ဂျယ်ဂေါင်မြို့ ဆိုင်ကယ်ဂိုဒေါင်မီးလောင် အစီးရေ တစ်ထောင်ထက်မနည်း ဆုံးရှုံး

ဖေဖေါ်ဝါရီ ၉၊ ၂၀၁၂ (YPI)
ယနေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်က တရုတ် မြန်မာနယ်စပ် ဂျယ်ဂေါင်မြို့ရှိ ဆိုင်ကယ်ဂိုဒေါင် တန်းတွင်  ၀ါယာရှော့ဖြစ်ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ရာ ဆိုင်ကယ်ဂိုဒေါင် ၄ ၄ လုံး ဆိုင်ခန်းအားဖြင့် ၈ ခန်း လောင်ကျွမ်းသွားခဲ့သည်။ ယင်းဆိုင်ခန်း ၄ ခန်းတွင် ဆိုင်ကယ်အစီးရေ ၁ ထောင်ကျော် လောင်ကျွမ်းသွားခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသည်။

ယနေ့ နေ့ခင်းက ဂျယ်ဂေါင်မြို့ ဆိုင်ကယ်ဂိုဒေါင်တန်း မီးလောင်ကျွမ်းနေစဉ်

မီးလောင်မှု ဖြစ်ပွားရာသို့ ဂျယ်ဂေါင်မြို့ရှိ တရုတ်နိုင်ငံမီးသတ်တပ်ဖွဲ့သာမက မြန်မာနိုင်ငံဘက်အခြမ်း မူဆယ်မြို့မှ မီးသတ်ကား ၈ စီးပါလာရောက်ကူညီငြိမ်းသတ်ခဲ့သည်ကို တွေ့ရသည်။ မီးကို ညနေ ၅ နာရီ ခွဲဝန်းကျင်တွင် အပြီးသတ်ငြိမ်းသတ်နိုင်ခဲ့သည်။

ယခုမီးလောင်ကျွမ်းမှုသည် ဂျယ်ဂေါင်မြို့တွင် ၁၉၉၀ ခုနှစ်နောက်ပိုင်း အကြီးမားဆုံး မီးလောင်မှုဖြစ်သည်ဟု အသက် ၆၀ အရွယ် ဂျယ်ဂေါင်မြို့တွင်နေထိုင်သူတဦးက ပြောသည်။ ယခုမီးလောင်မှုကြောင့် ဆုံးရှုံးသွားသည့်  ပမာဏ မသိရှိရသေးပေ။

မြန်မာနိုင်ငံတွင်းသို့ တင်သွင်းသည့် တရုတ်နိုင်ငံဖြစ် ဆိုင်ကယ်အများစုမှာ တရုတ်မြန်မာနယ်စပ်ဖြစ်သည့် ဂျယ်ဂေါင်မူဆယ်မှ တဆင့်တင်သွင်းလျှက်ရှိခြင်းကြောင့်  ဂျယ်ဂေါင်မြို့တွင် ဆိုင်ကယ်အရောင်းဆိုင်နှင့် ဂိုဒေါင်အများအပြား ဖွင့်လှစ်ထားရှိကြသည်။      ။

မြန်မာနိုင်ငံ မူဆယ်မြို့မှ သွားရောက်ကူညီသည့် မီးသတ်ကားတစီး
ဂျယ်ဂေါင်မြို့ ဆိုင်ကယ်ဂိုဒေါင်မီးလောင် အစီးရေ တစ်ထောင်ထက်မနည်း ဆုံးရှုံး ဂျယ်ဂေါင်မြို့ ဆိုင်ကယ်ဂိုဒေါင်မီးလောင် အစီးရေ တစ်ထောင်ထက်မနည်း ဆုံးရှုံး Reviewed by သစ်ထူးလွင် on 18:44 Rating: 5

5 comments:

Than Zaw said...

ကောင်းလိုက်တဲ့မီးသတ်ကား...

Anonymous said...

၇ှင်း၇ှင်းပြော။ ဘာကောင်းတာလဲ။ စိတ်ပျက်ဖို့ကောင်းတာလား

Sunmoon said...

All are Illegal motorcycles to Myanmar.

United States of Myanmar said...

ရေးထားတာကိုမှ ကိုယ်အားကိုယ်ကိုးပါဆို စုတ်မှာပေါ. ရှယ်တွေတွေ.ချင်ရင် နေပြည်တော်သွားကြည်.

Unknown said...

အင်းလေ...ဒါတောင်..ကိုယ်ထူကိုယ်ထ မီးသတ်ယာဉ်ဗျ..
ကောင်းတာပေါ့....ဟိ..

Powered by Blogger.