တပ်ပြေးကို ကူညီတဲ့ ပြည်သူတွေကို ထောင်ချ

By ဇာဏီ ၊ ဖေဖော်ဝါရီလ ၁၀ ၊ ၂၀၁၂ ခုနှစ်။

၂၀၁၂ ခုနှစ် ဇန္နဝါရီလအတွင်း စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ကျောက်စပုံရွာနားမှာ တည်ထားတဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ်ရဲ့  အမြောက်တပ်မှ တပ်သားတဦး ထွက်ပြေးရာမှာ လမ်းခရီး၌ အဆိုပါ တပ်သားကို ကူညီခဲ့တဲ့ ရေနက်ကျေးရွာမှ ရွာသားသုံးဦး ထောင်ဒဏ် ၃ နှစ်စီ ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

ထွက်ပြေးခဲ့သည့် အဆိုပါ တပ်သား ကိုကျော်ကျော်သည် အသက် ၁၃ နှစ်အရွယ်မှာ မန္တလေးမြို့ ဘူတာကြီးမှာ ပေါ်တာဆွဲခံရပြီး စစ်တပ်ထဲကို သွတ်သွင်းခံခဲ့ရတာ ဖြစ်ပါတယ်။

တပ်သား ကိုကျော်ကျော်သည် တပ်အတွင်းမှာ မနေချင်တော့သောကြောင့် ဇာတိဖြစ်တဲ့ မန္တလေးမြို့ကို ထွက်ပြေးရာမှာ လမ်းမှားပြီး ကျောက်စပုံ တာဝါ၊ မြင်းမြှီးလောင်ကုန်း ၊ ထနောင်းဝန်း၊ ကျောက်ကာ ၊ ရေနက်ကျေးရွာ အရပ်တွေဘက်ကို ရောက်ရှိသွားတာ ဖြစ်ပါတယ်။ ရေနက်ကျေးရွာမှ စိုက်ခင်းဆီကို ရောက်ရှိတဲ့အခါမှာ စိုက်ခင်းမှာ လုပ်ကိုင်နေတဲ့ ရေနက်ရွာသား ကိုခင်မောင်၊ မလုံးတုတ်၊ မဝင်းသန့်တို့က  တပ်သား ကိုကျော်ကျော်ကို အကျိုးအကြောင်း မေးမြန်းပြီး စားစရာ နဲ့ အဝတ်အထည်တွေ ပေးကမ်းခဲ့ပါတယ်။ တပ်သား ကိုကျော်ကျော် ထွက်ပြေးပြီး နောက်နေ့မှာပဲ မိခင်တပ်ရင်းက ပြန်ဖမ်းမိပြီး စစ်ဆေးတဲ့အခါမှာ ရေနက်ရွာသားတွေက အကူအညီပေးခဲ့တယ်ဆိုတာကို ဝန်ခံတဲ့အတွက် နောက်တနေ့မှာ စစ်တပ်မှ ရေနက်ကျေးရွာက ရွာသားတွေကို သွားရောက်ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

ဒီအမှုကိစ္စကို နေပြည်တော်ကို တင်ပြီး တပတ်အကြာမှာ " ပြည်သူတွေက အခုလိုကူညီရင်  စစ်ပြေးတွေကို ပိုပြီး အားပေးအားမြှောက်ပြုတယ်။"ဆိုတဲ့ အကြောင်းပြချက်နဲ့ တပ်ပြေး ကိုကျော်ကျော်ကို ကူညီခဲ့တဲ့ ရေနက်ရွာမှ ရွာသား ၃ ဦး (ကိုခင်မောင်၊ မလုံးတုတ်၊ မဝင်းသန့်)တို့ကို  မုံရွာမြို့နယ် တရားရုံးမှာ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့ပြီး တပ်ပြေး ကိုကျော်ကျော်ကိုတော့ စစ်တပ်ထဲ ပြန်ဝင်ခိုင်းပြီး ထောင်ဒဏ် တနှစ် ချမှတ်ခဲ့တဲ့ အကြောင်းကို   မုံရွာထောင်သို့ ထောင်ဝင်စာလာတွေ့တဲ့ မဝင်းသန့်ညီမဖြစ်သူက ဘားမားဗီဂျေ မီဒီယာကို ပြောပါသည်။


ကလေး စစ်သားတဦး
ဘားမားဗီဂျေ
တပ်ပြေးကို ကူညီတဲ့ ပြည်သူတွေကို ထောင်ချ တပ်ပြေးကို ကူညီတဲ့ ပြည်သူတွေကို ထောင်ချ Reviewed by သစ်ထူးလွင် on 17:25 Rating: 5

4 comments:

zzmyoe said...

ခေတ်မှီဒီမိုကရေစီ နိုင်ငံတော်သို့ ဆိုတဲ့ကိုယ်တော်များ ဒီပြသနာကမသေးဘူးနော်...ဘယ်လိုဆင်ခြေတွေပေးပြီး ဘယ်လိုလိမ်မလဲ စောင့်ကြည့်နေမယ်..အမိန့်ပေးသူရော၊ခိုင်းတဲ့အတိုင်းလုပ်သူ ရော...

soecyclone said...

>>>'တပ်မတော်သာ..အမိ၊တပ်မတော်..အဖ'<<<။ဟား...ဟား...ဟား
စိတ်မထိန်းနိုင်လို့ရယ်မိတာပါဗျာ။

သီဟစိုး said...

"စိုက်ခင်းမှာ လုပ်ကိုင်နေတဲ့ ရေနက်ရွာသား ကိုခင်မောင်၊ မလုံးတုတ်၊ မဝင်းသန့်တို့က တပ်သား ကိုကျော်ကျော်ကို အကျိုးအကြောင်း မေးမြန်းပြီး စားစရာ နဲ့ အဝတ်အထည်တွေ ပေးကမ်းခဲ့ပါတယ်".မြန်မာလူမျိုးတွေ ဒုက္ခရောက်နေသူအပေါ် ဘယ်သူ့ကိုမဆို ကူညီတက်တယ်၊ ရိုင်းပင်းတက်တယ်ဆိုတာ တစ်ကမ္ဘာလုံးအသိပါ ၊ အခု ကိစ္စမှာ လက်ခံထားခြင်းမဟုတ်ဘဲ အကူအညီပေးရုံသာဖြစ်လို့ ကိုခင်မောင်၊ မလုံးတုတ်၊ မဝင်းဝင်းသန့် တို့ အနေနဲ့ ထောင် ၃ နှစ်ဆိုတဲ့ အပြစ်ဒဏ်ဟာ နောင်ဆို ဒုက္ခရောက်လာတဲ့ ဘယ်သူ့ကိုမဆို မြန်မာလူမျိုးတွေ အနေနဲ့ ကူညီချင်စိတ်မရှိအောင်လုပ်နေတယ်၊ မြန်မာတွေရဲ့ချစ်စရာ ဓလေ့ကို မပျောက် ပျောက်အောင်ဖျောက်နေတယ်လို့ထင်ပါတယ်၊ ဘာနဲ့တူသလဲဆိုတော့ ကိုယ်အိမ်က ကလေးကိုမနိုင်လို့ သူများကလေးကို နောက် ငါ့ကလေးနဲ့ပေါင်းရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်လိုက်သလိုပဲ၊ ကိုခင်မောင်၊ မလုံးတုတ်၊ မဝင်းဝင်းသန့် တို့ သုံးယောက်စလုံးအတွက် အခု အပြစ်ဒဏ်ဟာ မဖြစ်သင့်ဘူးလို့ နိုင်ငံသားတစ်ယောက်ရဲ့အမြင်ကို ပြောပါရစေ။

ှAyechan said...

မုံ၇ွာမြို့ (စစ်ကိုင်းတိုင်း) သည် အနောက်မြောက်ပိုင်း ဖြစ်ပါသည်... ဂရုပြုေ၇းသားသင့်ပါသည်....

Powered by Blogger.