ချင်းတွင်းမြစ်သဲသောင်ဖြစ်ထွန်းမှုကြောင့် မင်းကင်းဆိပ်ကမ်းသို့ ရေယာဉ်များ ဆိုက်ကပ်မရတော့

မုံရွာ၊ ဖေဖော်ဝါရီ- ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေး ခရိုင်၊မင်းကင်းမြို့အနီးချင်းတွင်း မြစ်ရေပါးချိန်ဖေဖော်ဝါရီလဆန်း ပိုင်းက သဲသောင်ဖြစ်ထွန်းမှုပိုမိုများပြားလာသည့်အတွက် မင်းကင်း ဆိပ်ကမ်းသို့ ရေယာဉ်များ ဆိုက်ရောက်ခြင်းမပြုနိုင်တော့ကြောင်း သတင်းရရှိသည်။

“ဒီနှစ်ဖေဖော်ဝါရီလဆန်း ပိုင်းမှာ မင်းကင်းမြို့အထက်ပိုင်းလေးမိုင်အကွာ တောင်ယာတော ကျေးရွာမှာမင်းကင်းဆိပ်ကမ်းအဖြစ်ယာယီဖွင့်လှစ်ပြီးချင်းတွင်းရေကြောင်း သွား သင်္ဘော၊မော်တော်၊ အမြန်ယာဉ်ဆိုက်ကပ်ခဲ့ရတယ်။မင်းကင်းမြို့ဆိပ်ကမ်းကိုရေယာဉ်များ ဆိုက်ကပ်နိုင်ခြင်းမရှိတဲ့အတွက် ရေကြောင်းလမ်းခရီးသွားလာရေး အခက်အခဲကြုံတွေ့နေရတယ်။ ချင်းတွင်းမြစ်ရေပါးချိန်တွေမှာနှစ်တိုင်း ဒီနှစ်လောက်ရေမပါးခဲ့ဘူး။ ကားလမ်းကလည်း B.O.T  စနစ်နဲ့ ဖောက်လုပ်တဲ့စီမံကိန်းရပ်နား သွားတဲ့အတွက်သွားလာရေးကို ရေလမ်းတစ်ခုသာအားထားနေရတယ်။ ချင်းတွင်းမြစ်မကြီးကရေပါးလွန်းတော့ မင်းကင်းအထက်လေး မိုင်ဝေးတဲ့ တောင်ယာတော ကနေ မင်းကင်းအထိ လှေနဲ့ကဲ့သယ်ယူရတဲ့စရိတ်တွေတက်သွားတော့ ကုန်စည်ဈေးနှုန်းတွေလည်းတက်သွားတယ်”ဟု မင်းကင်းမြို့ဒေသခံတစ်ဦးက ပြောကြားသည်။

ချင်းတွင်းမြစ်သည် မင်းကင်း မြို့အောက်ဘက်(၂)မိုင်ခန့်အကွာ လက်ပံဆိပ်ကျေးရွာအနီးမှ ချင်း တွင်းမြစ်ရေလက်ကြားအတွင်းရေ ယာဉ်များအဓိကရေလမ်းကြောင်း အဖြစ်သွားလာနေရသော မြစ်ဖြစ်သည်။ မင်းကင်းမြို့ အထက်ဘက် လေးမိုင်ခန့်အကွာ တောင်ယာတောကျေးရွာမှာ ချင်းတွင်းရေလက်ကြားနှင့် ချင်းတွင်း မြစ်မကြီး
ပေါင်းဆုံသည့်အတွက်ရေကြောင်းအခက်ကြုံတွေ့ခဲ့ရာ ချင်းတွင်းမြစ်မကြီးအား ရေကြောင်းခရီး ရှောင်ကွင်းလမ်းအဖြစ် ချင်းတွင်းမြစ် ရေလက်ကြားအားအဓိကအ
သုံးပြုနေရကြောင်း သိရသည်။

ချင်းတွင်းမြစ်မကြီးအတွင်းသဲသောင်ဖြစ်ထွန်းမှု ပိုမိုများပြားလာသည့်အတွက် ရေလက်ကြားကိုအဓိက အားထားရခြင်းနှင့်ပတ်သက်၍မင်းကင်းမြို့နယ်အုပ်ချုပ်ရေးမှူးက ရေကြောင်းကျွမ်းကျင်သူများ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရေယာဉ်အသင်းများအား ဖိတ်ကြားပြီး ယခုဖေဖော်ဝါရီလ(၁၆)ရက်တွင် “မင်းကင်းမြို့အနီးချင်းတွင်းမြစ် ရေ စီးရေလာကောင်းမွန်ရေးနှင့်ဆက်သွယ်ရေးကောင်းမွန်ရေး”အတွက် တွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။ ချင်းတွင်းမြစ်အတွင်း သဲသောင်များ တူးဖော်ခြင်း၊ရေစီးရေ လာကောင်းမွန်စေရန် ရေကာ ရိုက်ခြင်းစသည့်လုပ်ငန်းများအား ရေအရင်းအမြစ်ဦးစီးဌာန၊ မြစ် ကြောင်းထိန်းသိမ်းရေးဦးစီးဌာန မှတာဝန်ရှိသူ များနှင့်မင်းကင်းမြို့မှ စေတနာ့ဝန်ထမ်းများ၊ လူမှုရေး အသင်းများပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသည်။

ယခုနှစ်ချင်းတွင်းမြစ် ရေ ပါးချိန်တွင် သဲသောင်ဖြစ်ထွန်းမှုပိုမိုများပြားလာသည့်နောက်ပိုင်း ချင်းတွင်းရေကြောင်းသွား ရေယာဉ်များသွားလာရေးအခက်ကြုံတွေ့ခဲ့ရပြီး ရေယာဉ်များသွားလာရေးအတွက် ရေကြောင်းအချက်ပြအမှတ်အသားများ၊သဲသောင်တူးဖော်ခြင်း လုပ်ငန်းများဆောင်ရွက်ပေးရန် လိုအပ်နေကြောင်း ချင်းတွင်းရေ ကြောင်းသွား ရေယာဉ်မောင်းများက ပြောသည်။



သဲသောင်ဖြစ်ထွန်းမှု များပြားသဖြင့် ရေနည်းပြီး ရေယာဉ်များဆိပ်ကပ်မရတော့သော မင်းကင်းဆိပ်ကမ်းကို တွေ့ရစဉ်။ ဓာတ်ပုံ- မျိုးမင်းဦး
7Day News
ချင်းတွင်းမြစ်သဲသောင်ဖြစ်ထွန်းမှုကြောင့် မင်းကင်းဆိပ်ကမ်းသို့ ရေယာဉ်များ ဆိုက်ကပ်မရတော့ ချင်းတွင်းမြစ်သဲသောင်ဖြစ်ထွန်းမှုကြောင့် မင်းကင်းဆိပ်ကမ်းသို့ ရေယာဉ်များ ဆိုက်ကပ်မရတော့ Reviewed by သစ်ထူးလွင် on 17:35 Rating: 5

3 comments:

tharzaw said...

အဲဒါ ရွှေကျင်ကြတာတွေကြောင့် ဖြစ်တာပါ။ သိပ်ပြီးနှမြောစရာကောင်းလှပါတယ်။
မြစ်တွေတဖြည်းဖြည်းကောလာပြီ တို့မြန်ပြည်။

komen said...

oh my good!so sad for our river.but very beautiful photo........

Killer said...

ရွှေကျင်တာကိုဘယ်လိုမှတားလို့ရမှာမဟုတ်ဘူး.. ဘာဖြစ်လို့လဲဆိုတော့ ကျင်တဲ့သူတွေက အထက်လူကြီးတွေနဲ့ပေါင်းပြီးလုပ်တာလေ... ပြီးတော့ နယ်မြေခံတပ်ရင်းတွေကိုလည်း ဆပ်ကြေးပေးရတယ်..

Powered by Blogger.