ဒေါ်အောင်ဆန်းစုကြည် လှည်းကူးမိန့် ခွန်းကောက်နှုတ်ချက်

““ကျွန်မတို့ အဖွဲ့ချုပ်က နိုင်ငံအတွက် ဘာလုပ်ဖို့လိုလဲလို့ ဆုံးဖြတ်လိုက်တဲ့အခါမှာ ရွေးကောက်ပွဲ ရဲ့ မူဝါဒတွေထဲမှာ ရည်ရွယ်ချက်တွေထဲမှာ အချက်သုံးချက် တင်ပြထားပါတယ်။ နံပတ်တစ်ကတော့ တရားဥပဒေစိုးမိုးရေးပါ။ တချို့ပြည်သူတွေက တရားဥပဒေစိုးမိုးေ ရးဟာ ငါတို့နဲ့ ဘာဆိုင်လို့လဲလို့ မေးတာတွေလည်း ရှိပါလိမ့်မယ်။ အဲဒါဆိုလည်း ချက်ချင်းလက်ငင်းဖြစ်တဲ့ ကိစ္စတစ်ခုကို ပြောပြပါရစေ။
မနေ့ကဆိုရင် ဒီထဲက ပရိသတ်အများစုလည်း သိပြီးဖြစ်ပါလိမ့်မယ်။ ဒီဘောလုံးကွင်းကို သုံးခွင့်ပြုပြီးကာမှ သုံးပိုင်ခွင့်ကို ပြန်လည်ရုပ်သိမ်းပါတယ်လို့ ဖြစ်လာတယ်။ အဲဒီတော့ ဖြစ်လာတဲ့အခါကျတော့ ကျွန်မတို့အဖွဲ့ချုပ်က တရားဥပဒေစိုးမိုးရေးကို ယုံကြည်တဲ့အလျောက် ကျွန်မတို့အဖွဲ့ချုပ်တာဝန်ခံများက ရွေးကောက်ပွဲကော်မရှင်ကို ဒီကိစ္စကိုတင်ပြပါတယ်။ တင်ပြတဲ့အခါကျတော့ မှန်မှန်ကန်ကန်ဆုံးဖြတ်လိုက်တာက မူလခွင့်ပြုချက်အတိုင်း ရရှိစေရမယ်။ ဆက်ပြီးလုပ်စေရမယ်။ ဒါကြောင့် ဒီလိုစုစည်းနိုင်တာ။ ဒါ ဥပဒေစိုးမိုးရေးပဲ””
(ဒေါ်အောင်ဆန်းစုကြည်က လှည်းကူးမြို့နယ်အားကစားကွင်းတွင် ငါးသောင်းခန့်ရှိသော ပြည်သူလူထုကြီးအား ပြောကြားခဲ့သောမိန့်ခွန်းမှ ကောက်နှုတ်ချက်ဖြစ်ပါသည်။)
ဒေါ်အောင်ဆန်းစုကြည် နှင့် လှည်းကူးလူထု
 
7Day News Journal
ဒေါ်အောင်ဆန်းစုကြည် လှည်းကူးမိန့် ခွန်းကောက်နှုတ်ချက် ဒေါ်အောင်ဆန်းစုကြည် လှည်းကူးမိန့် ခွန်းကောက်နှုတ်ချက် Reviewed by သစ်ထူးလွင် on 14:58 Rating: 5

4 comments:

ko said...

ထပ်တင်ပေးပါအုံး၊ ကိုသစ်ထူးလွင်ရေ။ ဖတ်ကောင်းတုန်းဗျာ။

မြကြိုးနွယ် said...

နိုင်ငံတိုင်းရဲ့ ရှိသင့်တဲ့အခြေခံလိုအပ်ချက်အတွက် ဆက်ပြီးတိုက်ပွဲဝင်ရမှာပဲ

မိုးညီသစ် said...

ဦးတင်အေးရဲ့ ဆုံးဖြတ်ချက်ကို သဘောကျပါတယ်။ ဒီမိုကရေစီဆိုတာ ဒီလိုမျိုးဘဲ ဖြစ်သင့်ပါတယ်။ စနစ်ပြောင်းခေတ်ပြောင်းတဲ့အချိန်မှာ ဘယ်သူမှ နောက်ပြန်ဆွဲမှာကို မလိုချင်ပါဘူး။ အမေစုရဲ့စိတ်ဓါတ်ကိုလည်း အရမ်းကိုလေးစားပါတယ်.။ ကျနော်တို့အတွက် အမျိုးသားခေါင်းဆောင် တစ်ဦး အနေနဲ့ အရမ်းကို လေးစားမိပါတယ်။ သမတကြီး ဦးသိန်းစိန် ဦး သူရရွှေမန်း အပါအ၀င် ပြောင်းလဲဖို့ကြိုးစားနေချိန် ဘယ်သူမဆို ပြောင်းလဲမှုမှာ ပါဝင်ဖို့ လိုအပ်ပါတယ်။ ကျနော်တို့ ပြည်သူတွေ ဆင်းရဲနေတယ် နိမ့်ကျနေရတယ်ဆိုတာ လူတိုင်းသိပါတယ်။ အခွင့်ထူးခံလူတန်းစားအနေနဲ့ သူတို့မှာလည်း လုံလောက်နေကြပါပြီ။ မြန်မာ ပြည်သူလူထု အတွက်လည်းအခွင့်အရေးပေးသင့်ပါတယ်။ ကိုယ့် နိုင်ငံသားတွေ ဘယ်လောက် နိမ့်ကျနေတယ်ဆိုတာ တွေးသင့်ပါတယ်။ ကိုယ်နေတဲ့နေရာက အများအကျိုးအတွက် နေရာလား ကိုယ့်အတွက် နေရာလားစဉ်းစားသင့်ပါပြီဗျာ။ ကိုယ် သေတဲ့အထိ သုံးမကုန်နိုင်တဲ့သူတွေက ပြည်သူတွေအတွက် တစ်နပ်စာ တစ်မိသားစုစာ ကိုတော့ စောင့်ငဲ့ကြည့်ပေးကြပါ.။ ကိုယ်နေတဲ့နိုင်ငံ၊ ကိုယ်ရပ်တည်နေတဲ့နေရာ ကနေပြီး အများအကျိုးဆောင်ပေးတဲ့ နိုင်ငံခေါင်းဆောင်တွေအဖြစ်တော့ မြန်မာပြည်သူတစ်ရပ်လုံးမြင်ချင်တာ ဆိုတာကိုတော့ နားလည်ပေးကြပါ။ အများကျိုးကို ဆောင်တဲ့သူကို ဘယ်သူမှ မချစ်ဘဲ မနေနိုင်ဘူးဆိုတာ ပြည်သူအားလုံးက သက်သေတည်မယ်ဆိုတာ ကျနော်ယုံကြည်ပါတယ်ဗျာ..။

Unknown said...

i agree with ko moenyi thit,,

Powered by Blogger.