မြန်မာအမျိုးသမီးပါးရိုက်တဲ့ဂျပန်ကို ပြည်နှင်ဒဏ်ပေး ဗီဇာပိတ်

ရန်ကုန် Orchid Hotel ဧည့်ကြိုကောင်တာ


ရန်ကုန် ဟော်တယ်တခုက ၀န်ထမ်းအမျိုးသမီးကို ပါးရိုက်ခဲ့တဲ့ ဂျပန်အမျိုးသားကို အစိုးရက ပြည်နှင်ဒဏ်ပေးပြီး နောင်မြန်မာနိုင်ငံလာခွင့် ဗီဇာပါ ရာသက်ပန် ပိတ်ပင်ခဲ့ပါတယ်။

ဇန္န၀ါရီ ၂၈ ရက်နေ့က ရန်ကုန်ဟော်တယ်ဝန်ထမ်း ဒေါ်အေးအေးကြည်ကို ပါးရိုက်ခဲ့တဲ့ ဂျပန်အမျိုးသား Mr. Okahashi Takashi (မစ္စတာ အိုကာဟရှိ တာကရှိ) ကို ပြည်နှင်ဒဏ်ပေးဖို့ ရဲချုပ်ကနေ အမျိုးသားကာကွယ်ရေးနဲ့  လုံခြုံရေးကောင်စီ (ကာလုံ) ကို တင်ပြခဲ့ရာ ကာလုံက သဘောတူခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန် ဂျပန်သံရုံးကပါ ဟော်တယ်ကို တရားစွဲတဲ့အတွက် ရဲချုပ်က ကာလုံကို တင်ပြခဲ့ခြင်း ဖြစ်ပါတယ်။

ကာလုံခေါင်းဆောင် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်

ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ကြီးမှူးတဲ့ ကာလုံရဲ့ ဆုံးဖြတ်ချက်အရ Mr. Takashi ကို နာမယ်ပျက်စာရင်းသွင်းထားပြီး နောင် မြန်မာနိုင်ငံဝင်ခွင့် မည်သည့်ဗီဇာကိုမှ ထုတ်မပေးရန် ဆုံးဖြတ်ခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

မြန်မာအမျိုးသမီးတဦးကို စော်ကားတဲ့ နိုင်ငံခြားသားကို ထိထိရောက်ရောက် အရေးယူတာ ဦးသိန်းစိန်အစိုးရတက်ပြီးနောက်ပိုင်း ကာလုံအဖွဲ့ရဲ့ ပထမဆုံး လုပ်ရပ်ဖြစ်ပါတယ်။


Mr. Takashi ဟာ မြန်မာနိုင်ငံမှာ Business Visa နဲ့ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။

အခင်းဖြစ်တဲ့ ရန်ကုန်က ဟော်တယ်အမည်ကို အစိုးရက တရားဝင် မထုတ်ပြန်ခဲ့ပေမဲ့ အတည်မပြူနိုင်သေးတဲ့ Facebook သတင်းတွေအရ ရန်ကုန် ပုဇွန်တောင်က Orchid Hotel မှာ အခင်းဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။


Amara News Agency

===============================

ဆက်စပ် Facebook သတင်း

ဂျပန် အမျိုးသားက မြန်မာ အမျိုးသမီး ဟိုတယ်ဝန်ထမ်းကို ပါးရိုက်မှု

Posted by William Smith in Feb 09, 2012,

ဒီအဖြစ်အပျက်ကလေးကို သိစေချင်ပါတယ်..ဒို့ရဲ့ အချစ်ဆုံးသူငယ်ချင်း တစ်ယောက်
ရဲ့ ဖြစ်ရပ်မှန် လေးပါ။

28.1.2012 ရက်နေ့မှာ ကိုယ့် သူငယ်ချင်းတာဝန်ယူနေတဲ့ ဟိုတယ်
ရဲ့ လုပ်ငန်းခွင်မှာ တည်းခိုသူဂျပန်တစ်ယောက် ရဲ့ ရိုက်နှက် စော်ကားမှုကို ခံခဲ့ရပါတယ်။

ဟိုတယ် Management မှ အမှုဖွင့် အရေးယူဖို့ ဆောင်ရွက်တဲ့ အခါမှာ ရဲအရာရှိတွေ လာရောက်
စစ်ဆေးပြီး နှိုင်ငံခြားသား နဲ့ပတ်သက်တဲ့ အမှုဖြစ်နေတဲ့ အတွက် ကြောင့် ရဲ အရေးမပိုင်တဲ့
အမှုလို့ ပြောဆိုခဲ့ကြပါတယ်။ဒီအခါမှာ ကိုယ့်သူငယ်ချင်းရဲ့ တောင်းဆို မှုကြောင့် ဟိုတယ်
General Manager မှ ဂျပန် သံရုံးကို အကြောင်းကြားပေးခဲ့တယ်။

ဂျပန် သံရုံးက စကာပြန် တစ်ယောက်နှင့် ရဲ့ အရာရှိတွေ ရောက်လာပြီး တရားလို ကို
တရားခံတစ်ယောက် အဖြစ် ပြန်ဆက်ဆံသွားတယ်လို့ သိခဲ့ရပါတယ်။နှစ်ရက် လောက်
ကြာမှာ အမှု လာဖွင့်ရန် အကြောင်းကြားသောကြောင့် ကိုယ့်သူငယ်ချင်း ကို ဟိုတယ်
က ဆက်သွယ်ပြီး သွားခဲ့ကြတယ်။

ဟိုရောက်တော့ ရဲ့ အရာရှိများကပါးရိုက်ခံရတာ ဒါဏ်ရာရှိလား၊ သွေးထွက်လား ဆေး
စာ လုပ်ပြီးပြီလားလို့ ဆီးကြိုမေးချင်ခံရတယ်လို့သိရပါတယ်။ မိန်းခလေး တစ်ယောက်
ရဲ့ ကာအိနြေင်္အဇော်ကား ခံရတဲ့ ဖြစ်ရပ်ကို ဒီလို မေးချင်းခံရတာ ကြောင့် သြော် ငါ့တို့
နိုင်ငံမှာကိုယ့် နိုင်ငံသားတစ်ယောက် စော်ကားခံရတာကိုတောင် ဆေးစာလိုပါသလား
လို့ မေးပြီး တိုင်းတပါးသားကို ကာကွယ်ဖို့စဉ်းစားနေသေးတယ်လို့ ရင်ထုမနာတွေး
မိကြောင်း ပြန်လည်ဖွင့်ပြောခဲ့ပါတယ်။

ရှက်ရှက်နဲ့ ဖြစ်ရပ်မှန်ကို ပြောပြီးတော့ လည်း ပါးရိုက်ခံရတဲ့ ဆေးစာပါမှ အမှုဖွင့်လို့ ရ
တယ်ဆိုသော ကြောင့် ရန်ကုန် ဆေးရုံကြီးမှာ မျက်နှာ ငယ်စွာနဲ့ လူအများကြားမှာ ဆရာဝန်
ထံပြောဆိုပြီး ဆေးစာ ယူခဲ့ပေးရပြန်ပါတယ်။

===================================

မြန်မာအမျိုးသမီးကို စော်ကားတဲ့ ဂျပန်ဘက်က ဘက်လိုက်ပြီး ဟော်တယ်ကို တရားစွဲတဲ့
ရန်ကုန် ဂျပန်သံရုံးကို အီးမေးပို့ပြီး ကန့်ကွက်ကြမယ်ဆိုရင်.....

အောက်ပါ အီးမေးလိပ်စာများအတိုင်း ကန့်ကွက်နိုင်ပါကြောင်း

(မြန်မာနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားတွေသာမက နိုင်ငံတကာမှာရောက်နေတဲ့ မြန်မာတိုင်း ရန်ကုန် ဂျပန်သံရုံးကို ကန့်ကွက်စာတွေ အဆက်မပြတ် ပို့ကြပါ)


မြန်မာအမျိုးသမီးပါးရိုက်တဲ့ဂျပန်ကို ပြည်နှင်ဒဏ်ပေး ဗီဇာပိတ် မြန်မာအမျိုးသမီးပါးရိုက်တဲ့ဂျပန်ကို ပြည်နှင်ဒဏ်ပေး ဗီဇာပိတ် Reviewed by သစ်ထူးလွင် on 16:28 Rating: 5

37 comments:

မန္တလေးသား said...

ကဲပြောပါဦး အမျိုးသမီးရေးရာက အဘွါးကြီးတွေ ဘယ်သွားသေနေလဲ...

Unknown said...

I would like to congratulate this action of Myanmar government . It was just like that of a Philippine and US government who protect the rights and dignity of their citizens regardless of where they are.If Myanmar really wants to be developed and prosperous, each and every Myanmar citizen also should try their best to protect the image of the country by behaving with dignity regardless of where they are, and love and protect follow citizens like koreans and japanese.

Myanmar said...

ဘယ်နိုင်ငံမှာမဆို နိုင်ငံသားဘက် ၇ပ်တည်ကြတာကြည့်ပါဘဲ။ နိုင်ငံသားတို့၇ဲ့ လုံခြုံေ၇းကို ကာကွယ်စောင့်ေ၇ှာက်ပေးတဲ့အတွက် ကျေးဇူးပါ။ ။

tharzaw said...

ဟိုး ... တလောတုံးကတော့ မြန်မာဆိုင်ကယ်ကယ်ရီသမားက
ဂျပန်အမျိုးသမီးတစ်ယောက်ကို
မုဒိမ်းကျင့်သတ်ပစ်သတဲ့။
အခုတစ်ခါ ဂျပန်အမျိုးသားတစ်ယောက်က
ဟိုတယ်ဝန်ထမ်းမြန်မာအမျိုးသမီးကို ပါးရိုက်သတဲ့။
သြော် ... ကြုံရ ကြုံရ ဘုံဘ၀။
ဒေါသတွေမကြီးကြပါနဲ့။ စိတ်တွေလျှော့ကြပါ။

Hnineke said...

ဂျပန်နိုင်ငံသားတွေဟာ ယဉ်ကျေးပြီး စည်းကမ်းရှိတဲ့နေရာမှာ နာမည်ကျော်ပြီးသားပါ။ သို့သော်လည်း ယခုဖြစ်ရပ်ကတော့ လွန်လွန်းတယ်လို့ထင်မိတယ်။ ဆက်ဆံရေးအဆင်မပြေရင် သက်ဆိုင်ရာကိုပြောရမှာပေါ့။ ဒီမိန်းကလေးနေရာမှာ ကျွန်တော်သာဆိုရင် အဲဒီဂျပန်ကို ပါးပြန်ရိုက်ပြီးမှ ထိုက်သင့်တဲ့အပြစ်ဒဏ်ကို ခံသွားမယ်။

Unknown said...

မြန်မာကွ..မြန်မာ့သွေးစစ်စစ်.ဘာမှတ်နေလဲ.. ရှေးခေတ်လိုလုပ်ချင်တိုင်း လုပ်လို့ရမယ် ထင်လားမသိဘူး.. အဲဒီကောင်ကို တသက်လုံးတောင်မကဘူး၊ နောင်ဘ၀အဆက်ဆက်ထိ ပြည်ဝင်ခွင့် ဘယ်တော့မှ မပေးသင့်ဘူး..

myanmar girl said...

ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ကာကွယ်စောင့်ရှောက်တာ မှန်ပါတယ်

NayLinAung said...

အခုလိုအရေးယူပေးတဲ့ ကာလုံကို ကြိုဆိုပါတယ် ...
မတရားဆုံးဖြတ်တဲ့ တရားသူကြီးနဲ့ ရဲကိုလည်း ချစားမူနဲ့
အရေးယူစေချင်ပါတယ်.... ဒါမှ ပြည်သူချစ်သောအစိုးရဖြစ်လာမယ်
အခုလိုသာပြုပြင်ပြောင်းလည်းမှုတွေ လုပ်ပေးမယ်ဆိုရင်
မြန်မာပြည်အရှေ့တောင်အာရှမှာ ၁ ဖြစ်လာမှာအသေအချာပဲ..

pyaponthu said...

can't send embassy of japan in myanmar.maybe above email address is wrong.

Thet said...

နိုင်ငံတော် အကြီးအကဲများကို ကျေးဇူးတင်ပါ၏။ ဤကျေးဇူးကို မမေ့ပါ။

တို့ခေတ် said...

ငါတို့မြန်မာတွေ တိုင်းတပါးကို သွားတော့လည်း ကျွန် ကိုယ်နိုင်ငံမှာလည်း တိုင်းတပါးနဲ့ပါတ်သက်လာရင် ကျွန် ဆိုရင်တော့ မဟုတ်သေးဘူး။ ဘာပဲဖြစ်ဖြစ် အခုလို အရေးယူပေးတာကို တော့ အထူးကျေးဇူးတင်ပါတယ် ကာလုံ ရေ။

Sunmoon said...

If the incidence is true, "well done" officials well done.
Those foreigners are start insulting even before FDI come. Please protect our people.

AyeeSett said...

အမြင်မှန်ရနေတဲ့ မြန်မာတွေအတွက် ၀မ်းသာပါတယ်

နန်းအွမ်ဆိုင်ရှန် said...

အောင်မလေးတော်ပါသေးရဲ့.. မြန်မာ အမျိုးသမီးကို ပါးရိုက်တာကို ကာကွယ်ပေးသေးလို့.. ဒါက ပထမဆုံးကာကွယ် ပေးတာပေါ့နော.. ၀မ်းသာစရာပါပဲ.. ရှေ့လျှောက်လဲ ကာကွယ်ပေးသွား နိုင် ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်.. တစ်ခုတော့ ပြောချင်ပါတယ်.. နိုင်ငံသားကို စော်ကားတာကို တရား စွဲဖို့ ဆေးစာရွက်လိုတယ် ဆိုတာတော့ .. သိပ်မဟုတ်ချင်ဘူး .. ပြည်ပ ရောက်နေသူမို့ ကိုယ့်နိုင်ငံက မြန်မာ ပြည်သားတွေအပေါ် လျှစ်လျှူရှုထားမှုအပေါ် အရမ်းအားငယ်မိပါတယ်.. အခုလို သတင်းကို ပထမဆုံး ကြားရတော့ ၀မ်းသာမိတယ် အားတက်မိတယ်... ပြည်တွင်းမှာ အထက်တန်းအဆင့် မြန်မာ မိန်းကလေးတစ်ယောက်ရဲ့ လစာက ကိုယ့်ထမင်းကိုယ်စား နှစ်သောင်းခွဲ သုံးသောင်းဆိုတာ အများဆုံးပဲလေ.. ဒါကြောင့် ပြည်ပ ထွက်ပြီး အလုပ်လုပ်ကြရတယ်.. ပြည်ပမှာလဲ မျက်နှာငယ်ရပါတယ်.. ပြည်ပက အလုပ်ရှင်တွေက မြန်မာတွေကို ပေးတဲ့ လစာက အနည်းဆုံးဈေးပဲပေးပြီး အင်ဒိုနီးရှား လူမျိုးသာသာပဲ ခိုင်းစားကြတယ်လေ.. မြန်မာ ၀န်ထမ်းတွေကလဲ သိပ်ပြီး ပြန်မလှန်ရဲ ကြဘူး .. အဲ့ဒါဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့်နိုင်ငံမှာ ဒီလောက်များတဲ့ လစာကို မရနိုင်လို့ပါပဲ မပြန်ရဲကြလို့ပါပဲ.. သူဌေးက အိန္ဒိယတွေကို တော့ လစာ ခပ်မြင့်မြင့်ပေးတယ်.. ပြီးတော့ ပက်ပက်စက်စက်လဲမခိုင်းရဲကြဘူး.. ကုလားတွေက ပြန်လှန်ရဲတယ် အဲ့ဒါဘာကြောင့်လဲ ဆိုတော့ သူတို့မှာ အားကိုးရာရှိတယ်.. သူတို့မှာ ပြသနာဖြစ်ရင် သူတို့သံရုံးက ထိထိရောက်ရောက် သူတို့ကိုကာကွယ်ပေးတယ်.. သူဌေးကို အရေးယူတယ်..သူတို့ အိန္ဒိယ ကို ပြန်ရင်လဲ သူတို့ရတဲ့ လစာက ကောင်းပြီးသားပဲလေ.. မြန်မာ သံရုံးကတော့ အဲ့ဒီ လို မဟုတ်ဘူး.. သူတို့ကို တိုင်ကြားရင် ဖုန်းမကိုင်ကြဘူးလေ.. ဖုန်းမကိုင်တော့ တိုင်လို့လဲ မရဘူး.. အဲ့ဒီတော့ ပြည်ပရောက်မြန်မာ တွေအနေနဲ့ အားငယ်ရတာ အမှန်ပဲ ပြည်ပရောက် မြန်မာ တွေ အထိ တစ်ဖြည်းဖြည်း ကာကွယ်ပေးနိုင် သွားမယ် ဆိုရင် သိပ်ကို လေးစားပြီး နိုင်ငံ့ သားတွေ အတွက် နွေးထွေးမှုနဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှု နိုင်ငံအပေါ် ယုံ ကြည်မှုတွေ အပြည့်အ၀ရှိသွားကြမှာ အသေအချာပဲ

kzmo said...

ဘာဖြစ်လို့ထောင်မချတာလဲ။ နိုင်ငံခြားမှာမြန်မာတွေပြစ်မှုကျုးလွန်ရင်ကောနိုင်ငံခြားသားမို့ရဲအရေးမပိုင်ပါဘူး။ သံရုံးကိုအကြောင်းကြားရပါဦးမယ်။ ပြီးရင်ပြည်နှင်ဒဏ်လေးပေးလိုက်မယ်ဆိုပြီး ဘယ်နိုင်ငံကမှလုပ်မနေပါဘူး။ အဲဒီလိုမျိုးသာဆိုရင်နောက်တစ်ခါဆိုရင်အဲဒီနိုင်ငံခြားသားကောင်တွေကို ပြန်ပြီးနုတ်နုတ်စင်းပြီးမှ ထောင်ထဲရင်ကော့ဝင်သွားလိုက်မယ်။

aungkokowin said...

ကိုယ့်မြေ. ကိုယ့်ရေ.ကိုယ့်နိုင်ငံမှာ...လာစော်ကားတာကိုဘယ်လိုမှ..လက်ပိုက်ကြည့်နေလို့ မရဘူး.....ပြည်နှင်ဒဏ်တွင်မကဘူး..ထောင်တောင်ချပစ်ရမှာ....

TTT said...

မူလသတင်းကို တင်တဲ့ ဆွေဆွေကြည်က ပို့စ်ကို ဖျက်သွားပါပြီ

Myo Aung said...

ဒီလိုကိစ္စမျိုးမှန်ခဲ့ရင် ကာလုံထိသွားတိုင်စရာမလိုဘူး။ အနီးအနားမှာရှိတဲ့ယောက်ျားလေးတွေ ဘယ်ရောက်နေလည်းလို့မေးချင်တယ်။ ဗမာက အင်းယားလစ်ဟိုတယ်မှာ ဂျပန်ကြီးကို ဓါးနဲ့ထိုးသတ်တဲ့ရာဇ၀င်ရှိတယ်။ ကိုယ့်ရှေ့မှာပါးရိုက်တာတွေ့ရင် ဘယ်နိုင်ငံခြားသားကိုဘဲဖြစ်ဖြစ် ချက်ချင်းဆွဲထိုးရမယ်။ နိုင်ငံခြားမှာနေဖူးသူတိုင်းသိမှာပါ။ နိုင်ငံသားကို ကိုယ်ထိလက်ရောက်စွာကားတယ်ဆိုတာ အရမ်းကြီးလဲတဲ့ပြစ်မှု့ပါ။ သက်သေရှိရင် ချက်ချင်း ပြည်နှင်ဒဏ်အပေးခံရမယ်။ အခုကိစ္စက ကာလုံကဆုံးဖြတ်ရမယ်ဆိုတော့ ဟုတ်မလိုလိုရဲ့ ရည်စရာဖြစ်နေတယ်။ ကာယကံရှင်နဲ့ ဖြစ်ရပ်ကို ပြောတာမဟုတ်ဘူးနှော်။ လူကြီးတွေရဲ့လုပ်ရပ်တွေကိုပြောတာပါ။

TTT said...

အောခစ်ဟိုတယ်မှာ လူသစ်တွေ ထပ်ခေါ်ပါသတဲ့..လူဟောင်းတွေ လုံးဝ မရှိတော့ပါတဲ့။

nay myo said...

တွေ့တယ်မှတ်လား သူများနိုင်ငံကဘယ်လိုလုပ်လဲဆိုတာ
သံ၇ုံးထားထားတာအလကားထာတာမှမဟုတ်တာသူနိုင်ငံ
သူလူမျိုးအတွက်လေ
မြန်မာပြည်ကစစ်တပ်အုပ်ချုပ်တဲ့အစိုး၇အ၇ာ၇ှိတွေသိထား
သင့်တယ် ကို့တိုင်းပြည်ကကိုလူမျိုးကိုဘယ်လိုကာကွယ်ပေး
သင့်လဲဆိုတာ ကို့တိုင်ပြည်ကိုလူမျိုးအတွက်ကအဲလိုဖြစ်နေ၇
မယ် မှားတာမှန်တာထားအုံးတ၇ားတောင်သူတို့ကဆွဲလိုက်
သေးတယ် ဒါတောင်သူများတိုင်ပြည်ထဲမှာလာပီးကိုထိလက်
ေ၇ာက်လဲစော်ကားတယ် ပြီးတော့တ၇ားစွဲတယ်
ဒါကိုဗီဇာလေးပိတ်၇ုံလောက်နဲ့တော့ကျေနပ်စ၇ာမ၇ှိဘူး ခုခေ
တ်မှာ အမျိုးသမီးကိုဦးစားပေးနေ၇ာထားတာ ladyfirst
ကိုယ့်နိုင်ငံအမျိုးသမီးကို ကိုယ်ထိလက်ေ၇ာက်စော်ကားတာ
နောင်မလုပ်၇ဲအောင်ထိေ၇ာက်တဲ့ပစ်ဒဏ်တခုခုတော့လုပ်သင့်
တယ် နောင်ဆို၇င်ပြည်ပကနေ၀င်လာတဲ့သူတွေများပြားလာ
မယ် ခုထဲကမှကိုယ့်နိုင်ငံအမျိုးသမီးတွေတွက်ကာကွယ်မပေး
ထားနိုင်၇င် မြန်မာအမျိုးသမီးတွေဘ၀တွက်က၇င်လေးစ၇ာပဲ
နောက်တခုကတော့ပြည်ပကသံ၇ုံးတွေမှာကို့နိုင်ငံကလူမျိုးတွေ
တွက်ကူညီပေးသင့်တယ် ခုကသံ၇ုံးကို အခွန်၇ုံးတဲ့ ကိုနိုင်ငံ
ကို့လူမျိုးတွေတွက်ဘာမှကူညီမှုမ၇ှိ ပြသနာတစုံတခုဖြစ်လို့သံ
၇ုံ့းသွါး၇င်ငွေပေးမှ စကားပြောလို့၇တဲ့အနေထားတွေနဲ့ကြုံတွေ့
နေ၇တယ် သူများသံ၇ုံတွေကိုအတုယူသင့်တယ် လူကြီးတွေ
လဲစား၇၀ါး၇တာတော်လောက်သင့်ပါပီ အားလုံးနိုင်ငံကိုပြောင်း
လဲဖို့လုပ်နေချိန်မှာမိမိနိုင်ငံကိုပြောင်းလဲဖို့တွက်ကို့ပြည်သူ/သား
တွေအတွက်၇ပ်တည်သင့်ပါပြီ

Unknown said...

ကိုယ့်နိုင်ငံမှာကိုလူမျိုးကိုလာစော်ကား၇ဲတာဟာ
နိုင်ငံကိုစော်ကားသလိုပါဘဲ မိဘအသုံးမကျလို့
ကိုယ်သားသမီးကိုအိမ်ထဲထိဝင်၇ိုက်၇ဲတာပါ
ကမ္ဘာနဲ့အ၀ှမ်းအသိမှတ်ပြုထာတာladyfirst
ပါ ကို့နိုင်ငံကအမျိုးသမီးကိုခုလို ကိုထိလက်ေ၇ာ
က်စော်ကားတဲ့အတွက်နောင်ခုလိုမလုပ်၇ဲအောင်
ဗီစာပိတ်ပင်၇ုံနဲမပြီးသင့်ဘူး မြန်မာအမျိုးသမီးအ
တွက်ကာကွယ်၇ာလဲေ၇ာက်အောင် ထိေ၇ာက်တဲ့
စည်းမျဉ်းဥပဒေနဲ့ပြန်တ၇ားစွဲသင့်တယ်
မြန်မာပြည်ကမိခင်နဲကလေးစောင့်ေ၇ှာက်အသင်း
နဲ့ မိန်းမများဖွဲထားတဲ့အသင်းက ကိုမြန်မာမိန်းက
လေးတွက်တာဝန်၇ှိတယ်လို့ထင်ပါတယ်

seazinyaw said...

ဂျပန်တွေ စော်ကားခဲ့တာကြာပါပြီ ဟိုး ဒုတိယကမာစစ်ကတည်းကပါ မြန်မာ တွေကခွင့်လွှတ်လွယ် မေ့ပျောက် လွယ်ပါ တယ်၊ စစ်ကာလ ဂျပန်တပ် စခန်းခြတည်.ရွာတိုင်းမှာ လိင်ကျေးကျွန် ဆင့်ခေါ်ခံရတာ တွေအ များကြီးရှိခဲ့ပါတယ်၊ ထားပါတော့ ၊ဒီခေတ် မှာ တရုတ်၊ကုလား တွေရဲ့စော်ကားမှူ. လြှမ်းမိုးမှူ မခံရ အောင် လည်း မြန်မာ တွေ စည်းလုံးကြဖို့လိုပါတယ်၊ ရဲအရေး မပိုင်ဘူးလို.ပြောခဲ့ တဲ့ ရဲအရာရှိကို အရေးယူသင့် ပါ တယ်၊ ဒါဟာလက်ရောက်မှူ.ပါ၊ မိမိ လုပ် ငန်း၊တာဝန်တွေကို နားမလည်တဲ့ ၀န်ထမ်းတွေကြောင့် ပြည်သူတွေ များစွာ ဒုက်ခတွေ.နေ ကြရပါ တယ်၊ သူတို.အရိုးစွဲနေ တဲ့ အတတ်ပညာတခုက ဘယ်လို ပိုက်ဆံတောင်းရ မလဲဆိုတာပါဘဲ၊ အလားတူဘဲ အခြားဋာနတွေ မှာအများကြီး ရှိပါ တယ်။ ဘာမလုပ်တတ် မကိုင်တတ် လုပ်ထုံးလုပ်နည်းနားမလည် လုပ်ကိုင်လိုစိတ်မရှိ စိတ်ကောင်းမထား ဗြဟျွစိုရ်တရား နည်းပါး ရုံးချိန်မှာ စီးပွါးရှာ မရတော.မိမိ လုပ်ပိုင်ခွင့်ထဲ က ညစ်ပြီးရှာ ပြည်သူ ကို ဒုကခပေး ပြီးတော.ဒီမိုကရေစီ တဲ့၊ ကျွန်တော်နားလည် တာကတော.ဒီမိုကရေစီ ဆိုတာ ပြည်သူတွေရဲ့ ရပိုင်ခွင့်တွေကို ၀န်ထမ်းတွေက ဖြည့်စီးပေးရတာပါဘဲ၊

Anonymous said...

မိမိလူမျိုးချင်းရိုင်းပင်းကြပါ။အမှားကိုတွေ့လျှင်အမှန်ဖြစ်အောင်စေတနာအမှန်ဖြင့်
ထောက်ပြကြပါ။ဝိုင်းဝန်းဆောင်ရွက်ပါ။
တိုင်းတပါးသားစော်ကားမှုကိုမခံကြပါနှင့်။တိုင်းတပါးသားစေတနာကိုလည်း
သတိရှိရှိလက်ခံကြပါ။စေတနာဧါ်နောက်ကွယ်တွင်ရယူလိုမှုများစွာပါဝင်နေ
ကြောင်းသတိပြုကြပါ။

min yar zar said...

အဲဒါမျိုးဆို ပြန်ပြီး ပါးရိုက်လိုက်ပါလား၊ ခံနေစရာမလိုဘူး။ တို့မြန်မာတွေ တိုင်းတစ်ပါးသားတွေနဲ့ပတ်သက်ပြီး ဘယ်တော့မှ မခံနေနဲ့။ အစိုးရအနေနဲ့လည်း မြန်မာလူမျိုးတွေကို ကာကွယ်ပေးမဲ့ ဥပဒေတွေကို တိုင်းတစ်ပါးသားတွေသိအောင်

myochit said...

ချထားကွ၊ ဘာမထီ ဇာနည်သွေးရှိတဲ့ မြန်မာ၊ လာမထိနဲ့ မီးပွင့်သွားမယ်၊ ကိုယ့်မြေပေါ်မှာ ကိုယ့်လူမျိုးလာထိရင် ဘယ်ကောင်မှ လက်ပိုက်ကြည့်မနေနဲ့ စော်သာစော်လိုက်ကြ၊ နောက်ဖြစ် နောင်ရှင်းမယ်။ ငွေကြေး၊ သြဇာအရှိန်အ၀ါ ဘယ်အကြောင်းနှင့်မျှ အနိုင်ကျင့်မခံနဲ့။

လောကပါလ said...

ဘာလို့များကိုယ့်လူမျိုးဘက်ကမရပ်တည်ကြတာလဲ။ဒီအချိန်မှာအမျိုးသမီး
ရေးရာကအိပ်နေကြတာလားဗျာ။

mr1go2come said...

ပြောတော့ ... MAY I HELP YOU ဆို ( အခုပြန်မေးရမယ့်  အဲ့ စာကြောင်းလေးက ဘယ်သူ့အတွက်လဲ ဟင် . . ??????

mr1go2come said...

အော် . MAY I HELP YOU ဆို တာ ငါတို့ လို နိုင်ငံသားတွေ အတွက် မဟုတ်ပါလား . . . ၀မ်းနည်းတယ်..

Myat Gyi said...

ရဲ ဆေးစာတောင်းတာ အပြစ်မတင်ကြပါ၊ ရဲ က ဒီဆေးစာ လေးနဲ့ ပဲ လုပ်စားနေရလို့ပါ၊ ဆေးစာတောင်တဲ့ရဲ ရဲ့ပါးကိုရိုက်ပြီး၊ သူ့ကို ဆေးစာပြန်တောင်းခိုင်းရမှာ၊ နိုင်ငံတော်ပိုမိုတိုးတက် လိုလျင် အာဏာရှိ လူသားများ၏ အကျင့်စာရိတ္တကို အရင်ပြင် ၇ပါလိမ့်မယ်။

ma swe zin said...

ကာလုံခေါင်းဆောင်ကြီးေ၇ကျေးဇူးအထူးတင်ပါတယ်... အသက်၇ှည်ကျန်းမာပါစေ....... အခု hotel မှာ new staff တွေဘဲဆိုတော့ old staff တွေဘယ်ေ၇ာက်ကုန်လဲ.....၇န်ကုန်မှာအလုပ်က၇ှားပါးပြီး လစာ နည်းပါတယ်ဆိုနေမှ ... hotel သူဌေး old staff တွေကို အလုပ်မဖြုတ် ပါစေနဲ.လို.ဆုတောင်းပေးပါတယ်.....

ပွင့်ရည် said...

စင်ကာပူရောက်နေတဲ့မြန်မာတွေကိုမေးကြည့်ရင်နိုင်ငံခြားသားတစ်ယောက်ဆိုတာ သူများနိုင်ငံမှာဘယ်လိုဒုတိယတန်းစား၊တတိယတန်းစားအဆင့်နဲ့ဆက်ဆံခံရတယ်ဆိုတာသိမှာပါ၊ကျွန်မတို့မြန်မာနိုင်ငံမှာသာ နိုင်ငံခြားသားမြင်တိုင်းအထင်ကြီးသူတွေ၊ကြောက်တတ်သူတွေပေါနေတာပါ၊ကိုယ့်မြန်မာနိုင်ငံသားတွေသူများနိုင်ငံမှာနေရရင် ဘယ်နိုင်ငံကမှ အထူးအခွင့်အရေးမပေးဘူးforeigner တွေဆိုပြီးနှိမ်ခံရတာပဲ၊လေဆိပ်ကအဝင်မှာကတည်းက မြန်မာနိုင်ငံကလာတာဆိုကတည်းကမျက်လုံးတွေကပြောင်းသွားကြတယ်၊စင်ကာပူမှာပါးရိုက်တာအစ ကိုယ်ထိလက်ရောက်အမှုတွေဟာ ရဲအရေးပိုင်လို့စိတ်ဆိုးရင်တောင် သူတို့နိုင်ငံသားကိုမပြောနဲ့ကိုယ့်မြန်မာအချင်းချင်းတောင်မရိုက်ရဲပါဘူး၊

Chulay said...

Great News. Now we are really MYANMAR

Alexendre said...

Those Fu--ing Policemen used to said that "May I help you" and then nearly sold out our rights in the hands of the others.
" Myanmars' Blood so red because we bleed so much....."
* Stop eating up our own kind, Dude "

thaethae said...

အဲဒီအချိန်မှာ အနားမှာဘယ်သူမှမရှိကြဘူးလား...
မြန်မာပြည်မှာလေ...ပါးပြန်ရိုက်စရာမလိုဘူး...လက်ညှိုးနဲ့ဝိုင်းထိုးရင်တောင် အဲဒီဂျပန် အစရှာမရဖြစ်သွားနိုင်တယ်....ဟွန်း.....
စိတ်ရှည်ရှည်ထားပြီး တရားစွဲခဲတဲ့ သူကိုပဲ လေးစားပါတယ်..

ဖိုးတောက် said...

သွေးနီးသားပဲ.. ဒို့ကာချုပ်ကွ...
အဲဒီဂျပန်သောက်ခွက်ကို... စစ်ဖိနပ်နဲ့ပါ ကန်လွှတ်လိုက်ရမှာ...

Myanmar-lover said...

နိုင်ငံတော်ကိုစော်ကားတဲ့ အမှုဘဲ သေချာစိစစ်သင့်တယ်။
နိုင်ငံခြားမှာကိုယ့်နိုင်ငံသားတွေကို စော်ကားတာကို ကာကွယ်ချင်လျှင် ကိုယ့်နိုင်ငံထဲ မှာ ဒါမျိုးတွေမဖြစ်အောင် ကာကွယ်ရမှာပါ

Unknown said...

ကာလုံကြီးရေ သက်ရှည်ကျမ်းမာပါစေဗျာ....အမှန်တရားကို အမှန်အတိုင်း ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ချက်ချလိုက်လို့.....ကိုယ့်နိုင်ငံကိုယ့်လူမျိုးကို ထိပါးလာရင် ဘယ်တော့မှ ငုံ့ခံစရာမလိုပါဘူး လက်တုံ့ပြန်ကြပါ........တို့ကိုချစ်တဲ့ တို့နိုင်င့ကို ချစ်မြတ်နိုးတဲ့ တို့ရဲ့အားကိုးအားထားစရာ အစိုးရသစ်တစ်ရပ်ပေါ်ပေါက်လာပါပြီ..........၊၊

Powered by Blogger.