ဒေါ်အောင်ဆန်းစုကြည်၏ နမ္မတီး အားကစားကွင်းအတွင်း လူထုပရိသတ် ၅ သောင်းခန့်တက်ရောက်

မြစ်ကြီးနားလေဆိပ် (ဓါတ်ပုံ-Kyaw Swar Shayne)
ဒေါ်အောင်ဆန်းစုကြည်၏ နမ္မတီး အားကစားကွင်းအတွင်း လူထုပရိသတ် ၅ သောင်းခန့်အား ဟောပြောမှုတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတွက် ဟောပြောသွားပြီး ညီညွတ်သည့် ပြည်ထောင်စုထူထောင်နိုင်ရန် တိုင်းရင်းသားအားလုံး လက်တွဲကာ အတူတကွ လုပ်ဆောင်ကြရန် တိုက်တွန်း ပြောဆိုသွားသည်။

"ကျမတို့ဟာ ပြည်ထောင်စုပါ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုကြီးဖြစ်ပါတယ်။ ဒါကြောင့် မလို့ ကျမတို့အချင်းချင်း တဦးပေါ်တဦး နားလည်မှုရှိရမယ်။ တဦးကိုတဦး လေးစားရမယ်။ တဦးအပေါ်တဦး သစ္စာ ထားရမယ်။ ညီညီညွတ်ညွတ်နဲ့ ကိုယ်လိုချင်တဲ့ ပြည်ထောင်စုကြီးကို ထူထောင်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ အားလုံးလက်တွဲပြီးတော့ ချီတက်ကြပါစို့လို့။" ဟု ဒေါ်စုက နမ္မတီး လူထုကို ပြောကြားသွားသည်။

ယင်းအပြင် ပြည်သူများအနေဖြင့် အခက်အခဲများကို ရင်ဆိုင်ကျော်လွှားနိုင်သည့် သတ္တိရှိရန်လိုအပ်ပြီး အစိုးရမှ အားကိုးရသည့် ပြည်သူများဖြစ်ရန်လည်း တိုက်တွန်းသွားသည်။

"ပြည်သူတွေအနေနဲ့ ဘာပဲဖြစ်ဖြစ် ကိုယ့်ဘာသာကိုယ်ရင်ဆိုင်ပြီးတော့ ကိုယ့်ဘာသာကိုယ် ကျော်လွှားနိုင်တဲ့ အခွင့်အရေးတွေရဖို့လိုပါတယ်။ အဲဒီတော့ ဘယ်သူ့ကိုမှ အားမကိုးနေရဘူးပေါ့။ နောက်ဆုံးကျတော့ ဘယ်လို
ဖြစ်လာရမလဲဆိုတော့ ပြည်သူတွေကို အစိုးရက အားကိုးတဲ့အခြေအနေကို ရောက်အောင်လို့ ကျမတို့က ပို့ပေးရမှာဖြစ်ပါတယ်။ အခုလည်း ကျမတို့က အားကိုးနေရမယ်။ ပြည်သူတွေရဲ့ မဲမရဘဲနဲ့ ကျမတို့က လုပ်ပိုင်ခွင့် ရှိမှာမဟုတ်ဘူး။" ဟုပြောကြားသွားသည်။

လူငယ်များ အလုပ်အကိုင်ရရေး ဖြေရှင်းနိုင်ရန် မိုးကောင်းမြို့နယ်အတွင်း လေ့လာနိုင်ရန်အတွက် လွှတ်တော်ထဲ တရားဝင် အမတ်ရှိမှသာ ရနိုင်မည်ဖြစ်၍ NlD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်ကြည်ကို မဲထည့်ရန် တိုက်တွန်းလိုက်သည်။

ဟောပြောပွဲကို ၂ နာရီ ၄ဝ မိနစ်တွင် အဆုံးသတ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်တို့ မိုးကောင်းမြို့သို့ ဦးတည်သွားနေပြီ ဖြစ်သည်။

မိုးကောင်းမြို့ အိုးတန်း ဘောလုံးကွင်းတွင် ဆက်လက်ဟောပြောမည်ဖြစ်သည်။
 မဇ္ဈိမ
ဒေါ်အောင်ဆန်းစုကြည်၏ နမ္မတီး အားကစားကွင်းအတွင်း လူထုပရိသတ် ၅ သောင်းခန့်တက်ရောက် ဒေါ်အောင်ဆန်းစုကြည်၏ နမ္မတီး အားကစားကွင်းအတွင်း လူထုပရိသတ် ၅ သောင်းခန့်တက်ရောက် Reviewed by သစ်ထူးလွင် on 15:37 Rating: 5

5 comments:

twttaygn said...

အောင်မြင်ပါစေအမေစု။

thuyawin02 said...

အနှစ်သာရရှိလှတဲ့speech .thanks thithtoolwin keep update news

WTN said...

Very Good.......Cheers
We Kachins fully support DASSK and NLD for her coming to the Kachin land and her political campaign in Kachin areas.
We believe you and NLD will be able to implement and materialize tha PINLONG treaty what your father Bogyoke Aung San did together with our etnic Kachin leaders at Pinlong, Shan State.
Keep going till achievement of genuine federal Union of Burma/Myanmar.
Thank you very much

ywarthar said...

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောင်မြင်မှုကို အလေးထားပါတယ်။ ဒါဟာ တိုင်းပြည်အတွက်အောင်မြင်မှုတွေပါ၊ တိုင်းရင်းသားအားလုံးက ၀ိုင်းဝန်းကူညီစောင့်ရှောက်ပေးကြတာကိုလည်း ကျေးဇူးတင်ပါတယ်။
အကြံလေးတစ်ခုပေးပါရစေ - ဒေါ်အောင်ဆန်းစုကြည် သွားလေရာ ပြည်နယ်တွေ မှာ လူမျိုးစု တွေရဲ့ ၀တ်စုံလေးနဲ့ ဟောပြောပေးရင်ဘယ်လောက်ကောင်းလိုက်မလဲ လို့ ခံစားမိလို့ပါ၊ တိုင်းရင်းသားတွေကို တစ်နည်းအားဖြင့် အားပေးရာလည်းရောက် တယ်လို့ ခံစားမိလို့ပါ။
ဒီမိုကရေစီပန်းတိုင်သို့ ဘေးကင်းစွာ အမြန်ဆုံးရောက်နိုင်ပါစေကြောင်း ဆုမွန်တောင်းလိုက်ပါတယ်။

Anonymous said...

ဒီအတိုင်းလွန်ခဲ့တဲ့နှစ်၂၀ကတဲကလုပ်ခဲ့ရင်.
ကျုပ်တို့တိုင်းပြည်ဟာခုလောက်ဆို.အတော်တိုးတက်နေပါပီ.
အတော့်ကိုနှမြောဖို့ကောင်းတဲ့အချိန်တွေပဲ.ယုတ်မာကြမ်းကြုတ်တဲ့.
စစ်တပ်နဲ့.လူတစ်စုကြောင့်.လူတွေအားလုံးဘဝပျက်.ဆင်းရဲမွဲတေတဲ့အဖြစ်ကို
ရောက်ခဲ့ရတယ်.ကျုပ်တို့ဘဝတွေကိုကယ်မဲ့သူဟာအမေစုပါပဲ.

Powered by Blogger.