့တွင်းတည်းခိုရိပ်သာများ တွင် အထက်ပါအတိုင်း တည်းခိုသူ စုံတွဲများ များပြားနေသည်ဟု ဆို သော်လည်း ပြင်ပရှိ လိင်ဆက်ဆံရာ တွင် အသုံးပြုသည့် အကာအကွယ် သားဆက်ခြားပစ္စည်းများ၏ ရောင်းအားများမှာမူ  ပုံမှန်အတိုင်းသာရှိ ကြောင်းလည်းစုံ စမ်းသိရှိရသည်။
    အချို့သောစုံတွဲများမှာမူ ထို
နေ့(ယနေ့)ကိုပင်အမှတ်တရ ဖြစ်စေ ရန်    မင်္ဂလာအခမ်းအနားများကို ကျင်းပပြုလုပ်ကြသည်။
    ၁၇ နှစ်အရွယ်ရှိ အမျိုးသား ငယ်တစ်ဦးက
''ပျော်တာပေါ့။ အခြားနေ့တွေလည်း သူနဲ့တွေ့ရပေမယ့် ချစ်သူများနေ့လို့  သတ်မှတ်ထား ကြတဲ့ ဒီလိုနေ့မျိုးမှာ နှစ်ဦးတွေ့ရ တာ ကြည်နူးရပါတယ်။ မနက်ကတော့ သူ့ကိုကျောင်းမှာ သွားကြိုခဲ့တယ်။ အခုထိဘယ်မှမသွားရသေး ဘူး။ ညနေကျရင်တော့ ရှိုးပွဲတစ်ပွဲ
ပွဲကို အတူတူသွား ကြည့်ဖို့ရှိတယ်။ဒါပါပဲ'' ဟု ၄င်းတို့၏ ဗယ်လင်တိုင်း အစီအစဉ်ကို ပြောပြသည်။
    မည်သည့်ချစ်သူစုံတွဲချစ်သူ များအတွက်မှ ရည်ရွယ်ဖြစ်ထွန်း လာခြင်းမရှိသည့် ဖေဖော်ဝါ ရီ ၁၄ ၏ နောက်ကွယ်တွင် မိမိတို့၏သားသမီး များအတွက်စိတ်ပူပန်နေကြရသည့် မိဘများကလည်း မနည်းမနောပင်.....။
 
လမ်းမခွဲကြေး ကတိစာချုပ်ဟု အမည်ရသည့် ကျပ်၅၀၀တန် ဗယ်လင်တိုင်းဒေး အမှတ် တရပစ္စည်းတစ်မျိုးသည် ယခုနှစ်ချစ်သူများနေ့တွင် အရောင်းရဆုံးပစ္စည်း တစ်မျိုးဖြစ်နေသည် (ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
 
ဖေဖော်ဝါရီ၁၄ရက်နေ့မြင်ကွင်းတချို့
 
ဖေဖော်ဝါရီ၁၄ရက်နေ့မြင်ကွင်းတချို့
 
ဗယ်လင်တိုင်းဒေးအမှတ် တရရှိုးပွဲသို့သွားရောက်နေကြသူများ
 
ဖေဖော်ဝါရီ၁၄ရက်နေ့မြင်ကွင်းတချို့
 
အမှတ်တရအရုပ်ဝယ်ယူနေကြသူများ (ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
 
ဖေဖော်ဝါရီ၁၄ရက်နေ့မြင်ကွင်းတချို့
  7Day News Journa
အရွယ်စုံပျော်နေတဲ့ ချစ်သူများနေ့ အရွယ်စုံပျော်နေတဲ့ ချစ်သူများနေ့ Reviewed by သစ်ထူးလွင် on 11:00 Rating: 5

21 comments:

ပေါက်ပေါက်ဆုပ် said...

ဆိုးချက်ရင်နင့်စရာ ဖေဖော်ဝါရီ၁၄ရက်လို့ စိုင်းစိုင်းခမ်းလှိုင်သီချင်းကို ပြင်ဆိုရမလိုဖြစ်နေပြီ..
ဘယ်နှယ့်ဗျာ သူ့ရှေ့က ကပ်လျက် ၁၃ရက်နေ့ကျ ဗိုလ်ချုပ်မွေးနေ့ဆိုတာ အမှတ်မရကြဘူး...ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံကို ကောင်းစားအောင် လွတ်လပ်ရေးရအောင် အသက်ပေးခဲ့တဲ့ နိုင်ငံခေါင်းဆောင်တစ်ယောက်ကျတော့ အမှတ်မရပဲ သူတို့ ပထွေးတွေဆီက ဆင်းသက်လာတဲ့ ဘာမှလည်း မဆိုင်တဲ့ valentine day ကျတော့မှ ဆင်နွှဲလိုက်ရတာ ... မိဘကျေးဇူးကို valentine day လိုပဲအမှတ်ရနေရင်ကို မောင်မင်းကြီးသားတို့ သေရင်ပူစရာမလိုဘူး ..နတ်ပြည်ရောက်မှာ ... ရှေ့ကကုန်းရုန်းရှာရတဲ့ မိဘနှစ်ပါးများ သားသမီးတွေ ဟိုတယ်သွားဖို့ ရှာရသလိုဖြစ်နေပြီ။ အင်းအင်း ...မွေးရကျိုးနပ်ပါပေတယ်...

Theodo said...

Valentine day လုပ်လို.ခင်ဗျားအကျိုးစီးပွားဘာထိခိုက်သွားတုန်း????
သူဘာသူချစ်သူချင်းပျော်ကြတာဘာဖြစ်တုန်း။ကြီးကြီးကျယ်ကျယ်တွေလျှောက်
ပြောပီးခင်ဗျားရောတိုင်းပြည်အတွက်တထောင့်တစ်နေရာကဘာတွေများလုပ်
ပေးခဲ့လို.တုန်း???ခင်ဗျားကိုကြည့်ရတာလူပျိုကြီးသော်လည်ကောင်း
Joy Killerသော်လည်ကောင်း ဖြစ်ရမယ်။ပီးတော့ကျွန်တော်တို.တိုင်းပြည်မှာကမျိုးချစ်စိတ်
မျိုးချစ်စိတ်လို.ပြောနေကြတဲ့ Neo conservative သမားတွေများနေ
ကြတော့တိုင်းပြည်တိုးတတ်ဖို.ကတော့ဒီလိုလူတွေနဲ.ခက်ဦးမှာပဲ

မောင်သစ္စာ said...

ချစ်တာဟာ မုန်းတာမဟုတ်လို့ ကောင်းပါတယ်။ ဒါပေမဲ့ ချစ်သူ ဆိုတာ လင်မယား မဟုတ်သေးဘူး-ဆိုတာကိုတော့ သတိပြုစေချင်ပါတယ်။ ချစ်သူများနေ့မှာ ချစ်သူနယ်ပယ်ထဲက ချစ်သူစည်းကို ချိုးဖောက်ပြီး လင်မယားလိုနေကြတဲ့ အနေအထားအထိ ရောက်မသွားကြဖို့တော့ ကျနော်တို့ ယောက်ျားလေးတွေကို မေတ္တာရပ်ခံချင်ပါတယ်။

ladyjune said...

အင်း--ရင်းလေးမိတယ် မြန်မာပြည်ရဲ့အနာဂတ်သားကောင်းသမီးကောင်းလေးတွေကအကျိုးရှိတဲ့ အချိန်ကို မဟုတ်တဲ့နေရာမှာလွဲမှားသုံးနေကြတယ်.ဆိုတော့..
အဲဒီ စိတ်ကလေးတွေ ကိုတခြားနေရာမှာသာ အသုံးပြုခဲ့ကြမယ်ဆိုရင်..

ko pwa said...

လူတိုင်းက ကိုယ့်ကိစ္စပဲ စိတ်ဝင်စားမှာပေါ့ဗျာ။ အမြဲတမ်းတော့ ဘယ်မှတ်မိနေနိုင်မှာလဲ။

နဂါးမျက်လုံး said...

ဗိုလ်ချုပ် မွေးနေ့ ကိုသတိရ ကြတာကြေနပ်ဖို့ ကောင်းပါတယ်....
အချစ်ကို ကိုးကွယ်တဲ့ အရွယ်လည်း သူသဘာဝ ပါပဲလေ....
သားကို အချစ်ကြီးပြီး ချွေးမကို မုန်းတာမျိုး တော့ မဖြစ်ကြပါစေနဲ့လို့သာ.....

tharzaw said...

ဖေဖော်ဝါရီ ၁၃ ကိုမေ့ပြီး ၁၄ မှာ ဖြစ်ချင်ရာဖြစ်နေကြတာတော့
မကောင်းဘူးထင်တယ်။ ရင်လေးတယ်။

Kokyi said...

အင်း..မှတ်ချတ်ပေးလိုက်တာ..လူတော်လေးတွေပါပဲ....

Kokyi said...

အော်..လူတော်လေးတွေ...၀ိုင်းကွန်မန့်ပေးနေကြတာပဲ.....

soecyclone said...

Valentine Day ဆိုတာတစ်ချို့သောနိုင်ငံတွေမှာပဲရှိတာကွ...
ငါတို့တိုင်းပြည်ကို ကူးဆက်မလာနဲ့၊
(ပေါက်ပေါက်ဆုပ်) ပြောသလို ဖေဖော်ဝါရီ၁၃ကိုကြတော့အမှတ်မရကြဘူး
ဘာမှမဟုတ်တဲ့ ချစ်သူများနေ့ကြတော့မှတ်မိကြတယ်၊မြန်မာတွေ တိုးတက်အုံး မယ်၊ကောင်းတာကို အတုမခိုးဘူး၊မဟုတ်မမှန်တွေကိုပဲ အတုခိုးကြတယ်၊၊ ကြီးကြီးကျယ်ကျယ်ပြောတယ်ထင်လည်းထင်ပေါ့ကွ၊(မှတ်ချက်။ ။Theodo ကိုဆိုလိုပါသည်)

Htet said...

ဗယ်လင်တိုင်းဒေးဆိုတာ ဘာလဲလို့ကော သိကြရဲ့လား မသိဘူး။

ကျော်ထိုက် said...

သူများ နိုင်ငံ တွေကို မကြည့်နဲ့ ကိုယ့် မြန်မာပြည် မှာ တောင် အပျိုစင်စစ် ဆို တာ ချို နဲ့လားလို့ မေးရ တဲ့ရှားပါး တဲ့ ခေတ် ဖြစ်နေပြီ...ဒါကြောင့် အတွင်းသိ အစင်း သိတဲ့ သူပဲ ကောင်းတယ် လို့ အကြံညဏ်ပေးချင်ပါတယ်....ဒါတောင်...

pyat phyo maung said...

အားကျလိုက်တာ

Yan Kyaw Phyo said...

Valentine Day ကို သတိတရ ရှိသလို Feb 13 ဖြစ်တဲ့ ဗိုလ်ချုပ်မွေးနေ့ ကို သတိရနေကြမှာပါ....ကျွန်တော်ကတော့ ကိုယ့် မြန်မာ လူငယ်လေးတွေကို ယုံကြည်ပါတယ်...လူတိုင်းမှာ သူ့အရည်အချင်းနဲ့ သူရှိကြပါတယ်ဗျာ...

lynnyaungsin said...

No comments on this issue... hope people will change with age, education... so do not expect all of Burmese people will love their own country as you love...If that so, our country will now be developed country...some people love their country...some people love their family...some people love only themselves... There wasn't two U Aung San, Daw Suu and Ko Min Ko Naing...If you love your country above all, please do so... but do not expect other will follow your suite.. this is democracy and human right...enjoy yourself but do not attack other...
thanks,
Lynn

chit said...

တို့ကတော့ သူများတွေမဟုတ်ဘူး...အများတဲ့မတူတဲ့ခံစားမှုပဲရလိုက်တယ်..သူများတွေကချစ်သူများနေ့မှာ ချစ်သူနဲ့အတူလျှောက်လည်တာတို့..ဘာတို့ ညာတို့လုပ်ကြတယ်ပေါ့...သူများတွေမမျှော်လင့်တဲ့ လုပ်ရပ်ကို လုပ်ချလိုက်တယ်ကွာ...ဘာလဲဆိုတော့ ချစ်(ချစ်သူ)နဲ့လမ်းခွဲလိုက်တယ်...စောက်ရူးလို့လဲထင်ချင်ထင်ပေါ့ဗျာ ဘယ်တတ်နိုင်မလဲ....အချစ်ကံမကောင်းလို့ပဲဆိုရမှာပေါ့နော်...၀မ်းနည်းကြွေကွဲရပါသော..valentine day........လို့သာဆိုလိုက်ချင်တော့တယ်......

Phyo Thi Ha said...

Paparazzi! ဒီဖိုတိုတွေကဒီမိုကရေစီမဆန်ပါဘူးလူတိုင်းမှာ လုအခွင့်အရေးဆိုတာရှီပါတယ်။ feb ၁၃ကိုသတီမရဘူးဆိုရင်လဲဒါသူတိုရဲ့ဆန္ဒပါပဲမှတ်မီရင်တော.အကောင်းဆုံးပေါ့ သတီမရရဘူးဆိုတော.လဲဘယ်တက်နိုင်မလဲ။မင်:ဘာလို.မမှတ်မီရတာလဲဆိုပီးတွာဆဲလိုမှမရတာလုအခွင့်အ ရေးပဲလေး။အတွဲတွေဘယ်ပဲ တွာတွာ လု.အခွင့်အရေးပဲ။ဟိုမတွာ ရဘူးဒီမတွာ: ရဘူး ဟိုဟာလိုက်ပိတ်ဒီဟာလိုက်ပိတ်ဆုတာ လုအခွင့်အရေးကိုထိခိုက်ပါတယ်။ဒီမိုကရေစီ ဆိုတာလုအခွင့်အရေးကိုဖော်ဆောင်တာပါ။everyone can't perfect.thanks all.

Hninncherry said...

လွတ်လပ်မူရဲ့ နောက်ကွယ်မှာ အနာဂတ်လူငယ်လေးတွေ လွတ်ထွက်သွားမှာကိုတော့ စိုးရိမ်းမိတယ်.. မိဘတွေကလည်း သားသမီးတွေကို သွန်သင်ဆုံးမသင့်ပါတယ်...ကျနော်အမြင်တော့ ပျက်စီးသွားမှာကို ရင်လေးမိပါတယ်. ချစ်ခြင်းမေတ္တာရှေ့မှာ တဏှာကိုဦးစားပေးတတ်ပြီး အချစ်ကိုတန်ဖိုးမထားတတ်တဲ့ လူငယ်တွေကများလွန်းလှတယ်...ဘာပဲဖြစ်ဖြစ်ဗျာ အားလုံးဝိုင်းဝန်းပြီးတော့ ပညာပေးကြပါဗျာ...

kyaw said...

ရိုးရိုးလေးတွေးရရင်..
ဗိုလ်ချုပ်မွေးနေ့ကိုသတိမရရင်ပြီးရောဆိုပြီး...
ရုပ်မြင်သံကြားမှာအာရုံလွှဲတာဗျာ...
ကျုပ်တို့အစိုးရက..နိုင်ငံရေးမလုပ်ရင်ပြီးရော...
ကျန်တာဘာဖြစ်ဖြစ်ဆိုတာကိုးဗျ.....

kaung htet said...

valentine day မှာချစ်သူတွေပျော်နေတာကိုမနာလိုတဲ့ကောင်တွေကိုပြောလိုက်ချင်တယ်။မင်းတို့ကောရည်းစားရရင်တည်းခိုခန်းမသွားဘူးလို့အာမခံရဲလား။သူများမျက်ချီးမကြည့်နဲ့။ကိုယ့်မျက်ချီးကိုယ်ပြန်ကြည့်။

Zin Zin said...

just scare of .. breaking the rules.. even love is nice. Hope every girls can understand that! Don't follow your wild debauchery... just follow ur own beautiful brain :) Usually love is just an illusion (believe it or not).. LOL

Powered by Blogger.