ဗိုလ်ချုပ်အောင်ဆန်း ၉၇ နှစ်ပြည့် အမှတ်တရ ကဗျာနှင့်ကျပ်ငွေ

``လွတ်လပ်ရေးဖခင်၊ အမျိုး သားခေါင်းဆောင်၊ သမ္မဂဥက္ကဌ၊တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်း ၉၇ နှစ်ပြည့် ``

အောက်က ကဗျာလေးကတော့ အခုခေတ် သင်ပုန်းကြီး ဖတ်စာမှာ သင်ခွင့်မရတော့တဲ့ ဗိုလ်ချုပ် အမှတ်တရ ကဗျာလေးပါ။

ဖေဖော်ဝါရီ တစ်ဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေဦးဖာ သား
ဇာတိနတ်မောက် မကွေးခရိုင်dr
သိကြများခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား…
တစ်ထောင့်ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် ဒို့ဖခင်
ကောင်းစေချင်တဲ့ အမှာစကား
ငါတို့မမေ့အား
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား…။
 

ဗိုလ်ချုပ်အောင်ဆန်း ၉၇ နှစ်ပြည့် အမှတ်တရ ကဗျာနှင့်ကျပ်ငွေ ဗိုလ်ချုပ်အောင်ဆန်း ၉၇ နှစ်ပြည့် အမှတ်တရ ကဗျာနှင့်ကျပ်ငွေ Reviewed by သစ်ထူးလွင် on 11:11 Rating: 5

6 comments:

နေသွေးတိုက် said...

ခုလို ဖော်ပြပေးတဲ့အတွက် ကျေးဇူးဗျာ...သိထားသင့်တာလေးတွေမို့သာ..

Samurai said...

ပြည်ထောင်စုရေးကြိုးပမ်းဆောင် ... ပြည်ချစ်ဒို့ခေါင်းဆောင်.. ဆိုတာလေးကျန်နေလို့ပါခင်ဗျာ....ဆရာလုပ်တာမဟုတ်ရပါ...ဗိုလ်ချုပ်ကဗျာလေးမို့အမှားကင်းစေချင်ပါတယ်...(ပုဂံသား)

မြန်မာပြည်သား said...

ကျေးဇူးအများကြီးတင်တယ်ကိုသစ်ထူးလွင်ရေ....အခုလို..ဗိုလ်ချုပ်ရဲ့အမှတ်တရကဗျားလေးကိုဖော်ပြပေးတာ....ငယ်ငယ်ကစိုခဲ့ရတာအခုထိမမေးနိုင်သေးပါဘူး..........

Unknown said...

I am very doubtful that socialism is implemented/ advocated by Gen.Aung San, Though he used to be a communist in his earlier political career, he's becoming more and more democratic and liberal in his more mature days and he openly said any dictatorships won't work for the benefits of entire population of Burma.

chitsayar18 said...

ကျနော်ကြားဖူးတာတော့ ကျန်နေတဲ့စာပိုဒ်က ပြည်ထောင်လွတ်ရေးကြိုးပမ်းဆောင် ပြည်ချစ်တို့ ခေါင်းဆောင်။ ပါ။ ဆိုလိုတာက ပြည်ထောင်စုကြီးရဲ့ လွတ်လပ်ရေးရတဲ့အထိကြိုးစားဆောင်ရွက်သွားတာကိုဆိုလိုတယ်လို့ ထင်မိပါတယ်ခင်ဗျား

Moe Moe said...

ဒီကဗျာလေး ကိုအားလုံးသိအောင် တင်ပေးတဲ့အတွက် ကျေးဇူးအများ ကြီးတင်ပါသည် ဒီကဗျာကလေးက (၇၈..ခုနှစ်)မှာ တတိတန်းမှာ သင်ရတဲ့ကဗျာလေးပါ။ ဒီကဗျာလေးရဲ့ခေါင်းစဉ် ကအောင်ဆန်းဇာနည်းပါ။ ကျန်နေတဲ့စာပိုက်ကကေ အပေါ်မှာရေးပြီးဆိုတော့မရေးတောပါဘူး ဒီကဗျာကလေကို(၈၁)နောက်ပိုင်လူငယ်တွေ မသိကြ မသင်ကြရပါဘူး သိသင့်သိထိုက်တဲ့ ကဗျာလေးပါ ခေါင်စဉ်နှင့် တကွပြည့်ပြည့် စုံစုံလေး လူငယ်တွေသိစေချင်လိုပါ ဆရာလုပ်တာမဟုပ်ပါရဘူး ဗိုလ်ချုပ်ခေါင်စဉ်လေးပါစေခြင်လွန်းလွန်းလိုပါနော် အမှားပါရင်ခွင့်လွတ်ပါ

Powered by Blogger.