ကော့မှူးမြို့နယ်တွင် အဓိက အရေးကြီးဆုံးအရာမှာ အလုပ်အကိုင် ဖန်တီးပေးရေး ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောဆို

ကော့မှူးမြို့နယ် မှ ၀င်ရောက်အရွေးခံမည့် ဒေါ်အောင်ဆန်းစုကြည်မှာ ၀ါးသင်္ခကျေးရွာတွင် သန်းခေါင်စာရင်း ၀င်လိုက်သဖြင့် ၀ါးသင်္ခကျေးရွာစာရင်တွင် ပါဝင်သွားခြင်းအတွက် ၀ါးသင်္ခကျေးရွာသားများက ဂုဏ်ယူလျက်ရှိကြသည်ဟု ပြောဆိုသည်။
ယင်းကျေးရွာတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းဟောပြောရာသို့ ကျေးရွာနှင့် အနီးအနားကျေးရွာများမှ လူပရိတ်သတ် အနည်းဆုံး ၇၊ ၈ ထောင်ကျော် လာရောက်ခဲ့ကြသည်။ 
ဝါသင်္ခကျေးရွာတွင် ဒေါ်အောင်ဆန်းစုကြည် ၉မိနစ်ကြာ မိန့်ခွန်းပြောကြားခဲ့ရာ၊ ကော့မှူးမြို့နယ်တွင် အဓိက အရေးကြီးဆုံးအရာမှာ အလုပ်အကိုင်ဖန်တီးပေးရေး ဖြစ်သည်ဟု ပြောဆိုသွားသည်။ လူငယ်ဘွဲ့ရ ပညာတတ်တွေ အများစုမှာ အလုပ်အကိုင်မရှိကြသဖြင့် ပထမဆုံး ဦးစားပေးလုပ်ကိုင်ရမည့် အချက်မှာ အလုပ်အကိုင် ဖန်တီးပေးရေးပင်ဖြစ်သည်ဟု ပြောဆိုသွားသည်။ 
ထို့ပြင် လမ်းတလျှောက်၌ လူထုပရိတ်သတ်က ၀ိုင်းဝန်းအားပေးကြသည်ကို မြင်တွေ့ရ ၊ ကြားနေရကြောင်း ဒီမိုကရေစီသို့ လျှောက်သွားရမည့် လမ်းကြောင်းသည် ကြမ်းတမ်းသည် ဝေးလည်းဝေးလွန်းသဖြင့် အန်အယ်လ်ဒီပါတီကို ၀န်းရံပေးသွားကြရန် ဒေါ်အောင်ဆန်းစုကြည်က လူထုအား ပန်ကြားသွားသည်။
ကော့မှူးမြို့နယ်သို့ မဲဆွယ်စည်းရုံးရေးခရီးစဉ် သွားရောက်နေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ၀ါးသင်္ခရွာသို့ ယခုအခါ ရောက်ရှိနေပြီး ကျေးရွာသူကျေးရွာသားများအား တွေ့ဆုံနှုတ်ဆက်စကားပြောကြားခဲ့သည်။ လက်ရှိတွင် ခေတ္တ နားနေပြီး တခြားရွာသို့ ဆက်သွားရန် ရှိကြောင်းလည်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည် လာရာလမ်းတစ်လျှောက်တွင် ဒေသခံများက တစ်ခဲနက်ကြိုဆိုခဲ့ကြသည်ကို တွေ့ရသည်။
 
ကော့မှူးမြို့နယ်တွင် အဓိက အရေးကြီးဆုံးအရာမှာ အလုပ်အကိုင် ဖန်တီးပေးရေး ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောဆို ကော့မှူးမြို့နယ်တွင် အဓိက အရေးကြီးဆုံးအရာမှာ အလုပ်အကိုင် ဖန်တီးပေးရေး ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောဆို Reviewed by သစ်ထူးလွင် on 17:24 Rating: 5

1 comment:

အာကာထက် said...

လေးစားတယ် ကိုတင်ရီခင်ဗျားရဲ့စိတ်ဓါတ်ကို မကောင်းတဲ့နေရာမှာအရမ်းတော်တယ် မလုပ်သင့်တာကိုမလုပ်စမ်းပါနဲ့ ခင်ဗျားပါတီက ဘာတဲ့ ညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဆို အခုက ကွဲပြဲရေး ဆူပူရေးလုပ်နေပါလား နိုင်ငံရေးသမားဆိုတာ လမ်းဘေးအလုပ်မလုပ်ပါနဲ့ အန်တီစုလို လူမျိုးတိုင်းပြည်ရဲ့ အရေးပါတဲ့လွတ်တော်မှာ ရှိမှာကိုမလိုလားဘူးလားဗျာ လူတော်လူတတ်တွေမပါစေချင်ဘူးလား သင်ခန်းစားယူစမ်းပါ ကျနော်တို့ရဲ့မဝေးသေးတဲ့သမိုင်းမှာ အန်တီစုကို မကောင်းစိတ်မွေးတဲ့သူတွေဘာဖြစ်ကုန်လဲ ခင်ဗျားရဲ့ဆရာခင်ညွန့်တောင်ဘာဖြစ်သွားလဲ အခုတော့ ချင်ဖတ်ဖြစ်၊အန်တီကတော့ ပန်းပန်လျှက်ပဲလေ မြင်တယ်နော် အော်ဒါနဲ့ကောမှုးသွားရင်သတိထားနော် ကော့မှူးက ပြည်သူတွေကရိုးတယ် ဒါပေမဲ့ မဟုတ်မခံစိတ်များတယ်

Powered by Blogger.