ပြည်သူ့ဆန္ဒစစ်တမ်းကောက်ယူ၍ ၅၀၀၀ တန်ဖုန်းကိစ္စ သမ္မတထံ တင်ပြမည်


ရွှေပြည်တံခွန် ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးလွင်နိုင်ဦး
ရွှေပြည်တံခွန်ကုမ္ပဏီမှ ၅၀၀၀ ဖုန်း အကောင်အထည်ဖော်ဆောင်ရွက်ရေး ကိစ္စရပ်နှင့် ပတ်သက်၍ အလွှာအသီးသီးမှ အခြေခံ လူတန်းစား များ၏ စစ်တမ်းသဘောထားများကို ကောက်ယူပြီး နိုင်ငံတော်သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌများထံသို့ တင်ပြသွားမည် ဖြစ်ကြောင်း ပြည်တွင်းလူမှုရေး လုပ်ငန်း တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ရွှေပြည်တံခွန်ကုမ္ပဏီမှ ကျပ် ၅၀၀၀ ဖြင့် ပြည်သူများအားလုံး ဖုန်းသုံးစွဲရေး အကောင်အထည်ဖော်နိုင်ရန် နယ်ပယ်အသီးသီးမှ ဆန္ဒလက်မှတ်များအား ၂၀၁၂ ဇန်နဝါရီ ၂၀ မတိုင်မီကာလများကတည်းက ကောက်ခံခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ဆန္ဒမဲလက်မှတ် စစ်တမ်းရရှိသူဦးရေ တစ်သောင်း ဝန်းကျင်ခန့် ရှိလာပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင် ၂၀၁၂ ဇန်နဝါရီလ ၃၀ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည့် ရွှေပြည်တံခွန်၏ သတင်းစာရှင်းလင်းပွဲတွင် ရွှေပြည်တံခွန်မှ တာဝန်ရှိသူ တစ်ဦးက Simcard တစ်ခုအား ၅၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချမည်ဆိုသော ရွှေပြည်တံခွန်ကုမ္ပဏီအနေဖြင့် မကြာခင်ကာလအတွင်း ရောင်းချပေး နိုင်ရန် နိုင်ငံတော်၏ မူဝါဒနှင့်အညီ အောင်မြင်အောင် စီမံကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရွှေပြည်တံခွန် ကုမ္ပဏီ၏ ကျပ် ၅၀၀၀ တန်ဖုန်းကိစ္စရပ်နှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ရာတွင် လက်ရှိ အချိန်တွင် ကျပ် ၅၀၀၀ တန် Sim card ကိစ္စရပ်မှာ လက်ခံဆောင်ရွက်နိုင်ခြင်း မရှိသေးသည့်အတွက် ပြည်သူများအနေဖြင့် အချိန်ကာလ အတိုင်း အတာတစ်ခုသို့ စောင့်ဆိုင်းစေလိုကြောင်း ပြောကြားခဲ့သည်။
၎င်း ကိစ္စရပ်နှင့် ပတ်သက်၍ ဒေသခံပြည်သူတစ်ဦးက “ခုလို ရွှေပြည်တံခွန်က ကျပ် ၅၀၀၀ တန်ဖုန်းတွေ ထုတ်ပေးမယ်ဆိုတဲ့ကိစ္စက ပြည်သူတွေ အတွက် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရမှာပဲလေ။ သူများနိုင်ငံတွေမှာတောင် လေယာဉ်ပေါ်ကဆင်းတာနဲ့ Sim Card က အလကား ရနေတာ။ ဒါကိုတောင် ဆက်သွယ်ရေးက ခွင့်မပြုဆိုတာတော့ တော်တော်အံ့သြတယ်” ပာု ပြောကြားခဲ့သည်။
YC
ပြည်သူ့ဆန္ဒစစ်တမ်းကောက်ယူ၍ ၅၀၀၀ တန်ဖုန်းကိစ္စ သမ္မတထံ တင်ပြမည် ပြည်သူ့ဆန္ဒစစ်တမ်းကောက်ယူ၍ ၅၀၀၀ တန်ဖုန်းကိစ္စ သမ္မတထံ တင်ပြမည် Reviewed by သစ်ထူးလွင် on 12:59 Rating: 5

25 comments:

zzmyoe said...

တိုင်းသူပြည်သားအားလုံး နဲ့ဆိုင်တာကြောင့် ထောက်ခံပါတယ်ဗျို့....

Myanmar said...

အွန်လိုင်းကနေ ဖောင်ဖြည့်ပီး ဆန္ဒခံယူနိုင်ဘို့ပါပြုလုပ်သင့်ပါတယ်။ အားပေးတယ်ဗျို့။ မတ၇ားမှုမှန်သမျှ ဆန့်ကျင်ကြ။ ။

လင်းလတ်ကြယ် said...

ချသာချပြည်ကြီးတံခွန်ရေး
အားပေးတယ်

252525 said...

သိတ်တော့မလွယ်ဘူးထင်တယ်...ဒီလိုတာလက်မှတ်ထိုးတောင်းတိုင်းတာရရင်အစောကြီးထဲကမြန်မာပြည်ဒီမိုကရေစီ၇နေတာကြာပြီ....ဆသရတွေကလဲလွန်းကိုလွန်လွန်းပါတယ်..

လင်းလတ်ကြယ် said...

ချသာချ ပြည်ကြီးတံခွန်ရေး
အားပေးတယ်

မျိုးစင်ဆွေဆက် said...

သာမန်ဆင်းရဲသားပြည်သူလူထုနဲ့  ပြည်သူအားလုံးက ကြိုဆိုထောက်ခံအားပေးနေပါတယ် ...ရွှေပြည်တံခွန် ရေ နောက်လုံးဝမဆုတ်နဲ့  ရှေ့ကိုသာခြေလှမ်းတိုးဆက်လက်လုပ်ဆောင်ပါ ...ပြည်သူ့ အကျိုးကိုကြည့်ရင် ပြည်သူကလဲ ရွှေပြည်တံခွန်ဘက်မှာမားမားမတ်မတ် ရပ်တည်မှာပါ....သံသရာ တပတ်ပြန်လည်ချိန်ရောက်နေပြီဖြစ်သောကြောင့် အရှုံးနိမ့်ခံပြည်သူတို့  ၏ညီညွတ်သော စိတ်ဓါတ်တို့ ကြောင့် ပြည်သူ့ ဆန္ဒ အတိုင်းအောင်မြင်မှုများပြန်လည်ရရှိနိုင်ပါတော့မည်...

zinzin said...

ဆန္ဒမဲလက်မှတ် ထည့်ချင်ပါတယ် နေပြည်တော်ကိုရော လာမကောက်ဘူးလားဆိုတာ သိချင်ပါတယ် ။။။ ၅၀၀၀ ဖုန်းသာ အမှန်တကယ် အချိန် တိုတိုအတွင်း ဖြစ်လာမယ်ဆိုလျှင် ချမ်းသာသူရော ဆင်းရဲသူပါ ဆန္ဒမဲများ ထည့်ချင်နေကြပါသည်။

ပုံ
၅၀၀၀ တန် ဆင်းကဒ်အသုံးပြုချင်သော ပြည်သူများ။
(၃သိန်းဆိုသောဖုန်းများ အိမ်တိုင်ယာရောက်လာပေးလဲ မ၀ယ်မည့်ပြည်သူများ)

zinzin said...

ဆန္ဒမဲလက်မှတ် ထည့်ချင်ပါတယ် နေပြည်တော်ကိုရော လာမကောက်ဘူးလားဆိုတာ သိချင်ပါတယ် ။။။ ၅၀၀၀ ဖုန်းသာ အမှန်တကယ် အချိန် တိုတိုအတွင်း ဖြစ်လာမယ်ဆိုလျှင် ချမ်းသာသူရော ဆင်းရဲသူပါ ဆန္ဒမဲများ ထည့်ချင်နေကြပါသည်။

ပုံ
၅၀၀၀ တန် ဆင်းကဒ်အသုံးပြုချင်သော ပြည်သူများ။
(၃သိန်းဆိုသောဖုန်းများ အိမ်တိုင်ယာရောက်လာပေးလဲ မ၀ယ်မည့်ပြည်သူများ)

Toe Gyi said...

MPT က ကြောက်မှာပေါ့ ကြောက်ရတဲ့ ကုမ္ပဏီတွေနဲ့ ကြောက် စရာကောင်း လောက်အောင် စာချုပ်တွေချုပ်ထား ကြတာကို ခွင့်ပြုလိုက်ရင် ဆိုတာက သူတို့အတွက် အရိပ်မဲကြီးပဲလေ။

Unknown said...

plz let me know how can i vote???and where???
plz
plz..

Unknown said...

ကျမကိုယ်တွေ့ကြုံဖူးတာကတော့ဂျပန်သို့ကျောင်းလာတက်စ ၂၀၀၆ခုနှစ်ခန့်က စသုံး
ခဲ့တာ AU ဖြစ်ပါတယ်။ ထိုစဉ်က Softbank က နောက်ပိုင်းပေါ်လာတဲ့ကုမ္ပဏီဖြစ်တာမို့
ဈေးလဲသက်သာသော AUမှဖုံးကို ကိုလူတွေအသုံးများခဲ့ကြပါတယ်။ လိုင်းလဲမိပါတယ်။
ဂျပန်တွေအများစုကတော့လိုင်းအကောင်းဆုံးလို့ဆိုရမယ့် Docomoကိုသုံးတာတွေ့ရပါ
တယ်။ ထိုစဉ်ကသူငယ်ချင်းတွေကြား Softbankသုံးသူတွေလဲရှိခဲ့ပြီး ကျမတို့အချိန်ပိုင်း
အလုပ်လုပ်စဉ် ဆိုင်အတွင်းထဲမှာဆိုလျှင် လိုင်းမမိတတ်တာမျိုး တွေ့ခဲ့ဖူးပါတယ်။

သို့ငြား မကြာခင်ပဲ Softbank ဖုံးကိုင်ဆောင်သူအချင်းချင်းဖုံးပြောဆိုခကို ညကိုးနာရီမှ
မနက်၁နာရီထိကလွဲ၍ ကျန်အချိန်များကို ဖုံးပြောခ အခမဲ့အဖြစ် ၀န်ဆောင်မှုကိုစတင်
လိုက်သောအခါ လူအများစုက Softbankကုမ္ပဏီမှဖုံးတွေကို ပြောင်းသုံးကုန်ကြသည်။
သုံးခါစမှာ လိုင်းမမိတာမျိုးကြုံလို့စိတ်ညစ်ခဲ့ရလည်း မကြာမီပင် သုံးသူများသလိုအမြတ်
များကာ တာဝါတိုင်တွေလည်းတိုးလာကာ လိုင်းတွေလည်း မိလာပါသည်။ ယင်းနောက်
အိုင်ဖုံးရောင်းချခွင့်ကို ယင်းSoftbankကုမ္ပဏီမှ မူပိုင်ခွင့်ရသွားသောအခါ အိုင်ဖုံးဧ။်
ကြော်ကြားအောင်မြင်မှုနှင့်အတူ Softbankဖုံးသုံးသူတွေလည်း ပိုတိုးလာပါသည်။

ယခုနှစ်တွင်မတော့ မူပိုင်ရောင်းချခွင့် စာချုပ်နှစ်ပြည့်သွားတာမို့ အိုင်ဖုံးမှ ဂျပန်ပြည်
တွင်း Softbankကုမ္ပဏီတခုတည်းသာမက AUကုမ္ပဏီကိုပါ ရောင်းချခွင့်ပြုလိုက်သော
အခါ အိုင်ဖုံးဈေးကွက်ကို အပြိုင်အဆိုင်လုဖို့ရာ ဂျပန်မှာ အိုင်ဖုံးနှင့်အိုင်ပတ်တွေဟာ
ဈေးတွေလျှော့သထက်လျှော့၊ လက်ဆောင်တွေပေးဖြင့် အိုင်ပတ်ဆိုလျှင် လက်ငင်း
ငွေချေဝယ်သည်ထက်ပင် လပေးဖြင့် ၂၄လသုံးပေးသည့်စနစ်က ပိုသက်သာလာတာ
တွေ့ရပါသည်။

စာချုပ်စနစ်
စာချူပ်ချူပ်ရာတွင် ကုမ္ပဏီတွေအနေဖြင့် ရိုးရိုးစာချူပ်ချူပ်လျှင် သုံးစွဲသူမှ သုံးစွဲမှုကို
ရပ်နားလိုသောအချိန်တွင်ရပ်နားပစ်လိုက်နိုင်ပြီး၊ အခြားကုမ္ပဏီဖုံးကိုအချိန်မရွေးပြောင်း
သုံးနိုင်မည်ဖြစ်သည်။မိမိတို့ဖုံးလိုင်းကို၂နှစ်သုံးပါမည်ဟူ၍စာချူပ်ချူပ်ပေးလျှင်၂နှစ်တာ
လစဉ်ဖုံးသုံးစွဲခကို ရရှိမည်ဖြစ်သည်။ ဤသည်က ဖုံးခွံတွေကို ဇီးရိုးယမ်း(အခမဲ့)ဖြင့်
ပေးသောဝန်ဆောင်မှုစနစ်ပေါ်လာခြင်းဧ။် အစပင်ဖြစ်တော့သည်။

ဖုံးခွံကိုပုဒ်ပြတ်ဝယ်လျှင်မည်မျှကျသင့်မည်၊ လစဉ်အရစ်ကျချေလျှင်တလမည်မျှကျသင့်
မည် ဟူသော ဖုံးတွေရှိသလို၊ ဖုံးခွံဖိုး အခမဲ့(ဇီးရိုးယမ်း)ဖြင့် ၀န်ဆောင်မှုပေးပါမည်။(သို့)
၂၄လခွဲကာ တလမည်မျှကျသင့်မည်။ ယင်းအပြင် လစဉ်ကျသင့်ငွေမှ ဈေးလျှော့၊ငွေ
ပြန်အမ်းပါမည် ဟူသော ၀န်ဆောင်မှုတွေဖြင့် သုံးစွဲသူမှ၂နှစ်သုံးစွဲပေးပါမည်ဟူသော
စာချူပ်ကိုချူပ်ချင်လာအောင် ကုမ္ပဏီတွေမှအပြိုင်အဆိုင် ပြုလုပ်လာကြပါတော့သည်။
ယင်းအပြင် ဂျပန်သည်နည်းပညာတိုးတက်သောနိုင်ငံပီပီ တနှစ်တွင် ရာသီလေးမျိုးရှိရာ
ရာသီတိုင်း ဖုံးဒီဇိုင်းသစ်တွေ ထွက်ရှိတာမို့၊ တနှစ်ကျော်သွားလျှင်ပဲ ဇီးရိုးယမ်းဖြင့်သုံး
နိုင်သွားသော နိုင်ငံဖြစ်ပေရာ စားသုံးသူတွေအတွက် ကျေနပ်ဖွယ်ဖြစ်ပါသည်။

ကျမအနေဖြင့်ကတော့ နိုင်ငံတဖြည်းဖြည်းတိုးတက်လာတာနှင့်အမျှ ၅ထောင်မဆို
ထားနှင့်၊ ဂျပန်လို ဖုံးခွံတွေ လက်ဆောင်တွေ အလကားပေးရုံတင်မက၊ မနက်၁နာရီမှ
ညကိုးနာရီထိ ကုမ္ပဏီတူဖုံးအချင်းချင်း ဆက်သွယ်ခေါ်ဆိုခအခမဲ့ဆိုတာတွေပါပေါ်လာ
ဦးမှာမို့ မဖြစ်လာနိုင်ဘူးဆိုတာမရှိဘူးလို့ထင်ပါတယ်။ သို့ငြား လိုင်းတွေအမြဲကျပ်နေတဲ့
မြန်မာနိုင်ငံအနေဖြင့်ကတော့ လုံလောက်တဲ့အရင်းနှီးနှင့် ဆက်သွယ်ရေးတာဝါတိုင်တွေ
တည်ဆောက်ခြင်း၊ နည်းပညာပိုင်းဆိုင်ရာတွေ စသဖြင့် အချိန်တခုတော့ လိုဦးမည်ဟု
ယူဆရင်း အနာဂတ်ကိုမှန်းဆကာ ကြည်နူးမိပါသည်။
http://kyawhninselwin.blogspot.com/2012/01/blog-post_11.html

မောင်မောင် said...

ရွှေပြည်တန်ခွန် ကလည်း အ ရန် ကော.... အွန်လိုင်းကနေ စာမျက်နှာဖွင့် ပြီးတော့ စစ်တမ်းကောက်၊ အပတ်စဉ်ထုတ်ဂျာနယ် တွေကနေပြီး တော့စစ်တမ်းကောက် လိုက်၊ သောက်သောက်လဲ ရလိုက်မယ့် လက်မှတ်တွေ၊ လူတစ်သောင်း လောက် လက်မှတ်နဲ့ တော့ လွှတ်တော်မတင်နဲ့ဦးလေ ။သန်းပေါင်းများစွာ ရမှ တင်ပေါ့။ ဆက်သွယ်ရေးက မကျေနပ်ယင်သူတို့ လည်း စစ်တမ်းကောက်လိမ့်မယ်။ နှစ်သိန်းခွဲ ဆင်းကတ် ကို ဘယ်သူဝယ်မလဲ ဆိုတာ ပေါ်လာပါလိမ့်မယ်။

zinzin said...

ဆန္ဒမဲလက်မှတ် ထည့်ချင်ပါတယ် နေပြည်တော်ကိုရော လာမကောက်ဘူးလားဆိုတာ သိချင်ပါတယ် ။။။ ၅၀၀၀ ဖုန်းသာ အမှန်တကယ် အချိန် တိုတိုအတွင်း ဖြစ်လာမယ်ဆိုလျှင် ချမ်းသာသူရော ဆင်းရဲသူပါ ဆန္ဒမဲများ ထည့်ချင်နေကြပါသည်။

ပုံ
၅၀၀၀ တန် ဆင်းကဒ်အသုံးပြုချင်သော ပြည်သူများ။
(၃သိန်းဆိုသောဖုန်းများ အိမ်တိုင်ယာရောက်လာပေးလဲ မ၀ယ်မည့်ပြည်သူများ)

ဖေကြီး said...

ပြည်ကြီးတံခွန်ရေ.....

လုံးဝ ( လုံးဝ ) နောက်မဆုတ်ဖို့ မှာချင်ပါတယ်။ နောက်ဆုတ်ခဲ့ရင်တော့ ပြည်သူတရပ်လုံးအပေါ်မှာေ၇ာ၊ လူကြီးမင်း တို့ရဲ့ ကတိပေးမှု အရပ်ရပ် အပေါ်မှာပါ တာဝန်မကျေ ၇ာကျပါလိမ့်မယ်။ ပြည်သူတ၇ပ်လုံးက ဒီ (5000 ကျပ် ) ဖုန်းကို ၀ယ်ယူပိုင်ဆိုင် ဖို့ ဘယ်လို နည်းနဲ့ မဆို ထောက်ခံအားပေးပါတယ်။ဒီတော့ခါ ဒီ (5000 ကျပ် ) ဖုန်း အကြောင်း က ဒုတိယ ဧရာဝတီ ရေအားလျှပ် အကြောင်း ဆိုရင်လည်း မမှားပါဘူး။ ပြည်သူတရပ်လုံးက ကြိုဆိုတဲ့ အတွက် မဖြစ် ဖြစ်အောင် ကြိုးစား ကူညီပေးစေလိုပါတယ်။


သူတို့ မြန်မာ့ဆက်သွယ်ေ၇း ရဲ့ သူတောင်းစား အကြံအညံ နဲ့ ပြည်သူ့ဆီက ဓါးပြ တိုက် တောင်းေ၇ာင်းမယ့် ( 300000 ကျပ် ) ဖုန်းကို ...င်ပေး၊ ဆီပေး ပရိုမိုးရှင်း လုပ်ရင်တောင် မ၀ယ်ကြပါနဲ့ ဗျာ....

ရာရာ said...

(ရွှေပြည်တံခွန် ရဲ့ ငါးထောင်တန်းဆင်းမ်ကဒ် ပရောဂျက်ကိုထောက်ခံပါသည်။) X 10,000,000,000,000,000,000,000,000

thuthu said...

hey collect more vote to millions...

Extend campaigns to more geographic areas thereat you will receive tens of million of people signature....

Only ten thousand signatures is quite not enough...i think....Go for effective publicity this case please.

သားငယ်လေး said...

အိမ်ရှိလူများကော ရပ်ကွက်အတွင်းရှိ လူများပါ ရွှေပြည်တံခွန် ငါးထောင်တန်ကို ထောက်ခံချက်ပေးချင်ပါတယ်။ မည်သည့်နေရာတွင်ပေးရမည်နည်း။ အွန်လိုင်းကနေကော vote လို့ ရနိုင်ပါသလား။ မှတ်ပုံတင်နံပါတ်တွေနဲ့ ပါ ထည့်ပေးပါ့မယ်။ like တစ်ခု လူတစ်ယောက်သေချာအောင်ပါ။

SWAg said...

လုံးဝ(လုံးဝ)ကို ထောက်ခံပါတယ်...မြန်မြန် အောင်မြင်ပါစေ...ပြည်ကြီးတံခွန်ရေ...မဲဆန္ဒကို ဘယ်မှာ ထည့်ရမှာလဲဗျ....

Anonymous said...

100% OF PEOPLE IN HLAING TOWNSHIP (YANGON) SUPPORT 5000ks SIM CARD BY PYIGYITAGON . THERE IS NO ONE AGAINST PYIGYITAGON. BRAVO;;;;;;;;;ANOTHER REGION????/

Myanmar said...

ေ၇ွှပြည်တံခွန်က အိုက်ဒီယာ မိုက်တယ်။ တိုက်၇ည်ခိုက်၇ည် ၇ှိမ၇ှိတော့ စောင့်ကြည့်၇အုံးမယ်။ ။

Jewel May said...

ဆက်သွယ်ရေးမှဝန်ကြီး ၊ အင်ဂျင်နီယာချုပ် နှင့် ဒုအင်ချုပ် တို့သည် ဖုန်းကုမ္မဏီများထံမှ ပရောဂျက်ခွင့်ပြုမိန့်အတွက် ပရာဂျက်ကော်မရှင် ဒေါ်လာသန်းချီပြီးယူထားသောကြောင့် (၅၀၀၀)တန်ဖုန်းများအား မဖြစ်နိုင်ဟုပြောခြင်းဖြစ်ပါသည်။
ဝန်ကြီးလောကတွင် စကားတစ်ခုရှိပါသည်။ လုပ်ငန်းရှင် များအား နိုင်ငံတော်အတွက်ကြီးပဲလုပ်မနေနကြနဲ့ ငါတို့အတွက် လည်းလုပ်ကြအုံးဟု အတိအလင်းပြောထားသော စကားလည်းရှိပါသည်။

jitsoe said...

၅၀၀၀ တန် တကယ် ထွက်ပါစေ

aungaung said...

ဘာာကို ဆန္ဒတောင်းချင်တာလဲ ဆိုက်ကားသမားကို အရက်မူးအောင်တိုက်ပြီး ဘယ်သူဘက်ကိုမဲပေးမလဲလို့မေးကြည့်လိုက်ဦး
အသိသာကြီးကို

aungaung said...

ဆန္ဒမဲကောက်တာကလဲ နေပြည်တော်မှာ ဘာမှတောင်မသိရဘူး
ဘယ်လိုကောက်တာလဲ အမှန်ပြောရရင် ဘာမှာဆန္ဒမဲကောက်စရာကိုမလိုတာ
လူတိုင်းက ရွှေပြည်တံခွန်ကို အားပေးပါတယ်လို့ပြောနေတာကို ကျန်နော်လဲ
zinzin ပြောသလိုပဲ (၃သိန်းဆိုသောဖုန်းများ အိမ်တိုင်ယာရောက်လာပေးလဲ မ၀ယ်မည့်ပြည်သူများ)ဆိုတဲ့ထဲမှာပါ ပါတယ်

Anonymous said...

If U THEIN SEIN government is simple ,must cancel the 200000/300000 ks phone project. If government is not simple (not people's gov;),reject 5000 ks phone project and take share money from 200000/300000 ks phone project companies.

Powered by Blogger.