ဗထူးကွင်းအား မငှားရမ်းခဲ့သည့်အကြောင်းရင်းကို ဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦး ပြန်လည်ရှင်းလင်း

ဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးစိုးမိုးကျော်
ရန်ကုန်၊ ဖေဖော်ဝါရီ-၃
နိုင်ငံတော်အစိုးရထံမှ ကွင်းငှားရမ်းစဉ်က ညွှန်ကြားချက်စည်းကမ်းကြောင့် ဗထူးကွင်းအား ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်အတွက် မငှားရမ်းနိုင်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ဘောလုံးကွင်းက ဘောလုံးအဖွဲ့ချုပ်က ပိုင်တာမဟုတ်ပါဘူး။ ဘောလုံးအဖွဲ့ချုပ်အနေနဲ့ နှစ်၃၀စာချုပ်နဲ့ နိုင်ငံတော်အစိုးရထံက ငှားရမ်းထားတာပါ။ ငှားစဉ်စာချုပ်ချုပ်ကတည်းက ဘောလုံးအားကစားအပါအ၀င် နိုင်ငံတော်က အထူးစီမံတဲ့အခမ်းအနားတွေရယ်၊ အားကစားနဲ့နွယ်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကလွဲရင် ကျန်တာတွေ ငှားခွင့်မရှိပါဘူးလို့ ညွန်ကြားချက်ရရှိထားတဲ့အတွက် မငှားတာပါ။ ဘောလုံးအဖွဲ့ချုပ်က မငှားတာမဟုတ်ပါဘူး။ ငှားခွင့်မရှိလို့ မငှားတာပါ။ အဲဒီအပေါ်မှာ NLD အနေနဲ့လည်း ဘောလုံးအဖွဲ့ချုပ်ကို နားလည်မယ်လို့ မျှော်လင့်ပါတယ်။ တကယ်လို့ အစိုးရအထက်အဖွဲ့အစည်းတစ်ခုခုက အထူးကိစ္စတစ်ခုအနေနဲ့ ခွင့်ပြုလိုက်တယ်ဆိုရင်တော့ ဘောလုံးအဖွဲ့ချုပ်အနေနဲ့လည်း ခွင့်မပြုစရာ အကြောင်းမရှိပါဘူး”ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးစိုးမိုးကျော်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်အတွက် ဗထူးကွင်းအား ဘောလုံးအဖွဲ့ချုပ်က မငှားဘူး။ ဦးဇော်ဇော်က မငှားဘူးဆိုသည့် သတင်းများထွက်ပေါ်နေသည့် အပေါ်၌လည်း ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌက စိတ်မကောင်းဖြစ်နေကြောင်း ၄င်းက ဆက်လက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် မန္တလေးသို့သွားရောက်မည့်ခရီးစဉ် ရွှေ့ဆိုင်းခဲ့ရသော်လည်း ယခုလ၇ရက်နေ့တွင် ပုသိမ်ခရီးနှင့် ၁၁ရက်နေ့တွင် ကော့မှူးခရီးစဉ်တို့ကို သွားရောက်မည်ဖြစ်ကြောင်း ယနေ့ညနေ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကာတားနားနှင့်တွေ့ဆုံဆွေးနွေးအပြီး သတင်းထောက်များနှင့် တွေ့ဆုံချိန်တွင် ပြောကြားခဲ့သည်။
  7Day News Journal
ဗထူးကွင်းအား မငှားရမ်းခဲ့သည့်အကြောင်းရင်းကို ဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦး ပြန်လည်ရှင်းလင်း ဗထူးကွင်းအား မငှားရမ်းခဲ့သည့်အကြောင်းရင်းကို ဘောလုံး  အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦး ပြန်လည်ရှင်းလင်း Reviewed by သစ်ထူးလွင် on 20:38 Rating: 5

24 comments:

Myanmar said...

မပြေးသော်လဲ ကံ၇ာ၇ှိနေပီငါ့ကောင်။ သန်းခြောက်ဆယ်အတွက်အလုပ်လုပ်နေတာ တစ်ဦးတစ်ယောက်ကောင်းစားေ၇းမပါဘူးလေ။ မှန်တာကို မလုပ်၇ဲ၇င် ဥက္ကဌမလုပ်တာပိုကောင်းမယ်။

pknai9c said...

ဆိုးပါဘူး အကြောင်းပြချက်လေးကတော့

Myanmar said...

မင်းမငှားဘူးဆိုတာကို ၀န်ခံလိုက်တာပေါ့ကွာ။ အကယ်၍ ကြံ့ဖွတ်ကများ သုံးမယ်ဆို၇င် မင်းဘယ်လို ဖြေမလဲကြည့်သေးတာပေါ့။

အောင်တေဇ said...

ဦးဇော်ဇော် အကြောင်းသိလောက်ဖြီးကြည့် ရ ရင်သူဟာစီးပွားရေးသမားပါ ၈၈ အရေးအခင်း တုန်းက ငါးသိုင်းချောင်းနဲ့ရေကြည်မှာ NLD ဘက်က ပါခဲ့တာပါ နောက်တော့ သူဟာ လမ်းကြောင်းပြောင်းပြီး ဗိုလ်ချုပ်တွေ နဲ့ပေါင်းပြီး စီးပွားလောဘတက်နေပါပြီ Eleven media ၁ ခြောက်လုံးပွဲမှာ သူပြောခဲ့တဲ့စကားတွေနဲ့အလုပ်ဟာတစ်ခုမညီပါဘူး ကျောင်းပြီးလို့ သူ့ Company မှာသွားလုပ်တဲ့သူတွေအသိဆုံးပါ ဘောလုံးအဖွဲ့ချုပ်မှာလုပ်တယ်ဆိုတာလည်း တခြားစီးပွားရေးတွေလုပ် ကွတ်အတွတ် နည်းနည်း ရင်းပေးလိုက်တဲ့သဘောပါ ဘာအနှစ်သာရ မရှိပါ .........ငါးသိုင်းချောင်းသားတစ်ယောက်

htay oo said...

ငှားမရရင် စေားစေားက ပြောလို့ရတာပဲ.....အကုန်စီစဉ်ပြီးမှမရဘူးဆိုတော့ ကလေးမဆန်လွန်းဘူးလား..... ဦးဇော်ဇော်က ဒီအချက်တွေမသိဘူးလား....သူကရော တာဝန်ရှိသူမဟုတ်ရင်ဘာလဲ....အမှန်တရားဆိုတာ တနေ့နေ့တော့အဖြေမှန်ပေါ်လာမှာပါ....ဘယ်လိုပဲယုတ်ယုတ် ပြည်သူတွေလိုလားနေတာ ဒီမိုကရေစီ ဆိုတာ လက်ခံသင့်နေပါပြီ....အစိုးရလက်အောက်မှာ ရှိနေလို့ မြန်မာအသင်းက အောင်မြင်တာ နေမှာပဲနော်.....အမှန်တရားကို ဘာလို့ရင်မဆိုင်ရဲတာလဲ...

Anonymous said...

ဇော်ဇော် ဟရောင် မင်းဒီလိုပြောတာလေးနဲ့ ရရိုးလား ကောင်းပြီလေလုပ်ထားဦးပေါ့ ဒါဇတ်လမ်းအဆုံးမဟုတ်သေးဘူးနော်
ခုမှစမလို့ရှိသေးတယ် အလည့်ကြ အခြောက်ကြီးလိုတော့ နွဲ့မပြနဲ့နော်
ဒို့ကရွံတတ်တယ့်ထွီ၊၊၊။။၊၊။

sirimingala said...

ဘာမှနားလည်မှုလွဲတာမဟုတ်ပါဘူးကွာ။ အခုမှ မင်းက အစိုးရကိုလွဲချနေတယ်။
မင်းက စီးပွားရေးသမားဆိုတော့ ပြည်သူတွေမျက်နှာကိုကြည့်မှာမဟုတ်ပါဘူး။တောက်းးးးးးးးးးးးးးး။

sirimingala said...

မင်းက စီးပွားရေးသမားဆိုတော့ ဟိုလူလွဲဒီလူလွဲ လုပ်မှာပေါ့။ ဒီမိုကရေစီကတော့ မင်းတို့လိုကောင်တွေရှိနေလို့ ဝေးဦးမယ်ထင်ပါတယ်။

Anonymous said...

အဲ့ဒီနေရာမှာ.
သူ့အမေလင်(စစ်ဗိုလ်ချုပ်သူခိုးများ)တွေသာဆို.
ရပါတယ်အဘ.ဆိုပီး.ဟိုဟာကိုလျှာနဲ့လျှက်ပီးတောင်.
ပြောမဲ့ကောင်..

SN said...

တုံးဆိုတိုက် ကျားဆိုကိုက် ဆိုတဲ့ စကားပုံ မင်းကြားဘူးလား ငဇော်.....အဲ့တာ မင်းအတွက်တော့ မဖြစ်နိုင်ဘူးထင်တယ်.....မိုးကြိုးပစ်တာကို ထန်းရွက်နဲ့ကာနေတာကြည့်ပြီး တော်တော်လေးကို သနားမိတယ်.......

Anonymous said...

ဇော်ဇော်မင်းကလူးဖြစ်နေပြီ...ဟိုလူးဒီလူးဖြစ်နေပြီ...လူဆိုတာလူလိုနေ၇တယ်...လူးနေ၇င်မင်းမမြဲဘူးနော်...မင်းေ၇မီးအဆုံနဲ့ဖလန်းဖလန်းထနေတာဘာမှမတည်မြဲဘူး...မနာလိုလို့ပြောတာမဟုတ်ဘူး...အမေပေးတဲ့လယ်တစ်ကွက်ကိုမင်းမက်မောလဲအရာမရောက်ဘူး...အားလုံးကအတူတူပါပဲ...စိတ်ပဲကွာပါတယ်...ဘာမှမတည်မြဲဘူးဆိုတာသိရင်...တည်မြဲအောင်လုပ်ကြည့်ပါလား...ဇော်ဇော်မင်းလူဖြစ်ရတာဝမ်သာဖို့ကောင်းတယ်...ငါလဲသူတော်ကောင်းမဟုတ်ပါဘူး..မင်းလိုနေ၇ာလေးမှာဇော်ဇော်ဆိုတာဘာလဲသိအောင်မင်းမလုပ်နိင်ဘူးလား...မင်းလုပ်နိင်ပါတယ်...ကျေးကျေးနော်...

My Peaceful World said...

ဟုတ်ပါတယ်....ငှားလို့မရဘူးဆိုရင်လည်း....အစောကတည်းပြောပေါ့...အခုဟာက...စာချုပ်ကစည်းကမ်းက...မနေ့တစ်နေ့ကမှထုတ်လိုက်သလိုဖြစ်နေတယ်...ဒီဟာစငှားကတည်းက..မရရင်..မရတဲ့အကြောင်း..ရှင်းပြပေါ့.အားလုံးကလက်ခံမှာပဲ...အခုမှစိတ်မကောင်းပါဘူးဘာညာနဲ့..ဆိုတော့...ကလေးဆန်လွန်းနေတယ်...အလုပ်လုပ်တာတွေက

David Henry said...

အမေစု လုံခြုံရေးကို အထူးသတိပြုပါ။
ရန်သူလားမိတ်ဆွေလား သာမန်မျက်စေ့ဖြင့် မခွဲခြားနိုင်ပါ။

ytn.naing said...

my question is why they allow Stage Shows in Football field. IS that related to Sport activities. Think about ur self, Soe Moe Kyaw

ပြည်ချစ်သူ said...

ရုပ်ရှင် မင်းသား မင်းသမီးတွေတောင် ဗထူးအားကစားကွင်းမှာ သီချင်းဆိုလိုက်၊ ရှိုးလျှောက်လိုက် လုပ်နေတာ၊ ဒီလောက် ကိုယ့်နိုင်ငံအတွက်၊ ပြည်သူ့အတွက် အရေးကြီးတဲ့ ပွဲကိုကျတော့ ခွင့်မပြုနိုင်ဘူးဆိုတော့...............။ ဒါဘာသလောလဲကွာ....။ ကြံ့ဖွတ်တွေကျမှ အဲဒီမှာ တရုန်းရုန်းသွားလုပ်ကြည့်...........။ တွေ့ကြသေးတာပေါ့ကွာ..........။

soethuralwin said...

ဟေ့ကောင်'ဇော်ဇော်'မင်းအဲဒီလိုမလှိမ့်တစ်ပတ်ပြောနေလို့ မင်းရဲ့ရှေ့သွားတွေခေါနေတာ...နောက်လည်းထပ်ပြီးခေါအုံးမှာပဲ...မင်းလိုကောင်မျိုးဘယ်လောက်ထိခံနိုင်ရည်ရှိမလဲဆိုတာစောင့်ကြည့်ကြသေးတာပေါ့ကွာ...မင်းတော့ငါ့လဇိစာ!sorryငါ့လက်သီးစာ မိတော့မယ်ကွာ...တောက်..

မြတ်စန္ဒာ said...

ဒီလို သဘောထားသေးသိမ်ညံ့ဖျင်းခြင်းများမဖျောက်သရွေ့မြန်မာနိုင်ငံဒီမိုကရေစီနှင့် ဝေးနေမည်။ အထက်ဖားအောက်ဖိ အောက်ဖိ၊ ဘောင်းတော်ညိတ်စိတ်တော်ကျများ မပျောက်သရွေ့ အာဏာရှင်များဆက်လက်တည်မြဲနေမည်။ ဒို့ပြည်သူများ လက်တွဲကာ ထိုသူများအား မြန်မာ့လူ့အသိုင်းအ၀ိုင်းကြားမှ မောင်းထုတ်ကြပါစို့။

aye said...

ိကျွန်နော်တို့ လုပ်နိုင်တာလုပ်ကြရအောင်..ဘော်လုံးပွဲမကြည့် ရေး...ဒို့ အရေး..ကိုရွှေမန်းသားများတို့ ဒီတိုင်းကြည့် နေတော့ မှာလား..

kyaw soe ko ko said...

နောက်ဆုံးကြားရသည့် သတင်းအရ စောက်သုံးမကျမြန်မာ့ဘောလုံးအဖွဲ့ ချုပ် ဥက္ကဌ ဇော်ဇော် အား AFC နှင့် FIFA ထံသို့  ပေါက်ရောက်သူများက တိုင်တန်းထားကြောင်း........စောက်ရူး စိုးမိုးကျော် မင်းပထွေးမြေခွေးဇော်ဇော် က စိတ်မကောင်းဖြစ်တယ် ၀မ်းနဲတယ် ဟုတ်လား ...ထားဝယ် က စပြီးမတားနိုင်ခဲ့ လို့  စိတ်မကောင်းဖြစ်တာ ၀မ်းနဲတာနေမှာပေါ့ ....မြေခွေးက ၀မ်းနဲတယ်ဆိုတာ (.)ပဲ လူကြားလို့  မကောင်းဘူး ... ...မင်းတို့ သောက်ကျင့်နဲ့ သောက်ပါးစပ်ကများပြောထွက်ရက်တယ် ...၀မ်းနဲတယ်ဆိုတာ...တကယ်သာလူစိတ်ရှိရင် ...အခုမှဝမ်းနဲ ပြစရာမလိုဘူး အစထဲက မဖြစ်ဖြစ်အောင်လုပ်ပေးရမှာ....ဒါကို လူစိတ်ရှိတဲ့ လူပီသတဲ့ လူတိုင်း နားလည်တယ် နားလည်ရတယ်...ဘယ်ပထွေးကိုကြောက်နေလို့ လဲ... """တဆက်တဲ ကော်မရှင် ဥက္ကဌ ကြီးကိုပါ မေးလိုက် မယ် တရားမျှတစေရ မယ် အပြောနဲ့ မဟုတ်ဘူး အလုပ်နဲ့ သက်သေပြမယ်ဆို .... အဲ့ဒီ ကောင် ဇော်ဇော်ကို အရေးယူပေးပါ.... ဥက္ကဌကြီး တို့  ကမ္ဘာကို အသိပေးထားတဲ့ ဒီမိုကရေစီ လမ်းစဉ်ကို လျှောက် လှမ်းနေပြီ ဆိုတဲ့ နေရာမှ အခု ဇော်ဇော် လုပ်ရပ်က အင်မတန် စုတ်ပဲ့ မိုက်ရိုင်းညစ်ပတ် စိုးရွားယုတ်မာလှတဲ့ ဆူးညှောင့် ခလုတ် တခုပါ ..အခုထဲက သေချာရှင်းလင်းထားသင့်ပါပြီ...နောက်ဆို ဒီထက်ပိုဆိုး လာပါက နိုင်ငံတာ နှင့် ပြည်သူလူထုကပါ အပြည့်အ၀ မယုံကြည်နိုင်သေး သော ကော်မရှင်အပေါ် စိုးရွားသော အမြင်များသာတိုးလာပါက မကောင်းပါ ...သေချာစဉ်းစားဆုံးဖြတ်သင့်ပါသည် ...ဒီမို ကရေစီ ခရီးစဉ် အစပိုင်းလေးမှာတင် ဇော်ဇော်မှ စ၍ အမဲစက် ထင်သွားပြီးဖြစ်ကြောင်း ...၎င်း ဇော်ဇော် ဆို သူအားထိုက် သင့် သော အရေးယူမှု တခုအမြန်ပြုလုပ်ပေးသင့်ပါကြောင်း ကော်မရှင် ဥက္ကဌကြီးအားအသိပေး အကြောင်းကြားအပ်ပါသည်..........

kyaw soe ko ko said...

မှတ်ချက်။ ။ နိုင်ငံတကာနှင့် ပြည်သူလူထု ယုံကြည်မှု ပိုမို ခိုင်မာစေလိုလျှင် ဇော်ဇော် အားအမြန်အရေးယူဆောင်ရွက် ပေးပါ.....

အောင်တေဇ said...

ကော်မရှင် ဥက္ကဌ ဆိုတဲ့ရွှေမန်း နဲ့သူက ရွှေမန်းတိုင်းမှုးဘ၀မှာကတည်းက အဆင်ပြေပြီးသားဗျ ရွှေမန်းက ဧရာဝတီတိုင်းမှုး သူက လုပ်ငန်းထူတောင်ကာခ ရွှေမန်းဟာသူကြောင့် အတိုင်းမသိအတိုင်းမရှိ ရသလို သူဟာလည်းဧရာဝတီးအတိုင်းအတွင်းမှာ မရှုံးမဲ့လုပ်ငန်းတွေရလာတာပါ အဲတော့ အတူတူနဲ့အနူနူပါ အားလုံးကခွေးပါစပ်က နတ်စကားပြောနေတာပါ အစ်ကိုတို့ရာ အချိန်တိုလေးနဲ့ဘုရားမချွတ်ပဲ ဒီလိုပြောင်းလဲတယ်ဆိုတာ ချီးစားပြောတောင် မယုံပါဘူး သိန်းစိန်(ဗိုလ်ချုပ်ကြီး) ငြိမ်းလည်းမယုံပါဘူး ..............နောက်ဆုံးသတင်းတွေအရ ပွဲကတော့ကြည့်ကောင်းနေပြီ အားလုံးသောကျွန်တော်တို့ ယခုအချိန်တော့လက်ဦးမှုယူနိုင်မယ်လိုမျော်လင့်ပါတယ် ကျွန်တော်တို့တိုင်းပြည် အတွတ် အန်တီစု ဟာနောက်ဆုံးသောမျော့်လင့်ချက်ပါ အိမ်နီးချင်းနိုင်ငံတွေမှာလည်းသူလိုခေါင်းဆောင်ကောင်းမရှိပါဘူး..........တစ်ခါတစ်လေစင်းစားမိတာတော့မြန်မာပြည်ကြိမ်စာများမိနေသလားလို့ပါ..

arun said...

i like pyi chit thu comment

sai wan na said...

comment တွေ ကြည့်  ၇တာ ကျေနပ်တယ်ဗျာ.. မျိုးချစ်စိတ်ဆိုတာ.. ဒါမျိုးနေမှာ...

seazinyaw said...

ဇော်ဇော်ရာ မင်းလူ လည် ပါ ငါသိပါတယ်။ဘော်လုံး နဲ့ လုပ် စားနေ တာ

Powered by Blogger.