ရွှေည၀ါဆရာတော် ကျောင်းတိုက်မှ ထွက်ခွာရေး ပြန်လည်စဉ်းစားရန် စာပို့

ရွှေည၀ါဆရာတော်ကြီး ဦးပညာသီဟအား ကျောင်းတိုက်မှ တလအတွင်း ထွက်ခွာစေတဲ့ကိစ္စကို ပြန်လည် စဉ်းစားသုံးသပ်ပေးဖို့ စာတစောင်ကို နိုင်ငံတော်သမ္မတ အပါအ၀င် လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း ၁၇ ဖွဲ့ထံ ဗုဒ္ဓဟူးနေ့က ပေးပို့လိုက်ပါတယ်။
လက်မှတ်ရေးထိုးသူတွေနဲ့ စာပါအကြောင်းအရာတွေကို လက်မှတ်ထိုးတဲ့​ ​အထဲမှာပါတဲ့ စမ်းချောင်း ကိုကိုကြီးက ခုလို​ ပြောပြပါတယ်။
“ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့နဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ အန်အယ်လ်ဒီကလည်း ပါပါတယ်။ အများကြီးပဲ လက်မှတ်ထိုးထားကြတာလေ။ ဆရာတော်ကြီးရဲ့ တပည့် လက်ရှိ အဲဒီမှာ ကျောင်းတက်နေတဲ့ သံဃာတော်တွေ ပါတယ်။ ဆရာတော်ကြီးရဲ့ ဒါယကာ၊ ဒါယိကာမတွေလည်း ပါကြတယ်လေ။ အားလုံး လက်မှတ်ထိုးကြပြီးတော့ ဆရာတော်ကြီး ဒီကျောင်းတိုက်က ထွက်သွားလို့ရှိရင် နိုင်ငံရဲ့ သာသနာရေး၊ လူမှုရေး စတဲ့ လုပ်ငန်းတွေမှာ အရမ်းကို နစ်နာသွားနိုင်ပါတယ်၊ ဒီကျောင်းတိုက်မှာ သံဃာအပေါင်း နှစ်စဉ် ထောင်ချီပြီး မွေးထုတ်ပေးနေတယ်။ နောက်ပြီး ph.D ဘွဲ့ရတဲ့ သံဃာတွေ မွေးထုတ်ပေးနေတယ်။ နောက် လူပုဂ္ဂိုလ်တွေရော၊ သီလရှင်တွေရောကို ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ သင်တန်းတွေ ပို့ချပေးနေတယ်။ စာကြည်တိုက်တွေ လုပ်နေတယ်။ အဲဒီအတွက် သာသနာရေးမှာ အများကြီး ထိခိုက်နိုင်ပါတယ်။ အစားထိုးမရတဲ့ ဆုံးရှုံးမှုတခု ဖြစ်ပါတယ်။ ဒါကြောင့် ဆရာတော်ကြီးကို ဒီကျောင်းတိုက်ကနေ တလအတွင်း ထွက်ခွာပေးမယ်လို့ ဆုံးဖြတ်ထားတဲ့ သံဃာမဟာနယကရဲ့ စည်းမျဉ်းကို ပြန်စဉ်းစားပေးဖို့ဆိုပြီး နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၊ လွှတ်တော်က ဦးရွှေမန်း၊ လူ့အခွင့်ရေးဆိုင်ရာ ကြားနာရေး ကော်မတီ၊ တရားသူကြီးချုပ်တို့ အဲဒါတွေ အပါအ၀င် လူ့အဖွဲ့အစည်း ၁၇ ခု ကို ကျနော်တို့က လက်မှတ်ထိုးတာတဲ့ မိတ္တူတွေနဲ့ ပူးတွဲ ပေးပို့ထားပါတယ်။”
လူတထောင်ကျော်​ လက်မှတ်ရေးထိုးပြီး ပေးပို့တောင်းဆိုလိုက်တာ​ ဖြစ်တယ်လို့လည်း ပြောပါတယ်။
ရွှေည၀ါဆရာတော်ဟာ လာမယ့် ဖေဖော်ဝါရီ ၁၉ ရက် ညနေ ၄ နာရီ နောက်ဆုံးထားပြီး ကျောင်းတိုက်က ထွက်ခွာပေးပါမယ်လို့ နိုင်ငံတော် သံယာမဟာနာယက အဖွဲ့ဝင်ဆရာတော်တွေ တောင်းဆိုချက်အရ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၉ ရက်က လက်မှတ်ရေးထိုးပေးခဲ့ပါတယ်။
ဆရာတော်ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလထဲ မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဩ၀ါဒစကား မြွက်ကြားလို့ဆိုပြီး ကျောင်းတိုက်က တလအတွင်း ဖယ်ရှားပေးဖို့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ 
ဒီဗွီဘီ
ရွှေည၀ါဆရာတော် ကျောင်းတိုက်မှ ထွက်ခွာရေး ပြန်လည်စဉ်းစားရန် စာပို့ ရွှေည၀ါဆရာတော် ကျောင်းတိုက်မှ ထွက်ခွာရေး ပြန်လည်စဉ်းစားရန် စာပို့ Reviewed by သစ်ထူးလွင် on 08:25 Rating: 5

7 comments:

မောင်မှန် said...

ရွှေည၀ါဆရာတော်ထံမှောက်ရောက်အောင် လျှောက်ပေးကြပါရွှေည၀ါဆရာတော်လို့ လူအများသိလာတာ နေရာကြောင့်မဟုတ်ပါဘူး ကိုယ့်ရဲ့လုပ်ရပ်ကြောင့်ပါ ဒါကြောင့် နေရာလေးတစ်နေရာအတွက်နဲ့ အ၇ှင်ဘုရားလုပ်နေတဲ့လုပ်ငန်းတွေနဲ့စာရင် အင်မတန်သိမ်ငယ်လွန်းနေပါတယ် ဘယ်သူက မေတ္တာရပ်ရပ် သူများကျောင်းကနေ အသာတကြည်လေးထွတ်ပြီး ကိုယ့်အရည်အချင်းကို ထုတ်ပြလိုက်တာက သမိုင်းလှပါလိမ့်မယ် အခု မထွတ်ရသေးလည်း နောင်အမြဲတမ်းစိတ်ဆင်းရဲနေမည့် နေရာမျိုးများ ကျေကျေနပ်နပ်လေးထွတ်ပေးလိုက်တာ အကောင်းဆုံးပါ. မြန်မာတွေ အာဏာရှင်အောက်ကြီးပြင်းခဲ့ရတော့ အနည်းငယ်သော ဆရာတော်တွေကလွှဲရင် ဘုန်းကြီးအများစုမှာ အာဏာရှင်ရဲ့အကျင့် စရိုက်တွေဝင်နေကြတာ အင်မတန်မှ စိတ်မကောင်းစရာပါ..

lin lin said...

မြန်မာပြည် ငြိမ်းချမ်းပါစေ။
လွတ်လပ်စွာကိုးကွယ်နိုင်ပါစေ။
မေတ္တာတရား ပွားများတတ်ပါစေ။

WELCOME TO SUNSET INN IN KOHSAMUI said...

မဟနက ဆရာတော်တွေ ဒုတိယ ပါရာဇိက တတိယပါရာဇိက တွေကို မကြောက်ကြတာ အံ့သြစရာပဲ

komyo said...

တကယ်တော့ ဒီအဖြစ်မျိုးတွေဖြစ်လာရတဲ့ အကြောင်းရင်း
ကတော့ ပြေးကြည့် စရာမလိုတွေးကြည့် တာနဲ့ တင်သိနိုင်ပါတယ်
သမာသမတ်ကြတဲ့ တရားဥပဒေမရှိချင်းရဲ့ နောက်ကွယ်မှာဒီအဖြစ်
မျိုးတွေကမြန်မာပြည်မှာဒုနဲ့ ဒေးပါ။နှစ်ပေါင်းများစွါတည်ရှိခဲ့ တဲ့ ပုဂံခေတ်ရာဇ၀န်ထက်စာရင် ဦးသန်းရွှေ ရဲ့  မဟာဗျူဟာမြှောက် လူသတ်ပွဲတွေရဲ့ အကြောင်းကပိုရှည်မှာဖြစ်တဲ့ အတွက် ပြောမပြ
တော့ ပါဘူး။အဲဒီတော့  (၂၀၀၈)ဥပဒေကိုဝိုင်းဝင်းဆံကျင်ကြပါဆို့ ။

panjang said...

ဘာပဲဖြစ်ဖြစ် စိတ်မဝင်စားဘူးကွာ။ ကိုယ့်သမိုင်းကိုယ်ရေးနေတာ။သူ့ အကြောင်းနဲ့ သူပေါ့။ သူ့ ကံပါလို့ ဒီလိုဖြစ်နေတာ။ လူဆိုတာ ကံကံ၏အကျိုးတရားပဲမဟုတ်လား...။

မြန်မာပြည်သား said...

ဆရာတော်ဘုရား.....ကျောင်းတွေကိုသနာပါအုန်း...အခုမှထွက်လာတာ...လပိုင်တောင်မရှိသေးပါဘူးဘုရား......အထည်ကိုပြန်သွင်ချင်တာလားဘုရား....ဘယ်သူမှာတယ်ဘယ်သူမှန်တယ်ဆိုတာ...အရှင်ဘုရားအသိဆုံပါ...၀တ်နည်သိပ်ခါင်္တော်နဲ့ ညီပါဘုရား......ကိုကျောက်သူတပါဒုက္ခမရောက်သေချင်ပါဘူဘုရာ.....တော်ထွက်ပီရဟန်ကျင်ဖိုပိုတောင်ကောင်လာပါသေးတယ်ဘုရား......

myochit said...

ရွှေည၀ါလုပ်ရပ်တွေက သူရဲဘောကြောင်သလို ဖြစ်နေပါပြီ၊ စွန့်လွတ်မယ်လို့ နှုတ်ကတဖွဖွ ပြောနေပြီး တကယ်တမ်းကြတော့ ဟိုအသနားခံစာတင် ဒီအသနားခံစာတင်နဲ့။ စက်တင်ဘာ သူရဲကောင်းသံဃာတွေ မျက်နှာကိုထောက်၍ ပြောထားတဲ့အတိုင်းသာ ရှေ့ဆက်ပါ။ သာသနာနေလိုလလို ထွန်းတောက်နေဆဲ သီတဂူဆရာတော်၊ မစိုးရိမ်ဆရာတော်၊ နပသဆ၇ာတော် စတဲ့ များစွာသော ပုဂ္ဂိုလ်ကျော်တွေ ရှိနေဆဲပါ။ ငါမရှိတော့လို့ သာသနာတော်ကြီး အရမ်းနစ်နာသွားမယ်လို့ မထင်လိုက်လေနှင့်၊ အဲဒိစကားကို မြန်မာပြည်ရဲ့ ပထမဆုံးထူးချွန်ဆုရ တိပိဋက မင်းကွန်းဆရာတော်တောင် မသုံးခဲ့ဘူး။ သူရဲကောင်းပီသချင်ရင် ပြင်သင့်တာပြင်၍ စွန့်လွတ်သင့်တာ စွန့်လွတ်ပါ ရွှေည၀ါ၊ ငွေည၀ါ၊ ပတ္တမြားည၀ါဆရာတော်ရေ။ ရှက်လိုက်ပါဘိ။

Powered by Blogger.