ဓနုဖြူမြို့ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့တဲ့ ၈၈ မျိုးဆက် (ရုပ်/သံ)

ကျနော်တို့ဟာ ပန်းပွင့်တွေပါ၊ ပန်းပွင့်တွေဟာ ဘယ်ပန်းပွင့်မဆို ပင်စည်မရှိဘဲ၊ အမြစ်မရှိဘဲ ရပ်တည်လို့ မရပါဘူး၊ ဖြစ်မလာပါဘူး၊
တကယ်တော့ ပြည်သူလူထုကြီးဟာ ကျနော်တို့ အတွက် ရပ်တည် ပေးခဲ့သလို ၈၈ က စပြီးတော့ ကျနော်တို့တွေကို ပုန်းအောင်းစရာ
နေရာပေးခဲ့တယ်၊ ကျနော်တို့တွေ ဒေါင်းအလံချုပ်ဖို့ ပိတ်စတွေ ပေးခဲ့တယ်၊ ကျနော်တို့တတွေကို ရေတိုက်ခဲ့တယ်၊ အဲ့ဒီလို နောက်ကွယ်
ကနေပြီးတော့ ကျနော်တို့ကို ပံ့ပိုးပေးခဲ့တဲ့ ပြည်သူလူထုကြီး ရှိနေခဲ့လို့ အဲ့ဒီ ပြည်သူလူထုကြီးရဲ့ကျေးဇူးကြောင့် ကျနော်တို့ ဒီကနေ့အထိ
ရပ်တည်နိုင်၊ လှုပ်ရှားနိုင်တယ် ဆိုတာကို ပြောချင်တာပါ၊ အဲ့ဒီ ပြည်သူလူထုဟာ ပါတီဝင်ဖြစ်ချင်လဲ ဖြစ်မယ်၊ ပါတီ မဝင်ဘဲလဲ နေချင်
နေမယ်၊ ကျနော်တို့ အားလုံးကို တန်းတူ သဘောထားပါတယ်၊ ဘာကြောင့်လဲဆိုတော့ ပြည်သူလူထု အကာအကွယ်ပေးမှ ကျနော်တို့ဘဝ
လုံခြုံတာပါ၊ ပြည်သူလူထု လက်မခံရင်လဲ ဘယ်အာဏာရှင်မှ မခံပါဘူး၊ အဲ့ဒါကိုတော့ မြဲမြဲကြီး ယုံထားပါ’လို့ ၈၈ မျိုးဆက်ကျောင်းသား
ခေါင်းဆောင် ကိုမင်းကိုနိုင်က ဓနုဖြူမြို့ခံတွေနဲ့ တွေ့ဆုံစဉ် ပြောဆိုလိုက်ပါတယ်။ ရှေးဦးစွာ ဟင်္သာတမြို့နယ် ဦးအောင်မြတ်ကျော်
ခန်းမ၌ ပွင့်လင်း လူ့အဖွဲ့အစည်း မိတ်ဆက် ဟောပြောမှုကို ပြုလုပ်ခဲ့ပြီး ဓနုဖြူမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတို့တွင် ဒေသခံ
ပြည်သူများအား မိတ်ဆက်စကား အသီးသီး ပြောကြားခဲ့ပါသည်။ အဲဒီနောက်မှာ ဟင်္သာတမြို့နယ်တွင်း ဒေသတွင်း ဘုရားများကို
လိုက်လံ ဖူးမြော်ကာ ရန်ကုန်မြို့သို့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၁း၃၀ အချိန်ခန့်တွင် ပြန်လည်ရောက်ရှိခဲ့ပါတယ်။

ဘားမားဗီဂျေ
ဓနုဖြူမြို့ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့တဲ့ ၈၈ မျိုးဆက် (ရုပ်/သံ) ဓနုဖြူမြို့ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့တဲ့ ၈၈ မျိုးဆက် (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 06:22 Rating: 5

1 comment:

Unknown said...

သောက်ရှုးတွေ
ပန်းပွင် ဆိုမှ တော့ လူတိုင်း သိတယ် အပင်က ဖြစ်လာမှာပေါ့
နိုင်ငံရေးလုပ်မှာလား ကဗျာ စာအုပ် ထုတ်မှာလား

Powered by Blogger.