တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမား​ ဆန္ဒပြပွဲ ပြီး​ဆုံး


 
ရန်ကုန်တိုင်း ​ လှိုင်သာယာမြို့​နယ်က တိုင်ဝမ်နိုင်ငံသား​ပိုင် တိုင်ရီ ဖိနပ်စက်ရုံမှာ အလုပ်သမား​တွေက လုပ်အား​ခတိုး​ပေး​ဖို့​ဆန္ဒပြ​တောင်း​ဆိုချက်ကို သီတင်း​ တပတ်​ကျော် အကြာမှာ အလုပ် ရှင်ဘက်က လိုက်​လျောလိုက်ပြီဖြစ်ပါတယ်။
ဖေ​ဖော်ဝါရီ ၁၅ ရက် မွန်း​လွဲပိုင်း​မှာ အလုပ်ရှင်နဲ့​ အလုပ်သမား​တွေအကြား​ သ​ဘောတူညီမှုရခဲ့​တာပါ။ ဒီသ​ဘောတူညီချက်အရ အလုပ်သမား​တွေ ​တောင်း​ဆိုတဲ့​ အတိုင်း​ တနာရီ ကို အရင်က ၇၅ ကျပ် ရရှိရာက​နေ လုပ်ခ ကျပ် ၁၀၀ ရရှိခဲ့​ပြီး​ အချိန်ပို တနာရီ ၁၆၄ ကျပ်နဲ့​ တလအတွင်း​ ရက်မှန်​ကြေး​ နဂိုအတိုင်း​ ကျပ် ၆၀၀၀ နှုန်း​ ရရှိခဲ့​တယ်လို့​ အလုပ်သမား​တွေဘက်က လိုက်ပါ​ဆောင်ရွက်​ပေး​သူ ​ရှေ့​နေ ကိုဖိုး​ဖြူက ​ပြောပါတယ်။
ခုလို သ​ဘောတူညီချက် ရခဲ့​လို့​ အလုပ်သမား​တွေဟာ အရင်ကထက် တလကို လစာ ကျပ် (၁)​သောင်း​ကျော် ပိုရလာမှာ ဖြစ်ပါတယ်။
အလုပ်သမား​တွေဟာ အရင်က တလကို အချိန်ပို​ကြေး​၊​ ရက်မှန်​ကြေး​ အပါအဝင် ပျမ်း​မျှ ကျပ် ၃၇,၀၀၀ ​ကျော်​လောက်ပဲလုပ်ခလစာ ရကြတာပါ။
အလုပ်သမား​ တွေဟာ လုပ်အား​ခ တိုး​မြှင့်​ရရှိ​ရေး​အတွက် ​ဖေ​ဖော်ဝါရီ ၆ ရက်​နေ့​ မနက်ပိုင်း​ကစပြီး​ ဆန္ဒပြ​နေကြတာပါ။ မ​နေ့​က​တော့​ အစိုး​ရ အလုပ်သမား​ရေး​ရာဝန်ကြီး​ဌာနရဲ့​ ညွှန်ကြား​ရေး​မှူး​ ကိုယ်တိုင်အလုပ်ရှင်နဲ့​ အလုပ်သမား​အကြား​ ဝင်​ရောက် ​ဖြေရှင်း​ပေး​ခဲ့​ပေမယ့်​ မ​ပြေလည်ဘဲ ဒီက​နေ့​မှာ အလုပ်သမား​တွေရဲ့​ ​တောင်း​ဆိုမှု​တွေ ရရှိခဲ့​တာပါ။
တိုင်ရီ ဖိနပ် စက်ရုံကို ၁၉၉၇ ခုနှစ်က တည်​ဆောက်ခဲ့​ပြီး​ တိုင်ဝမ် သူ​ဌေး​ တဦး​ပိုင် ကာ တရုတ်အမျိုး​သမီး​ တဦး​က စီမံခန့်​ခွဲ​နေတာ ဖြစ်ပါတယ်။ 
ဒီဗွီဘီ
တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမား​ ဆန္ဒပြပွဲ ပြီး​ဆုံး​ တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမား​ ဆန္ဒပြပွဲ ပြီး​ဆုံး​ Reviewed by သစ်ထူးလွင် on 18:11 Rating: 5

12 comments:

ကျော်ထိုက် said...

ဂုဏ်ယူပါတယ်...တောင့်ခံထားတာ ကို...ဒါ မှ တို့ မြန်မာ

အီကိုမောင် said...

ဒါတောင် အလုပ်သမားတွေတောင်းတဲ့ လစာတော်တော်နည်းသေးတယ်။ ထမင်းစားဖို့ လောက်ရုံလေးပဲ ရတာ။ တိုင်းပြည်လည်း မြန်မြန်တိုးတက်မှ ပဲဖြစ်တော့မယ်။ ဘယ်သူတက်တက် တိုးတက်အောင် လုပ်ပေးရင် ရပါပြီ။ ပြည်သူတစ်ယောက်အနေနဲ့ ကျေနပ်ပါပြီ။

Anonymous said...

ဇွဲ လုံ့ လ ရဲ့ အကျိုးပဲပေါ့ . . . ဒါမှ မြန်မာ . . .ဒီလစာလေးနဲ့ တော့ ငပိရည် နဲ့ ကန်စွန်းရွက် ရေလုံပြုတ်ပဲ ရမယ်ထင်တယ် . . ဒါတောင် နောက်မှာ မှီခိုစားတဲ့သူတွေ များရင် မရနိုင်တော့ဘူးနော် . . . ရင်လေးစရာ အို မြန်မာ

chivas said...

ဒါ...ကိုကြည်ခြင်းအားဖြင့် စည်းလုံးခြင်းသည်အင်အားဘဲလေ..အလုပ်သမားတွေဘက်ကတောင်းဆိုမူတွေက နည်းပါသေးတယ်.တခြားတိုင်းပြည်တွေနဲ့စာရင်ပေါ့လေ..အလုပ်သမားတွေဘက်ကလည်း အလုပ်သမားတွေနဲ့ပါတ်သက်တဲ့သိသင့်တဲ့အခွင့်အရေးတွေကိုလည်းအလုပ်သမားတွေဘက်က တောင်းဆိုတတ်ရမယ်လေရမယ်လေ..လုပ်ငန်းရှင်တွေဘက်ကလည်း ကိုယ့် အကျိုးမမြတ်အတွက်ဘဲ မကြည့်ဘဲ အလုပ်သမားတွေ လုပ်ချင်စိတ် တွေ ၇ှိလာအောင် ဖြည့်ဆည်းပေးတတ် ရမယ်လေ.ဒါမှမျတတော့မှာပေါ.။။

မျိုးစင်ဆွေဆက် said...

မဆိုးပါဘူး...တိုးတဲ့လစာက သမ္မတကြီး လစာနီးပါးပဲ...ဆယ်နှစ်လောက် မသုံးမစွဲ မစားသောက်ပဲ သိမ်းထားနိုင်ရင်.... စာနာကိုယ်ချင်းစာစိတ်နဲ့  စဉ်းစားသင့်နေပြီ...အဲဒီလစာလေးနဲ့  အိမ်တအိမ် လူ ၃ ယောက်စီအလုပ်ထွက်လုပ်ကြည့်အုံး ဘယ်လိုမှ အဆင်မပြေနိုင်တဲ့ လစာလေးတွေ... အုပ်ချုပ်သူအဆင့်ဆင့်တွေရေ စာနာစိတ်ရှိရင် ကိုရတဲ့လစာနဲ့ ယှဉ်ကြည့်တတ်ကြပါအုံး...ကိုယ့်နိုင်ငံသားစစ်စစ်ပြည်သူတွေ ဘက်ကို......

true finder said...

some accept the agreement but some will claim their labor rights .pls continue to see it .

သုည said...

လေးသောင်းကျော်ပဲလား..အဲဒါတောင်တော်တော်နည်းနေပြီထင်တယ်..အင်းလေ..ဒါပေမယ့်
ကျန်တဲ့ဘက်က ကျန်းမာရေးစောင့်ရှောက်မှုဘာညာနဲ့ ဆိုတော့လဲ.. မဆိုးပါဘူးလေ...

အာကာထက် said...

ဟာ----- ဖြစ်မှဖြစ်ရလေ တော်တော်နည်းတဲ့လုပ်အားခပါ၊တလကို ဒေါ်လာ 50တောင်မရပါဘူး၊အဲလိုမဖြစ်သင့်ပါ၊မလေးရှားမှာ ဆိုရင်အထည်ချုပ်လုပ်သားတွေဟာ တထည်ကို 1ဒေါ်လာနှုန်းနဲ့လုပ်ပါတယ်၊မြန်မာပြည်က အောက်ခြေ ပြည်သူတွေအနေနဲ့ အနည်းဆုံးတော့ တလကိုဒေါ်လာ 150 ရသင့်ပါတယ်၊တိုင်းတပါးက ကုမ္ပဏီတွေဝင်လာရင် အစိုးရအနေနဲ့ အလုပ်သမားကိုပေးမယ့် အနိမ့်ဆုံးလုပ်စာကို သေချာသတ်မှတ်၇ပါတယ် နိုင်ငံတကာမှာ လုပ်ပါတယ်၊ပြည်ပက ကုမ္ပဏီတွေဟာ ဈေးသက်သာတဲ့ အလုပ်သမားရှိတဲ့နေရာကို ရှာပါတယ် အမေရိကန်ကုမ္ပဏီတွေလည်း တရုပ်ကိုသွားပြီး ရင်းနှီးနေတာအဲဒါပါ၊အစိုးရ၀န်ထမ်းတွေကိုလည်း ကုမ္ပဏီကပေးတဲ့အောက်ခြေ၀န်ထမ်းလစာအတိုင်းပေးရပါတယ် ဒါမှ မျှတပါမယ်၊ဆင်း၇ဲမွတေမှုကို တိုက်ဖျက်ချင်ရင် အောက်ခြေ၀န်ထမ်းရဲ့အနိမ့်ဆုံးလစာကို အခြေနေနဲ့ကိုက်ညီအောင်သတ်မှတ်ပေးပါ၊အမေရိကန်ပြည်နယ်တွေမှာ ပြည်နယ်တိုင်းမှာ သတ်မှတ်ပေးထားပါတယ်။တချို့ဆိုရင် တနာရီ 8 ဒေါ်လာ 7.50 ဒေါ်စသည်တို့ဖြစ်ပါတယ်၊နိုင်ငံခြားကုမ္ပဏီတွေက သူတို့ပစ္စည်းတွေကို တခြားတိုင်းပြည်တွေမှာ ဒေါ်လာနဲ့ပဲ အရောင်းအ၀ယ်လုပ်ပါတယ်ဆိုတာသိစေချင်ပါတယ်၊

မီးငယ် said...

တိုင်ရီဖိနပ်စက်ရုံအလုပ်ရှင်ဘက်က လိုက်လျောတယ်လို့မဆိုနိုင်ပါဘူး..အလုပ်သမားတွေဘက်က အများကြီးပြန်လျော့ထားတာပါ..သူတို့ကအလုပ်လက်မဲ့ဖြစ်မှာစိုးလို့ပါ...ဒီလောက်လစာနဲ့တော့ ၁ ယောက်တည်း ၁ နေ့ ၃ နပ်၀၀လင်လင်စာဖို့တောင်အနိုင်နိုင်ပါ...မြန်မာနိုင်ငံမှာအလုပ်သမားတွေအတွက်တရားမျှတမှုမရှိသေးပါဘူး...

Maung said...

တွေ့ရဲ့လား ဥိးရွှေမန်းရေ. ဥပဒေတွေအတိအကျ မထုတ်ပြန်ပဲနဲ့. လစာမတက်ပါနဲ့

Unknown said...

မြန်မာပြည် လုပ်သားလောကမှာ ၁၃၀၀ ပြည့် အရေးတော်ပုံပီးရင်.. ဒါ အင်အားအကြီးဆုံး ဆန္ဒပြမှုပါ.. ၁၃၀၀ ပြည့် အရေးတော်ပုံတုန်းက တော့ လမ်းခရီးတလျှောက်ပြည်သူတွေက ကျွေးမွေးလှူဒါန်းကြပါတယ်.. အခုတော့ ဘေးက ဘေတီးသာနေကြတာ.. ဘယ်သူမှ ကျွေးမဲ့သူမရှိပါဘူး.. ဆန္ဒပြတဲ့လုပ်သားတွေကို ဆန္ဒပြနေစဉ်ကာလမှာ ကျွေးမွေးထောက်ပံ့ထားသင့်ပါတယ်.. သူငယ်ချင်းတို့.. သူတို့အနေနဲ့ ခံစားရလွန်းလို့ ခံပြင်းလွန်းလို့သာ ဆန္ဒပြကြတာပါ... သူတို့မှာ စားစရာ လုံလုံလောက်လောက် ရှိကြတာ မဟုတ်ပါဘူး အချို့ဆို စက်ရုံမှာ ကပ်နေကြရတာပါ.. စက်ရုံက အလုပ်ဖြုတ်လိုက်ပီဆိုရင် သွားစရာ နေရာတောင် မလွယ်တော့ပါဘူး..

Killer said...

ပြည်ပမျိုးမစစ်တွေပိုင်တဲ့စက်ရုံကွ... ဖြစ်နိုင်ရင် သူဌေးကိုပါ ပြည်တော်ပြန်ခိုင်းလိုက်ကွာ... မြန်မာတွေကို ကျွန်လိုခိုင်းနေတယ်...

Powered by Blogger.